The sundering of elements
35 parts Complete မှော်ပညာဆိုတာ သက်ရှိလူ့လောကမှာ အဆန်းပြားဆုံးနဲ့ စိတ်ဝင်စားမှုအကောင်းဆုံး အကြောင်းရာတစ်ရပ် ဖြစ်ပြီး လူသားမျိုးနွယ်ကို မတူသော အကျိုးဆက်များ၊ ဆိုးကျိုးများနဲ့ ချယ်လှယ်နိုင်သော အတတ်ပညာဖြစ်တယ်။ နေထိုင်ရာ ကမ္ဘာလောကမှာ ဓာတ်ကြီးလေးပါး ဖွဲ့စည်းထားတဲ့ လူ့အသိုင်းဝိုင်းမှာ မတူကွဲပြားမှုများဖြင့် သက်ဆိုင်ရာ ရေ၊ လေ၊ မြေ၊ မီး ဆိုပြီး မတူညီတဲ့ စွမ်းအင်များ ပိုင်ဆိုင်ကြပြီး လှပြီးနက်ရှိုင်းတဲ့ စွမ်းအားစနစ် (Magic System) ကို ဖော်ဆောင်ကာ ဓာတ်အလိုက် ခွဲထားတဲ့ မှော်တွေကို Elemental Magic လို့ခေါ်တယ်။
ထိုလောက,က မလိုမုန်းထားတဲ့ နတ်ဆိုးတစ်ကောင်ကို ဓာတ်ကြီးလေးပါး စွမ်းအင်တွေစုပေါင်းပြီး မန္တာန်ဖြင့် ချုပ်ထိန်းထားရပေမယ့်လည်း Elemental Orb (ဓာတ်စကြဝဠာ) - ဓာတ်လေးပါးစွမ်းအင်ကို ဟန်ချက်ညီစေတဲ့ ပစ္စည်း ကွဲအက်လာတဲ့ အချိန်မှာ နတ်ဆိုးသည်လည်း နိုးထလာခဲ့တယ်