လော့၀မ်ချန်ဘယ်သူလဲဆိုတာကို လျိုဝေကျစ်သိပါသည်။ လွန်ခဲ့သောသုံးနှစ်ကျော်ခန့်က ဟိုင်နဉ်တွင် အချမ်းသာဆုံးမိသားစုဖြစ်သည့် လော့မိသားစု၏ တကယ့်သခင်လေးအစစ်နှင့် သခင်လေးအတုတို့ ဇာတ်လမ်းသည် တစ်မြို့လုံးကိုရှော့ရသွားစေခဲ့သေး၏။
ဇာတ်လမ်းကတော့ လော့ခိုင်ဖန်း၏အငယ်အနှောင်းတစ်ယောက်ဟာ ကိုယ်ဝန်ရှိရင့်မာနေသောအချိန်မှာ ကျေးလက်ကဆွေမျိုးတွေဆီ အလည်အပတ်သွားခဲ့သည်။ ဘာကြောင့်ရယ်မသိစွာဖြင့် စောစီးစွာဝေဒနာ စတင်ခံစားခဲ့ပြီး ခရီးလမ်းတစ်၀က်လောက်က ဆေးရုံငယ်တစ်ခုမှာ ကလေးမွေးဖွားခဲ့၏။ ထိုအချိန်ကသူတို့အလုပ်များနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကလေးမွေးပြီးသည်နှင့် လူကုန်ကူးသူများ၏ ခိုးယူခြင်းခံလိုက်ရလေတော့သည်။
သူမသည် တရားဝင်ဇနီးမဖြစ်သေးသောကြောင့် ကလေးကိုဆုံးရှုံးလိုက်ရသောအခါ ချမ်းသာသောယောက်ျား၏ဇနီးဖြစ်လိုသော အိပ်မက်ပျက်စီးသွားမှာစိုးရိမ်ခဲ့ပေသည်။ ထို့ကြောင့်ပင် သူမဟာ ဖြစ်ပျက်ခဲ့သမျှကို ဖုံးကွယ်ထားပြီး မွေးကင်းစကလေးငယ်တစ်ဦးကို အမြန်ဆုံးရှာဖွေရန် သူမ၏လူယုံများကိုတောင်းဆိုခဲ့သည်။ ထိုအချိန်က ဆေးရုံတွင် မွေးကင်းစကလေးငယ်များစွာရှိသဖြင့် သူတို့အခြေအနေတွေပရမ်းပတာဖြစ်အောင်လုပ်လိုက်ကာ ဇနီးမောင်နှံနှစ်ယောက်၏ ကလေးအား ခိုးယူခဲ့ကြလေသည်။
မက်မွန်ပင်အစား ဇီးပင်ကိုညှိုးနွမ်းအောင်ပြုလုပ်ခြင်း (တစ်ခုနှင့်တစ်ခု အစားထိုးခြင်း) ကကောင်းမွန်စွာ ပြီးမြောက်ခဲ့သည်။ကလေးခိုးခံလိုက်ရသော ဇနီးမောင်နှံနှစ်ယောက်သည် ဤဒေသတွင် အဆက်အသွယ်လည်းမရှိကြပေ။ သူတို့၏ကလေးကို လူကုန်ကူးသူများက ခိုးယူသွားသည်ဟုပင်ထင်ခဲ့ကြသည်။ ထိုသို့ဖြင့် အခိုးခံလိုက်ရသည့်ကလေးငယ်ဟာ လော့မိသားစုထံရောက်ရှိသွားလေသည်။ သူ့၏ထောက်အထားကို ဘယ်သူကမှလည်း သံသယမရှိခဲ့သလို အမြောင်မယားဖြစ်သူကလည်း ဒီကလေးကို တကယ့်သခင်လေးလော့ ဖြစ်လာအောင် ပျိုးထောင်ခဲ့ပေသည်။
ထိုကလေးကတော့ လော့၀မ်ချန်ပါပင်။ သူလော့မိသားစုတွင် အသက်ဆယ့်ခုနစ်နှစ်အထိ ကြီးပြင်းခဲ့၏။ထိုအချိန်တွင် အမြောင်မယားဟောင်းဟာ အချိန်မတန်မီ သေဆုံးခဲ့ပြီး နို့ထိန်းတစ်ယောက်သာ အမှန်တရားကို သိရှိခဲ့ပေသည်။ ထိုအချိန်ကအမှန်တရားကို သူမ၏ နို့ထိန်းတစ်ယောက်တည်းကသာ သိရှိခဲ့တာဖြစ်သည်။ ထို့နောက်နို့ထိန်းဖြစ်သူသည် နာမကျန်းဖြစ်ပြီး သူမမသေဆုံးမီတွင် သူမစိတ်ကိုသူမ နောက်ထပ်ညှင်းပန်းမနေချင်တော့သည့်အတွက် လော့မိသားစုအား အမှန်တရားကိုပြောပြခဲ့လေ၏။
BẠN ĐANG ĐỌC
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)
Lãng mạnစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.