Ep-37(End)

3K 113 7
                                    

ခင်နဲ့​နှောင်းပန်းခြံတစ်ခုသို့​ရောက်လာခဲ့သည်။

"ခင်..အ​ပေါ်ထပ်သွား​ထိုင်ရ​အောင်"

"အွန်း.."

​နှောင်းတို့ပန်းခြံထဲရှိ​ကော်ဖီဆိုင်အ​ပေါ်ထပ်မှာသွားထိုင်လိုက်သည်။ဆိုင်ကဗိုလ်ချုပ်ပန်းခြံထဲတွင်ရှိသည်။ဆိုင်နာမည်ကBuzz။

"ခင်ဘာ​သောက်မလဲ ​နှောင်းသွားမှာလိုက်မယ်"

"Green Tea​သောက်မယ်"

"ဟုတ်ကဲ့"

ကိုယ်တိုင်ကား​ပေါ်ကိုသွားမှာရသည်မလို့​​နှောင်းလည်းကား​ပေါ်တက်ကာမှာလိုက်သည်။

"​နှောင်း"

"ဗျာ"

"​နှောင်း​​ဘေးမှာ​နှောင်းရဲ့မာမီမရှိရင်​တောင်ခင်ရှိတယ်​နော်က​လေး"

"ဟုတ်ကဲ့..​နှောင်း​ဘေးမှာရှိ​နေ​ပေးလို့​ကျေးဇူးပါ​နော်ခင်"

"ရပါတယ်"

ခင်ကာ​နှောင်းကိုပြုံးပြုံး​လေးနဲ့ပြန်​ဖြေလိုက်သည်။​

"​နှောင်း..ခင်တို့ပန်းခြံထဲလမ်းဆင်း​လျှောက်ကြရ​အောင်​လေ"

"ဟုတ်ခင်"

ခင့်လက်ကိုတွဲကာပန်းခြံထဲသို့ဆင်းလာခဲ့ကြသည်။ခင်က​နှောင်း၏လက်​မောင်းကိုတွဲပြီးမှီကာ..

"​နှောင်း..​နှောင်းခင့်ကိုတစ်ကယ်ချစ်ရဲ့လား"

"ချစ်တာ​ပေါ့ခင်ရယ့် ခင့်ကို​နှောင်းအရမ်းချစ်တယ်"

"ချစ်တယ်ဆိုတာလွယ်ကူ​နေလား"

"ဘာကိုလဲခင်ရယ့်"

"​နှောင်းအတွက်ချစ်တယ်ဆိုတဲ့အရာကလွယ်ကူ​နေလား​မေးတာ"

"ဟင့်အင်း..မလွယ်ကူဘူး ချစ်တယ်ဆိုတာစကား​နှစ်လုံးဘဲရှိ​ပေမယ့်အဓိပ္ပါယ်​တွေက​တော့အများကြီးရှိတယ် တစ်ခုနဲ့တစ်ခုအဓိပ္ပါယ်မတူကြဘူး ချစ်တယ်ဆိုတဲ့​နောက်ကွယ်ကအရာကအရမ်းအရှိန်အဝါကြီးတယ်ဒါ​ကြောင့်​နှောင်းချစ်ရတဲ့လူလို့​ပြောရင်​ဒေါ်မူယာယမင်းခင်ဆိုတာအားလုံးသိတယ် ခင်က​နှောင်းကိုမယုံလို့လား"

"မဟာမူယာစံအိမ်​တော်"(Complete)Where stories live. Discover now