1

471 36 8
                                    

" နမ်ဂျွန်းရေ!!သားအန်တီတို့လာတယ်ဟေ့"

သူ့အဖေရဲ့စကားသံကြောင့်၄နှစ်အရွယ်နမ်ဂျွန်းလေးမှာအပြေးထွက််လာခဲ့တယ်...

" ဖြေးဖြေးလာပါ သားရယ်... "

nj- တီတီ...ကလေးလေးရော

" ပါပါတယ်ရှင်... "

ကင်မ်နမ်ဟွန်း ရဲ့လက်ထဲမှာချီထားတဲ့၁နှစ်အရွယ်ဖြူဖြူသေးသေးကောင်လေးကိုပြလိုက်တယ်..ကင်မ်နမ်ဂျွန်းလေးကတော့အဲ့ကလေးလေးနားပဲကပ်နေတော့တာပေါ့...

" အန်နာရေ..နင့်သားကိုလဲကြည့်ပါဦး သားသားနားကကိုမခွာတော့ဘူး "

"အမယ်လေး ငါတို့တောင်အံ့သြနေကြတာပါ...သားကပုံမှန်ဆိုဘယ်သူနဲ့မှအရော၀င်တာမဟုတ်ဘူး...အနားကိုအကပ်မခံတာ အခုမှဂျင်လေးကိုဖြစ်နေတာ... "

လီအန်နာနဲ့ မင်ဟယ်ရာ တို့ကငယ်ငယ်ထဲကအရမ်းခင်ခဲ့တဲ့သူငယ်ချင်းတွေဆိုပါတော့...အလယ်တန်းလောက်မှာကွဲသွားခဲ့ပီး ဆော့ဂျင်လေးကိုမမွေးခင်၄လအလိုလောက်မှပြန်ဆုံကြတယ်လေ...ဆော့ဂျင်လေးကိုမွေးတော့သူတို့ဆေးရုံကိုလာကြည့်ရင်း နမ်ဂျွန်းပါ ပါလာပီးအနားကမခွာပဲနေတာကြောင့်အမြဲတန်းဆော့ဂျင်လေးကိုခေါ်ပီး လာလည်နေရတာပေါ့...ဆော့ဂျင်တို့မလာရင်တောင်နမ်ဂျွန်းလေးကို လိုက်ပို့ရတယ်လေ...

nj-သိုးဖြူလေးရေ...မင်းကချစ်စရာလေး

ပါးချိုင့်လေးပေါ်တဲ့ထိပြုံးရင်း​အိပ်နေတဲ့ကလေးလေးကိုကြည့်ပီးပြောလိုက်တယ်...ဆော့ဂျင်ကအသားဖြူပီးပါးလေးတွေရဲရဲလေးတွေမို့သူကသိုးဖြူလေးလို့ခေါ်တယ်လေ...လူကြီးတွေကတော့အေးဆေးစကားပြောနေကြတာပေါ့

sj- အင်းမ်...အဟင့်...

အိပ်နေရာကနေအသံသေးသေးလေးတွေလုပ်ပီးလှုပ်စိလှုပ်စိဖြစ်လာတာကြောင့်နမ်ဂျွန်းကြောင်ကြည့်နေမိတယ်...

sj-အူးးဝါးးး

နိုးနိုးချင်းသူ့အမေကိုမမြင်လို့တန်းအော်ငိုနေတာကြောင့်နမ်ဂျွန်းလေးမှာဘာလုပ်လို့လုပ်ရမှန်းမသိအောင်ဖြစ်သွားတယ်...

nj-တီတီ...သိုး..သိုးပေါက်လေး...အူးးးဝါးးး

ဆော့ဂျင်ငိုတာမြင်တော့သူပါလိုက်ငိုနေတယ်လေ...

Our Love StoryTahanan ng mga kuwento. Tumuklas ngayon