12-မဖြစ်နိုင်သော မှုခင်း-

238 42 2
                                    

ဟယ်ဝေးက ဂေး ဖြစ်နေနိုင်သည်။
ဒီအချက်ကို ရှန်းယန်နှင့် ခယ့်တုန်းရွေ့ တို့ စုံစမ်းစစ်ဆေးရေးလုပ်တုန်းက သတိမမူမိတာလည်း ဖြစ်နိုင်သည်။
မိဘတွေကအစ ဒီအကြောင်းနဲ့ပတ်သတ်လို့ တစ်ခွန်းတလေပင် အရိပ်အမြွက် ထည့်ပြောထားတာမျိုးတောင် မရှိချေ။

ဟယ်ဝေးက ဘာကြောင့် မိဘအိမ်မှာ မနေသနည်းဆိုတဲ့ သူတို့ရဲ့ မေးခွန်းကို မိဘနှစ်ပါး ဖြေဆိုခဲ့ပုံက
၎င်းတို့ကလေးမှာ အရွယ်ရောက်ပြီးဖြစ်၍ သူ့စဉ်းစားတွေးခေါ်ဉာဏ်နဲ့သူရှိပြီးသားမို့
မိဘများအနေနဲ့ ၎င်း၏ အိမ်ခွဲနေလိုသော ဆန္ဒကို မတားမြစ်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

သို့ရာတွင် ချန်ဇယ်ရှန်း၏ အမြင်၌ ဒီကိစ္စနှင့်ပတ်သတ်ပြီး ဟယ်ဝေး၏ အမွှာညီ ဟယ်လုက တစ်ခုခုတော့ သိကို သိထားရမည် ဟူ၍ပင်။

၎င်း၏အစ်ကို ဟယ်ဝေးအသတ်ခံရမှုနှင့်ပတ်သတ်ပြီး ဟယ်လု၏ တုံ့ပြန်ပုံကြောင့် ချန်ဇယ်ရှန်းမှာ အမှုကို ထဲထဲ၀င်၀င် စစ်ဆေးကြည့်လိုလာသည်။

ရှန်းယန်က ချန်ဇယ်ရှန်းအားကြည့်၍ အစ်မေးလာ၏။
“ဒုခေါင်းဆောင်…
ဟယ်ဝေးရဲ့ အမှုက သူ့ညီဟယ်လုနဲ့ ပတ်သတ်နေတယ် ထင်လို့လား? ဒါပေမဲ့ သူ့ညီကဖြင့် အမှုဖြစ်တဲ့အချိန်မှာ မြို့ပြင်ကို အစည်းအဝေးပွဲသွားတက်နေရလို့ မြို့ထဲမှာတောင် မရှိဘူး သူက ကျူးလွန်သူ မဖြစ်နိုင်ဘူး‌နော်”

“အခုက ဟယ်လု သတ်လိုက်တာ မသတ်လိုက်တာနဲ့ မဆိုင်ဘူး….
ကိုယ်တိုင် မကျူးလွန်လည်း အခုခေတ်က လက်ဖြောင့်သေနတ်သမားတွေ လူသတ်သမားတွေ ငှားလို့ လွယ်နေတာကို”

ချန်ဇယ်ရှန်းက ဟယ်ဝေး၏ ကိုယ်ရေးအကျဉ်းကို ကိုင်ထားလျက်။
“နစ်နာသူရဲ့ ဆက်ဆံရေးတွေ ပတ်သတ်ဆက်နွယ်နေတဲ့သူတွေ စာရင်းက စာမျက်နှာ တစ်မျက်နှာစာပဲ ရှိတယိ…
သူ့နား ပတ်လည်က ရင်းနှီးတဲ့မိတ်ဆွေဆိုရင် ငါတို့ လက်ချိုးရေကြည့်လို့တောင် ရသေး…
အသေးစိတ် အချက်အလက် မပြည့်စုံသေးတော့ ဖြစ်နိုင်ချေ တွေကို သတိလက်လွတ် ဖြစ်လို့မရဘူး”

ချန်အိုက်ယွဲ့က ရုံးခန်းတံခါးရှေ့မှာ ရပ်ရင်း တံခါးခေါက်လာ၍ ပြော၏။
“ဒုခေါင်းဆောင် … အခင်းဖြစ်နေရာရဲ့ ခြေရာ လက်ရာ အသေးစိတ် ခွဲခြမ်းစစ်ဆေးမှု ရလဒ် ထွက်လာပါပြီ”

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Opowieści tętniące życiem. Odkryj je teraz