episode-40

3.9K 19 7
                                    

နံနက်11နာရီ....

တေဇာနိုးလာတော့ အချိန်ကမနဲတော့ပါ။
အိပ်ယာက ထလာလိုက်ပြီး Minjunအခန်းသွားကြည့်တော့ ထိုကောင်က လည်း အိပ်နေတုန်း ရှိသေးသည်။

ပိတ်ရက်ဖြစ်တာကြောင့် နှိုးမနေတော့ပဲ အောက်ထပ်ကို ဆင်းလာကာ ရေအေးအေးတစ်ခွက်ကို သောက်ရင်း ညက အကြောင့်ပြန်စဥ်းစားမိသည်။

ညက တေဇာ spaမှာ စိတ်ကြိုက် ဝင်တွယ်ပြီး barဘက်ကိုပြန်လာတော့ Minjunက မူးပြီးမှောက်နေပြီဖြစ်သည်။

ဒါကြောင့် Minjunကို ခေါ်ကာ ကားကို တေဇာက မောင်းရင်းပြန်လာလိုက်တော့သည်။
Davidကို အိမ်ရောက်မှ ဖုန်းနည်းနည်းပါးပါးလှမ်းဆက်ကာ အကုန် အဆင်ပြေကြောင်းပြောလိုက်သည်။ Davidလည်းထို အခါမှ စိတ်အေးချမ်းသွားပုံရသည်။

ညတုန်းက တေဇာ ထိုအမျိုးသမီးနဲ့တော်တော်ခရီးပေါက်ခဲ့သည်။ ကိုယ်ကိုတိုင်ကလည်း စားနေကျ ကြောင်ပါးကြီး ဆိုပေမဲ့
တစ်ဖက်က အမျိုးသမီးကလည်း ခေသူ မဟုတ် နေတော့ စီးမျောမိလိုက်တာ 1နာရီခွဲလောက်မှ နားသည်။

သူမ ကတော့ ဘယ်လိုနေမလဲ မသိပေမဲ့
တေဇာ အတွက်ကတော့ သူမကို တမ်းတမ်းစွဲ မဖြစ်ပေမဲ့ စိတ်လွတ်မိတဲ့ အထိ ဖြစ်သွားမိသည်။

ဒါပေမဲ့လည်း ခံစားချက်ထွေထွေထူးထူး မရှိတာကြောင့် မေ့လိုက်ရုံသာ ပေါ့။

ထို့နောက် မိမိရဲ့ တစ်နေ့တာကို အေးအေးဆေးဆေး စတင်တော့သည်။

...............................

"Mrs.kelly ဘာကိစ္စများရှိလို့ ကျွန်တော့် ဆိုင်ကို နေ့ခင်းဘက်ကြီးရောက်လာတာပါလဲ ခင်ဗျ"

"ဟင်းး ညက လူက ဘယ်သူလဲ"

"ခင်ဗျာ??"

"ကျစ်! ညက ကျွန်မ နဲ့ နေပေးတဲ့လူ"

"သြော် Tigerကိုပြောတာလားဗျ"

"သူက Tigerနောက်တစ်ယောက်လား၊ ကျွန်မ သိတဲ့ Tigerဆိုတဲ့ လူက ဘဝင်ရူးပါ၊
ဒါပေမဲ့ ညက လူက ပုံမှန်ထက် ကွဲပြားနေ တယ်"

"ဟို.."

"ဟင်းး ကျွန်မ သူများရဲ့ privacyကိုလေးစားပါတယ်၊ ကျွန်မ သူ့ရဲ့ မူလ အသွင်ကိုလဲ မမေးပါဘူး၊ ကျွန်မသိချင်တာ သူက Tigerမဟုတ်ဘူးလား၊ ဟုတ်လား ဆိုတာပဲ"

Bad Guy (လူဆိုး)Where stories live. Discover now