"အဲ့လိုဆို၊ ကိုကြီးပုံရိပ် ဘုန်းကြီးသရဲခြောက်ခံလိုက်ရတာပေါ့"
"အေးပေါ့"
"ကြောက်လားဟင်"
"ကြောက်တာပေါ့ကွာ၊တော်သေးတယ်
ညတွင်းချင်းမသိလို့ သိများသိရင်ငါသေနေလောက်ပြီ"လူထွက်ပြီးသုံး၊လေးရက်ရှိနေပြီဖြစ်သည်။ ရွာထဲမှကလေးတစ်သိုက်သည် မိမိဆီသို့လာ၍စပ်စုတော်မူနေကြလေသည်။
လက်ပံပင်အောက်ရှိကွပ်ပျစ်ပေါ်တွင်
ပုံရိပ်ချည်နှောင်ရယ် သံချောင်းနှင့်ကျောက်ခဲညီအကိုနှစ်ကောင်၊ထူးထူး
နှင့် ဂူးဂူးဆိုသောအမွှာမောင်နှမနှစ်ယောက်ရယ်အလည်တွင် အကြမ်းအိုးတစ်လုံးနှင့်လက်ဖက်သုပ်ပန်းကန်တစ်ချက်၊ထိုစဉ် ထိုထဲတစ်ဉီးတည်သောမိန်းကလေးဖြစ်သော ဂူးဂူး ဆိုသည့်
၁၃နှစ်သမီးလေးမှသူ့အားစကားစလာပြန်သည်။"ကိုကြီးပုံရိပ်၊အဲ့ဘုန်းကြီးကဘာလို့ကိုကြီးကိုလာခြောက်တာလဲဟင်"
"ခြောက်တယ်ရယ်လဲမဟုတ်ပါဘူး၊
သူ့အကြောင်းနဲ့သူ စွဲလမ်းတဲ့နေရာမှာရှိနေတာ ပုံပုံ့ကိုလဲဘာမှမလုပ်သွားဘူးမလား"ထိုစကားအားခြံဝိုင်းထဲသို့ဝင်လာသော
မိုင်းဇမင်းရောင်မှပြောလိုက်ခြင်းပင်။"ကိုကြီးမိုင်းဇ သမီးတို့ကိုသရဲအကြောင်းပြောပြမလား"
"ဒါပေါ့၊ပြောပြမယ်လေ"
"ယေး၊နားထောင်ရတော့မယ်"
ပြီတီတီမျက်နှာထားဖြင့်လက်နောက်ပြစ်ရင်းလျှောက်လာသော
မိုင်းဇမင်းရောင် အား ပုံရိပ်ချည်နှောင်
မျက်စောင်းထိုးလိုက်တော့သည်။"အားအားယားယား၊ဒီအိမ်ပဲလာနေတယ်အလုပ်အကိုင်မရှိဘူးထင်တယ်"
"ပုံပုံကလေ ၊ကိုယ်လာပြီဆိုအမြဲ
ဘုကလန့်တွေပဲပြောနေတာ""ခင်ဗျားကိုသိပ်ကြည်နေတယ်များမှတ်နေလား၊"
"ဘာလုပ်မိလို့လဲဗျာ"
"ကိုယ့်ကိုကိုယ်သိလေ"
"ဟုတ်"
ကတုံးလေးမှာ သူ့အားဘုန်းကြီးလူထွက်ကတုံးလေးဟုစနောက်ခဲ့သော
မိုင်းဇက အမြင်မကြည်ဖြစ်နေပုံရသည်။
YOU ARE READING
အညာမြေမှခေါက်ဆွဲပြုတ်
RomanceCover artist - Yeik Mine Za Min Yaung+Pone Yeik Che Hnaug မိုင်းဇမင်းရောင်+ပုံရိပ်ချည်နှောင်