1

198 19 6
                                    

"ဟဲ့ဟိုကလေး ထတော့"

" အမေကလဲအစောကြီးရှိသေးတယ်နောက်ငါးမိနစ်ပဲ "

ထိုသို့ပြောမယ်ဆိုတာကိုကြိုတွေးပြီးဖြစ်တဲ့အမေ့အတွက်တော့ သူ့သားတော်မောင်ရဲ့နိုင်ကွက်ကိုသိပြီးသား

"ဘယ်ကိုစောရမှာလဲ ကိုးနာရီထိုးတော့မယ်Peatလေးတောင်ကျောင်းသွားပြီထင်တယ်"

ထိုသို့ပြောမှသာအလူးအလဲထကာ နာရီထကြည့်တော့သည့်သား‌တော်မောင်တစ်ဦ်းထဲ‌
သောသားလေးမို့အိမ်ကအလိုလိုက်ထားတာမို့ဆိုးချင်သည် ဒါပေမယ့်‌ဘေးအိမ်က ကလေးအပေါ်တော့တစ်အားခင်တွယ်ရှာသည် social ကောင်းတဲ့ကလေးမို့ လူတိုင်းနဲ့အဆင်ပြေအောင်နေတတ်ပေမယ့် Peatwasuဆိုတဲ့ကောင်လေးအပေါ်ကိုတော့သူများနဲ့မတူအလွန်ဂရုစိုက်ပြီးသူတစ်ယောက်ထဲနဲ့သာစွဲစွဲမြဲမြဲပေါင်းသည်။

"ဟာ အမေကလဲ 7နာရီပဲရှိသေးတာကို လန့်သွားတာပဲ တော်ပြီ ထပြီ"

"အေး" ထတော့ အောက်ထပ်မှာ မနက်စာပြင်ထားတယ် စားပြီးမှသွားနော်"

"မစားဘူး Peatကိုပဲစားမယ်"

"သွားပြောဟိုကနင့်ကိုကန်ထုတ်လိုက်လိမ့်မယ်"

"အာ..အမေပြောတာဖင်တောင်ကျိန်းတယ်"

ပြောလို့မရဟိုကတကယ်လုပ်တဲ့ကလေးဆိုတော့သူကြောက်နေတာလေတကယ့်ကောင်လေး သူ့နိုင်ကွက်ကPeatwasuတစ်ယောက်ပဲရှိသည်။
.
.
.
.
.
.
.
.
.
.
.
" Peatရေ ဟေ့ရောင်ရေ ငါရောက်နေပြီလို့"

အိမ်ရှေ့မှာလာအော်နေတာဘယ်ကအရူးလဲကြည့်လိုက်တာ ဘေးအိမ်ကFortဆိုတဲ့အရူးပဲ
ပြောလို့သာပြောတာ သူငယ်ချင်းဆိုလို့ဒီတစ်ယောက်ပဲရှိတာမို့ အရမ်းကပ်တွယ်လွန်းပေမယ့်
ခင်ဖို့ကောင်းတဲ့သူငယ်ချင်းလေးပါ ။

"လာပြီဟ ချော်တောင်လဲမယ် "

"ဆော်တီး ဆော်တီး ငါကမင်းမပြီးသေးဘူးထင်လို့"

"မင်းလိုအိပ်ပုပ်များထင်နေလား ငါကအစောကြီးထဲကနိုးနေတာ လေ့ကျင့်ခန်းလုပ်နေတာကွ မနက်စောစော ခန္ဓာကိုယ်ထိန်းသိမ်းနေတာဟဲဟဲ"

'ခန္ဓာကိုယ်ထိန်းတယ်တဲ့ အစားကျမလျှော့ပဲ'
သူမကြားအောင်fortတစ်ယောက်ပြောလိုက်ပေမယ့် နားပါးလွန်းတဲ့peatကကြားဖြစ်အောင်ကြားသွားသည်။

"ဘာ ကွ !! ငါ့ကိုဘာပြောလိုက်တာလဲမင်း"

ထိုကျမှအရူးကွက်နင်းပြီး

"ဟို..ဟိုဟာလေ ဘာမှမဟုတ်ပါဘူးကွာ နောက်နေ့အမေ့ကိုအစားလျှော့ခိုင်းရမယ်လို့ပြောတာပါ"

"ငါ ထိုးလိုက်ရ "

"ဘာနဲ့ထိုးမလဲ နှုတ်ခမ်းနဲ့ထိုးမလားလာလေလာ"

"ဟေ့ရောင် fort !! မင်းကိုငါတကယ်လုပ်တော့မှာ "

ကျောင်းသွားတဲ့လမ်းတစ်လျှောက်ဒီလိုပဲဆူညံ့ပြီး ရန်ဖြစ်လိုက်တစ်ယောက်ကလဲလိုက်စရင်း နေ့တိုင်းကြုံနေကျအဖြစ်အပျက်တစ်ခုမို့ လမ်းထဲကလူတွေအတွက်တော့အထူးအဆန်းမဟုတ်တော့ ဒီနှစ်ယောက်ကတစ်တွဲတွဲသတ်ဖော်သတ်ဖက်တွေမို့...။

More than friend Where stories live. Discover now