Chapter-2

3.3K 193 4
                                    

Unicode-

"ကိုကြီးမိုင်း...သားကို သကြားလုံးငါးဆယ်ဖိုးလောက်"

"ငါးဆယ်ဖိုး၆လုံးပဲရမှာနော်၊"

"အရင်က၈လုံးမဟုတ်ဘူးလားကိုကြီးကလဲ"

"ဟေ့ကောင်၊အရင်ကနဲ့အခုတူလား
မင်းတောင် အရပ်၁လက်မပိုရှည်လာပြီလေ "

"တော်ပြီဗျာ၆လုံးဆိုလဲ၆လုံးပေးရော့၊ငါးဆယ်"

ဆိုကာဆူပုတ်ပုတ်ဖြင့်ငါးဆယ်တန်
တစ်ရွက်ပေးလာသည်။

"ရော့ ၆လုံး၊ကျန်းမာရေးနဲ့မညီညွှန့်လို့
အလုံးရေလျော့ပေးတာကွ၊စေတနာကိုနားမလည်ဘူး သွားသွား"

ကောင်လေးမှာ လှည့်ကြည့်လှည့်ကြည့်နှင့်ပြန်သွားလေသည်။

ကျန်ခဲ့သည့် မိုင်း မှာတော့ ငါးဆယ်တန်အားကိုင်ရင်း

"ကလေးတွေများ၊အများကြီးစားရင်ချောင်းဆိုးမှာဆိုးလို့ အလုံးလျော့ပေးလဲနားမလည်ကြဘူး၊သူတို့ချောင်းဆိုးပြီးသေရင်ငါကအမူပတ်အုံးမယ်"

_______________________

လက်ပံပင်ကြီးအောက်တွင်ထိုင်နေသော ပုံရိပ်ချည်နှောင်တစ်ယောက်
မိမိ၏ခေါက်ဆွဲထုပ်များကုန်ခါနီးနေပြီဖြစ်၍ စိတ်ညစ်နေလေသည်။

တစ်နေ့နှစ်ထုပ်နှုန်းဖြင့်စားလာသောကြောင့် တစ်လမခံပေ။

"အမေ၊ရွာမှာခေါက်ဆွဲထုပ်ရောင်းတဲ့ဆိုင်ရှိလား"

မီးဖိုချောင်ထဲက မိခင်အားလှမ်းအော်မေးလိုက်တော့

"မင်းနှယ် အပြင်လေးဘာလေးမထွက်တော့ရွာအကြောင်းဘာမှမသိဘူး၊
ခေါက်ဆွဲထုပ်တော့မသိဘူးခေါက်ဆွဲသုပ်တော့ရှိတယ် ၊ရွာလယ်က
ဒေါ်ချစ်အေး ဆီမှာလေ"

"ဟာ..အမေရာ ခေါက်ဆွဲသုပ်ကြီးသားကဘာလုပ်ရမှာလဲ"

"ဟဲ့...အော် မင်းစားနေကျခေါက်ဆွဲပြုတ်ထက်တော့ ကျန်းမာရေးနဲ့ညီညွှန့်တယ်သိလား၊ မြို့မှာတစ်နှစ်လောက်
ကျောင်းထားလိုက်ပါတယ် အကျင့်တွေက "

"မရှိရင်လဲ မစားတော့ပါဘူးဗျာ၊
ရွာထဲသွားကြည့်အုံးမယ်"

"အေးအေး၊နေပူတယ် အမေ့ခမောက်စောင်းသွား၊"

အညာမြေမှခေါက်ဆွဲပြုတ်Where stories live. Discover now