Chapter-11(Unicode)

2K 113 2
                                    

အချစ်၊ခံစားချက်တွေအမျိုးမျိုးကို
ဖော်ပြထားတဲ့အချစ်။

"ကိုယ်မြို့သွားတုန်းကဂစ်တာလေးတစ်လုံးဝယ်လာတယ်၊ညကျရင်
ကိုယ် လာခဲ့လို့ရလားပုံပုံ"

ချစ်ရသူ၏မျက်နှာလေးကိုကြည့်ရင်း
သူခွင့်တောင်းဟန်ပြောလိုက်မိသည်။

ပုံပုံကအဝေးကိုကြည့်နေရင်းမှ
လှည့်လာပြီးရယ်ပြလေသည်။

နွေရာသီရဲ့လေပြေလေးကရိပ်ခနဲ
တိုက်လာလေသည်။

မိုင်းဇရဲ့အမြင်တွေဟာနှေးသွားခဲ့ပြီ။
စိတ်လိုလက်ရပြုံးနေသည့် ကလေးငယ်
ကြောင့်၊

"ရတယ်လေ၊သီချင်းဆိုပြမှာလား"

"အင်း ဆိုပြချင်လို့"

"ကောင်းတာပေါ့၊ညဘက်ဆိုအရမ်းပျင်းတာ လာခဲ့လေ ဒီညလပြည့်ည
မလား"

"အင်း၊ကိုယ်အခုပြန်တော့မယ်
ညလာခဲ့မယ်နော်"

"ကွပ်ပျစ်ပေါ်မှာပဲစောင့်နေမယ်ဗျ"

"ဟုတ်ပါပြီဗျာ"

မိုင်းဇမင်းရောင်ပြန်သွားပြီနောက်ပုံရိပ်၏အမေမှာ သူ့ညီမရဲ့သမီး
မင်္ဂလာဆောင်အတွက် ဟင်းသွားချက်ပေးရမည်ဟူဆိုကာ

"အမေညပြန်မလာဘူးနော်၊သားအိပ်ရဲလား မအိပ်ရဲရင် မောင်မိုင်းဇကို
အမေသွားရင် ညလာအိပ်ပေးဖို့
ပြောလိုက်မယ်လေ၊ ခုန ကလာတာပြောဖို့အမေ မေ့သွားတယ်"

"ရတယ်အမေ၊ကျွန်တော်အိပ်ရဲပါတယ်"

"မဖြစ်သေးပါဘူး အမေဝင်ပြောခဲ့မယ်၊
သွားပြီနော် အိမ်တံခါးသေချာပိတ်အိပ်"

"ဟုတ်"
_______________________________

အချိန်ကားညခုနှစ်နာရီ၊

လပြည့်နေမို့ ကောင်းကင်ရှိ လမင်းကြီး
ကဝိုင်းစက်လို့နေပြီး ပတ်ဝန်းကျင်ကို
အလင်းရောင်​ဖြာကျစေသည်။

နွေညဆိုသော်လည်း တစ်ချက်တစ်ချက် လေအေးလေးများတိုက်ခက်
သောကြောင့် ကြွေကျလာတဲ့လက်ပံ
ပွင့်တွေကိုကြည့်ရင်း
တစ်စုံတစ်ယောက်အလာကိုစောင့်နေမိသည်။

"မေ့နေတာများလား"

အတွေးတို့နှင့်အတူ ဝမ်းနည်းမူက
တစ်ပြိုင်နက်ဖြစ်တည်လာသည်။

အညာမြေမှခေါက်ဆွဲပြုတ်Wo Geschichten leben. Entdecke jetzt