"ယောက်ျားမပီသမှာ မကြောက်ပါဘူး ကိုယ်ကျင့်သိက္ခာမရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်မှာ ကိုပဲ ကြောက်တာပါ " တဲ့ ။ မိဘတွေက အမွေဖြတ်စွန့်လွှတ်လိုက်တဲ့အခါ ဥက္ကာလင်းဆိုတဲ့ ကောင်လေးက ဝတ်မှုံလင်း ဆိုတဲ့ နာမည်နဲ့ ပြန်ရပ်တည်ခဲ့တယ် သူ့ကိုယ်သူ " လင်း " လို့ သုံးနှုန်းတတ်တဲ့ ဝတ်မှုံလင်းဟာ သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ လှောင်ရယ်ခံရတဲ့ မိန်းမလျာ ၊ ကဲ့ရဲ့ခံရတဲ့ မိန်းမလျာ ၊ အထင်သေးခံရတဲ့ မိန်းမလျာ။ ဒါပေမယ့်လည်း လှောင်ရယ်သံတွေကို ဂရုမစိုက်ဘဲ ရဲရဲရင့်ရင့်ပဲ ဘဝကို ရပ်တည်ခဲ့တယ်။ မိန်းကလေးကို ဝတ်စားပြီး မိန်းကလေးလို နေထိုင်တတ်တဲ့လင်း ။ စိတ်ဓာတ်ကြံ့ခိုင်ပြီး အခက်အခဲတိုင်းကို ရင်ဆိုင်တတ်တဲ့လင်း။ ရင့်ကျက်သလို အနေတည်တဲ့လင်း ဟာ အမျိုးသားတစ်ယောက်နဲ့ ချစ်မိတဲ့အခါ ....