1။

2.4K 141 0
                                    


   𝑭𝒓𝒊𝒆𝒏𝒅 𝒁𝒐𝒏𝒆

"မျက်ဝန်း နင်အချစ်ဆိုတာကြီးကိုဘယ်လိုမြင်လဲ?

လေတစ်ဖြူးဖြူးတိုက်ခတ်နေသည့်ကန်ဘောင်‌၏ထောင့်စွန်းကမ်းစပ်နေရာလေးမှာနှစ်ယောက်သားထိုင်နေမိကြသည်။ညနေဆည်းဆာဖြစ်လို့ မြင်ရသည့်ရှုခင်းအလှဟာအံ့မခန်းပင်။

တက္ကသိုလ်ကျောင်းသူတွေမို့စာမလုပ်ချင်တိုင်း အတန်းခိုးခိုးလစ်ရတာလည်းအလုပ်တစ်ခုလိုပင်ဖြစ်နေလေသည်။
အမြဲလိုလိုတည်တည်တံတံနေတတ်သည့် လွှမ်းအသုရာ၏နှုတ်ခမ်းဖျားဆီကအချစ်ဆိုတာကြီးကိုထွက်ကျလာချိန် သူမအံ့ဩမိသည်မှာမဆန်းလှ‌ေပ။

လေးမျက်ဝန်းခြယ် သူမဘေးကလွှမ်း၏မျက်လုံးတွေအားသေချာစိုက်ကြည့်လိုက်သည် ။

အချိန်တိုင်းလိုလို မဲ‌ နက်နေသည့်မျက်ဝန်းအိမ်ထဲမှမျက်ရည်ကြည်လေးတွေဝဲနေတတ်သည့်သူဟာ အခုချိန်မှာတော့ အရောင်လေးတွေတစ်လက်လက်တောက်ပကာရွှင်လန်းနေပုံရသည်။

လေးမျက်ဝန်းခြယ်တစ်‌ေယာက်သူ့ဆီမှမျက်နှာလွဲကာကောင်းကင်သို့မော့ကြည့်ရင်း
"အင်းးး ငါ့အမြင်ပြောရရင်လူတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်နေကြတာကိုအချစ်လို့ထင်တယ် ဘာဖြစ်လို့လဲ လွှမ်းရဲ့"

"အဟင်း ဒီတိုင်းမေးကြည့်တာပါ ဒါနဲ့လေ ငါမရှင်းတာတစ်ခုက တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်မှ အချစ်လို့ခေါင်းစဉ်တတ်လို့ရတာလား"? တစ်ယောက်တည်းကဘဲတစ်ဖတ်သတ်ချစ်နေရင်ကော အဲ့တာအချစ်လို့ပြောလို့မရဘူးလား"?

"အွန်း ရတယ်ထင်တာဘဲ ငါလည်းမသိတော့ဘူး ခေါင်း‌ေတွရှုပ်ကုန်ပြီရယ်"

အသေအချာပုံသွင်းထားသည့်‌ေကျာလယ်‌ေလာက်ရှိသည့်ဆံနွယ်တွေအားထိုးဖွရင်း ပြောလိုက်မိသည်။ စောနကအထိ လန်းဆန်းကာ ရွှင်မြူးနေသည့် လေးမျက်ဝန်းခြယ်မဟုတ်တော့။ တစ်စုံတစ်ရာကြောင့် စိတ်နှလုံးအသွင်အနည်းငယ်ညစ်ထေးလို့သွားသည်။ဒါဟာ ဘာကြောင့်လဲဆိုတာ သူမကိုယ်တိုင်ပင်မသိ‌ေချတော့အခက်သား။

"ဘာလဲ ရည်းစားရနေပြီလား လွှမ်း"

"အဲ့လိုထင်လား "

𝑭𝒓𝒊𝒆𝒏𝒅 𝒁𝒐𝒏𝒆 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now