2-ပျောက်ကွယ်သွားသော တရားခံ-

362 63 2
                                    

ဟယ်ဝေး ၊ ချုံကျန့် နှင့် ရှလျန်တို့ လုံ‌ခြုံရေးစောင့်ကြည့်ခန်း သေးသေးလေးထဲ၌ ‌တိုးဝှေ့ပူးကပ်နေကြရသည်။

ShengShi ဟိုတယ်၏ လှေကားတစ်ထပ်စီတိုင်း၌ စောင့်ကြည့်ကင်မရာများရှိ၍ ထိုကင်မရာများမှ မြင်ကွင်းများကို ကွန်ပျူတာတစ်လုံးထဲကပဲ ထိန်းချုပ်ထားသည်။

ကွန်ပျူတာမျက်နှာပြင်အား စတုရန်းကွက် ခြောက်ကွက်ညီညီမျှမျှ ပိုင်းခံထားရပြီး ငါးကွက်မှာ လှေကားပြင်ကို ရိုက်ထားသည့် ကင်မရာများမှ မြင်ကွင်းများဖြစ်ကာ ကျန်တစ်ကွက်ကမူ ၀င်ပေါက်တံခါးကို ရိုက်ထားလေသည်။

ShengShi ဟိုတယ်၌ လတ်တလော တည်းခိုနေသည့် ဧည့်သည်မှာ စုစုပေါင်း လေးဦးသာရှိသည်။
ထို လေးဦးစလုံးက တတိယထပ်က အခန်းတွေမှာ ကိုယ်စီတည်းခိုနေကြလေ၏။
ယခုည၌ ညဖက် တာ၀န်ကျသည့် ၀န်ထမ်းကား စုစုပေါင်း သုံးယောက်ရှိလေသည်။
မန်နေဂျာသည် များသောအားဖြင့် ည ဆယ်နာရီဆိုလျှင် အလုပ်များ လက်စသတ်ပြီးလေ့ရှိသည်။

ဒီညကျမှ ထိုသူက စာရင်းဇယားများ စစ်ဆေးနေရ၍ ညဉ့်နက်ထိ နေနေခဲ့ခြင်း။

တတိယထပ်အောက်က စောင့်ကြည့်ကင်မရာမှာ ညတာ၀န်ကျသည့် ၀န်ထမ်းသုံးဦး အပေါ်ဆင်း အောက်တက်လုပ်နေသည့် လှုပ်ရှားမှုများကို ရိုက်မိထားသည်။
သို့ရာတွင် ထိုကင်မရာတွေထဲ၌ မည်သူမှ စတုတ္ထထပ်နှင့် ပဥ္စမထပ်သို့ တက်သွားခြင်းမျိုး မရှိချေ။

၁၂:၁၀ မိနစ် ၀န်းကျင်လောက်မှာ မန်နေဂျာ တစ်ယောက်တည်း အပေါ်ထိ တက်သွား၍ ၎င်းသေဆုံးသည့်အချိန်ထိ မည်သူ တစ်ဦးတစ်ယောက်မှ ထိုအပေါ်သို့ တက်သွားခြင်းမျိုးကို ရိုက်ကူးထားမိခြင်း မရှိပါလေ။

"ကျွန်တော် စောင့်ကြည့်ကင်မရာတွေ အကုန်စစ်ကြည့်ပြီးပြီ ဗီဒီယိုကို ကြိုပြီး ဖျက်တောက်ထားတာ‌မျိုးတွေ ပြန်ပြင်ထားတာမျိုးတွေ မရှိဘူး ရိုက်ထားမိသမျှက ဒီအတိုင်းပဲ"

ရှလျန်က ကွန်ပျူတာရှေ့တွင်ထိုင်ရင်း စောင့်ကြည့်ကင်မရာမှတ်တမ်း ‌ဗီဒီယိုကို ရှေ့ဖြည်းဖြည်းလေးချင်း ရစ်ကြည့်လိုက် ၊ နောက်ကို တစ်ကျော့ပြန်ရစ်လိုက် ဖွင့်ပြပေးနေခဲ့သည်။
"အစကနေအဆုံးထိ စောင့်ကြည့်ကင်မရာမှတ်တမ်းထဲမှာ မန်နေဂျာပဲ ပါလာတယ် တရားခံက အပေါ်ကို မတက်သွားဘဲနဲ့ အဲ့ဒီလူက အမိုးထပ်ကို ဘယ်လိုရောက်သွားတာလဲ?"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now