1-မိုးည သရဲ-

778 88 5
                                    

-မိုးည သရဲ-

ပြတင်းပေါက် အပြင်ဖက်၌ မိုးစက်များက အဆက်မပြတ်ရွာသွန်းလျက်ရှိသည်။ 

၀မ်မိန် တစ်ယောက် ဓာတ်မီးတစ်ခုကို လက်မှကိုင်ရင်း ညဆိုင်းတာ၀န်ဖြစ်သည့် ကင်းလှည့်ရန်အတွက် တစ်ယောက်ခန်းတစ်ခန်း၏ တံခါးအား ဖွင့်ကြည့်လိုက်သည်။

သူမ အလုပ်လုပ်သည့် ဟိုတယ်ကား အဝေးပြေးလမ်းမကြီးနားရှိ ဝေလံခေါင်ပါး‌သော အစွန်အဖျားတွင်တည်ရှိပြီး ရဲတင်းလှသော နာမည်မျိုးဖြစ်သည့်

“ShengShi Grand Hotel” ဟု အမည်မှည့်ထားလေသည်။

ငါးထပ်တိုက်အဆောက်အအုံကြီးထဲမှာ ပထမထပ်နှင့် ဒုတိယထပ်တို့က စားသောက်ဆိုင်ခန်းများဖြင့် အသုံးပြုထားပြီး 

တတိယထပ်နှင့် စတုတ္ထထပ်တို့ရောက်မှသာ တည်းခိုခန်းများ တည်ရှိပေသည်။

နီယွန်မီးရောင်များက ဟိုတယ် ခေါင်မိုးထပ်၌ ညပိုင်းရောက်လျှင် အမြဲထိန်လင်းလျက်ရှိပြီး 

ဒီမြို့နယ်တစ်ဝိုက်တွင် ၎င်းဟိုတယ်၏ အမိုးထပ်က အမြင့်ဆုံးဟု ဆိုရပေမည်။

တည်းခိုခန်း နံပတ် ၂၀၁ ကိုစစ်ဆေးပြီးနောက်တွင် ၀မ်မိန်က အခန်းပြင်သို့ပြန်ထွက်ရင်း တံခါးအား ပြန်ပိတ်ပေးလိုက်သည်။

ထို့နောက် ဘေးဘီဝဲယာကိုကြည့်လိုက်သည့်အချိန်တွင် သူမတစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရပြီးနောက် ခန္ဓာကိုယ်ရှိ ကြက်သီးမွှေးညှင်းများ အားလုံး ထောင်တက်သွားခဲ့ရသည်။

တိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိသော ဟိုတယ် လျှောက်လမ်းအဆုံးတွင် လူအိုကြီးတစ်ယောက်က တရုတ် ရိုးရာသင်တိုင်း၀တ်စုံ ၀တ်ဆင်ထားရင်း မလှုပ်မယှက် ရပ်နေ၏။

အရပ်က ပုပု

ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့်

ထိုလူ မတ်တပ်ရပ်နေသည့် ထိပ်တည့်တည့်တွင် အာရုံခံ မီးသီးတစ်လုံးရှိနေလေသည်။

လျှပ်စစ် မီတာခ ချွေတာနိုင်ရေးအတွက် ဒီဟိုတယ်မှာ အသုံးပြုထားသည့် မီးလုံးတော်တော်များများအား တတ်နိုင်သမျှ အလင်းမှိန်ထားသည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now