SECRET ( Completed)

By Tulip_loon

269K 20.6K 340

yizhan❤ Wang Yibo & Xiao Zhan 🍀🌷❤ Unicode/ Zawgyi More

Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
New Year
Part 12
Part 13
Part 14
Part 15
part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
part 31
part 32
Part 33
Part 34
Ending
ကျေးဇူးတင်လွှာ
Season-2
⁉️

Part 3

9.1K 772 4
By Tulip_loon

Unicode

"Hai kuan မင်းငါ့ကို coffeeဆိုင်ခေါ်လာတယ်"

"အေးလေ"

အံ့သြနေတဲ့အမူအယာနဲ့ပြောနေတဲ့ ရိပေါ်ကို လျစ်လျူရှုပြီး အေးအေးသက်သာပြောလာတဲ့ hai kuanကြောင့် ရိပေါ် ခေါင်းကိုက်သလိုတောင်ဖြစ်လာရသည်။
သူဘယ်တုန်းက coffeeဆိုင်ထိုင်ဖူးလို့ haikuanကဒီဆိုင်ကိုခေါ်လာရလည်းစဥ်းစားလို့မရ။
မျက်ခုံးနှစ်ဘက်ကြုံကာစိုက်​ကြည့်နေတဲ့ ရိပေါ်ကြောင့် haikuan အော်ရီလိုက်မိသည်။

"ရိပေါ်ရာ မင်းကလည်းအဲ့လိုမျက်ခုံးကြီးကြုံမထားစမ်းနဲ့ ငါဒီဆိုင်ကိုခေါ်လာတာက အကြောင်းရှိတယ်"

"ဘာအကြောင်းလည်း"

"ဒီလို ဟိုတစ်နေ့ကငါ့ညီမဝမ်းကွဲတစ်ယောက်က အိမ်လာတော့ငါ့အတွက်ဆိုပြီး ပေါင်မုန့်​တွေဝယ်လာတယ် အဲ့ပေါင်မုန့်တွေကလေ စားလို့ကောင်းလိုက်တာမှငါဆိုလုံးဝတကယ်ကြီးအမှန်ကြီးကိုကြိုက်သွားတာ"

"အေးအဲ့ဒါငါကဘာလုပ်ရမှာလည်း"

"မင်းကလည်း အဲ့ပေါင်မုန့်က ဒီဆိုင်ကမလို့မင်းကိုစားစေချင်လို့ခေါ်လာတာ နောက်ပြီး ဒီဆိုင်ရဲ့အပေါ်ထပ်မှာကျ ဟော့ပေါ့တို့အကင်တို့လည်းရတယ်လေ အဲ့ဒါတစ်ခြားနေရာမသွားဘဲဒီဆိုင်မှာတစ်ခါလောက်စမ်းစားကြည့်ရအောင် ကောင်းလားလို့"

"အေးပါ အဲ့ဆိုလည်းပြီးတာဘဲ "

Hai kuanလည်းကားကိုသေချာရပ်ထားခဲ့ပြီး ရိပေါ်နဲ့အတူတူ coffeeဆိုင်ထဲဝင်လာခဲ့သည်။

ဆိုင်ရဲ့အပြင်အဆင်က ရိုးရှင်းပြီးဆွဲဆောင်မှုရှိသည်။ မိန်းကလေးတွေအကြိုက် ဓာတ်ပုံကောင်းကောင်းရိုက်ဖို့နေရာလည်း သေချာပြင်ဆင်ထားတာကြောင့် ဆိုင်ထဲကလူအများစုက မိန်းကလေးတွေကြီးပင်။
Hot pot စားမှာမလို့ အပေါ်ထပ်ကိုတက်လာတဲ့ haikuanနှင့်ရိပေါ်ကို တစ်ချို့ကပေါ်တင်ကြည့်နေသလို၊တချို့ကျတော့လည်းမသိမသာလေးကြည့်နေကြသည်။
အဲ့လိုမိန်းကလေးအများစုရဲ့ အာရုံစိုက်ချင်းကိုခံလိုက်ရတဲ့ တစ်ခဏတော့ haikuanမျက်နှာကမှိုရသလို ပြုံးဖြီးလာတာကြောင့် ရိပေါ် မနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းခါလိုက်သည်။

"ရိပေါ် ဘယ်နားထိုင်မလည်း"

"ရတယ်အဆင်ပြေတဲ့နေရာသာထိုင်လိုက်"

"အဲ့ဆို ဟိုနားမှာထိုင်ရအောင်"

Haikuanညွှန်ပြတဲ့ အလယ်ခေါင်စားပွဲဝိုင်းကိုကြည့်လိုက်တော့ ထိုင်ဖို့နေရာကဘာမှမဖြစ်ပေမယ့် ဘေးနားကခုံတွေမှာ မိန်းကလေးအများစုရှိနေတာကြောင့် အဲ့နေရာမထိုင်တော့ဘဲ ပြတင်းပေါက်နားကစားပွဲခုံကိုသာသွားလိုက်သည်။

"မင်းကလေ ကိုယ့်ဘာသာနေရာရွေးထိုင်မယ်ဆိုရင်လည်း ဘာလို့ငါ့ကိုအဆင်ပြေတဲ့နေရာထိုင်လို့ပြောနေသေးတုန်း"

"အပြင်က မိုးဖွဲလေးတွေကိုမြင်ရတယ်လေ"

အမှန်ပင် ရိပေါ်ထိုင်တဲ့နေရာက ပြတင်းပေါက်နားမှာဆိုတော့ အပြင်ကမိုးဖွဲဖွဲတွေကို ကြည့်လို့ရသည်။

"ရိပေါ် အဆင်ပြေရဲ့လား"

"အင်း "

"မင်း သူမနဲ့ရောအဆက်အသွယ်ရရဲ့လား"

".....''

ပြန်မဖြေတဲ့ရိပေါ်ကိုကြည့်ပြီး သက်ပြင်းအသာချလိုက်မိသည်။
Haikuanနှင့်ရိပေါ်က ညီအစ်ကိုဝမ်းကွဲတွေမလို့ တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်သလို၊တစ်ယောက်အကြောင်းတစ်ယောက်လည်း ကောင်းကောင်းသိကြသည်။
ခံစားနေရတဲ့ရိပေါ်ကို နားလည်တာမလို့ haikuan ဘာမှမပြောတော့ဘဲ waiterကောင်လေးရောက်လာတာမလို့ စားမယ့်ဟာတွေကိုရိပေါ်အတွက်ပါ မှာပေးလိုက်သည်။

ရိပေါ်အပြင်က မိုးဖွဲဖွဲလေးတွေကျနေတာကိုစိုက်ကြည့်ရင်း မျက်လုံးအကြည့်ကရုတ်တရက်လမ်းပေါ်က လူတွေပေါ်ရောက်သွားသည်။
မိုးကျနေတာကြောင့် ထီးလေးတွေစောင်းကာသွားနေတဲ့ လူတွေကို အပေါ်စီးကကြည့်နေရတာက တစ်မျိုးလေးပင်။
လှုပ်ရှားနေတဲ့သက်တန့်ရောင်လေးတွေကို တွေ့နေရတဲ့အတိုင်း။
လမ်းပေါ်ကလူတွေကိုကြည့်ရင်းအကြည့်က လမ်းရဲ့ဟိုဘက်ခြမ်းက ရင်းနှီးတဲ့ကားပေါ်ကနေဆင်းလာသည့် ရင်းနှီးတဲ့လူ​ကြောင့် ရိပေါ်ထရပ်လိုက်မိသည်။

"ရိပေါ် ဘယ်သွားမလို့လည်း "

"ပြန်လာခဲ့မယ်"

ရုတ်တရက်ထပြီးထွက်သွားတဲ့ရိပေါ်ကြောင့် ဘယ်သွားမလို့လည်းမေးကြည့်လိုက်ပေမယ့် ပြန်လာခဲ့မယ်လို့သာပြောတာကြောင့် haikuanလည်းထိုင်စောင့်နေလိုက်သည်။

ရိပေါ် လှေကားပေါ်ကအမြန်ဆင်းလာရင်း တံခါးပေါက်နားရောက်ခါနီးလောက်မှာ လူတစ်ယောက်နဲ့ဝင်တိုက်မိသွားသည်။
ရိပေါ်ဘက်က ဝင်တိုက်တဲ့အားက ပြင်းတာကြောင့် တစ်ဖက်လူက လဲကျသွားသည်။
ရိပေါ် ဒေါသထွက်စွာနဲ့ လဲကျနေတဲ့သူကိုကြည့်တော့ မျက်မှောင်ကြုံကာ သူ့ကိုကြည့်နေတာကြောင့် ရိပေါ် မျက်နှာထားတင်းသွားသည်။
ကိုယ်က ပြေးဆင်းလာတာမှန်ပေမယ့် သူ့ကိုဝင်မတိုက်မိ ခေါင်းကြီးငုံ့​ပြီး လမ်းလျှောက်လာတဲ့သူကသာ လမ်းကိုကြည့်မလျှောက်လို့ဝင်တိုက်မိခြင်းပင်။

"မင်းငါ့ကို ထူပေးဖို့အစီအစဥ်မရှိဘူးလား"

"မရှိဘူး"

"မင်းကြောင့်မလို့ ငါလဲကျသွားတာလေ"

"ငါ့ကြောင့်မလို့ မဟုတ်ဘူး"

ရှောင်းကျန့် ဒီဆိုင်ကစျေးတန်ပြီးအရမ်းစားကောင်းတယ်လို့ အသိတစ်ယောက်ကပြောဘူးတာကြောင့် ဒီဆိုင်မှာစားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ဆိုင်ထဲဝင်မလို့လုပ်တုန်း ဖုန်းလာတာကြောင့် လက်ထဲမှာကိုင်ထားတဲ့ ကျောပိုးအိတ်ထဲရှာနေတုန်း လူတစ်ယောက်ကဝင်တိုက်လိုက်တာကြောင့် လဲကျသွားသည်။
လဲကျသွားတာကို မထူပေးဘဲ သူ့ကိုငုံ့ကြည့်ပြီး ပြောနေတဲ့လူကြောင့် ဒေါသထွက်သွားပေမယ့်် ရန်မဖြစ်ချင်တာကြောင့် ဘေးမှာကျနေတဲ့ သူ့ပစ္စည်းတွေကို ကောက်သိမ်းပြီးထရပ်လိုက်သည်။
စိတ်အနှောင့်အယှက်ဖြစ်သွားတာကြောင့် မုန့်လည်းမစားချင်တော့တာနဲ့ အိမ်ပြန်ဖို့ဘဲဆုံးဖြတ်လိုက်သည်။

🍀 🍀 🍀

🌷Loon

22.12.2020🌟🍀

Zawgyi

"Hai kuan မင္းငါ့ကို coffeeဆိုင္ေခၚလာတယ္"

"ေအးေလ"

အံ့ၾသေနတဲ့အမူအယာနဲ႕ေျပာေနတဲ့ ရိေပၚကို လ်စ္လ်ဴရႈၿပီး ေအးေအးသက္သာေျပာလာတဲ့ hai kuanေၾကာင့္ ရိေပၚ ေခါင္းကိုက္သလိုေတာင္ျဖစ္လာရသည္။
သူဘယ္တုန္းက coffeeဆိုင္ထိုင္ဖူးလို႔ haikuanကဒီဆိုင္ကိုေခၚလာရလည္းစဥ္းစားလို႔မရ။
မ်က္ခုံးႏွစ္ဘက္ႀကဳံကာစိုက္​ၾကည့္ေနတဲ့ ရိေပၚေၾကာင့္ haikuan ေအာ္ရီလိုက္မိသည္။

"ရိေပၚရာ မင္းကလည္းအဲ့လိုမ်က္ခုံးႀကီးႀကဳံမထားစမ္းနဲ႕ ငါဒီဆိုင္ကိုေခၚလာတာက အေၾကာင္းရွိတယ္"

"ဘာအေၾကာင္းလည္း"

"ဒီလို ဟိုတစ္ေန႕ကငါ့ညီမဝမ္းကြဲတစ္ေယာက္က အိမ္လာေတာ့ငါ့အတြက္ဆိုၿပီး ေပါင္မုန့္​ေတြဝယ္လာတယ္ အဲ့ေပါင္မုန့္ေတြကေလ စားလို႔ေကာင္းလိုက္တာမွငါဆိုလုံးဝတကယ္ႀကီးအမွန္ႀကီးကိုႀကိဳက္သြားတာ"

"ေအးအဲ့ဒါငါကဘာလုပ္ရမွာလည္း"

"မင္းကလည္း အဲ့ေပါင္မုန့္က ဒီဆိုင္ကမလို႔မင္းကိုစားေစခ်င္လို႔ေခၚလာတာ ေနာက္ၿပီး ဒီဆိုင္ရဲ႕အေပၚထပ္မွာက် ေဟာ့ေပါ့တို႔အကင္တို႔လည္းရတယ္ေလ အဲ့ဒါတစ္ျခားေနရာမသြားဘဲဒီဆိုင္မွာတစ္ခါေလာက္စမ္းစားၾကည့္ရေအာင္ ေကာင္းလားလို႔"

"ေအးပါ အဲ့ဆိုလည္းၿပီးတာဘဲ "

Hai kuanလည္းကားကိုေသခ်ာရပ္ထားခဲ့ၿပီး ရိေပၚနဲ႕အတူတူ coffeeဆိုင္ထဲဝင္လာခဲ့သည္။

ဆိုင္ရဲ႕အျပင္အဆင္က ရိုးရွင္းၿပီးဆြဲေဆာင္မႈရွိသည္။ မိန္းကေလးေတြအႀကိဳက္ ဓာတ္ပုံေကာင္းေကာင္းရိုက္ဖို႔ေနရာလည္း ေသခ်ာျပင္ဆင္ထားတာေၾကာင့္ ဆိုင္ထဲကလူအမ်ားစုက မိန္းကေလးေတြႀကီးပင္။
Hot pot စားမွာမလို႔ အေပၚထပ္ကိုတက္လာတဲ့ haikuanႏွင့္ရိေပၚကို တစ္ခ်ိဳ႕ကေပၚတင္ၾကည့္ေနသလို၊တခ်ိဳ႕က်ေတာ့လည္းမသိမသာေလးၾကည့္ေနၾကသည္။
အဲ့လိုမိန္းကေလးအမ်ားစုရဲ႕ အာ႐ုံစိုက္ခ်င္းကိုခံလိုက္ရတဲ့ တစ္ခဏေတာ့ haikuanမ်က္ႏွာကမွိုရသလို ၿပဳံးၿဖီးလာတာေၾကာင့္ ရိေပၚ မနိုင္ဘူးဆိုတဲ့သေဘာနဲ႕ေခါင္းခါလိုက္သည္။

"ရိေပၚ ဘယ္နားထိုင္မလည္း"

"ရတယ္အဆင္ေျပတဲ့ေနရာသာထိုင္လိုက္"

"အဲ့ဆို ဟိုနားမွာထိုင္ရေအာင္"

Haikuanၫႊန္ျပတဲ့ အလယ္ေခါင္စားပြဲဝိုင္းကိုၾကည့္လိုက္ေတာ့ ထိုင္ဖို႔ေနရာကဘာမွမျဖစ္ေပမယ့္ ေဘးနားကခုံေတြမွာ မိန္းကေလးအမ်ားစုရွိေနတာေၾကာင့္ အဲ့ေနရာမထိုင္ေတာ့ဘဲ ျပတင္းေပါက္နားကစားပြဲခုံကိုသာသြားလိုက္သည္။

"မင္းကေလ ကိုယ့္ဘာသာေနရာေ႐ြးထိုင္မယ္ဆိုရင္လည္း ဘာလို႔ငါ့ကိုအဆင္ေျပတဲ့ေနရာထိုင္လို႔ေျပာေနေသးတုန္း"

"အျပင္က မိုးဖြဲေလးေတြကိုျမင္ရတယ္ေလ"

အမွန္ပင္ ရိေပၚထိုင္တဲ့ေနရာက ျပတင္းေပါက္နားမွာဆိုေတာ့ အျပင္ကမိုးဖြဲဖြဲေတြကို ၾကည့္လို႔ရသည္။

"ရိေပၚ အဆင္ေျပရဲ႕လား"

"အင္း "

"မင္း သူမနဲ႕ေရာအဆက္အသြယ္ရရဲ႕လား"

".....''

ျပန္မေျဖတဲ့ရိေပၚကိုၾကည့္ၿပီး သက္ျပင္းအသာခ်လိဳက္မိသည္။
Haikuanႏွင့္ရိေပၚက ညီအစ္ကိုဝမ္းကြဲေတြမလို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ ဂ႐ုစိုက္သလို၊တစ္ေယာက္အေၾကာင္းတစ္ေယာက္လည္း ေကာင္းေကာင္းသိၾကသည္။
ခံစားေနရတဲ့ရိေပၚကို နားလည္တာမလို႔ haikuan ဘာမွမေျပာေတာ့ဘဲ waiterေကာင္ေလးေရာက္လာတာမလို႔ စားမယ့္ဟာေတြကိုရိေပၚအတြက္ပါ မွာေပးလိုက္သည္။

ရိေပၚအျပင္က မိုးဖြဲဖြဲေလးေတြက်ေနတာကိုစိုက္ၾကည့္ရင္း မ်က္လုံးအၾကည့္က႐ုတ္တရက္လမ္းေပၚက လူေတြေပၚေရာက္သြားသည္။
မိုးက်ေနတာေၾကာင့္ ထီးေလးေတြေစာင္းကာသြားေနတဲ့ လူေတြကို အေပၚစီးကၾကည့္ေနရတာက တစ္မ်ိဳးေလးပင္။
လႈပ္ရွားေနတဲ့သက္တန့္ေရာင္ေလးေတြကို ေတြ႕ေနရတဲ့အတိုင္း။
လမ္းေပၚကလူေတြကိုၾကည့္ရင္းအၾကည့္က လမ္းရဲ႕ဟိုဘက္ျခမ္းက ရင္းႏွီးတဲ့ကားေပၚကေနဆင္းလာသည့္ ရင္းႏွီးတဲ့လူ​ေၾကာင့္ ရိေပၚထရပ္လိုက္မိသည္။

"ရိေပၚ ဘယ္သြားမလို႔လည္း "

"ျပန္လာခဲ့မယ္"

႐ုတ္တရက္ထၿပီးထြက္သြားတဲ့ရိေပၚေၾကာင့္ ဘယ္သြားမလို႔လည္းေမးၾကည့္လိုက္ေပမယ့္ ျပန္လာခဲ့မယ္လို႔သာေျပာတာေၾကာင့္ haikuanလည္းထိုင္ေစာင့္ေနလိုက္သည္။

ရိေပၚ ေလွကားေပၚကအျမန္ဆင္းလာရင္း တံခါးေပါက္နားေရာက္ခါနီးေလာက္မွာ လူတစ္ေယာက္နဲ႕ဝင္တိုက္မိသြားသည္။
ရိေပၚဘက္က ဝင္တိုက္တဲ့အားက ျပင္းတာေၾကာင့္ တစ္ဖက္လူက လဲက်သြားသည္။
ရိေပၚ ေဒါသထြက္စြာနဲ႕ လဲက်ေနတဲ့သူကိုၾကည့္ေတာ့ မ်က္ေမွာင္ႀကဳံကာ သူ႕ကိုၾကည့္ေနတာေၾကာင့္ ရိေပၚ မ်က္ႏွာထားတင္းသြားသည္။
ကိုယ္က ေျပးဆင္းလာတာမွန္ေပမယ့္ သူ႕ကိုဝင္မတိုက္မိ ေခါင္းႀကီးငုံ႕​ၿပီး လမ္းေလွ်ာက္လာတဲ့သူကသာ လမ္းကိုၾကည့္မေလွ်ာက္လို႔ဝင္တိုက္မိျခင္းပင္။

"မင္းငါ့ကို ထူေပးဖို႔အစီအစဥ္မရွိဘူးလား"

"မရွိဘူး"

"မင္းေၾကာင့္မလို႔ ငါလဲက်သြားတာေလ"

"ငါ့ေၾကာင့္မလို႔ မဟုတ္ဘူး"

ေရွာင္းက်န့္ ဒီဆိုင္ကေစ်းတန္ၿပီးအရမ္းစားေကာင္းတယ္လို႔ အသိတစ္ေယာက္ကေျပာဘူးတာေၾကာင့္ ဒီဆိုင္မွာစားၾကည့္ဖို႔ဆုံးျဖတ္လိုက္သည္။
ဆိုင္ထဲဝင္မလို႔လုပ္တုန္း ဖုန္းလာတာေၾကာင့္ လက္ထဲမွာကိုင္ထားတဲ့ ေက်ာပိုးအိတ္ထဲရွာေနတုန္း လူတစ္ေယာက္ကဝင္တိုက္လိုက္တာေၾကာင့္ လဲက်သြားသည္။
လဲက်သြားတာကို မထူေပးဘဲ သူ႕ကိုငုံ႕ၾကည့္ၿပီး ေျပာေနတဲ့လူေၾကာင့္ ေဒါသထြက္သြားေပမယ့္္ ရန္မျဖစ္ခ်င္တာေၾကာင့္ ေဘးမွာက်ေနတဲ့ သူ႕ပစၥည္းေတြကို ေကာက္သိမ္းၿပီးထရပ္လိုက္သည္။
စိတ္အေႏွာင့္အယွက္ျဖစ္သြားတာေၾကာင့္ မုန့္လည္းမစားခ်င္ေတာ့တာနဲ႕ အိမ္ျပန္ဖို႔ဘဲဆုံးျဖတ္လိုက္သည္။

🍀 🍀 🍀

🌷Loon

22.12.2020🌟🍀


Continue Reading

You'll Also Like

13.1M 528K 57
"Have you tried turning it off and back on again?" •• Christian Ivonov, CEO of Ivonov enterprises, had always been the best at fucking things up. Whe...
1M 73.6K 46
သစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်...
421K 8K 32
အထန္ေကာင္ေလးနဲ႕ အရမ္းအလို လိုက္တဲ့ daddyႀကီးကို ျမင္ရမဲ့ ficေလးပါ ‌အေမွာင္ ficပါ 25+လို႔ေျပာလို႔ရပါတယ္ ခေလးေတြ မဖက္ရဲ႕ရင္ ဝင္မဖတ္ပါနဲ႕ (အထန်ကောင်လေး...
15.3M 468K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...