💌သူ့ထံပါး နှလုံးသားပန်ကြားလွှာ💌
Broken family မှ ဆင်းသက်လာသော်လည်း နာကျင်ခံစားမနေဘဲ အရာရာကို အကောင်းဘက်ကတွေးပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေသည့်
ရွှေစင်သွန်းလွှာ
"ဂိုးလ်အတွက်ကိုကိုက ကမ္ဘာတစ်ခုပါ"
သူ့ဘဝ၌ မဖြစ်မနေ တာဝန်ဝတ္တရားတွေကြား အတိုက်အခိုက်များစွာဖြင့် ရှင်ဆိုင်ကျော်ဖြတ်ကာ ရှုပ်ထွေးလှသည့် ဂုဏ်သရေရှိမိသားစုမှ ကြီးပြင်းလာခဲ့ရသည့် နောက်ကွယ်က လျိုဝှက်ချက်တွေများစွာဖြင့်
ဩဇာထွဋ်မြတ်
"မင်းနာကျင်ရမှာသိသိကြီးနဲ့ ကိုယ်ဘယ်လိုလုပ်ကုိယ့်အနားမှာမင်းကိုဆွဲထားရက်ပါ့မလဲ ဂိုးလ်"
လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်နေသည့် ရွှေစင်သွန်းလွှာနှင့် အလုပ်ကိစ္စဖြင့်နိုင်ငံခြားခရီးစဉ်ထွက်လာသည့် မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေကြား ရေစက်တို့က ထိုမှာတင်ပြတ်တောက်သွားမှာလား ဒါမှမဟုတ် သူတို့နှစ်ဦးကြားက မမြင်ရတဲ့ကြိုးတန်းလေးတွေက ဘယ်ထိ ရှေ့ဆက်ဆက်နွယ်သွားမလဲ