လူတွေက ကိုယ့်အပေါ်ကောင်းကြပါလိမ့်မယ် လို့လဲ မမျှော်လင့်နဲ့..

လူတွေက ကိုယ့်အပေါ် ဆိုးလိုက်ကြတာလို့လဲ မတွေးနဲ့..

လူတွေဟာ လူတွေပဲ လို့ တွေး..

ကိုယ့်အပေါ် ကောင်းခဲ့ကြတာတွေရှိမယ်..

မကောင်းနိုင်ခဲ့ကြတာတွေလဲရှိမယ်..

ကိုယ်တိုင်တောင် ကိုယ်ကောင်းပေးချင်ပါရက်နဲ့ လက်လှမ်းမမှီလို့ မကောင်းပေးနိုင်ခဲ့တဲ့သူတွေရှိသလို ကိုယ်စောက်မြင်ကပ်နေရက်နဲ့ လက်လှမ်းမှီသလောက် ကောင်းပေးခဲ့နိုင်တဲ့သူတွေရှိနေတဲ့ လောကမှာ..

ဘယ်သူ့ရဲ့ပြေးလမ်းပေါ်မှာမှ ခြေထိုးမခံခဲ့ဖူးရင်..

ဘယ်သူ့တက်လမ်းကိုမှ သိစိတ်နဲ့ မပိတ်ပင်ခဲ့ဖူးရင်..

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်..

ကိုယ့်ပြေးလမ်းပေါ် တမင်တကာ ခြေထိုးမခံခဲ့ဖူးတာ သိသာနေရင်..

သူများကိုလဲ ခွင့်လွှတ်..

ဒီလိုခေတ်ဆိုးခေတ်ပျက်ထဲမှာ.. အတ္တအကြီးကြီးတွေအတွက် collectively ရုန်းကန်ရင်ဆိုင်နေရချိန်မှာ တကိုယ်စာအတ္တအသေးလေးတွေကို လျှောက်ယိုးမယ်ဖွဲ့မနေနဲ့..

လူဟာ လူပဲ..

ကိုယ်ကသာ တတ်နိုင်သလောက် အားလုံးအတွက် ကောင်းပေးဖို့တာဝန်ရှိတာ..

ဘယ်သူမှ ကိုယ့်အပေါ် ကောင်းပေးဖို့ တာဝန်ရှိမနေဘူး..

မမျှော်လင့်နဲ့. #Yaxar Wixaya
  • သီးခြားနိုင်ငံ
  • JoinedMarch 20, 2019

Last Message
Hnaung511 Hnaung511 Apr 17, 2024 04:27AM
ကျမရဲ့ စာဖတ်သူများ နှစ်ဟောင်းက အညစ်အကြေးများကို သန့်စင်ဆေးကြောပြီး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ သင်တန်းကိစ္စ၊ အလုပ်ကိစ္စများ အဆင်ပြေ ချောမွေ့ကြပါစေ။ ကပ်ကြီးသုံ...
View all Conversations

Stories by နှောင်း
Announcement‼️ by Hnaung511
Announcement‼️
Attention
Bromance by Hnaung511
Bromance
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
 My Possessive Step-bro by Hnaung511
My Possessive Step-bro
Genre :BL/Yaoi/Fantasy Warning:18 Plus ‼️စိတ်ကူးယဥ်ဝတ္ထုတစ်ပုဒ်သာ ဖြစ်ပါတယ်။စိတ်ကူးယဥ်ဝတ္ထုဆိုတာက လက်တွေ့ဘ...