Silent Kiss

Silent Kiss

44.5K Reads 4.3K Votes 9 Part Story
Misaki JJ Hun By Misaki_Waing Updated Aug 27, 2016

မသွားဖူးသော party ပွဲတစ်ခုသို့ သွားရသည်မှာ Sehun အတွက် အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။ သွားချင်လွန်းလှ၍တော့ မဟုတ်။ ထိန်းမရ သိမ်းမရ အဆော့ကြူး အကဲစိန် နှစ်ကောင် ကြောင်တောင်ဂေါက်သီး Kris နှင့် Baekhyun တို့  ခေါ်ဆောင်လာသောကြောင့် ရောက်လာခြင်းပင်။ ပြောတော့ဖြင့် စာတူတူလုပ်ကျမို့တဲ့။ တကယ်တမ်း ခေါ်လာတော့ Halloween Party ကြီး။ ထို နှစ်ကောင် က အမေ့ကိုတောင် လိမ်ပြောခဲ့သေး။ 
"Sehunကို စိတ်မပူပါနဲ့ Aunty ! သားတို့သေချာစောင့်ရှောက်မှာပါ။ စာလုပ်ရင်း နောက်ကျသွားရင်လည်း သား အိမ်မှာပဲ အိပ်ခိုင်းလိုက်မယ်နော်"
"အေးအေးသားတို့ Aunty စိတ်ချမယ်နော်"

Kris ကတော့ ရုပ်တည်ကြီးဖြင့် အေးအေးဆေးဆေးလေးပြောတော့ သူရော အမေပါ ယုံခဲ့သည်။ အမှန် အဲ့ကောင်ကြီး ရုပ်တည်တည်ပြောပြီ ဆိုတည်းက သူသိသင့်ခဲ့တာ။ ထားပါတော့... အခုမှ အပြစ်တင်လည်း ဘာမှ မထူး။ ယုံမိတာ ငါ့အမှား ဟုသာ သူ ညည်းလိုက်သည်။

တကယ်တော့ Kris က သူဠေးသားတစ်ယောက်။ Sehun တို့မှာ ကျောင်းတွင် Kris ကြောင့် နေရင်းထိုင်ရင်း နာမည်ကောက်ကြီးသွားသေးသည်။ ရုပ်ချော ဥစ္စာပေါ Kris ကို မကြိုက်တဲ့ မိန်းကလေးမရှိ။ Kris က အားလုံးရှေ့တွင် ခပ်တည်တည် အေးတိအေးစက်ပုံဖမ်းထားလေတော့ ပျိုတိုင်းကြိုက်တဲ့ ...

SanEainthu SanEainthu Sep 05, 2016
hunလေးတို့ များမှားချက်ပဲ
BeeJongDae BeeJongDae Apr 16, 2016
အခွီဘာ
                              Oh sehun တို့  Lol
                              အသေရယ်ရတယ် အစဖတ်ကတည်းတခီခွီဖစ်နေတာ Author
                              အရေးလဲအရမ်းကောင်းဒေ
Sha_Ri Sha_Ri Feb 01, 2016
ခွီး.....မှတ်​ပလား ဆယ်​ဘူး ဟွန့်​:-P
Sweetybaekkie Sweetybaekkie Nov 04, 2015
သေဖို့သာပြင် တဲ့ငိငိ ကြောက်ချာကျိ
MaySakuraExol MaySakuraExol Apr 30, 2015
kiki ရီရတယ် စကတည်းက ယဉ်သကိုပဲ
pinkyHnin pinkyHnin Apr 22, 2015
ကြိုက်တယ်ဒီficကိုမြန်မြန်updateပါရို့plz