Ep-19

1.8K 104 4
                                    

"နင်တို့ဇာတ်လမ်းကဝမ်းနည်းစရာကြီး"

"အွန်း..ငါအဲ့ဒီ့​နေ့တုန်းကမမကိုအရမ်း​ပြောလိုက်မိတယ်..သူငါ့ကိုနာကြည်းမုန်းတီးသွား​အောင်လို့ဒါ​ပေမယ့်အ​ခြေအ​နေက​ပြောင်းလဲသွားတယ်"

"ဟမ်..ဘယ်လို​ပြောင်းလဲသွားတာလဲ"

"မမကငါ့ကိုမနာကြည်းတဲ့အပြင်ငါကသူ့ဘဝကြီးလို့သူ​ပြောခဲ့တယ်..အဲ့ဒီ့​နေ့တုန်းကဆိုသူအရမ်းငို​နေခဲ့တယ်လို့သူ့အမကငါ့ကို​ပြောပြတယ်..သူ့မိဘ​တွေကလည်း​ပေးငိုလိုက်တယ်သူ့သမီးဒါ​နောက်ဆုံးငိုခြင်းဘဲ ငါ့​ကြောင့်သူ့သမီးဘာမမဖြစ်သွားဘူး..သူတို့သမီးကသန်မာတယ်ဆိုပြီး​တော့သူ့သမီးကို​ပေးငိုခဲ့တာ"

"​အော်"

"အဲ့ဒီ့​နေ့ညတုန်းကသူမအရမ်းငို​ကြွေး​နေခဲ့တာရှိုက်သံ​တွေလည်းတစ်အိမ်လုံးဖုံးလွှမ်း​နေခဲ့တယ်ဆိုပါ​တော့..သူ့အမကလည်းသူ့ကို​ဖြောင်းဖြတယ် ဒါ​ပေမယ့် သူကငို​နေတုန်းဘဲ..​ည2နာရီ​လောက်အထိသူမငို​နေတုန်း ငိုလိုက်ရပ်သွားလိုက်ဆက်ငိုလိုက်နဲ့​ပေါ့ကွာ..မနက်​ရောက်​တော့သူ့ငိုသံမကြား​တော့လို့သူ့အ​မေကငါ့သမီး​လေးမငို​တော့ဘူး သူသန်မာလာပြီ..အဲ့ဒီ့ဟာမကို​မေ့လို့ရပြီဆိုပြီး​ပျော်​နေခဲ့တာ"

"အဲ့ဒီ့​လောက်​တောင်ငိုခဲ့တာလား"

"အင်း..ဒါ​ပေမယ့်သူ့မိဘ​တွေထင်သလိုမဟုတ်ခဲ့ဘူး သူ့အခန်းက​လော့ခတ်ထားတာမလို့အခန်း​သော့အပိုနဲ့ဖွင့်ဝင်ခဲ့ရတာ..ကုတင်​ပေါ်မှာ​လှဲ​နေတဲ့သူမကို​တွေ့ခဲ့တယ်..သူ့ကုတင်မှာလည်း​အိပ်​ဆေး​တွေပျံ့ကျဲ​နေတာဘဲ..သူ့အ​မေကသူ့ကိုလှုပ်နှိုးခဲ့တယ်..နည်းမျိုးစုံနဲ့နှိုးတာ​တောင်သူမသတိပြန်မရ​​တော့ဘူး..သူ့အမ​ပြောတာ​တော့အိပ်​ဆေး​တွေအလွန်အကျွံ​​သောက်ပြီး​သေသွားတယ်တဲ့"

"သနားစရာဘဲ"

"ငါလည်းအဲ့ဒီ့သတင်းကိုကြားကြားချင်းသူ့အမအ​ရှေ့မှာဘာမှမဖြစ်တဲ့လူတစ်​ယောက်လို​နေ​နေ​ပေမယ့်သူ့အမပြန်သွား​တော့ငါ့အခန်းထဲသွားပြီးငို​နေမိတယ် ငါအရမ်းချစ်တဲ့သူကငါ့​ကြောင့်​သေသွားရတာဆိုပြီးငါ့ကိုငါခွင့်မလွှတ်နိုင်ဖြစ်ခဲ့တယ်..အဲ့ဒီ့​နေ့ကစပြီးငါရည်းစားမထား​တော့ဘူး ဘယ်သူ့ကိုမှလဲမချစ်ရဲ​တော့ဘူး..ခင်နဲ့မ​တွေ့ခင်အထိ​ပေါ့"

"မဟာမူယာစံအိမ်​တော်"(Complete)Where stories live. Discover now