My sunshine [မောင့်ရဲ့နေရောင်ခြည်]
မြို့ပြရဲ့ ဖိအားတွေကြောင့် စိတ်ပင်ပန်းနေတဲ့ ဥပဒေကျောင်းသားလေးတစ်ယောက် တောရွာလေးတစ်ရွာကို ရောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားမလဲ?
တစ်ကိုယ်လုံး ရွှံ့ဗွက်တွေ ပေတူးနေပေမယ့် ရှင်မတောင် သနပ်ခါးနံ့လေး သင်းပျံ့နေပြီး ကြာပန်းစည်းကြီး ပိုက်ကာ လမ်း ပြပေးခဲ့တဲ့ ကောင်လေး...။
အရှက်အကြောက်ကြီးပြီး လူကြောက်တတ်တဲ့ ကိုကိုကပဲ 'မောင်' ရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တယ်။
"အသက်ငယ်တာက ပြဿနာမဟုတ်ဘူး... ကိုကို့ ကို ကာကွယ်ပေးဖို့ မောင့်မှာ အခွင့်အရေးရှိရင် ရပြီ"
အေးချမ်းသာယာလှတဲ့ သပြေကုန်းရွာလေးထဲက ရှင်းသန့်မောင်နဲ့ ချမ်းမြေ့သာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို "My Sunshine" မှာ အတူတူ ဖတ်ရှုလိုက်ရအောင်။