Part-1

976 76 11
                                    

Unicode Ver

"ဒါကနင်ဒီနေ့စပြီးနေရမဲ့စံအိမ်ပဲ ဒီအိမ်ကသခင်လေးကငါနင့်ကိုပြောပြထားသလိုပဲ သူ့ကိုနှောက်ယှက်တာသဘောမကျဘူး အဓိကကသူ့အားနည်းချက်ကိုနင်စကားထဲထည့်မပြောမိစေနဲ့ ပြီးမှတစ်ခုခုဖြစ်ရင်ငါနင့်ကိုမကယ်နိုင်ဘူးနော် နင်အိမ်အခြေအနေအဆင်မပြေလို့သာ ငါအခုလိုပိုက်ဆံများများရနိုင်တာရှာပေးတာ ပြသနာတော့မရှာမိစေနဲ့ သခင်လေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာကလွဲရင်နင့်အတွက်တစ်ခြားပင်ပန်းစရာမရှိဘူး "

"ဟုတ်ကဲ့"

" အင်း .....ဪ နောက်ထပ်က သခင်လေးကခိုင်းရင်အကုန်လုပ်ပေးလိုက်ပါတစ်ခုမကျန် ငြင်းဆိုခွင့်မရှိဘူးနော် နောက်ပြီး မခိုင်းတာကိုလဲဘယ်တော့မှမထိပါနဲ့ "

"ဟုတ်ကဲ့"

သူ့ကိုလာခေါ်တဲ့ကားကစံအိမ်ဝန်းထဲကိုစဝင်လာတာနဲ့မှာနေတဲ့ဘေးကအိမ်တော်ထိန်းစကားကိုတစ်ခွန်းမကျန်နားထောင်နေရသည်
အဖေရဲ့ဆေးဖိုးကိုမတတ်နိုင်တာရယ် အမေသစ်ရဲ့ပြောဆိုမှုတွေကြောင့် မသန်စွမ်းသူကိုပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ခိုင်းစေမှုကြောင့်

"ဟိုမှာသခင်လေးစောင့်နေတယ်"

သူတို့ဝင်လာတော့ဧည့်ခန်းဝန်းထဲမှာမတ်တပ်ရပ်နေကြတဲ့ကိုယ်ရံတော်နှစ်ယောက်ရယ် ဝှီးချဲပေါ်မှာထိုင်နေတဲ့တစ်ယောက်ရယ်

အိမ်တော်ထိန်းခုနပြောတဲ့သခင်လေးဆိုတာ အခုတစ်ယောက်ကိုပြောတာထင်တယ်

"မင်္ဂလာပါ သခင်လေး ကင်မ်ဆော့ဂျင်းပါ အခုကစပြီး~"

သူစကားမဆုံးသေးခင် လက်ကိုရုတ်တရက်မြှောက်လိုက်ပြီးသူ့စကားကိုရပ်စေသည့်သူကြောင့် ခေါင်းကိုငုံ့ချလိုက်သည်

သူနှုတ်ဆက်တာမကြိုက်လို့များလား
တကယ်ဆိုရင် တစ်ချို့သူဠေးတွေ သခင်လေးတွေက အဆင့်တန်းနိမ့်တဲ့သူတွေနဲ့စကားမပြောချင်ကြဘူးလေ
မတူသလိုဆက်ဆံကြတာပဲကို သူ့ကျောင်းကတစ်ချို့သူဠေးသားသမီးတွေကသက်သေပဲကို

"ခင်ဗျား သေချာပြောမပြထားဘူးလားမစ္စဟန်??"

ထိုသူ့ဆီကထွက်လာတဲ့အသံကအာဏာအပြည့်ပါသည် လူတွေပြောတဲ့
အရှိန်အဝါဆိုတာ ဒါပဲနေမှာပေါ့

LIGHTS 🕯️Where stories live. Discover now