လူတစ်ယောက်ကို ချစ်မိဖို့ နည်းလမ်းပေါင်းများစွာရှိပေမယ့် သူမဟာ ရူးသွပ်တဲ့နည်းနဲ့ပဲ သူ့ကို စွဲလန်းခဲ့မိဟန်တူသည် .... အဲ့ဒီအတွက် အတိတ်ဆိုတဲ့ စာမျက်နှာတွေကို ပြန်လှန်ကြည့်မိတိုင်း သူမဆီမှာ သူနဲ့ပတ်သက်တဲ့ နောင်တဆိုတာ နည်းနည်းလေးမှရှိမနေခဲ့ ... ဒါတွေဟာလည်း သူ့ကို သူမ သိပ်ချစ်လွန်းလို့ .... သူ့လိုလူကိုချစ်မိခြင်းဟာ ရူးမိုက်ခြင်းဖြစ်ပါလျှင် သူမ အကြိမ်ကြိမ်ရူးသွပ်ဖို့ သတ္တိရှိသည် .... အမှားတစ်ခုဆိုလျှင်လည်း ထိုအမှားကို သူမ အကြိမ်ကြိမ် ကြူးလွန်နေအုံးမည် ......