3-အုတ်အော် သောင်းနင်း-

338 68 1
                                    

ယွင်ရှောင်းရှောင်က လှေကားပေါ်တက်ရင်း လေ၀င်လေထွက်ပေါက် ထဲသို့ ဓာတ်မီးထိုးကြည့်လိုက်သည်။

"ခေါင်းဆောင် ဒီထဲကို ကျွန်မ၀င်လို့ရတာ သေချာရဲ့လား?"

"ကြိုးစားကြည့်"

ဟယ်ဝေးက အောက်ကနေ လှေကားကို ထိန်းကိုင်ပေးထားသည်။
"ငါတို့ခန္ဓာကိုယ်နဲ့ကျ လုံး၀ ၀င်လို့ရမှာမဟုတ်ဘူး....၀င်လို့သာရရင် မင်းကို ခက်ခက်ခဲခဲနဲ့ အစား တက်ကြည့်ခိုင်းနေမှာကို မဟုတ်တာ"

ယွင်ရှောင်းရှောင်က အရပ်အမြင့် ၁၆၅ စင်တီမီတာ နဲ့ ကိုယ်အလေးချိန်သည်လည်း ၅၀၀ ဂရမ်လောက်သာ ရှိသည်မို့ ခန္ဓာကိုယ်မှာ ပိန်ပိန်ပါးပါး။

ထို့အတွက်လည်း တစ်ဖွဲ့လုံးမှာ ဒီအပေါက်ထဲ ၀င်ကြည့်လို့ ဆံ့နိုင်မည့်သူက သူမတစ်ယောက်သာ ရှိပေသည်။

ရှောင်းရှောင်က သူမ ဆံပင်တွေကို မြောက်မြောက်လေး စုစည်းလိုက်ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်ကိုအရင် ခြေထောက် ထောက်လိုက်၏။

ထို့နောက် ကျန်ခြေထောက်တစ်ဖက်နှင့် အပေါက်ထဲ တက်ကြည့်မလို့အလုပ်မှာ တစ်ခုခုက မှန်မနေသလို ခံစားရတာကြောင့် အရင်ဦးဆုံး မေးကြည့်ရသည်။

"ခေါင်းဆောင်...
ကျွန်မ ဘယ်လို၀င်လိုက်ရမလဲ
ခေါင်းနဲ့အရင်လား ခြေထောက်နဲ့ အရင် ၀င်လိုက်ရမှာလား"

ဟယ်ဝေးလည်း မေးစေ့ကိုပွတ်နေရင်း သံသယရှိသူ ပျောက်ဆုံးသွားသည့် မြင်ကွင်းအကြောင်း ပြန် ပုံဖော်ကြည့်နေမိသည်။

ရုပ်ရှင်တွေထဲကလို ပြတင်းပေါက်ဘောင်ကို ခိုစီးပြီး အပေါက်ထဲ ၀င်ဖို့လုပ်ရင်
၀င်မယ့်သူရဲ့ ခန္ဓာကိုယ်အနေအထားက ခြေထောက်အရင်၀င်သွားပြီး ခေါင်းက နောက်မှ ၀င်ရမှာပဲ.......

ဒီလိုအနေအထားမျိုးနဲ့ဆို ကာယကံရှင်က အတော်လေးကို ပျော့ပျောင်းသန်မာပြီး ကိုယ်ခံပညာရပ်အခြေခံလည်း ရှိ‌ထားလောက်မည်....

သို့သော် ခေါင်းအရင်၀င်ပြီးမှ ကိုယ်လုံးက နောက်ကနေ တွားသွား၀င်ရတယ်ဆိုရင်တော့ ခက်ခက်ခဲခဲနဲ့ ဖျတ်ဖျတ်လတ်လတ် ၀င်ဖို့ ခဲယဉ်းသွားမယ်
ကြာချိန်ကလည်း ပထမ ကိုယ်အနေအထားနဲ့စာရင် စက္ကန့်အနည်းငယ် ပိုလာလိမ့်မယ်....

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now