Dear Summer (ချစ်သော နွေရာသီ)
နွေရာသီ ရောက်ပြီ ထင်ပါရဲ့။
ကြည်လင်နေတဲ့ ကောင်းကင်ပြာကြီးရယ်။
တစ်ချက်တစ်ချက် ဝေ့ယှမ်း တိုက်ခတ်နေတဲ့ လေပူတွေရယ်။
အပူဒဏ်မခံနိုင်လို့ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေရယ်။
ပြီးတော့ ကျွန်တော့်ကို ရယ်ပြနေခဲ့တဲ့ အစ်ကိုရယ်။
(မာန်လရောင်, နွေဦးယံ)