13-တတိယလူ-

236 45 3
                                    

မြေအောက်ခန်းမှာ မကျယ်၀န်းသော်လည်း တောက်ပြောင်နေသော လက်နက်များဖြင့် အပြည့်ဖြည့်ထားလေသည်။

အိတ်ဆောင်သေနတ် ၊ ခြောက်လုံးပြူးသေနတ် ၊ စက်သေနတ်များနှင့် အခြားသော သေနတ်အမျိုးအစားစုံကို ၎င်းတို့၏ သက်ဆိုင်ရာ သေနတ်အိတ်များဖြင့် စွပ်၍ နံရံများပေါ်တွင် အမျိုးအစားခွဲခြားလျက် အစီအရီ တင်ထားပေသည်။

ချန်ဇယ်ရှန်း၏ စာအုပ်များလိုပဲ ၎င်းတို့အားလည်း သေသပ်စွာ ထိန်းသိမ်းထား၏။

သေနတ်တစ်လက်ချင်းစီတိုင်းက သံချေးတက်ခြင်း ကင်းစင်၍ ငွေရောင် အမည်းရောင် ပြောင်လက်နေကြပုံမှာ စစ်ပွဲသို့ အချိန်မရွေး ထွက်တိုက်ရန် အဆင်သင့်ဖြစ်နေကြသည့် သူရဲကောင်းများနှင့် ဆင်တူလေသည်။

ဗီရိုတစ်လုံးထဲတွင် Dum-dum ကျည်ဆံများနှင့် ဖန်ကျည်ဆံများကဲ့သို့သော လူကိုသေစေနိုင်သည့် စစ်တပ်သုံး ကျည်ဆံမျိုးစုံ ထည့်ထားသော သေတ္တာများကို ခင်းကျင်းပြသထားသည်။

ဤမြေအောက်ခန်းအား လက်နက်တိုက်တစ်ခုဟု ခေါ်ဆိုခြင်းမှာ လုံး၀ လုံး၀ ချဲ့ကားခေါ်ဆိုခဲ့ခြင်း မဟုတ်ပါလေ။

တွေ့ရများတတ်သော လက်နက်များသာ မက ရှာရခက်သော လက်နက်က အစ အကုန်အစုံ ရှိနေခဲ့သည်။

“AK စီးရီး ၊ Browning စီးရီး ၊ Glock စီးရီး ၊ Beretta စီးရီး…..ငလူး
တစ်ချို့မော်ဒယ်စီးရီးတွေဆို ငါအရင်က တစ်ခါမှတောင် မမြင်ဖူးတာတွေ ပါနေသေးတယ်…ပြီးတော့ လက်နက်ခဲယမ်းတွေကလည်း စုံလင်နေရော..
ဘာလဲ သူက ကိုယ်ပိုင် စစ်တပ်များ ထောင်မလို့ ရည်ရွယ်ထားတာလား?”

“စစ်တပ်ထောင်မထောင်တော့ မသိဘူး ဒါပေမဲ့ သူ့ဆီမှာ ပိုက်ဆံတော့ တော်တော်ပေါ်ပုံပဲ”
ဟယ်ဝေးက ပြန်မှတ်ချက်ပေးလိုက်၏။

သူ့အကြည့်က စီတန်း ချိတ်ဆွဲထားသော သေနတ်များအပေါ် ခြုံကြည့်လိုက်ပြီးနောက် စင်ပေါ်မှ Desert Eagle တစ်လက်ကို ဖြုတ်ကြည့်လိုက်သည်။

“ရော့ဒီမှာ ..မင်း တစ်ဘ၀လုံး Desert Eagle လေးကို တစ်ခါလောက် ကိုင်ဖူးကြည့်ချင်နေခဲ့တာမလား? ဆုတောင်း ဖြည့်ပေးလိုက်ပြီ”

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now