အပိုင်း(၁)

585 17 1
                                    

အမှတ်မထင် ဆုံတွေ့မှုတစ်ခုကနေ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာတာပေါ့.......

ဆယ်ကျော်သက်အရွယ် ရင်ခုန်တတ်စအရွယ် သစ်ရွက်လေးလှုပ်တာတောင်မှ ရယ်မောနေချင်တာ အဲဒီအရွယ်မှာစိတ်ထိခိုက်အရမ်းလွယ်တာပေါ့။

တစ်နေ့တော့ ကျွန်မဆီကို ကျွန်မ မသိတဲ့ဖုန်းနံပါတ် ၁ခုဝင်လာတာပေါ့ ဖုန်းထဲကလူကိုအသက်ငယ်လား ကြီးလားမှန်းတောင် မသိပဲ အော်ငေါက်ပြောမိခဲ့တယ်။

ဒါပေမဲ့သူက ကျွန်မထက်အသက်ကြီးတော့ ကလေးဆိုး၁ယောက်နဲ့ပြောရသလိုပဲဆိုပြီး ကျွန်မကို စိတ်မဆိုးခဲ့ဘူး။နောက်တော့ ၁ပတ်၁ခါလောက် ကျွန်မဆီ ဖုန်းဆက်ဖြစ်တယ်။ ဒီလိုနဲ့ခင်သွားကြတာ ရက် လ အတော်ကြာတော့ အဆက်သွယ်ပြတ်သွားခဲ့တယ်။

သူဘက်က ဖုန်းဆက်တာလုံးဝမရှိခဲ့ဘူး။ ကျွန်မလည်းတက္ကသိုလ် တက်နေတော့ ကျောင်းကိစ္စနဲ့မအားဘူးပေါ့။ နောက်၎လလောက် အကြာမှာ first term စာမေးပွဲတွေဖြေပြီး မွေးရပ်ဆီသို့ပြန်ခဲ့တယ်။ နယ်ပြန်ရောက်တော့ သူ့ဆီကဖုန်းပြန်ဆက်သွယ်လာတယ်။ သူဘက်ကတော့ ကျွန်မအကြောင်းကို နည်းနည်းပါးပါးတော့သိနေပြီပေါ့။ ကျွန်မကတော့ သူအကြောင်းကိုဘာမျှမသိ။

ဒီလိုခင်နေရင်း ၁ယောက်အကြောင်း၁ယောက်နည်းနည်းသိလာပြီ။ သူ့ဆီကသိလိုက်ရတဲ့၁ခုဟာ သူကတက္ကသိုလ်ကျောင်းသား ဒီ၁ခုပဲသေချာသိလိုက်ရယ်။ကျွန်မအကြောင်းကိုတော့ သူတော်တော်သိခဲ့ရတယ်။ စိတ်ထဲမှာတော့ဖြစ်လိုက်သေးတယ် သူရဲ့အကြောင်းကိုဘာလို့မပြောတာလဲလို့။ သူကအထက်အညာဒေသမှာနေတယ်သာပြောတာ စကားက အရမ်းအပြောကောင်း ပြောတတ် ဆိုတတ် လူ၁ယောက်ရဲ့အမှားကိုလိုက်ထောက်နိုင်တဲ့အရည်အချင်းတော့ရှိတယ်။ ကျောင်းပြန်ဖွင့်တော့ရန်ကုန်ကိုပြန်လာရချိန်မှာ သူနဲ့အဆက်အသွယ်ပြတ်သွားပြန်ရော။ သူဆီကတော့စာ၁စောင်လာပါတယ် မဟာတန်းအတွက် စာတန်းပြုစုစရာရှိလို့ မန္တလေးကိုသွားရမယ်တဲ့။ ကျွန်မကတော့ "ကောင်းကောင်းလုပ်နော်" လို့ပြောရုံအပြင်ကျန်တာဘာမှမပြောဖြစ်ခဲ့။ လအနည်းငယ်ကြာတော့ သူ့ဆီကဖုန်းဆက်လာတယ်။ ကျွန်မကတော့သူလို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူမဟုတ်ဘူး။ သူရဲ့ဖုန်းနဲ့တခြား၁ယောက်က ကျွန်မဆီဖုန်းဆက်တာပါ။ သူပုံစံကဲ့သို့ပဲ အဲဒီလူက ကျွန်မကိုစကားလာပြောတယ်။

အဲဒီလူရဲ့အပြောက အစကတည်းက လိမ်လည်မှုတွေနဲ့စပြောခဲ့တာ။ သူ့ကိုအရမ်းသနားဖို့ကောင်းအောင်ပြောတယ်။ သူက မိဘ ၊ ညီလေး တွေကိုလုပ်ကျွေးနေရတာတဲ့။ ဒါပေမယ့်သူရဲ့ အပြောအဆိုကယုံချင်စရာ ၁ခုမှမရှိ။ နောက်ပိုင်း သူ့ရဲ့လိမ်ညာမှုပေါ်သွားတော့ ရှက်ကိုးရှက်ကန်းဖြင့် ဖုန်းမဆက်ရဲတော့။ အဲဒီနောက်ပိုင်း ကျွန်မနဲ့ခင်မင်နေသော သူပြန်လာတော့...........

ရင်ကို လှုပ်ခတ်စေသောလှိုင်းWhere stories live. Discover now