ဆိုးသည့် ... မောင် Part I

3.3K 139 12
                                    

"သဘော မတူဖူး ထပ်မပြောနဲ့ နီနီ"

တစ်ခါထဲ ငြင်းလွတ်တဲ့အမေနှင့် အဒေါ်များကြား နီနီ မျက်နှာငယ်လေးနှင့် ။

"တောကြားအုံကြားရေမျှော်ကမ်းတင် ဆွေမရှိမျိုးမရှိလားမသိ ဇစ်မြစ်မသိတဲ့လူကို ညည်းမို့ လက်ခံစဥ်းစားတာ အံ့သြလို့မဆုံးဖူး"

"ဟုတ်သားပဲ နီနီရယ် ... သမီးက ဒီအသိုင်းအဝိုင်းမှာ စိတ်ချမ်းသာနေနေရတာ ဘာလို့ အာ့လိုလူမျိုးကို တွဲနေရအုံးမှာလဲ"

"ဟုတ်တယ် တစ်ခါထဲဖြတ်လိုက် နီနီ ပေး ဖုန်း အာ့ကဒ်ထုတ်ပြစ်လိုက်မယ်"

နီနီသွေးအောင် ဖုန်းကို လာယူတဲ့သူက ယူနှင့် ။ ချစ်သူရည်းစားထားလို့ ဖွင့်ပြောမိပါရဲ့ ပျားအုံ့တုပ်နှင့်ထိုးသလို တဝီဝီအော်ပြီး စိတ်ရှုပ်အောင်လုပ်နေကြသည်မို့ နီနီ နားထင်ကိုဖိရင်း

"နီနီလမ်းကို ဘာလို့ပိတ်ဖို့ပဲကြိုးစားနေကြတာလဲ"

"လမ်းပိတ်တယ်ဟုတ်လား ဒီကောင်မ ငါလုပ်မိတော့မယ်"

"မကြီးသန္တာမလုပ်နဲ့ ဟုတ်သားပဲ အတင်းမလုပ်ကြနဲ့ နီနီရယ် ဒေါ်လေးတို့က မဖြစ်သင့်တာမဖြစ်အောင်ပြောနေရတာလေ"

လေပြေသွေးသူ မုန်တိုင်းတိုက်သူ မျက်ရည်ခံထိုးသူ ပုံစံအမျိုးမျိုးနှင့် လူကုံထံမိသားစုဝင်များကြား နီနီ တကယ်ကို စိတ်ရှုပ်နေရပါသည် ။ ချစ်သူက တစ်နယ်တစ်ကြေးက ကိုယ့်ထက်လဲငယ်ပြီး တောအရပ်ကမို့ အသိုင်းအဝိုင်းက လုံးဝမကြည်ဖြူ ။

"ဖြတ်လိုက်နော် နီနီ မဟုတ်ရင် ညည်းအမေ စိတ်ဆင်းရဲပြီး သေလိုက်မယ် "

နီနီ အမေ့မျက်နှာကိုပြန်ကြည့်တော့ မျက်နှာလေးငယ်လို့ ။ လူတစ်ယောက်ကို စိတ်ချလက်ချမချစ်နိုင်လောက်အောင် နီနီ့ဘဝက လွတ်လပ်မှု့မရှိ ။ ပျော်ပျော်ရွှင်ရွှင်တစ်ဥိးကိုတစ်ဥိးချစ်နေကြတဲ့ Rsများကို မြင်လျှင် နီနီသိပ်အားကျမိသည်  ။ အခုတော့ အကြီးဆုံးသမီး မိသားစုဂုဏ် ထိမ်းသိမ်းရမယ့် ဝတ္တရားတွေနှင့် နီနီပခုံးပေါ်က သမိုင်းပေးတာဝန်တွေ။

"သမီးမှာ စဥ်းစားဆုံးဖြတ်တက်တဲ့ ဦးနှောက်နဲ့ အသက်အရွယ်လဲ ရှိပီးသားပါ နေရာတကာ လိုက်ပြီး ပြောမနေကြပါနဲ့တော့"

ဆိုးသည့် .... မောင် 💜Where stories live. Discover now