My Heart Belongs To A Soldier...

By NwayOo_87

504K 39.7K 4.2K

ZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစ... More

MHBTAS _ My Note
MHBTAS _ Confession
MHBTAS_ Intro
MHBTAS (1)
MHBTAS (2)
MHBTAS (3)
MHBTAS (4)
MHBTAS (5)
MHBTAS (6)
MHBTAS (7)
MHBTAS (8)
MHBTAS (9)
MHBTAS (10)
MHBTAS (11)
MHBTAS (12)
MHBTAS (13)
MHBTAS (14)
MHBTAS (15)
MHBTAS (16)
MHBTAS (17)
MHBTAS (18)
MHBTAS (19)
MHBTAS (20)
MHBTAS (21)
MHBTAS (22)
MHBTAS (23)
MHBTAS (24)
MHBTAS (25)
MHBTAS (26)
MHBTAS (27)
MHBTAS (28)
MHBTAS (29)
MHBTAS (30)
MHBTAS (31)
MHBTAS (32)
MHBTAS (33)
MHBTAS (34)
Apologize Letter
MHBTAS (35)
MHBTAS (36)
MHBTAS (37)
MHBTAS (38)
MHBTAS (39)
MHBTAS (41)
MHBTAS (42)
MHBTAS (43)
MHBTAS (44)
MHBTAS (45)
MHBTAS (46)
MHBTAS (47)
Wedding Ceremony
MHBTAS (48)
MHBTAS (49)
MHBTAS (50)
MHBTAS (51)
MHBTAS (52)
MHBTAS (53)
MHBTAS (54)
MHBTAS (55)
MHBTAS (56)
MHBTAS (57)
MHBTAS (58) HBD
MHBTAS (59)
MHBTAS (60)
MHBTAS (61)
MHBTAS (62)
MHBTAS (63)
MHBTAS (64) Final
Thanks For All 💚❤💛
For U 2 Fic
New Fiction
For Me 💞
Doctor Ko Ko
Please 💕

MHBTAS (40)

6.8K 557 44
By NwayOo_87

Part (40) U

"ကျွန်တော် ရောက်ပါပြီ...တပ်ရင်းမှူး..."

"ထိုင်ပါဦး..."

အလေးပြုပြီး ဝင်ထိုင်နေရပေမယ့် ရင်တထိတ်ထိတ်။
ယောက္ခမအိမ်တက် သားမက်မျက်နှာငယ် မဟုတ်ပဲ ယောက္ခမရုံးခန်းထဲ သားမက် မထိုင်ရဲသည့် အဖြစ်မျိုး။

"ရှေ့တန်းမှာ မောင့်ရင့်စွမ်းဆောင်မှုတွေကို ကြားရသိရလို့ ဝမ်းသာမိတယ်..."

"အားလုံး ညီညွတ်မှုကြောင့်ပါ ခင်ဗျာ....."

"မောင်ရင်လည်း တပ်မတော်မှာ အခြေအနေတစ်ခုထိ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်လို့ ခေါင်းဆောင်ငယ်တစ်ယောက်အနေနဲ့ ဘာမဆို သင့်တင့်မျှတစွာ ဝေဖန်ပိုင်းခြားနိုင်မယ်လို့ ယူဆတယ်...."

"........."

ခုချိန်ထိ ဘာကို ဆိုလိုနေမှန်း သူမမှန်းဆတတ်သေး။ အရိပ်အကဲကြည့်ကာ မနည်းလိုက်မှီအောင် ဦးဏှောက်ကို အလုပ်ပေးနေရသည်။

"ဆေးစစ်သွားရမယ် ကြားတယ်...ကိုယ့်အမျိုးသမီးလည်း နိုနိုလေးကို ပို့ရင်း ဗိုလ်ကြီးလင်းဖန်ကိုကြည့်ရင်း အပြန်မှာ ဗိုလ်ကြီးလင်းဖန် အမျိုးသမီးနဲ့အတူပြန်လာဖို့ ရှိတယ်...အဲ့ဒါ ဆရာရန်ရှင်းပဲ ပါမှာမို့လို့ ဆေးစစ်ရင်းတစ်ခါတည်းသွားပြီး အပြန်ပါ စောင့်ခေါ်လာစေချင်လို့ပါ...တာဝန်မဟုတ်တဲ့ အကူအညီပါ...."

"ဟုတ်ကဲ့...ဘယ်နေ့လောက် သွားဖြစ်မလဲ ခင်ဗျ..."

"သဘက်ခါမနက် ထွက်ဖြစ်မယ်...လွှဲပြောင်း/လက်ခံတွေ အခုတည်းက ကြိုလုပ်စရာရှိ လုပ်ထားဖို့ ဗိုလ်မှူး ရိကျိုးနဲ့ တိုင်ပင်လိုက်ပေါ့...အထွေအထူးတော့ မရှိဘူးမဟုတ်လား..."

"ဟုတ်ကဲ့ ခင်ဗျ...သီးခြား မရှိပါဘူး...စီမံချက်တွေလည်း ဟိုက်ခွမ်းနဲ့ရေးနေတာ အကြမ်းဖျဥ်း ပြီးနေပါပြီ...."

"ဒေါက်....ဒေါက်....."

"ဆရာရန်ရှင်း ​...ပြော...."

"ကားဘီးပေါက်သွားလို့ နည်းနည်းကြာမယ် သတင်းလာပို့တာ တပ်ရင်းမှူး ခင်ဗျ..."

"ရတယ်...အေးဆေးလုပ်...တစ်ခါတစ်လေပဲ...လမ်းလျှောက်ရင်း ပြန်လိုက်တော့မယ်..."

"ဟုတ်ကဲ့ ခင်ဗျ..."

တံခါးလာခေါက်ပြီး သတင်းပို့သည့် ဆရာရန်ရှင်းက ပြန်ထွက်သွားပြီ။

"အတော်ပဲ...စီမံချက်တွေ ကိုးကားလို့ရအောင် တစ်ခါတည်း လိုက်ယူလိုက်..."

"ဗျာ....ဟုတ်...ဟုတ်ကဲ့..."

လှိုက်ခနဲ ဝမ်းသာခြင်းနှင့် အိမ်ပြန်သယ်ဟန်တူမည့် ဖိုင်တစ်ချို့ကိုယူရင်း နောက်က လိုက်ထွက်ခဲ့ရသည်။

တပ်ရင်းမှူးခေါ်တွေ့သဖြင့် စပ်စုရန် ချောင်းနေသည့် ဟိုက်ခွမ်းနှင့် ဟောက်ရွှမ်းကတော့ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့လေသည်။

တပ်ရင်းရုံးကနေ ထွက်လျှင် ဗဟိုကင်းနှင့်တန်းပေါင်းစီကွင်းကို ကျော်တာနှင့် လမ်းမသာ ခြားထားသည့် တစ်ဖက်မှာ
တပ်ရင်းဂိတ်ဘက်ကို ထွက်လျှင် အရာရှိရိပ်သာ၊ တပ်တွင်းဘက်သို့ ဝင်လျှင် တပ်ရင်းမှူးအိမ်ဖြစ်သည်။

"ကျေးဇူးတင်တယ်...."

"ခင်ဗျာ...."

"အတိုင်းအတာ တစ်ခုထိ နားလည်ပေးခဲ့တာကော...တွေးပေးခဲ့တာရော အတွက်..."

"ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ...ကျွန်တော့်လိုလူကို ဆုံးဖြတ်နိုင်အောင် လမ်းပြပေးခဲ့အတွက်ပါ...."

"မိဘနေရာက တွေးရသလို အကြီးအကဲနေရာကနေလည်း တွေးခဲ့ရလို့ စေတနာလွန်တာ အတ္တမကင်းတာတွေ ရှိမယ်...တစ်နေ့ အဲ့ဒီလိုနေရာ ရောက်တဲ့အခါ နားလည်လာပါလိမ့်မယ်..."

"ဟုတ်ကဲ့...."

yì qi miāo miāo miāo miāo miāo
zài ni miàn qián sā gè jiāo
āi yōu miāo miāo miāo miāo miāo
wode xīn zàng pēng pēng tiàoohi
mí liàn shàng ni de huài xiào
ni bù shuō ài wo wo jiù miāo miāo miāo........🎼🎼🎼🎼🎼

ခြံစည်းရိုးဝင်ပေါက် အကွယ်ကနေ
ကြောင်နားရွက်ဘီးကုပ်လေးတွေတပ်ပြီး အော်ရင်း ခုန်ထွက်လာသည့် ဝမ်ဝမ်နှင့် နိုနိုက ကိုယ်လေးတွေယိမ်းကာ မြောင်မြောင်သီချင်းနှင့် ​ကပြနေတာ။

"ဒီကလေးတွေတော့...."

တပ်ရင်းမှူးက မနိုင်ဘူးဟူသော အပြုံးဖြင့် နိိုနိုလေးကို ပွေ့ချီကာ ခြံထဲလှမ်းဝင်သွားပြီ။

လက်သည်းကိုက်ရင်း ခေါင်းကြီးငုံ့ထားသည့် ဝမ်ဝမ်လေး။
မေကြီးနှုတ်ခမ်းနီဘူးကို ယူကာ နှစ်ယောက်သား နှာသီးထိပ်မှာ ဆေးခြယ်ပြီး လိုင်နာနှင့်နှုတ်ခမ်းမွေးပါ တပ်ထားကြတာ။
နိုနိုလေးပျော်အောင် ဆော့ပေးရင်း ဖေကြီးကို ထွက်စောင့်နေကာမှ ကိုးရိုးကားယား ဆုံရလေခြင်း။

ကြောင်အမ်းနေသော ရှောင်းကျန့်မှာသာ ဝမ်လေးကို တစ်ချက်ပြုံးပြပြီး တပ်ရင်းမှူးနောက် အမှီလိုက်ရသည်။

"ကားက ဘီးဖာမယ့် အတူတူ ပြန်စစ်ဖို့မှာလိုက်တာ မောင်ရေ...နောက်ကျမယ် ထင်နေတာ...အခုတင် ပဲထမင်းကျက်တယ်...တစ်ခါတည်း စားတော့မလား....."

ရေတစ်ခွက် ကမ်းပေးရင်း ပြောလာသည့် တပ်ရင်းမှူးကတော်က နောက်မှပါလာသည့်သူ့ကို မြင်တော့ အနည်းငယ် အံ့ဩသွားဟန်။

"တစ်ခါတစ်လေ လမ်းလျှောက်ပြန်လာလိုက်တာ...ရှောင်းကျန့် ထိုင်လေ...."

"ဟုတ်ကဲ့...."

ရေခွက်ပြန်ပေးရင်း ပြောနေသည့် တပ်ရင်းမှူးက နိုနိုလေးကို ဘေးချရင်း...

"စီမံချက် နမူနာယူရင်း ထမင်းပါ စားသွားလိုက်တော့..."

"ဟို....ဟုတ်...ဟုတ်ကဲ့....."

"တစ်ခါတည်း ထမင်းပြင်ထားပေး မေရေ...ဖိုင် ယူလိုက်ဦးမယ်..."

တပ်ရင်းမှူးကတော် ထမင်းစားခန်းဘက်အသွား လှစ်ခနဲဝင်လာသည့် ဝမ်လေးက တစ်ချက်ခိုးကြည့်ပြီး ပြေးဝင်သွားတာ ထွက်ကိုမလာတော့။

မလာတာလည်း တစ်မျိုးတော့ ကောင်းပါသည်။
အရင်လိုဆို အကြောင်းမဟုတ်ပေမယ့် အခုလိုအခြေအနေကြီးမှာ မတော်ရသေးသည့် ယောက္ခမတွေရှေ့မှာ အလိုလိုနေရင်း ချွေးပြန်နေရတဲ့ကြားထဲ စွာတေးပါ ရှိနေလျှင် ပြေးပေါက်မှားသွားနိုင်သည်။

ညစာထမင်းဝိုင်းလေးမှာ ဘယ်မှမကြည့်ပဲ ငုံ့စားနေသည့် ရှောင်းကျန့်။
လက်ရာက တကယ်ကောင်းသလို အနေရခက်ခက်နှင့် ထမင်းချည်း ဖိစားနေမိတာ။

"သားငယ်လေး...ညနေစောင်းကြီး ရေချိုးတာလား...အအေးပတ်ဦးမယ်...."

ဟင်းခပ်ထည့်ပေးနေသည့် မေကြီးကို မျက်နှာချိုသွေးလိုက်ပြီး မသိမသာ ကြည့်လိုက်တော့ ပန်းကန်ကသိုဏ်းရှုကာ ခက်ရင်းနှင့်ဇွန်းကို စကြာလှည့်နေသည့် လူကြီး။

မျက်နှာကဟာတွေ အမြန်ဖျက်ပြီး ရေပြေးချိုးကာ အဝတ်ပါလဲလာတာကို အဖက်မလုပ်ပဲ ရုပ်တည်ကြီးနှင့်တစ်ချက်မကြည့်ပဲ နေနိုင်ရက်သည်။

ကြိုက်ချင်ဦးဟဲ့...လူ့ဂွစာ....
ချစ်ချင်ဦးဟဲ့...မှုံမပြေ....

........................................

"အရံဟင်းတွေက ရေခဲသေတ္တာမှာနော် မောင်...စားခါနီး ပြန်နွှေးဖို့လည်း မမေ့နဲ့..."

"စစ်သားပါ မေရာ...ပူမနေနဲ့...ကိုယ့်ဘာသာ ဂရုစိုက်...သားငယ် ဖိုးဖိုးကို ဂျီမကျနဲ့နော်..."

ကားမထွက်ခင် မှာတမ်းခြွေနေသည့် ဖေကြီးနှင့်မေကြီးအနားမှာ နိုနိုလေးကို လက်ဆွဲထားသည့် ဝမ်ဝမ်လေးက ဟူဒီအဖြူပွပွကို ဒူးတစ်လျှောက် ဖြဲရာဖွာရာတွေပါသည့် jean ဘောင်းဘီနှင့် တွဲဝတ်ကာ ကျောပိုးအိတ်သေးသေးလေး လွယ်လျက်။

မော်တော်ယာဥ်မှာ ကားသွားစစ်လာသည့် ဆရာရန်ရှင်းနှင့် ရှောင်းကျန့်က ရိပ်သာမှာ ခရီးဆောင်အိတ်အသေးလေးနှင့် ဖိုင်တွေဝင်ယူပြီးမှ ဝမ်လေးတို့သားအမိကို ဝင်ခေါ်ခြင်းဖြစ်သည်။

ဆောင်းမနက်ခင်းမို့ ဂျာကင်ထပ်ဝတ်ထားသည့် ရှောင်းကျန့်က ပစ္စည်းတွေ ဆင်းယူကာ ကားနောက်ခန်းထဲ ထည့်ပေးရင်း မျက်မှောင်တွန့်သည်။

ဦးဦးရန်ရှင်းနှင့်ကိုကို တစ်လှည့်စီမောင်းမည် သိထားပေမယ့် driver seat မှာ ထိုင်နေသည်က ကိုကို။

ဘေဂျင်းလမ်းတွေ သိပ်မသိသော ကိုကိုက ဒီဘက်တောက်လျှောက် မောင်းပြီး မြို့နားနီးမှ ဦးဦးရန်ရှင်းက မောင်းမည်ထင်သည်။

မေကြီးနှင့် ဝမ်ဝမ်လေး အလယ်မှာတော့ နိုနိုလေးက ခေါင်းစွပ် အနွေးထည်လေးနှင့် ဖက်ထုပ်လေးသဖွယ်။

"ဗိုလ်ကြီးက ဆေးစစ်ရုံဆို မကြာဘူးပေါ့..."

"ဟုတ်ကဲ့ ခင်ဗျ...စစ်မှာနဲ့ result နဲ့ က နှစ်ရက်လောက်ဆို ပြီးပါတယ်...အကိုလင်းဖန်လည်း ကြည့်ရင်း အပြန်တစ်ခါတည်း အမချင်းလီနဲ့အမကိုပါ ပြန်ကြိုခဲ့ဖို့ တပ်ရင်းမှူးက မှာထားပါတယ်...."

"အင်း...ဗိုလ်ကြီးလင်းဖန်လည်း လူနာစောင့် ရှိနေတော့ ချင်းချင်း နားလို့ရအောင် ပြန်ခေါ်ရမှာ...နိုနိုလေးလည်း သူ့အဖေနဲ့ တွေ့ရအောင်လေ...."

"ဟုတ်ကဲ့.. ကိုယ့်အစီအစဥ်နဲ့ကိုယ်ဆိုတော့ မောင်းလိုက် နားလိုက်နဲ့...အခုလို လာလိုက်တာလည်း အဆင်ပြေပါတယ် ခင်ဗျ..."

ဝမ်ဝမ်ကတော့ ကန်စွန်းဥကြော်တွေ တဂျွတ်ဂျွတ်ဝါးရင်း အအေးဘူးကြီး မော့သောက်ရင်း  နောက်ကြည့်မှန်ကို လှမ်းကြည့်ကာ နှုတ်ခမ်းထော်နေပြီ။

ကျောင်းလည်းဖွင့်ပြီး တစ်ခါတည်း ပြန်ရမှာမို့ စိတ်မကောင်း ဖြစ်နေတာ။
ကားတစ်စီးတည်း အတူသွားရင်း ဘေဂျင်းမှာ ထပ်တွေ့နိုင်သေးတယ်ဆိုပြီး ပျော်နေသမျှ ပလစ်ခံရလေတော့ စိတ်က ပေါက်လာပြီ။

စိတ်တိုရင် ဗိုက်ဆာသလို ဗိုက်ဆာရင် စိတ်တိုတတ်သည့် ဝမ်ဝမ်က ခြင်းထဲက မုန့်တွေ တစ်မျိုးပြီးတစ်မျိုး နှိုက်စားရင်း အအေးသောက်ရင်း ဗိုက်အင့်ပြီး မျက်လုံးက တဖြည်းဖြည်း စင်းလာပြီ။

ဖြည်းဖြည်းမှန်မှန်မောင်းလာရင်း နောက်ကြည့်မှန်ကနေ မြင်နေရသည့် စွာတေး။
ခေါင်းလေးနောက်မှီကာ နှုတ်ခမ်းလေးမဟတဟနှင့် အိပ်ပျော်နေပုံက ကလေးလေးလို အပြစ်ကင်းလှသည်။

ကောက်နေတာ သိပေမယ့် ချော့ဖို့အခွင့်မသာသေးသလို ကိုယ်မကြိုက်တာ လုပ်တာကိုလည်း ပြန်သိစေချင်သေးသည်။

နေမြင့်လာပြီမို့ မှန်တင်ကာ aircon ဖွင့်ပေးလိုက်သည်။
အိပ်ပုပ်လေးက မျက်နှာပေါ် နေထိုးလာတာလည်း မနိူး။
တပ်ရင်းမှူးကတော်ကတော့ နိုနိုလေးကို သိပ်ရင်း မှိန်းလာတာမို့ သတိထားမိဟန်မတူ။

"ကားရပ်ပေး...ရပ်ပေးဦး..."

"သားငယ်...ဘာလို့လဲ..."

ထိုင်ခုံကို တဘုန်းဘုန်းထုကာ ရပ်ခိုင်းနေတာကြောင့် ရှောင်းကျန့် ဘရိတ်ကို ဖိနင်းလိုက်မိသည်။

ရုတ်တရပ် ရပ်လိုက်တာမို့ တပ်ရင်းမှူးကတော်က လှမ်းမေးရင်း ဆရာရန်ရှင်းပါ နိုးသွားပုံရသည်။

"အား...ရှူးပေါက်ချင်လို့...."

"ဖြစ်ရမယ်...တစ်လမ်းလုံး စားသောက်နေတာ..."

"မေကြီးကလည်း..."

ကားတံခါး ဆွဲဖွင့်ပြီးအထွက် ပေါင်ပေါ်တင်ထိုင်ထားသည့် ကျောပိုးအိတ်ကြိုးနှင့် ခါးပတ်ခေါင်းငြိနေတာမို့ မနည်းဖြုတ်ရသေးသည်။

ကားလမ်းဘေးကြည့်လိုက်တော့ သစ်ပင်ကြီးတွေ အုံ့ဆိုင်းကာ လူသူကင်းရှင်းလျက်။
လမ်းတစ်လျှောက်လည်း ရံဖန်ရံခါဖြတ်သွားသည့် ကားလောက်သာ ရှိသည်။

"သား....မသွားရဲဘူး....."

"ကျွန်တော်...ခဏ လိုက်သွားလိုက်မယ်..."

နောက်မှာ တပ်ရင်းမှူးကတော် ဘယ်လို ကျန်ခဲ့လဲ မကြည့်အားပဲ စွာတေးကို မျက်ရိပ်ပြကာ အပြေးထွက်ခဲ့ရသည်။

"အရမ်းအဝေးကြီး မသွားနဲ့ ဝမ်လေး...ကိုကို ဒီနားမှာ စောင့်နေမယ်..."

"ဟင့်အင်း...ကိုကိုပါ လိုက်ခဲ့..."

"........"

ပေါင်လေးလိမ်ကာ ရပ်နေသည့် မျက်နှာရဲရဲနှင့် ဝမ်လေးက ချစ်စရာလည်း ကောင်းသလို သနားဖို့လည်း ကောင်းသည်။

သက်ပြင်းတစ်ချက်ချကာ  ပင်ခြေရှင်းသည့် သဖန်းပင်ကြီးနား လက်ဆွဲခေါ်လာပြီး ပင်စည်တစ်ဖက်မှာ ကျောပေးရပ်နေလိုက်သည်။

"မသွားခင် ခွင့်တောင်းနော်...."

"အင်း......"

ဗိုက်လေးဖိကာ ရှုံ့မဲ့နေတာမို့ သတိပေးရခြင်း။
တောတောင်နှင့်နေသားကျနေသူမို့ မမြင်အပ်သည့် ဆိုင်ရာပိုင်ရာကို ဘာလုပ်လုပ် ခွင့်တောင်းတာက အကျင့်ပါနေပြီ။

သစ်ရွက်ခြောက်နင်းသံကြားလို့ ကြည့်လိုက်တော့ ခေါင်းငုံ့နေသည့် ဝမ်လေးက လည်ပင်းတွေ နားရွက်ဖျားတွေပါ ရဲတွတ်နေသည်။

အလိုက်တသိ စကားမပြောပဲ ဦးဆောင်လျှောက်လာမိတော့ ခပ်ဆောင့်ဆောင့်စကားသံလေး။

"မနက်တည်းက အဖက်မလုပ်တာ ဘာသဘောလဲ...."

"အဖက်မလုပ်တာ မဟုတ်ဘူး...မကြိုက်တာလုပ်လို့...."

"ဘာလုပ်လို့လဲ...."

"ဘေဂျင်းပြန်မှာနဲ့ အဲဒီဘောင်းဘီအပြဲကို ဝတ်လာရလား...ပေါင်ရော ဒူးရော မြင်နေရတာ..."

"သဝန်တိုနေတာလား...ကိုကိုက...ဟုတ်လား..."

"ဟုတ်တယ်...တိုတယ်ကွာ...ဘာဖြစ်လဲ...နောက် မဝတ်နဲ့..."

"ကိုကိုက ရုပ်တည်ကြီးနဲ့ ကောက်နေတာပေါ့...အဟား...မထင်ရဘူးနော်...စိတ်ပြေတော့....မွ...."

ရှက်နေတာ သူမဟုတ်သည့်အတိုင်း မေးဖျားကို မော့နမ်းကာ ပြေးသွားသည့်နောက် အပြေးလိုက်ရင်း နောက်ကြည့်မှန်ကနေ မြင်နေရသည့် မျက်နှာလေးကိုငေးရင်း ပြုံးမိရသည်။

တတ်လည်းတတ်နိုင်တဲ့ အဆိုးလေးပါကွာ....

................................................

Note >>>

တပ်ရင်းမှူး ဇနီးမောင်နှံက အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်တဲ့သူပါ

အတိအလင်း သဘောမတူသေးပေမယ့် ဗိုလ်ကြီးရဲ့စိတ်ဓါတ်ကို သိနေလို့ ယုံကြည်ပေးထားတဲ့ သဘောပါ

တောတောင်ထဲမှာ အစားအသောက်ကစ မမြင်အပ်တဲ့ ဆိုင်ရာပိုင်ရာကို ခွင့်တောင်းတတ်ကြပါတယ်

ယုံကြည်မှုတွေထက် သူ့ဘက်ကိုယ့်ဘက် လေးစားတဲ့အနေနဲ့ ဆောင်ရွက်တာမျိုးပါ

သီချင်းကတော့ အတော်များများ သိကြတဲ့ Meow Meow Meow ပါ

Love U All ♥

#NwayOo

6.12.2020 (08:20) PM

~~~~~~~~~~~~~~~~~~~~

Part (40) Z

"ကြၽန္ေတာ္ ေရာက္ပါၿပီ...တပ္ရင္းမႉး..."

"ထိုင္ပါဦး..."

အေလးျပဳၿပီး ဝင္ထိုင္ေနရေပမယ့္ ရင္တထိတ္ထိတ္။
ေယာကၡမအိမ္တက္ သားမက္မ်က္ႏွာငယ္ မဟုတ္ပဲ ေယာကၡမ႐ုံးခန္းထဲ သားမက္ မထိုင္ရဲသည့္ အျဖစ္မ်ိဳး။

"ေရွ႕တန္းမွာ ေမာင့္ရင့္စြမ္းေဆာင္မႈေတြကို ၾကားရသိရလို႔ ဝမ္းသာမိတယ္..."

"အားလုံး ညီၫြတ္မႈေၾကာင့္ပါ ခင္ဗ်ာ....."

"ေမာင္ရင္လည္း တပ္မေတာ္မွာ အေျခအေနတစ္ခုထိ တာဝန္ထမ္းေဆာင္ခဲ့ၿပီးျဖစ္လို႔ ေခါင္းေဆာင္ငယ္တစ္ေယာက္အေနနဲ႔ ဘာမဆို သင့္တင့္မွ်တစြာ ေဝဖန္ပိုင္းျခားႏိုင္မယ္လို႔ ယူဆတယ္...."

"........."

ခုခ်ိန္ထိ ဘာကို ဆိုလိုေနမွန္း သူမမွန္းဆတတ္ေသး။ အရိပ္အကဲၾကည့္ကာ မနည္းလိုက္မွီေအာင္ ဦးေဏွာက္ကို အလုပ္ေပးေနရသည္။

"ေဆးစစ္သြားရမယ္ ၾကားတယ္...ကိုယ့္အမ်ိဳးသမီးလည္း ႏိုႏိုေလးကို ပို႔ရင္း ဗိုလ္ႀကီးလင္းဖန္ကိုၾကည့္ရင္း အျပန္မွာ ဗိုလ္ႀကီးလင္းဖန္ အမ်ိဳးသမီးနဲ႔အတူျပန္လာဖို႔ ရွိတယ္...အဲ့ဒါ ဆရာရန္ရွင္းပဲ ပါမွာမို႔လို႔ ေဆးစစ္ရင္းတစ္ခါတည္းသြားၿပီး အျပန္ပါ ေစာင့္ေခၚလာေစခ်င္လို႔ပါ...တာဝန္မဟုတ္တဲ့ အကူအညီပါ...."

"ဟုတ္ကဲ့...ဘယ္ေန႔ေလာက္ သြားျဖစ္မလဲ ခင္ဗ်..."

"သဘက္ခါမနက္ ထြက္ျဖစ္မယ္...လႊဲေျပာင္း/လက္ခံေတြ အခုတည္းက ႀကိဳလုပ္စရာရွိ လုပ္ထားဖို႔ ဗိုလ္မႉး ရိက်ိဳးနဲ႔ တိုင္ပင္လိုက္ေပါ့...အေထြအထူးေတာ့ မရွိဘူးမဟုတ္လား..."

"ဟုတ္ကဲ့ ခင္ဗ်...သီးျခား မရွိပါဘူး...စီမံခ်က္ေတြလည္း ဟိုက္ခြမ္းနဲ႔ေရးေနတာ အၾကမ္းဖ်ဥ္း ၿပီးေနပါၿပီ...."

"ေဒါက္....ေဒါက္....."

"ဆရာရန္ရွင္း ​...ေျပာ...."

"ကားဘီးေပါက္သြားလို႔ နည္းနည္းၾကာမယ္ သတင္းလာပို႔တာ တပ္ရင္းမႉး ခင္ဗ်..."

"ရတယ္...ေအးေဆးလုပ္...တစ္ခါတစ္ေလပဲ...လမ္းေလွ်ာက္ရင္း ျပန္လိုက္ေတာ့မယ္..."

"ဟုတ္ကဲ့ ခင္ဗ်..."

တံခါးလာေခါက္ၿပီး သတင္းပို႔သည့္ ဆရာရန္ရွင္းက ျပန္ထြက္သြားၿပီ။

"အေတာ္ပဲ...စီမံခ်က္ေတြ ကိုးကားလို႔ရေအာင္ တစ္ခါတည္း လိုက္ယူလိုက္..."

"ဗ်ာ....ဟုတ္...ဟုတ္ကဲ့..."

လႈိက္ခနဲ ဝမ္းသာျခင္းႏွင့္ အိမ္ျပန္သယ္ဟန္တူမည့္ ဖိုင္တစ္ခ်ိဳ႕ကိုယူရင္း ေနာက္က လိုက္ထြက္ခဲ့ရသည္။

တပ္ရင္းမႉးေခၚေတြ႕သျဖင့္ စပ္စုရန္ ေခ်ာင္းေနသည့္ ဟိုက္ခြမ္းႏွင့္ ေဟာက္႐ႊမ္းကေတာ့ ပါးစပ္အေဟာင္းသားႏွင့္ က်န္ခဲ့ေလသည္။

တပ္ရင္း႐ုံးကေန ထြက္လွ်င္ ဗဟိုကင္းႏွင့္တန္းေပါင္းစီကြင္းကို ေက်ာ္တာႏွင့္ လမ္းမသာ ျခားထားသည့္ တစ္ဖက္မွာ
တပ္ရင္းဂိတ္ဘက္ကို ထြက္လွ်င္ အရာရွိရိပ္သာ၊ တပ္တြင္းဘက္သို႔ ဝင္လွ်င္ တပ္ရင္းမႉးအိမ္ျဖစ္သည္။

"ေက်းဇူးတင္တယ္...."

"ခင္ဗ်ာ...."

"အတိုင္းအတာ တစ္ခုထိ နားလည္ေပးခဲ့တာေကာ...ေတြးေပးခဲ့တာေရာ အတြက္..."

"ကြၽန္ေတာ္ကသာ ေက်းဇူးတင္ရမွာပါ...ကြၽန္ေတာ့္လိုလူကို ဆုံးျဖတ္ႏိုင္ေအာင္ လမ္းျပေပးခဲ့အတြက္ပါ...."

"မိဘေနရာက ေတြးရသလို အႀကီးအကဲေနရာကေနလည္း ေတြးခဲ့ရလို႔ ေစတနာလြန္တာ အတၱမကင္းတာေတြ ရွိမယ္...တစ္ေန႔ အဲ့ဒီလိုေနရာ ေရာက္တဲ့အခါ နားလည္လာပါလိမ့္မယ္..."

"ဟုတ္ကဲ့...."

yì qi miāo miāo miāo miāo miāo
zài ni miàn qián sā gè jiāo
āi yōu miāo miāo miāo miāo miāo
wode xīn zàng pēng pēng tiàoohi
mí liàn shàng ni de huài xiào
ni bù shuō ài wo wo jiù miāo miāo miāo........🎼🎼🎼🎼🎼

ၿခံစည္း႐ိုးဝင္ေပါက္ အကြယ္ကေန
ေၾကာင္နား႐ြက္ဘီးကုပ္ေလးေတြတပ္ၿပီး ေအာ္ရင္း ခုန္ထြက္လာသည့္ ဝမ္ဝမ္ႏွင့္ ႏိုႏိုက ကိုယ္ေလးေတြယိမ္းကာ ေျမာင္ေျမာင္သီခ်င္းႏွင့္ ​ကျပေနတာ။

"ဒီကေလးေတြေတာ့...."

တပ္ရင္းမႉးက မႏိုင္ဘူးဟူေသာ အၿပဳံးျဖင့္ နိိုႏိုေလးကို ေပြ႕ခ်ီကာ ၿခံထဲလွမ္းဝင္သြားၿပီ။

လက္သည္းကိုက္ရင္း ေခါင္းႀကီးငုံ႔ထားသည့္ ဝမ္ဝမ္ေလး။
ေမႀကီးႏႈတ္ခမ္းနီဘူးကို ယူကာ ႏွစ္ေယာက္သား ႏွာသီးထိပ္မွာ ေဆးျခယ္ၿပီး လိုင္နာႏွင့္ႏႈတ္ခမ္းေမြးပါ တပ္ထားၾကတာ။
ႏိုႏိုေလးေပ်ာ္ေအာင္ ေဆာ့ေပးရင္း ေဖႀကီးကို ထြက္ေစာင့္ေနကာမွ ကိုး႐ိုးကားယား ဆုံရေလျခင္း။

ေၾကာင္အမ္းေနေသာ ေရွာင္းက်န္႔မွာသာ ဝမ္ေလးကို တစ္ခ်က္ၿပဳံးျပၿပီး တပ္ရင္းမႉးေနာက္ အမွီလိုက္ရသည္။

"ကားက ဘီးဖာမယ့္ အတူတူ ျပန္စစ္ဖို႔မွာလိုက္တာ ေမာင္ေရ...ေနာက္က်မယ္ ထင္ေနတာ...အခုတင္ ပဲထမင္းက်က္တယ္...တစ္ခါတည္း စားေတာ့မလား....."

ေရတစ္ခြက္ ကမ္းေပးရင္း ေျပာလာသည့္ တပ္ရင္းမႉးကေတာ္က ေနာက္မွပါလာသည့္သူ႔ကို ျမင္ေတာ့ အနည္းငယ္ အံ့ဩသြားဟန္။

"တစ္ခါတစ္ေလ လမ္းေလွ်ာက္ျပန္လာလိုက္တာ...ေရွာင္းက်န္႔ ထိုင္ေလ...."

"ဟုတ္ကဲ့...."

ေရခြက္ျပန္ေပးရင္း ေျပာေနသည့္ တပ္ရင္းမႉးက ႏိုႏိုေလးကို ေဘးခ်ရင္း...

"စီမံခ်က္ နမူနာယူရင္း ထမင္းပါ စားသြားလိုက္ေတာ့..."

"ဟို....ဟုတ္...ဟုတ္ကဲ့....."

"တစ္ခါတည္း ထမင္းျပင္ထားေပး ေမေရ...ဖိုင္ ယူလိုက္ဦးမယ္..."

တပ္ရင္းမႉးကေတာ္ ထမင္းစားခန္းဘက္အသြား လွစ္ခနဲဝင္လာသည့္ ဝမ္ေလးက တစ္ခ်က္ခိုးၾကည့္ၿပီး ေျပးဝင္သြားတာ ထြက္ကိုမလာေတာ့။

မလာတာလည္း တစ္မ်ိဳးေတာ့ ေကာင္းပါသည္။
အရင္လိုဆို အေၾကာင္းမဟုတ္ေပမယ့္ အခုလိုအေျခအေနႀကီးမွာ မေတာ္ရေသးသည့္ ေယာကၡမေတြေရွ႕မွာ အလိုလိုေနရင္း ေခြၽးျပန္ေနရတဲ့ၾကားထဲ စြာေတးပါ ရွိေနလွ်င္ ေျပးေပါက္မွားသြားႏိုင္သည္။

ညစာထမင္းဝိုင္းေလးမွာ ဘယ္မွမၾကည့္ပဲ ငုံ႔စားေနသည့္ ေရွာင္းက်န္႔။
လက္ရာက တကယ္ေကာင္းသလို အေနရခက္ခက္ႏွင့္ ထမင္းခ်ည္း ဖိစားေနမိတာ။

"သားငယ္ေလး...ညေနေစာင္းႀကီး ေရခ်ိဳးတာလား...အေအးပတ္ဦးမယ္...."

ဟင္းခပ္ထည့္ေပးေနသည့္ ေမႀကီးကို မ်က္ႏွာခ်ိဳေသြးလိုက္ၿပီး မသိမသာ ၾကည့္လိုက္ေတာ့ ပန္းကန္ကသိုဏ္းရႈကာ ခက္ရင္းႏွင့္ဇြန္းကို စၾကာလွည့္ေနသည့္ လူႀကီး။

မ်က္ႏွာကဟာေတြ အျမန္ဖ်က္ၿပီး ေရေျပးခ်ိဳးကာ အဝတ္ပါလဲလာတာကို အဖက္မလုပ္ပဲ ႐ုပ္တည္ႀကီးႏွင့္တစ္ခ်က္မၾကည့္ပဲ ေနႏိုင္ရက္သည္။

ႀကိဳက္ခ်င္ဦးဟဲ့...လူ႔ဂြစာ....
ခ်စ္ခ်င္ဦးဟဲ့...မႈံမေျပ....

........................................

"အရံဟင္းေတြက ေရခဲေသတၱာမွာေနာ္ ေမာင္...စားခါနီး ျပန္ေႏႊးဖို႔လည္း မေမ့နဲ႔..."

"စစ္သားပါ ေမရာ...ပူမေနနဲ႔...ကိုယ့္ဘာသာ ဂ႐ုစိုက္...သားငယ္ ဖိုးဖိုးကို ဂ်ီမက်နဲ႔ေနာ္..."

ကားမထြက္ခင္ မွာတမ္းေႁခြေနသည့္ ေဖႀကီးႏွင့္ေမႀကီးအနားမွာ ႏိုႏိုေလးကို လက္ဆြဲထားသည့္ ဝမ္ဝမ္ေလးက ဟူဒီအျဖဴပြပြကို ဒူးတစ္ေလွ်ာက္ ၿဖဲရာဖြာရာေတြပါသည့္ jean ေဘာင္းဘီႏွင့္ တြဲဝတ္ကာ ေက်ာပိုးအိတ္ေသးေသးေလး လြယ္လ်က္။

ေမာ္ေတာ္ယာဥ္မွာ ကားသြားစစ္လာသည့္ ဆရာရန္ရွင္းႏွင့္ ေရွာင္းက်န္႔က ရိပ္သာမွာ ခရီးေဆာင္အိတ္အေသးေလးႏွင့္ ဖိုင္ေတြဝင္ယူၿပီးမွ ဝမ္ေလးတို႔သားအမိကို ဝင္ေခၚျခင္းျဖစ္သည္။

ေဆာင္းမနက္ခင္းမို႔ ဂ်ာကင္ထပ္ဝတ္ထားသည့္ ေရွာင္းက်န္႔က ပစၥည္းေတြ ဆင္းယူကာ ကားေနာက္ခန္းထဲ ထည့္ေပးရင္း မ်က္ေမွာင္တြန္႔သည္။

ဦးဦးရန္ရွင္းႏွင့္ကိုကို တစ္လွည့္စီေမာင္းမည္ သိထားေပမယ့္ driver seat မွာ ထိုင္ေနသည္က ကိုကို။

ေဘဂ်င္းလမ္းေတြ သိပ္မသိေသာ ကိုကိုက ဒီဘက္ေတာက္ေလွ်ာက္ ေမာင္းၿပီး ၿမိဳ႕နားနီးမွ ဦးဦးရန္ရွင္းက ေမာင္းမည္ထင္သည္။

ေမႀကီးႏွင့္ ဝမ္ဝမ္ေလး အလယ္မွာေတာ့ ႏိုႏိုေလးက ေခါင္းစြပ္ အေႏြးထည္ေလးႏွင့္ ဖက္ထုပ္ေလးသဖြယ္။

"ဗိုလ္ႀကီးက ေဆးစစ္႐ုံဆို မၾကာဘူးေပါ့..."

"ဟုတ္ကဲ့ ခင္ဗ်...စစ္မွာနဲ႔ result နဲ႔ က ႏွစ္ရက္ေလာက္ဆို ၿပီးပါတယ္...အကိုလင္းဖန္လည္း ၾကည့္ရင္း အျပန္တစ္ခါတည္း အမခ်င္းလီနဲ႔အမကိုပါ ျပန္ႀကိဳခဲ့ဖို႔ တပ္ရင္းမႉးက မွာထားပါတယ္...."

"အင္း...ဗိုလ္ႀကီးလင္းဖန္လည္း လူနာေစာင့္ ရွိေနေတာ့ ခ်င္းခ်င္း နားလို႔ရေအာင္ ျပန္ေခၚရမွာ...ႏိုႏိုေလးလည္း သူ႔အေဖနဲ႔ ေတြ႕ရေအာင္ေလ...."

"ဟုတ္ကဲ့.. ကိုယ့္အစီအစဥ္နဲ႔ကိုယ္ဆိုေတာ့ ေမာင္းလိုက္ နားလိုက္နဲ႔...အခုလို လာလိုက္တာလည္း အဆင္ေျပပါတယ္ ခင္ဗ်..."

ဝမ္ဝမ္ကေတာ့ ကန္စြန္းဥေၾကာ္ေတြ တဂြၽတ္ဂြၽတ္ဝါးရင္း အေအးဘူးႀကီး ေမာ့ေသာက္ရင္း  ေနာက္ၾကည့္မွန္ကို လွမ္းၾကည့္ကာ ႏႈတ္ခမ္းေထာ္ေနၿပီ။

ေက်ာင္းလည္းဖြင့္ၿပီး တစ္ခါတည္း ျပန္ရမွာမို႔ စိတ္မေကာင္း ျဖစ္ေနတာ။
ကားတစ္စီးတည္း အတူသြားရင္း ေဘဂ်င္းမွာ ထပ္ေတြ႕ႏိုင္ေသးတယ္ဆိုၿပီး ေပ်ာ္ေနသမွ် ပလစ္ခံရေလေတာ့ စိတ္က ေပါက္လာၿပီ။

စိတ္တိုရင္ ဗိုက္ဆာသလို ဗိုက္ဆာရင္ စိတ္တိုတတ္သည့္ ဝမ္ဝမ္က ျခင္းထဲက မုန္႔ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ႏႈိက္စားရင္း အေအးေသာက္ရင္း ဗိုက္အင့္ၿပီး မ်က္လုံးက တျဖည္းျဖည္း စင္းလာၿပီ။

ျဖည္းျဖည္းမွန္မွန္ေမာင္းလာရင္း ေနာက္ၾကည့္မွန္ကေန ျမင္ေနရသည့္ စြာေတး။
ေခါင္းေလးေနာက္မွီကာ ႏႈတ္ခမ္းေလးမဟတဟႏွင့္ အိပ္ေပ်ာ္ေနပုံက ကေလးေလးလို အျပစ္ကင္းလွသည္။

ေကာက္ေနတာ သိေပမယ့္ ေခ်ာ့ဖို႔အခြင့္မသာေသးသလို ကိုယ္မႀကိဳက္တာ လုပ္တာကိုလည္း ျပန္သိေစခ်င္ေသးသည္။

ေနျမင့္လာၿပီမို႔ မွန္တင္ကာ aircon ဖြင့္ေပးလိုက္သည္။
အိပ္ပုပ္ေလးက မ်က္ႏွာေပၚ ေနထိုးလာတာလည္း မႏိူး။
တပ္ရင္းမႉးကေတာ္ကေတာ့ ႏိုႏိုေလးကို သိပ္ရင္း မွိန္းလာတာမို႔ သတိထားမိဟန္မတူ။

"ကားရပ္ေပး...ရပ္ေပးဦး..."

"သားငယ္...ဘာလို႔လဲ..."

ထိုင္ခုံကို တဘုန္းဘုန္းထုကာ ရပ္ခိုင္းေနတာေၾကာင့္ ေရွာင္းက်န္႔ ဘရိတ္ကို ဖိနင္းလိုက္မိသည္။

႐ုတ္တရပ္ ရပ္လိုက္တာမို႔ တပ္ရင္းမႉးကေတာ္က လွမ္းေမးရင္း ဆရာရန္ရွင္းပါ ႏိုးသြားပုံရသည္။

"အား...ရႉးေပါက္ခ်င္လို႔...."

"ျဖစ္ရမယ္...တစ္လမ္းလုံး စားေသာက္ေနတာ..."

"ေမႀကီးကလည္း..."

ကားတံခါး ဆြဲဖြင့္ၿပီးအထြက္ ေပါင္ေပၚတင္ထိုင္ထားသည့္ ေက်ာပိုးအိတ္ႀကိဳးႏွင့္ ခါးပတ္ေခါင္းၿငိေနတာမို႔ မနည္းျဖဳတ္ရေသးသည္။

ကားလမ္းေဘးၾကည့္လိုက္ေတာ့ သစ္ပင္ႀကီးေတြ အုံ႔ဆိုင္းကာ လူသူကင္းရွင္းလ်က္။
လမ္းတစ္ေလွ်ာက္လည္း ရံဖန္ရံခါျဖတ္သြားသည့္ ကားေလာက္သာ ရွိသည္။

"သား....မသြားရဲဘူး....."

"ကြၽန္ေတာ္...ခဏ လိုက္သြားလိုက္မယ္..."

ေနာက္မွာ တပ္ရင္းမႉးကေတာ္ ဘယ္လို က်န္ခဲ့လဲ မၾကည့္အားပဲ စြာေတးကို မ်က္ရိပ္ျပကာ အေျပးထြက္ခဲ့ရသည္။

"အရမ္းအေဝးႀကီး မသြားနဲ႔ ဝမ္ေလး...ကိုကို ဒီနားမွာ ေစာင့္ေနမယ္..."

"ဟင့္အင္း...ကိုကိုပါ လိုက္ခဲ့..."

"........"

ေပါင္ေလးလိမ္ကာ ရပ္ေနသည့္ မ်က္ႏွာရဲရဲႏွင့္ ဝမ္ေလးက ခ်စ္စရာလည္း ေကာင္းသလို သနားဖို႔လည္း ေကာင္းသည္။

သက္ျပင္းတစ္ခ်က္ခ်ကာ  ပင္ေျခရွင္းသည့္ သဖန္းပင္ႀကီးနား လက္ဆြဲေခၚလာၿပီး ပင္စည္တစ္ဖက္မွာ ေက်ာေပးရပ္ေနလိုက္သည္။

"မသြားခင္ ခြင့္ေတာင္းေနာ္...."

"အင္း......"

ဗိုက္ေလးဖိကာ ရႈံ႕မဲ့ေနတာမို႔ သတိေပးရျခင္း။
ေတာေတာင္ႏွင့္ေနသားက်ေနသူမို႔ မျမင္အပ္သည့္ ဆိုင္ရာပိုင္ရာကို ဘာလုပ္လုပ္ ခြင့္ေတာင္းတာက အက်င့္ပါေနၿပီ။

သစ္႐ြက္ေျခာက္နင္းသံၾကားလို႔ ၾကည့္လိုက္ေတာ့ ေခါင္းငုံ႔ေနသည့္ ဝမ္ေလးက လည္ပင္းေတြ နား႐ြက္ဖ်ားေတြပါ ရဲတြတ္ေနသည္။

အလိုက္တသိ စကားမေျပာပဲ ဦးေဆာင္ေလွ်ာက္လာမိေတာ့ ခပ္ေဆာင့္ေဆာင့္စကားသံေလး။

"မနက္တည္းက အဖက္မလုပ္တာ ဘာသေဘာလဲ...."

"အဖက္မလုပ္တာ မဟုတ္ဘူး...မႀကိဳက္တာလုပ္လို႔...."

"ဘာလုပ္လို႔လဲ...."

"ေဘဂ်င္းျပန္မွာနဲ႔ အဲဒီေဘာင္းဘီအၿပဲကို ဝတ္လာရလား...ေပါင္ေရာ ဒူးေရာ ျမင္ေနရတာ..."

"သဝန္တိုေနတာလား...ကိုကိုက...ဟုတ္လား..."

"ဟုတ္တယ္...တိုတယ္ကြာ...ဘာျဖစ္လဲ...ေနာက္ မဝတ္နဲ႔..."

"ကိုကိုက ႐ုပ္တည္ႀကီးနဲ႔ ေကာက္ေနတာေပါ့...အဟား...မထင္ရဘူးေနာ္...စိတ္ေျပေတာ့....မြ...."

ရွက္ေနတာ သူမဟုတ္သည့္အတိုင္း ေမးဖ်ားကို ေမာ့နမ္းကာ ေျပးသြားသည့္ေနာက္ အေျပးလိုက္ရင္း ေနာက္ၾကည့္မွန္ကေန ျမင္ေနရသည့္ မ်က္ႏွာေလးကိုေငးရင္း ၿပဳံးမိရသည္။

တတ္လည္းတတ္ႏိုင္တဲ့ အဆိုးေလးပါကြာ....

................................................

Note >>>

တပ္ရင္းမႉး ဇနီးေမာင္ႏွံက အလုပ္နဲ႔ကိုယ္ေရးကိုယ္တာ ခြဲျခားတတ္တဲ့သူပါ

အတိအလင္း သေဘာမတူေသးေပမယ့္ ဗိုလ္ႀကီးရဲ႕စိတ္ဓါတ္ကို သိေနလို႔ ယုံၾကည္ေပးထားတဲ့ သေဘာပါ

ေတာေတာင္ထဲမွာ အစားအေသာက္ကစ မျမင္အပ္တဲ့ ဆိုင္ရာပိုင္ရာကို ခြင့္ေတာင္းတတ္ၾကပါတယ္

ယုံၾကည္မႈေတြထက္ သူ႔ဘက္ကိုယ့္ဘက္ ေလးစားတဲ့အေနနဲ႔ ေဆာင္႐ြက္တာမ်ိဳးပါ

သီခ်င္းကေတာ့ အေတာ္မ်ားမ်ား သိၾကတဲ့ Meow Meow Meow ပါ

Love U All ♥

#NwayOo

6.12.2020 (08:20) PM

Continue Reading

You'll Also Like

80.3K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
2.1M 89.6K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...
678K 45.3K 89
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
339K 7K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...