Remain Me ( Xiuchen )

Remain Me ( Xiuchen )

1.8K Reads 440 Votes 11 Part Story
PuppyBaekHappyvirus By Chanbaekbaconpuppy Updated 5 days ago

ချစ်သူ့စေရာ
နှလုံးသားခင်းပြီး
မာနခဝါချ
ဒူးထောက်ခစားပါ့မယ်
အကျွန်ုပ်၏သွေးမျက်ရည်အား
သောက်သုံးတော်မူပါအရှင်

----------

ငါတို့နှစ်ယောက်
တွေ့ဆုံမှုဟာ
အမှားတစ်ခုဖြစ်ခဲ့ရင်တောင်
လှပတဲ့အမှားဘဲဖြစ်ပါစေ

နန်းတော်တမျှကြီးကျယ်လှပလွန်းတဲ့အိမ်ကြီးကိုကြည့်ရင်းရင်ထဲမှာကိန်းအောင်းနေတဲ့သိမ်ငယ်စိတ်ကသူ့အလိုလိုဝင်ရောက်လာတယ်

ဝတ်ဆင်ထားတဲ့ရှပ်နွမ်းနွမ်းနဲ့အပြာရောင်တောင်မပေါ်တော့တဲ့ဂျင်းဖျော့ဖျော့ကခမ်းနားမှုဆိုတဲ့အဆောင်အယောင်နဲ့လားလားမှမသတ်ဆိုင်

ဒီလိုနေရာမျိုးမှာသူနေရမှာပါလားဆိုတဲ့အသိကကြောက်ရံွ့စိတ်ကိုဖြစ်ပေါ်စေတယ်

" ဝင်ခဲ့ပါ "

သတိပေးရလောက်အောင်သူဘယ်လောက်ထိသတိလွတ်အောင်ငေးမောနေလဲမသိ

ပြောင်လက်နေတဲ့အနက်ရောင်ကားကြီးပေါ်ကနေဆင်းလိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပါးစပ်တောင်မစေ့မိ

ဈေးကြီးတဲ့ကားအကောင်းစားကြီးစီးလာရတောတောင်အံသြနေတာနေရမဲ့အိမ်ကကြီးလွန်းတော့အံသြမှုကပိုပိုဝင်ရောက်လာတယ်

" ဝင်သွားလေအကိုလေး "

သူနဲ့မရင်းနှီးတဲ့အခေါ်အဝေါ်တစ်ခုကြောင့်ခေါ်လိုက်သူ ဦးလေးကြီး ကိုကြောင်ကြည့်မိတယ်

ပြုံးပြီးခေါင်းငြိမ့်ပြတဲ့ဦးလေးကြီး ရဲ့နွေးထွေးတဲ့အကြည့်ကြောင့်ကိုယ့်ကိုကိုယ်အားတင်းပြီးအိမ်ကြီးထဲကိုဝင်ရောက်ဖို့ခြေလှမ်းပြင်လိုက...

Xiuchen ကရှားတယ် ရေးပေးလို့ ကျေးဇူးပါ ညိ
xiuchen fic တွေအရမ်းရှာနေတဲ့အချိန်ရေးပေးလို့ ကျေးဇူးပါ ချင်းဂု!!!