နံနက်ခင်းလေးက လတ်ဆတ်ပီး သာယာလှပလှတယ်။ နံနက်ခင်းရဲ့ လှပတဲ့ အငွေ့အသက်ကို လူတကာ နှစ်ခြိုက် ဆွဲလမ်းကြတယ်။ ဒါမယ့် Yeollie ကတော့ နံနက်ခင်းဆိုတာ ဘာမှန်းမသိလိုက်တဲ့ ရက်တွေ ကြာခဲ့ပီ။ ညဆို Facebookကို ညလုံးပေါက်သုံးပီး မနက်ဆို ၁၀နာရီလောက်မှ အမြဲထနေကြ။ " Yeollie ရေ ထတော့ ဘယ်ချိန်ရှိနေပီလဲ။ နေဖင်ထိုးနေပီ။ ဒါတောင်အိပ်တုန်းပဲလား" ထုံးစံအတိုင်း မေမေရဲ့နံနက်ချိန်ခါ တေးသံသာကို ကြားရပီ။ သို့သော် Yeollie တစ်ယောက် တုတ်တုတ်တောင်မလှုပ်။ အိမ်မက်တွေ မက်လို့ ကောင်းနေဆဲ။ Yeollie ညီမက " မေမေ အဲ့လိုအော်နှိုး မနေနဲ့ သူမကြားဘူး။ သမီးမှာအကြံရှိတယ်" ပြောပြောဆိုဆိုနဲ့ EXO အခွေကို Soundboxနဲ့ join ပီးဖွင့်ချလိုက်တယ်။ " ဟဲ့ ~~~အမလေး ~~~ EXO ... EXO... " သိုးနေအောင် အိပ်နေတဲ့သူ ခုတော့ ငေါက်ခနဲ ထထိုင်လိုက်ပီး ဝရုန်းသုန်းကား ပြေးချလာတယ်။ Yeollie ညီမကလည်း ထွက်လာတာနဲ့ သီချင်းကို အမြန်ပိတ်လိုက်တယ်။ " ဟဲ့ နင်ခုန EXO သီချင်းသံ ကြားလိုက်လား။ ဒီနားတစ်ဝိုက်မှာ ကြားလိုက်တာ သေချာပါတယ်" ပြောပြောဆိုဆိုနဲ့ ဝရန်တာကိုထွက်ပီး " အ မ လေးးးးးးးး" Yeollie တစ်ယောက် မနက်က ကျထားတဲ့ နှင်းရည်တွေကို နင်းမိပီး ချော်လဲ သွားတယ်။ ...