"ပါးပါးရဲ့ငှက်​က​လေး"

"ပါးပါးရဲ့ငှက်​က​လေး"

5.8K Reads 621 Votes 6 Part Story
XiuHanFamily_997 By XiuHanFamily_997 Completed

"...ပါးပါးရဲ့ငှက်ကလေး..."

"..ပါးပါး..."

အိပ်ခန်းကျယ်ကြီးထဲ အမောတကော ပြေးဝင်ကာလာသော မင်ဆော့က ပါးပါးဖြစ်သူကိုအသံပေးသည် ။ ငြိမ်းချမ်းစွာ အိပ်မောကျနေသော ပါးပါးကတော့ မကြားနိုင်ခဲ့ ။ နှစ်ယောက်အိပ် ကုတင်အကျယ်ကြီးပေါ်မှာ စောင်တွေနှင့်လုံးထွေးကာ အိပ်နေသော ပါးပါးကိုကြည့်ကာ စိတ်အလွန်ညစ်သွားမိတယ်.. ။ 

"...ဒီနေ့ အစောကြီးထမယ်လို့ပြောထားတယ်မလား...ဘာလို့အခုထိ မထသေးတာလဲ.."

ပြောရင်း ပြတင်းအကြီးကြီးတွေကို ကွယ်ထားသော လိုက်ကာအကြီးကြီးတွေကို ဖွင့်လိုက်တော့ အဆုံးထိထွက်ပေါ်လာပြီးသော သူရိန်နေမင်း၏ အလင်းက ကုတင်ပေါ်သို့ အလုအယက် နေရာယူလာ 
ကြသည် ။ လှုပ်ရှားလာသော ပါးပါးဘေးမှာ 
မင်ဆော့တစ်ယောက် ခြေစုံရပ်ရင်း 
ဆူပုတ်၍နေသည် ။ 

ပထမဆုံးကျောင်းတက်ရမယ့်နေမှာ နောက်မကျချင်ပါဘူးဆို... ။ သူက အလျှင်လိုနေသလောက် ပါးပါးကတော့ အေးအေးဆေးဆေးပင် ။ ကုတင်ပေါ်ထိုင်ကာ ဆပင်တွေကို သပ်တင်နေသော ပါးပါးက သူ့ကိုကြည့်ကာရယ်သည် ။ ဟင့်... အဲ့အပြုံးနဲ့မိန်းမဘယ်နှစ်ယောက်ကို ပြုစားထားလည်းမသိဘူး .. ။ 

"..မနက်စောစောစီးစီး... ဆူညံအောင်လုပ်နေတဲ့ ငှက်ပေါက်လေးကဘယ်သူလဲ... "

ဆူပုတ်နေတဲ့ သူ့မျက်နှာကို တစ်ချက်ကြည့်ကာ တင်းကျပ်စွာ ပိုက်ထားသော လက်တွေကို ဆွဲကိုင်ကာ...

TiNeji TiNeji May 29
သုံးလှချည်​လား ဆယ်​ဘူး..ကို ဆိုတဲ့အသုံးကို
သိပ်နားမလည်ဝူးရယ် ... အရမ်း ဖတ်လို့ကောင်းတယ် ... XiuHan ၂ ကောင်က သားဖတေလားဟင် 😀😀😀
AsaenLwin AsaenLwin May 30
ဒီ fic ကမြန်မာလိုဖတ်လို့ မ၇ဘူးဖြစ်နေတယ်
မိုက်တယ်ကွာ ဒါပဲပြောမယ် ပါးပါးရေငှက်ဆိုးလေး ကိုအရမ်းနာအောင်ခုပ်ပါနက်လို့ ခ်ခ် စုန်းအုကွ
TiNeji TiNeji May 29
အီးတုံး 💩💩💩မှုတ်​ဘူး ချီးတုံး
SuYiYeol SuYiYeol May 30
ကြိုက်တယ်။အရမ်းကိုကြိုက်ပါတယ်လို့