My Youth Is Yours

Phoejune द्वारा

184K 15.6K 940

Yizhan "ေဝအိေဖာ္နဲ႔ေဂ်ာင္းဂ်န္႔ဟာတူနယ္ဂ်င္းေတြပါ။ တိေန့ေသာအထာရန္ဂ်စ္ဂ်။ ေဝအိေဖာ္ကႏွထန္းနဲ႔ခ် ေဂ်ာင္ေဂ်ာင္းဂ်... अधिक

Ch-1
Ch-2
Ch-3
Ch-4
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23

Ch-5

5.6K 727 37
Phoejune द्वारा

{ Unicode }

ငယ်ရွယ်ခြင်းတို့သည်လွတ်လပ်၏။

"ရှောင်းကျန့်"

"အင်းးး"

သံရှည်ဆွဲရင်းပျင်းတိပျင်းရွဲပြန်ထူးတဲ့ရှောင်းကျန့်ကလေသံနဲ့လိုက်ဖက်ညီစွာ လေးပင်နှေးတုံ့နေတဲ့ခြေလှမ်းတွေနဲ့လျှောက်နေတယ်။

"ဘာဖြစ်နေတာလဲ...ပင်ပန်းလို့လား..လမ်းကောင်းကောင်းလျှောက်စမ်းပါ"

အကုန်လုံးကျောင်းဆင်းသွားထဲက လဒမှိုင်မှိုင်နေတဲ့ရှောင်းကျန့်က မျှော်လင့်ချက်ကြီးမားလွန်းသည့်တဖိတ်ဖိတ်တောက် မျက်၀န်းကြီးတွေနှင့် ကျောင်းဆင်းသွားတဲ့လူတွေကိုလိုက်ကြည့်နေတာ ၀မ်ရိပေါ်သတိထားမိတယ်။အခုလည်း၀မ်ရိပေါ်ပြောနေတာကိုခေါင်းလေးခါရုံပဲခါပြတယ်။

တတိယထပ်ကိုတက်ရမဲ့လှေကားစပ်ကိုရောက်တော့  ရှောင်းကျန့်ကလှေကားလက်ရန်းဘောင်ကိုမှီချလိုက်ပြီးအော်လေတော့သည်။

"အားး...မသွားချင်ဘူး..ကျောင်းကောင်စီဥက္ကဌကိုပြောပေးပါလားကွာ..ငါဒီနေ့ဘာမှမလုပ်ချင်ဘူး..အိမ်ပြန်ချင်တယ်"

မျက်စိကိုစုံမှိတ်ခေါင်းကိုမော့၊လက်ရန်းဘောင်ကိုတစ်ကိုယ်လုံးပစ်မှီရင်းအော်နေတဲ့အခါ၀မ်ရိပေါ်က...

"မရတာမင်းသိရဲ့သားနဲ့..လာပါကွာ..အတန်းခေါင်းဆောင်ဖြစ်နေမှတော့ဘာတတ်နိုင်မှာလဲ"

"အာ..မသိဘူး..ငါမသွားချင်ဘူး..ရိပေါ်..လုပ်ပါ...ငါမသွားချင်ဘူး..အိမ်ပြန်ချင်တယ်လို့"

"မသွားချင်လို့လား"

မျက်လုံးတွေကိုမှေးစင်းရင်း၀မ်ရိပေါ်ကမေးတော့ရှောင်းကျန့်ကခုန်စွခုန်စွလုပ်ရင်း၀မ်ရိပေါ်လက်ကိုဆွဲလို့​ပြန်ဖြေတယ်။

"မသွားချင်ဘူး...မသွားချင်ဘူး...ဒီနေ့ငါမင်းအိမ်လိုက်ရမဲ့နေ့လေ..ကျောင်းကောင်စီခိုင်းတာတွေလုပ်နေရင် မင်းအိမ်လိုက်ဖို့အချိန်ရမှာမဟုတ်ဘူး...လုပ်ပါကွာ..ပေါ်ပေါ်ကလည်း"

"...."

၀မ်ရိပေါ်ကဘာမှပြန်မဖြေဘဲစိုက်ကြည့်နေတယ်။

"အင်း..မသွားချင်ဘူး...ဟင်းးး...မသွားချင်လည်းသွားရမှာဘဲမလား...သိပါတယ်. မသွားလို့မှမရတာကို"

မရလောက်ဘူးအထင်နဲ့၀မ်ရိပေါ့်လက်ကိုဆောင့်ကာအောင့်ကာဖြုတ်ချလိုက်ပြီး သက်ပြင်းလေးနှောရင်းပြော၏။

"ရုပ်ကြီးကလည်း...ဟက်"

နှုတ်ခမ်းဆူထားတဲ့ရှောင်းကျန့်ရဲ့ပါးစောင်ကခပ်ဖောင်းဖောင်းရယ်။ထိုဖောင်းဖောင်းအိအိပါးကြီးကို၀မ်ရိပေါ်က လက်ညိုးနဲ့လက်မသုံးလို့ဖျစ်ညှစ်ရင်းစတယ်။

"မလုပ်နဲ့...ကောင်စီကိုသွားမယ်.."

လက်ကိုပုတ်ချရင်းပြောတဲ့ရှောင်းစူပုပ်ကြောင့်၀မ်ရိပေါ်ကခပ်ဖွဖွပြုံးရင်းပြောတယ်။

"မသွားတော့ဘူး...မင်းမသွားချင်ဘူးဆို"

"အယ်..အဲ့လိုလုပ်လို့ရလား"

ဓူ၀ံကြယ်တွေစီသွင်းထားတဲ့မျက်နှာမျိုးနဲ့တလက်လက်ထရင်းမေးလာတော့....

"မင်းအတွက်ဆိုမရတာဘာမှမရှိဘူး!!"
.
.
.
.
.
.

ငယ်ရွယ်မှုတွေကလွတ်လပ်တယ်။ပျော်စရာကောင်းတယ်။ဒီလိုအချိန်တွေကို အချစ်ဆုံးသူငယ်ဂျင်းဖြစ်တဲ့ ရှောင်းကျန့်နဲ့ပဲဖြတ်သန်းချင်တာ ၀မ်ရိပေါ်ရဲ့ဆန္ဒပါ။

မူကြိုကျောင်းမှာစတွေ့ချိန်တုန်းက ရှောင်းကျန့်ဆိုလေ့ရှိတဲ့ကဗျာတစ်ပုဒ်ရှိတယ်။ဘယ်သူသင်ပေးလိုက်သလဲမသိပေမဲ့ အဲ့ကဗျာကိုရှောင်းကျန့်ဆိုနေတာကြားတိုင်း ၀မ်ရိပေါ်မျက်နှာကြီးကမဖုံးမဖိနိုင်အောင်ပြုံးဖြီးနေခဲ့တာတော့သိတယ်။

ရှောင်းကျန့်ဆိုတဲ့ကဗျာလေးက...

"ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။
တိနေ့သောအထာရန်ဂျစ်ဂျ။
ဝေအိဖော်ကနှထန်းနဲ့ချ
ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာ၀ယ် ချတွေးကွက်တွေကကွယ်
ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.."

ကလေးစကားနဲ့ဆိုရင်တော့နားထောင်ရတာထောက်နေလိမ့်မယ်။ဒါကြောင့်မင်းတို့ကို၀မ်ရိပေါ်ကပြန်ဆိုပြမယ်တဲ့။။

ကဲ..နားထောင်ကြ..

"၀မ်ရိပေါ်နဲ့ရှောင်းကျန့်ဟာသူငယ်ဂျင်းတွေပါ။
တစ်နေ့သောအခါရန်ဖြစ်ကြ။
၀မ်ရိပေါ်ကနှုတ်ခမ်းနဲ့ချ
ရှောင်ရှောင်းကျန့်ရဲ့မျက်နှာ၀ယ်တံတွေးကွက်တွေကကွယ်။
ဘယ်ကရသလဲဆိုရင်တော့...၀မ်ရိပေါ်မွမွလုပ်လို့ပေါ့"တဲ့။

မင်းတို့ကြည့်..ငါ့သူငယ်ဂျင်းကချစ်ဖို့မကောင်းဘူးလား။ကဗျာလေးဆုံးတိုင်း တခစ်ခစ်နဲ့ရယ်တတ်သေးတာ။

ရှိလား???
မင်းတို့မှာရောဒီလိုချစ်ဖို့ကောင်းတဲ့ သူငယ်ဂျင်းမျိုးရှိလား????

ကျောင်းကောင်စီမသွားချင်တဲ့ရှောင်းကျန့်ရဲ့အလိုကျ၀မ်ရိပေါ်ကကျောင်းနောက်ပေါက်ကနေခိုးထွက်တယ်။
အပြင်ရောက်တာနဲ့ပြုံးပျော်မြူးတူးနေတဲ့သူငယ်ဂျင်းလေးကြောင့် သူပါလိုက်ပြုံးမိသလားတောင်မသိတော့ဘူး။တကယ်ပါ..ဒီကောင်ပျော်နေတာမြင်ရင် ရင်ထဲအသည်းထဲကကိုလှိုက်ပြီးကိုယ်ပါရောပျော်တာ။

"ဘာကြည့်နေတာလဲ..စားလေ..ငါတောင်ကုန်တော့မယ်"

ပါးစောင်ကြီးတွေဖောင်းကားနေအောင်ငါးအူချောင်းကိုပါးစပ်ထဲထိုးသွင်းနေတဲ့ရှောင်းကျန့်အား၀မ်ရိပေါ်မမှိတ်မသုန်စိုက်ကြည့်နေမိတာ ဘယ်လောက်တောင်ကြာသွားသလဲမသိ။ရှောင်းကျန့်သတိပေးမှအသိပြန်၀င်လာသည်။

"အင်း..မင်းပဲများများစားပါ"

၀မ်ရိပေါ်ကသူ့ရှေ့ကငါးအူချောင်းတုတ်ထိုးကိုယူပြီးရှောင်းကျန့်ဆီထိုးကျွေးတဲ့အခါ ရှောင်းကျန့်ကလက်နဲ့တောင်မယူအားဘဲ ၀မ်ရိပေါ်ထိုးကျွေးတဲ့အတိုင်းလှမ်းကိုက်စားတယ်။

"များများစား..မင်းကြိုက်တယ်မလား"

"အင်း..ဟီး"

၀မ်ရိပေါ်ကိုသွားဖြီးပြလို့ငါးအူချောင်းကိုအကုန်မဆံ့မပြဲထိုးထည့်တယ်။

"ဖြေးဖြေးစားလေ..နင်နေဦးမယ်"

ကျောင်းသားနှစ်ယောက် လမ်းဘေးဆိုင်လေးမှာထိုင်ကာ ငါးအူချောင်းစားတာကို အနားကလူတွေကအထူးအဆန်းလိုကွက်ကြည့်ကွက်ကြည့်နဲ့။

"မသောက်နဲ့..ငါ့ရေကိုပဲသောက်.."

ရှောင်းကျန့်ကဆိုင်မှာချထားတဲ့ရေဘူးကိုလက်လှမ်းတော့၀မ်ရိပေါ်ကခပ်ကြိတ်ကြိတ်ပြောရင်းသူ့လွယ်အိတ်ဘေးကရေဘူးကိုထုတ်တယ်။

"ဘာလို့လဲ..ပါကင်ပိတ်တွေပါကွာ"

ပလုပ်ပလောင်းနဲ့မပီမသပြောတဲ့စကားတွေကို၀မ်ရိပေါ်ကဘာမှမတုံ့ပြန်ဘဲ သူ့ရေဘူးကိုသာထုတ်လို့ရှောင်းကျန့်ကိုပေးပြီးမှပြောတယ်။

"မသောက်စေချင်လို့ပေါ့..ငါ့ရေကပိုအန္တာရယ်ကင်းတယ်..မင်းအဲ့ရေဘူးကိုသောက်ပြီးရင်နောက်လူကဆက်မသောက်ဘူးလို့မင်းပြောနိုင်သလား..မင်းသောက်ထားတဲ့ဘူးကိုတခြားတစ်ယောက်ကသူ့ပါးစပ်ကြီးနဲ့ထပ်ထိသောက်မှာမျိုးငါမလိုချင်ဘူး...ကြိုက်လည်းမကြိုက်ဘူး"

"အယ်"

အယ်ခနဲအသံပြုလို့ပြောင်စပ်စပ်မျက်နှာပေးနဲ့ရေဘူးကိုစုပ်သောက်လိုက်ပြီး ၀မ်ရိပေါ်ကိုကြည့်တယ်။

ရှောင်းကျန့်ကလာကြည့်တော့ ၀မ်ရိပေါ်ကလည်းအရှုံးမပေးဘဲပြန်စိုက်ကြည့်တယ်။စူးစူးစိုက်စိုက်နဲ့ထိုးဖောက်ကြည့်တတ်တဲ့၀မ်ရိပေါ့်အကြည့်တွေကို ရှောင်းကျန့်ခံနိုင်ရိုးလား။ရေတွေပါသီးကုန်လို့အမြန်အကြည့်လွှဲပစ်ရသည်။

"အဟွတ်..အဟွတ်!!"

"​ရရဲ့လား..ရေတောင်သီးအောင်ဘယ်လိုသောက်နေတာလဲ...ရေလေးတော့ဂနာငြိမ်ငြိမ်သောက်စမ်းပါ"

သီးပြီးချောင်းဆိုးနေတဲ့ရှောင်းကျန့်ကျောကိုလက်နဲ့သပ်ချပေးရင်း အမယ်အိုကြီးတစ်ယောက်လိုဆူပွဆူပွစကားဆိုသည်။

"မင်း..အဟွတ်!! မင်းလာကြည့်နေတာကိုး"

ရင်ဘတ်ကိုဖိရင်းသရက်သီးဖင်ရှုံ့တဲ့မျက်နှာနဲ့၀မ်ရိပေါ်ကိုရန်တွေ့တယ်။

"မင်းစကြည့်လို့..ငါပြန်ကြည့်တာလေ"

"ငါပဲကြည့်မယ်..မင်းမကြည့်နဲ့..ငါကြည့်ရင်မင်းကမျက်နှာလွှဲထား..ပြန်မကြည့်နဲ့"

ရှောင်းကျန့်က၀မ်ရိပေါ်ကိုအနိုင်ယူပါသည်။ကလေးတစ်ယောက်လိုဆိုးတတ်တာလည်း ရှောင်းပါးပါး၊မားမားနဲ့၀မ်ရိပေါ်အတွက်သာ သီးသန့်ဆိုးခြင်းဖြစ်ပါတယ်။ဒါကြောင့် ရှောင်းကျန့်..မင်းကအဆိုးလေးပဲလို့လာမပြောကြပါနဲ့။ရှောင်းကျန့်ရဲ့အဆိုးအဆာပုံစံဟာလူ၃ဦးအတွက်သီးသန့်မို့ပါ။

"အဲ့လိုရလား"

"ရတယ်"

"ဘယ်သူပြောလဲရတယ်လို့"

"မင်းပဲပြောတာလေ..ငါ့အတွက်ဆိုမရတာဘာမှမရှိပါဘူးဆို"

ရှောင်းကျန့်က၀မ်ရိပေါ်ရဲ့စကားနဲ့ပြန်ပြီးချည်တုပ်ကာ၀မ်ရိပေါ်ကိုအနိုင်ယူတယ်။
ချစ်ကျီစယ်နေတဲ့သူငယ်ဂျင်းအတွဲကို ဆိုင်ထဲ၀င်လာထဲကကြည့်နေတဲ့လူတစ်ယောက်ဆီကအသံတစ်သံဟိန်းထွက်လာသည်။

"အဟစ်ဟစ်!!"

ကြက်သီးထစေလောက်တဲ့တဟစ်ဟစ်ရယ်သံကြီးကဆိုင်ရှင်အဒေါ်ကြီးဆီကလွင့်လာတာမို့ နှစ်ယောက်သား ထိုအဒေါ်ကြီးကိုမျက်လုံးလေးပြူးရင်းလှမ်းကြည့်လိုက်တယ်။သူ့ကိုကြည့်နေတာမြင်မှ ရယ်ခြင်းအမှုကိုအကြောဖြတ်လို့ ဟိုဘက်မြန်မြန်ပြန်လှည့်သွားတယ်။

"ဆိုင်ရှင်အဒေါ်ကြီးကိုကြည့်မနေနဲ့...ငါ့ကိုကြည့်..ငါတစ်ယောက်ထဲကိုပဲကြည့်"

အခုထိအကြည့်မလွှဲနိုင်သေးတဲ့ရှောင်းကျန့်မျက်နှာအားလက်ဖြင့်ဆွဲယူရင်းမျက်နှာချင်းဆိုင်စေတယ်။

"အော်..၀မ်ရိပေါ်ရယ်..ငါ့ဟာငါဘယ်ကြည့်ကြည့်ပေါ့"

"မကြည့်နဲ့လို့ပြောနေတယ်..ငါ့ကိုပဲကြည့်...ငါတစ်ယောက်ထဲကိုပဲမင်းကြည့်..ရှောင်းကျန့်ရားးး"

"ဟုတ်ပြီ..ဟုတ်ပြီ..အော်မနေနဲ့..မင်းကိုပဲကြည့်တော့မယ်..ရပြီလား..စောက်ရမ်းနားငြီးတဲ့မျောက်ကတုံးမသားလေး!!"

ရှောင်းကျန့်ကကျိန်ဆဲပြီးပြောလည်း ၀မ်ရိပေါ်ကဓာတ်ပြားဟောင်းကြီးကိုပဲဖွင့်ပြီးတုံ့ပြန်တယ်။

"မင်းကတကယ်ကိုချစ်ဖို့ကောင်းတာသိရဲ့လားရှောင်းကျန့်..ငါအူယားလို့သေမှာပဲ...ဆဲနေတာတောင်ဘာလို့အဲ့လောက်ထိချစ်ဖို့ကောင်းရတာလဲ..ဟမ်..ငါ့ကိုသနားပါဦး..တစ်နေ့တစ်နေ့မင်းကိုအသည်းတွေယားနေရလို့ အလုပ်ပျက်အကိုင်ပျက်၊ကျောင်းစာတွေလွတ်နဲ့....နည်းနည်းလောက်လျော့ပြီးချစ်ဖို့ကောင်းပါလား..ငါ့ကိုသနားဦးလေ..ဟင်..နည်းနည်းလေးပဲ"

လျော့ပြီးချစ်ဖို့ကောင်းဖို့ လက်ညိုးလေးကိုထောင်ကာသေးသေးလေးပဲလေဟုတိုင်းထွာပြရင်း၀မ်ရိပေါ်တကယ်ကိုအသည်းယားနေပါသည်။သူ့သူငယ်ဂျင်းလေးကဘာကြောင့်များဒီလောက်ထိချစ်ဖို့ကောင်းနေရပါသလဲ။ယောကျ်ားလေးဖြစ်နေလို့သာ....မိန်းကလေးသာဆိုရင်တော့..........

"အဲ့တာကမင်းအပိုင်းလေ...ငါကရုပ်ခံလေးလည်းရှိတယ်၊ချစ်ဖို့လည်းကောင်းတယ်ဆိုတော့တော်တော်များများကမင်းလိုပဲဖြစ်ကြပါတယ်..ဟဲဟဲ..စိတ်ပူစရာမလိုပါဘူး..ဒါကရောဂါမှမဟုတ်ဘဲ..ဟုတ်တယ်မလား...မသေနိုင်ဘူးလေ..ဟီဟိ"

တဟီဟီ၊တဟဲဟဲနဲ့ရှောင်းကျန့်ပြောတဲ့စကားဆုံးတော့၀မ်ရိပေါ်ကမေးကိုထောက်လို့ရှောင်းကျန့်ကိုငေးနေရာကနေ နှုတ်ခမ်းကြီးထော်ပြပြီးမေးတယ်။

"အာဘွားယူမလား"

"ချီးးးးကိုယူ!!"

"ပေးချင်လို့..အဲ့ပါးဖောင်းကြီးတွေကို"

ခေါင်းလေးစောင်းရင်းရှောင်းကျန့်ကိုကြည့်တယ်။ရှောင်းကျန့်ရဲ့ပါးကိုလက်ညိုးနဲ့လာထိုးတယ်။ရှောင်းကျန့်လုပ်တာက ၀မ်ရိပေါ့်လက်သွားရာကိုလိုက်ကြည့်နေတာပဲ။

"ငြိမ်ငြိမ်နေစမ်းအဲ့လက်က"

လက်ကိုရိုက်ထုတ်ပြီးမျက်နှာလွှဲကာအစားဆက်စားနေတဲ့ရှောင်းကျန့်ကိုပြုံးပြုံးကြီးငေးကြည့်ရင်း၀မ်ရိပေါ်ကတွေးတယ်။

*အခုကတော့လူကြားထဲမှာမို့ထားလိုက်ပါတော့...မင်းငါ့ကိုမသနားလည်းကိစ္စမရှိဘူး...ဒီနေ့မင်းငါ့အိမ်လိုက်မှာပဲမဟုတ်လား!!"

Readersလေးတွေကိုချစ်တဲ့
Phoe.......

{ Zawgyi }

ငယ္႐ြယ္ျခင္းတို႔သည္လြတ္လပ္၏။

"ေရွာင္းက်န့္"

"အင္းးး"

သံရွည္ဆြဲရင္းပ်င္းတိပ်င္း႐ြဲျပန္ထူးတဲ့ေရွာင္းက်န့္ကေလသံနဲ႕လိုက္ဖက္ညီစြာ ေလးပင္ေႏွးတုံ႕ေနတဲ့ေျခလွမ္းေတြနဲ႕ေလွ်ာက္ေနတယ္။

"ဘာျဖစ္ေနတာလဲ...ပင္ပန္းလို႔လား..လမ္းေကာင္းေကာင္းေလွ်ာက္စမ္းပါ"

အကုန္လုံးေက်ာင္းဆင္းသြားထဲက လဒမွိုင္မွိုင္ေနတဲ့ေရွာင္းက်န့္က ေမွ်ာ္လင့္ခ်က္ႀကီးမားလြန္းသည့္တဖိတ္ဖိတ္ေတာက္ မ်က္၀န္းႀကီးေတြႏွင့္ ေက်ာင္းဆင္းသြားတဲ့လူေတြကိုလိုက္ၾကည့္ေနတာ ၀မ္ရိေပၚသတိထားမိတယ္။အခုလည္း၀မ္ရိေပၚေျပာေနတာကိုေခါင္းေလးခါ႐ုံပဲခါျပတယ္။

တတိယထပ္ကိုတက္ရမဲ့ေလွကားစပ္ကိုေရာက္ေတာ့  ေရွာင္းက်န့္ကေလွကားလက္ရန္းေဘာင္ကိုမွီခ်လိဳက္ၿပီးေအာ္ေလေတာ့သည္။

"အားး...မသြားခ်င္ဘူး..ေက်ာင္းေကာင္စီဥကၠဌကိုေျပာေပးပါလားကြာ..ငါဒီေန႕ဘာမွမလုပ္ခ်င္ဘူး..အိမ္ျပန္ခ်င္တယ္"

မ်က္စိကိုစုံမွိတ္ေခါင္းကိုေမာ့၊လက္ရန္းေဘာင္ကိုတစ္ကိုယ္လုံးပစ္မွီရင္းေအာ္ေနတဲ့အခါ၀မ္ရိေပၚက...

"မရတာမင္းသိရဲ႕သားနဲ႕..လာပါကြာ..အတန္းေခါင္းေဆာင္ျဖစ္ေနမွေတာ့ဘာတတ္နိုင္မွာလဲ"

"အာ..မသိဘူး..ငါမသြားခ်င္ဘူး..ရိေပၚ..လုပ္ပါ...ငါမသြားခ်င္ဘူး..အိမ္ျပန္ခ်င္တယ္လို႔"

"မသြားခ်င္လို႔လား"

မ်က္လုံးေတြကိုေမွးစင္းရင္း၀မ္ရိေပၚကေမးေတာ့ေရွာင္းက်န့္ကခုန္စြခုန္စြလုပ္ရင္း၀မ္ရိေပၚလက္ကိုဆြဲလို႔​ျပန္ေျဖတယ္။

"မသြားခ်င္ဘူး...မသြားခ်င္ဘူး...ဒီေန႕ငါမင္းအိမ္လိုက္ရမဲ့ေန႕ေလ..ေက်ာင္းေကာင္စီခိုင္းတာေတြလုပ္ေနရင္ မင္းအိမ္လိုက္ဖို႔အခ်ိန္ရမွာမဟုတ္ဘူး...လုပ္ပါကြာ..ေပၚေပၚကလည္း"

"...."

၀မ္ရိေပၚကဘာမွျပန္မေျဖဘဲစိုက္ၾကည့္ေနတယ္။

"အင္း..မသြားခ်င္ဘူး...ဟင္းးး...မသြားခ်င္လည္းသြားရမွာဘဲမလား...သိပါတယ္. မသြားလို႔မွမရတာကို"

မရေလာက္ဘူးအထင္နဲ႕၀မ္ရိေပၚ့လက္ကိုေဆာင့္ကာေအာင့္ကာျဖဳတ္ခ်လိဳက္ၿပီး သက္ျပင္းေလးေႏွာရင္းေျပာ၏။

"႐ုပ္ႀကီးကလည္း...ဟက္"

ႏႈတ္ခမ္းဆူထားတဲ့ေရွာင္းက်န့္ရဲ႕ပါးေစာင္ကခပ္ေဖာင္းေဖာင္းရယ္။ထိုေဖာင္းေဖာင္းအိအိပါးႀကီးကို၀မ္ရိေပၚက လက္ညိုးနဲ႕လက္မသုံးလို႔ဖ်စ္ညွစ္ရင္းစတယ္။

"မလုပ္နဲ႕...ေကာင္စီကိုသြားမယ္.."

လက္ကိုပုတ္ခ်ရင္းေျပာတဲ့ေရွာင္းစူပုပ္ေၾကာင့္၀မ္ရိေပၚကခပ္ဖြဖြၿပဳံးရင္းေျပာတယ္။

"မသြားေတာ့ဘူး...မင္းမသြားခ်င္ဘူးဆို"

"အယ္..အဲ့လိုလုပ္လို႔ရလား"

ဓူ၀ံၾကယ္ေတြစီသြင္းထားတဲ့မ်က္ႏွာမ်ိဳးနဲ႕တလက္လက္ထရင္းေမးလာေတာ့....

"မင္းအတြက္ဆိုမရတာဘာမွမရွိဘူး!!"
.
.
.
.
.
.

ငယ္႐ြယ္မႈေတြကလြတ္လပ္တယ္။ေပ်ာ္စရာေကာင္းတယ္။ဒီလိုအခ်ိန္ေတြကို အခ်စ္ဆုံးသူငယ္ဂ်င္းျဖစ္တဲ့ ေရွာင္းက်န့္နဲ႕ပဲျဖတ္သန္းခ်င္တာ ၀မ္ရိေပၚရဲ႕ဆႏၵပါ။

မူႀကိဳေက်ာင္းမွာစေတြ႕ခ်ိန္တုန္းက ေရွာင္းက်န့္ဆိုေလ့ရွိတဲ့ကဗ်ာတစ္ပုဒ္ရွိတယ္။ဘယ္သူသင္ေပးလိုက္သလဲမသိေပမဲ့ အဲ့ကဗ်ာကိုေရွာင္းက်န့္ဆိုေနတာၾကားတိုင္း ၀မ္ရိေပၚမ်က္ႏွာႀကီးကမဖုံးမဖိနိုင္ေအာင္ၿပဳံးၿဖီးေနခဲ့တာေတာ့သိတယ္။

ေရွာင္းက်န့္ဆိုတဲ့ကဗ်ာေလးက...

"ေဝအိေဖာ္နဲ႕ေဂ်ာင္းဂ်န့္ဟာတူနယ္ဂ်င္းေတြပါ။
တိေန႕ေသာအထာရန္ဂ်စ္ဂ်။
ေဝအိေဖာ္ကႏွထန္းနဲ႕ခ်
ေဂ်ာင္ေဂ်ာင္းဂ်န့္ယဲ့မက္နာ၀ယ္ ခ်ေတြးကြက္ေတြကကြယ္
ဘယ္ကရတလဲဆိုရင္ေတာ့...ေဝအိေဖာ္မြမြလုပ္လို႔ေပါ့...ခ္ခ္.."

ကေလးစကားနဲ႕ဆိုရင္ေတာ့နားေထာင္ရတာေထာက္ေနလိမ့္မယ္။ဒါေၾကာင့္မင္းတို႔ကို၀မ္ရိေပၚကျပန္ဆိုျပမယ္တဲ့။။

ကဲ..နားေထာင္ၾက..

"၀မ္ရိေပၚနဲ႕ေရွာင္းက်န့္ဟာသူငယ္ဂ်င္းေတြပါ။
တစ္ေန႕ေသာအခါရန္ျဖစ္ၾက။
၀မ္ရိေပၚကႏႈတ္ခမ္းနဲ႕ခ်
ေရွာင္ေရွာင္းက်န့္ရဲ႕မ်က္ႏွာ၀ယ္တံေတြးကြက္ေတြကကြယ္။
ဘယ္ကရသလဲဆိုရင္ေတာ့...၀မ္ရိေပၚမြမြလုပ္လို႔ေပါ့"တဲ့။

မင္းတို႔ၾကည့္..ငါ့သူငယ္ဂ်င္းကခ်စ္ဖို႔မေကာင္းဘူးလား။ကဗ်ာေလးဆုံးတိုင္း တခစ္ခစ္နဲ႕ရယ္တတ္ေသးတာ။

ရွိလား???
မင္းတို႔မွာေရာဒီလိုခ်စ္ဖို႔ေကာင္းတဲ့ သူငယ္ဂ်င္းမ်ိဳးရွိလား????

ေက်ာင္းေကာင္စီမသြားခ်င္တဲ့ေရွာင္းက်န့္ရဲ႕အလိုက်၀မ္ရိေပၚကေက်ာင္းေနာက္ေပါက္ကေနခိုးထြက္တယ္။
အျပင္ေရာက္တာနဲ႕ၿပဳံးေပ်ာ္ျမဴးတူးေနတဲ့သူငယ္ဂ်င္းေလးေၾကာင့္ သူပါလိုက္ၿပဳံးမိသလားေတာင္မသိေတာ့ဘူး။တကယ္ပါ..ဒီေကာင္ေပ်ာ္ေနတာျမင္ရင္ ရင္ထဲအသည္းထဲကကိုလွိုက္ၿပီးကိုယ္ပါေရာေပ်ာ္တာ။

"ဘာၾကည့္ေနတာလဲ..စားေလ..ငါေတာင္ကုန္ေတာ့မယ္"

ပါးေစာင္ႀကီးေတြေဖာင္းကားေနေအာင္ငါးအူေခ်ာင္းကိုပါးစပ္ထဲထိုးသြင္းေနတဲ့ေရွာင္းက်န့္အား၀မ္ရိေပၚမမွိတ္မသုန္စိုက္ၾကည့္ေနမိတာ ဘယ္ေလာက္ေတာင္ၾကာသြားသလဲမသိ။ေရွာင္းက်န့္သတိေပးမွအသိျပန္၀င္လာသည္။

"အင္း..မင္းပဲမ်ားမ်ားစားပါ"

၀မ္ရိေပၚကသူ႕ေရွ႕ကငါးအူေခ်ာင္းတုတ္ထိုးကိုယူၿပီးေရွာင္းက်န့္ဆီထိုးေကြၽးတဲ့အခါ ေရွာင္းက်န့္ကလက္နဲ႕ေတာင္မယူအားဘဲ ၀မ္ရိေပၚထိုးေကြၽးတဲ့အတိုင္းလွမ္းကိုက္စားတယ္။

"မ်ားမ်ားစား..မင္းႀကိဳက္တယ္မလား"

"အင္း..ဟီး"

၀မ္ရိေပၚကိုသြားၿဖီးျပလို႔ငါးအူေခ်ာင္းကိုအကုန္မဆံ့မၿပဲထိုးထည့္တယ္။

"ေျဖးေျဖးစားေလ..နင္ေနဦးမယ္"

ေက်ာင္းသားႏွစ္ေယာက္ လမ္းေဘးဆိုင္ေလးမွာထိုင္ကာ ငါးအူေခ်ာင္းစားတာကို အနားကလူေတြကအထူးအဆန္းလိုကြက္ၾကည့္ကြက္ၾကည့္နဲ႕။

"မေသာက္နဲ႕..ငါ့ေရကိုပဲေသာက္.."

ေရွာင္းက်န့္ကဆိုင္မွာခ်ထားတဲ့ေရဘူးကိုလက္လွမ္းေတာ့၀မ္ရိေပၚကခပ္ႀကိတ္ႀကိတ္ေျပာရင္းသူ႕လြယ္အိတ္ေဘးကေရဘူးကိုထုတ္တယ္။

"ဘာလို႔လဲ..ပါကင္ပိတ္ေတြပါကြာ"

ပလုပ္ပေလာင္းနဲ႕မပီမသေျပာတဲ့စကားေတြကို၀မ္ရိေပၚကဘာမွမတုံ႕ျပန္ဘဲ သူ႕ေရဘူးကိုသာထုတ္လို႔ေရွာင္းက်န့္ကိုေပးၿပီးမွေျပာတယ္။

"မေသာက္ေစခ်င္လို႔ေပါ့..ငါ့ေရကပိုအႏၲာရယ္ကင္းတယ္..မင္းအဲ့ေရဘူးကိုေသာက္ၿပီးရင္ေနာက္လူကဆက္မေသာက္ဘူးလို႔မင္းေျပာနိုင္သလား..မင္းေသာက္ထားတဲ့ဘူးကိုတျခားတစ္ေယာက္ကသူ႕ပါးစပ္ႀကီးနဲ႕ထပ္ထိေသာက္မွာမ်ိဳးငါမလိုခ်င္ဘူး...ႀကိဳက္လည္းမႀကိဳက္ဘူး"

"အယ္"

အယ္ခနဲအသံျပဳလို႔ေျပာင္စပ္စပ္မ်က္ႏွာေပးနဲ႕ေရဘူးကိုစုပ္ေသာက္လိုက္ၿပီး ၀မ္ရိေပၚကိုၾကည့္တယ္။

ေရွာင္းက်န့္ကလာၾကည့္ေတာ့ ၀မ္ရိေပၚကလည္းအရႈံးမေပးဘဲျပန္စိုက္ၾကည့္တယ္။စူးစူးစိုက္စိုက္နဲ႕ထိုးေဖာက္ၾကည့္တတ္တဲ့၀မ္ရိေပၚ့အၾကည့္ေတြကို ေရွာင္းက်န့္ခံနိုင္ရိုးလား။ေရေတြပါသီးကုန္လို႔အျမန္အၾကည့္လႊဲပစ္ရသည္။

"အဟြတ္..အဟြတ္!!"

"​ရရဲ႕လား..ေရေတာင္သီးေအာင္ဘယ္လိုေသာက္ေနတာလဲ...ေရေလးေတာ့ဂနာၿငိမ္ၿငိမ္ေသာက္စမ္းပါ"

သီးၿပီးေခ်ာင္းဆိုးေနတဲ့ေရွာင္းက်န့္ေက်ာကိုလက္နဲ႕သပ္ခ်ေပးရင္း အမယ္အိုႀကီးတစ္ေယာက္လိုဆူပြဆူပြစကားဆိုသည္။

"မင္း..အဟြတ္!! မင္းလာၾကည့္ေနတာကိုး"

ရင္ဘတ္ကိုဖိရင္းသရက္သီးဖင္ရႈံ႕တဲ့မ်က္ႏွာနဲ႕၀မ္ရိေပၚကိုရန္ေတြ႕တယ္။

"မင္းစၾကည့္လို႔..ငါျပန္ၾကည့္တာေလ"

"ငါပဲၾကည့္မယ္..မင္းမၾကည့္နဲ႕..ငါၾကည့္ရင္မင္းကမ်က္ႏွာလႊဲထား..ျပန္မၾကည့္နဲ႕"

ေရွာင္းက်န့္က၀မ္ရိေပၚကိုအနိုင္ယူပါသည္။ကေလးတစ္ေယာက္လိုဆိုးတတ္တာလည္း ေရွာင္းပါးပါး၊မားမားနဲ႕၀မ္ရိေပၚအတြက္သာ သီးသန့္ဆိုးျခင္းျဖစ္ပါတယ္။ဒါေၾကာင့္ ေရွာင္းက်န့္..မင္းကအဆိုးေလးပဲလို႔လာမေျပာၾကပါနဲ႕။ေရွာင္းက်န့္ရဲ႕အဆိုးအဆာပုံစံဟာလူ၃ဦးအတြက္သီးသန့္မို႔ပါ။

"အဲ့လိုရလား"

"ရတယ္"

"ဘယ္သူေျပာလဲရတယ္လို႔"

"မင္းပဲေျပာတာေလ..ငါ့အတြက္ဆိုမရတာဘာမွမရွိပါဘူးဆို"

ေရွာင္းက်န့္က၀မ္ရိေပၚရဲ႕စကားနဲ႕ျပန္ၿပီးခ်ည္တုပ္ကာ၀မ္ရိေပၚကိုအနိုင္ယူတယ္။
ခ်စ္က်ီစယ္ေနတဲ့သူငယ္ဂ်င္းအတြဲကို ဆိုင္ထဲ၀င္လာထဲကၾကည့္ေနတဲ့လူတစ္ေယာက္ဆီကအသံတစ္သံဟိန္းထြက္လာသည္။

"အဟစ္ဟစ္!!"

ၾကက္သီးထေစေလာက္တဲ့တဟစ္ဟစ္ရယ္သံႀကီးကဆိုင္ရွင္အေဒၚႀကီးဆီကလြင့္လာတာမို႔ ႏွစ္ေယာက္သား ထိုအေဒၚႀကီးကိုမ်က္လုံးေလးျပဴးရင္းလွမ္းၾကည့္လိုက္တယ္။သူ႕ကိုၾကည့္ေနတာျမင္မွ ရယ္ျခင္းအမႈကိုအေၾကာျဖတ္လို႔ ဟိုဘက္ျမန္ျမန္ျပန္လွည့္သြားတယ္။

"ဆိုင္ရွင္အေဒၚႀကီးကိုၾကည့္မေနနဲ႕...ငါ့ကိုၾကည့္..ငါတစ္ေယာက္ထဲကိုပဲၾကည့္"

အခုထိအၾကည့္မလႊဲနိုင္ေသးတဲ့ေရွာင္းက်န့္မ်က္ႏွာအားလက္ျဖင့္ဆြဲယူရင္းမ်က္ႏွာခ်င္းဆိုင္ေစတယ္။

"ေအာ္..၀မ္ရိေပၚရယ္..ငါ့ဟာငါဘယ္ၾကည့္ၾကည့္ေပါ့"

"မၾကည့္နဲ႕လို႔ေျပာေနတယ္..ငါ့ကိုပဲၾကည့္...ငါတစ္ေယာက္ထဲကိုပဲမင္းၾကည့္..ေရွာင္းက်န့္ရားးး"

"ဟုတ္ၿပီ..ဟုတ္ၿပီ..ေအာ္မေနနဲ႕..မင္းကိုပဲၾကည့္ေတာ့မယ္..ရၿပီလား..ေစာက္ရမ္းနားၿငီးတဲ့ေမ်ာက္ကတုံးမသားေလး!!"

ေရွာင္းက်န့္ကက်ိန္ဆဲၿပီးေျပာလည္း ၀မ္ရိေပၚကဓာတ္ျပားေဟာင္းႀကီးကိုပဲဖြင့္ၿပီးတုံ႕ျပန္တယ္။

"မင္းကတကယ္ကိုခ်စ္ဖို႔ေကာင္းတာသိရဲ႕လားေရွာင္းက်န့္..ငါအူယားလို႔ေသမွာပဲ...ဆဲေနတာေတာင္ဘာလို႔အဲ့ေလာက္ထိခ်စ္ဖို႔ေကာင္းရတာလဲ..ဟမ္..ငါ့ကိုသနားပါဦး..တစ္ေန႕တစ္ေန႕မင္းကိုအသည္းေတြယားေနရလို႔ အလုပ္ပ်က္အကိုင္ပ်က္၊ေက်ာင္းစာေတြလြတ္နဲ႕....နည္းနည္းေလာက္ေလ်ာ့ၿပီးခ်စ္ဖို႔ေကာင္းပါလား..ငါ့ကိုသနားဦးေလ..ဟင္..နည္းနည္းေလးပဲ"

ေလ်ာ့ၿပီးခ်စ္ဖို႔ေကာင္းဖို႔ လက္ညိုးေလးကိုေထာင္ကာေသးေသးေလးပဲေလဟုတိုင္းထြာျပရင္း၀မ္ရိေပၚတကယ္ကိုအသည္းယားေနပါသည္။သူ႕သူငယ္ဂ်င္းေလးကဘာေၾကာင့္မ်ားဒီေလာက္ထိခ်စ္ဖို႔ေကာင္းေနရပါသလဲ။ေယာက်္ားေလးျဖစ္ေနလို႔သာ....မိန္းကေလးသာဆိုရင္ေတာ့..........

"အဲ့တာကမင္းအပိုင္းေလ...ငါက႐ုပ္ခံေလးလည္းရွိတယ္၊ခ်စ္ဖို႔လည္းေကာင္းတယ္ဆိုေတာ့ေတာ္ေတာ္မ်ားမ်ားကမင္းလိုပဲျဖစ္ၾကပါတယ္..ဟဲဟဲ..စိတ္ပူစရာမလိုပါဘူး..ဒါကေရာဂါမွမဟုတ္ဘဲ..ဟုတ္တယ္မလား...မေသနိုင္ဘူးေလ..ဟီဟိ"

တဟီဟီ၊တဟဲဟဲနဲ႕ေရွာင္းက်န့္ေျပာတဲ့စကားဆုံးေတာ့၀မ္ရိေပၚကေမးကိုေထာက္လို႔ေရွာင္းက်န့္ကိုေငးေနရာကေန ႏႈတ္ခမ္းႀကီးေထာ္ျပၿပီးေမးတယ္။

"အာဘြားယူမလား"

"ခ်ီးးးးကိုယူ!!"

"ေပးခ်င္လို႔..အဲ့ပါးေဖာင္းႀကီးေတြကို"

ေခါင္းေလးေစာင္းရင္းေရွာင္းက်န့္ကိုၾကည့္တယ္။ေရွာင္းက်န့္ရဲ႕ပါးကိုလက္ညိုးနဲ႕လာထိုးတယ္။ေရွာင္းက်န့္လုပ္တာက ၀မ္ရိေပၚ့လက္သြားရာကိုလိုက္ၾကည့္ေနတာပဲ။

"ၿငိမ္ၿငိမ္ေနစမ္းအဲ့လက္က"

လက္ကိုရိုက္ထုတ္ၿပီးမ်က္ႏွာလႊဲကာအစားဆက္စားေနတဲ့ေရွာင္းက်န့္ကိုၿပဳံးၿပဳံးႀကီးေငးၾကည့္ရင္း၀မ္ရိေပၚကေတြးတယ္။

*အခုကေတာ့လူၾကားထဲမွာမို႔ထားလိုက္ပါေတာ့...မင္းငါ့ကိုမသနားလည္းကိစၥမရွိဘူး...ဒီေန႕မင္းငါ့အိမ္လိုက္မွာပဲမဟုတ္လား!!"

Readersေလးေတြကိုခ်စ္တဲ့
Phoe.......

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

912K 55.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
424K 12.8K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1.2M 52.9K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC