Part (38) U
သွေးတိုးစမ်းနေသော ရန်သူက တစ်စထက်တစ်စ ရဲတင်းလာခဲ့ပြီ။
နယ်စပ်လိုင်းပေါ်ဖြစ်၍ လက်လွတ်စပယ် မထိသည်ကို အခွင့်ကောင်းယူနေခဲ့သည်မှာ ညီနောင်တပ်ရင်းတွေနှင့် ထိတွေ့မှုတွေ စိပ်လာခဲ့ပြီ။
ရှောင်းကျန့်တို့တပ်သာ အမာခံ ခံစစ်စခန်း ဖြစ်နေသည့်အပြင် ဗိုလ်မှူးရိကျိုးရော ဟိုက်ခွမ်းနှင့်သူပါ အထက်လမ်းညွှန်မှုအပြင် ဖြစ်လာနိုင်တာတွေပါ ထည့်ထွက်ပြီး ဗျူဟာပြောင်းနေသဖြင့် ထိပ်တိုက်တွေ့တာ နည်းနေသေးတာ။
မနေ့ကတော့ အနီးဆုံး စခန်းနားထိ ကြိုကြား စလာပြီမို့ အချိန်နှင့်တစ်ပြေးညီ သတိထားနေရသည်။
တိုက်ပွဲပျော်ဖြစ်၍လားမသိ။ ပြန်ထစငှက်ဖျားလည်း ကျည်သံကြားတာနှင့် ငုပ်သွားပြီ။
မတ်ခွက်ထဲက လက်ဖက်ရည်ကို မော့နေတုန်း ခြေဖျားကို ပွတ်သပ်နေသည့် လုံးလုံး။
အစားအသောက်ကောင်းကာ ချစ်စရာကောင်းစွာ လုံးတစ်နေတာမို့ ရှောင်းကျန့် နာမည်ပေးထားတာ။
ဘီစကစ်ချကျွေးပြီး မြေပုံဖြန့်ကာရန်သူအခြေအနေကို ဆက်စနည်းနာရသည်။
"အတော်နီးလာတာကွ...ချန်းမင်တောင် ခြေထောက်ထိထားတယ်...sniper ထက် ခြုံခိုပဲ လာတော့တာ..."
"သမိုင်းကို စစ်နိုင်သူတွေပဲ ရေးတာတဲ့...သမိုင်းမရေးနိုင်ရင်တောင် သမိုင်းမရိုင်းဖို့ လုပ်ရမယ်..."
"Fighter ရှောင်းကျန့်ကွ..."
ဟိုက်ခွမ်းလက်မောင်းကို ပိတ်ထိုးလိုက်ရင်း ပစ္စတိုကို ကျည်စစ်ပြီး ရိုင်ဖယ်ကိုပါ ကျည်ဖြည့်လိုက်သည်။
စစ်အောင်ရခြင်း အကြောင်းတရားမှာ အမိန့်နာခံတတ်မှုအပြင် စနစ်တကျနှင့် ကြိုတင်ပြင်ဆင်ထားခြင်းလည်း ပါဝင်သည်မဟုတ်လား။
ညွှန်ကြားချက်လည်း ရထားပြီမို့ တပ်တွေ အချိတ်အဆက်မိမိနှင့် အသင့်ဖြစ်နေကြပြီ။
ရှေ့နှစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်ပေးထားသည်ကို အပိုင်ထွက်ထားသည့် ရန်သူဘက်က စစ်မြူးနေဟန်။
စစ်မြူးရုံမက စစ်ပန်းဖို့အထိ ကျုံးသွင်းမည်ကိုတော့ မေ့လျော့နေဟန် တူသည်။
"စစ်မြေပြင်ကို ပထမဆုံး ခြေချသူဟာ ငါဖြစ်သလို စစ်မြေပြင်က နောက်ဆုံးထွက်ခွာသူဟာလည်း ငါပဲ ဖြစ်လိမ့်မယ်***...အမိန့်နဲ့ညွှန်ကြားချက်ကို လေးစားလိုက်နာပြီး နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိမှုကို ပြကြရမယ်....မင်းတို့ တိုက်ရဲလား...."
"တိုက်ရဲတယ်...."
"သေရဲလား...."
"သေရဲတယ်...."
"တပ်မတော် အောင်ရမည်......."
ဗိုလ်မှူး ဝမ်ရိကျိုးရဲ့ စစ်ထွက်မိန့်ခွန်းအပြီး သံပြိုင်ဖြေသံ၊ ကြုံးဝါးသံတို့က အားတက်ဖွယ်ပင်။
အချိန်တွေအိုမင်းကာ နာရီလက်တံက တရွေ့ရွေ့စောင်းစပြုပြီ။
ရန်သူ့စခန်းတစ်ဝိုက် နေရာယူထားကြသော တပ်ဖွဲ့များလည်း ဆက်သွယ်မိကြပြီ။
စစ်သုံးနာရီလေးကို တစ်ချက်ငုံ့ကြည့်ပြီး ခေါင်းဆတ်အပြ ဗိုလ်မှူး ဝမ်ရိကျိုး၏ အသံဝါကြီး။
"တက်..........."
လက်နက်ကြီးအဖွဲ့က ပစ်ကူပေးနေကာ ရန်သူ့စခန်းရှိရာ တောင်ကုန်းထက်မှာ မီးခိုးလုံးကြီးက ဝုန်းခနဲတက်လာသည်။
ပျားပန်းခတ်နေသည့် ရန်သူများက ရုတ်တရက် အငိုက်မိသွားတာကြောင့် မီးညွန့်တွေကြားမှာ ဝရုန်းသုန်းကား ဖြစ်နေတာ မှန်ပြောင်းမြင်ကွင်းထဲမှာ အထင်းသား။
အမာခံစခန်းကြီးမို့ လျှော့တွက်၍တော့မရ။ ပစ်ကူပေးနေတုန်း အသေခံ တိုးထွက်လာသည်များကို ပစ်ရှင်း ရှင်းရသေးသည်။
"ဟောက်ရွှမ်း....အတင်းမတက်နဲ့...အခြေအနေကြည့်...."
ကျည်အိမ်လဲပြီး တောက်လျှောက် ပစ်နေတုန်း ထရပ်ပစ်နေသည့် ဟောက်ရွှမ်းကို သတိပေးရင်း ဟိုက်ခွမ်းဘက်ကို လှမ်းကြည့်တော့ အခြေအနေ မဆိုး။
"အား....ဗိုလ်ကြီး....ကျွန်တော်....ကျွန်တော် ထိသွားပြီ..."
သက်ပြင်းချမဆုံးခင် ပြားနေအောင် ဝပ်ချရင်း နှာခေါင်းထယ်ထိုးနေသည့် ကျောက်လုံ။
ဂလည်အူကြောင်မို့ အဝေးမခိုင်းပဲ အနားထားတာကြောင့် တစ်ချက်မှမပစ်ရသေးတာ သိနေသော ရှောင်းကျန့် မျက်မှောင် တွန့်ခနဲ။
"ဘယ်နားထိတာလဲ...ထစမ်း ဟေ့ကောင်...."
"ပေါင်...ပေါင်မှာ....နာလိုက်တာ....
ကျွန်တော့်ကို ထားခဲ့ပါတော့...ဗိုလ်ကြီးရယ်....အင့်...."
မျက်လုံးစုံမှိတ်ကာ အော်နေသည့် ပျောက်လုံကို သစ်မြစ်အကွယ် ဆွဲခေါ်ရင်း ကြည့်မိတော့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့် ခလုတ်ဓားလေးက ပွင့်နေပြီး သွေးစတို့က စွန်းထင်းလျက်။ အရှိန်နှင့် ဝပ်ချလိုက်စဥ် ထိုးမိသွားတာ ဖြစ်ရမည်။
"ခလုတ်ဓား ပွင့်နေတာ မအေပေးရဲ့...drama လာချိုးနေသေးတယ်...ငါ့နားမှာနေ...စွတ်မထနဲ့...."
ထိုစဥ် တပ်ခွဲနှစ်ခွဲကြား ကျလာသည့် လက်ပစ်ဗုံးပေါ် ခုန်အုပ်ပစ်လိုက်သော ကျန်းဟူ။ အားလုံး မှင်သက်နေမိဆဲ နားအူမတတ် ပေါက်ကွဲသံကြီး။
"ကျန်းဟူ....မင်းကွာ...."
အံတစ်ချက်ကြိတ်ပြီး တရစပ်ပစ်ရင်း ဝိုင်းပတ်ထားသောတပ်တွေ စုစည်းမိပြီး စခန်းစည်းရိုးလည်း ကျိုးသွားပြီ။
ကျားထိုးတက်နေသည့် အဖွဲ့တွေရှေ့ ကျလာသည့် ရန်သူ့ ပြောက်ကျားအိတ်လေး။
ရုတ်တရက် ကြောင်နေမိကြဆဲ အိတ်ကိုချီပြေးသွားသော လုံးလုံး။
မြောင်းရှည်ကြီးထဲက ပေါက်ကွဲသံကြောင့် ရင်ထဲကျဥ်တက်ကာ တက်ပစ် ပစ်ရင်း စခန်းကုန်းထိပ်မှာ အလံစိုက်မိပြီ။
ကျားထိုးသံအောက်မှာ အမာခံ ရန်သူ့စခန်းတစ်ခုလုံး သိမ်းပိုက်မိခဲ့ပြီ။
မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက်နှင့်အတူ နဖူးဆီ ထိကပ်သွားသည့် လက်တစ်ဖက်။
အဖွဲ့သားအားလုံး ငြိမ်သက်နေသည့် ကျန်းဟူနှင့် တာဝန်ကျေသွားခဲ့ရှာသော ရဲဘော်ရဲဘက်တို့ကို လက်တင် အလေးပြုလျက်သား။
အမြင့်မြတ်ဆုံးသော ဂုဏ်...
မိုးတိမ်ယံ မိုးတိမ်ယံမှာ...
ကမ်းလက်လှမ်းလို့ မမီနိုင်ဘူး...
စွန့်လွှတ်ခြင်းများနဲ့ ဒို့တစ်တွေ လက်လှမ်းလှမ်း၍ မီနိုင်ပါတယ်...မြင့်မြတ်ဂုဏ်....
သတ္တိသွေးတို့နီ...ဒို့ဇာနည်...
ပြည့်ဇာနည်တွေ...
ရဲဝံခြင်းများကို ယှဥ်မလား....
ငြိမ်းချမ်းရေးအတွက်ဆို...
ဒို့တွေ အသက်သွေး စတေးမယ့်...
နိုင်ငံတော်ကို ငြိမ်းချမ်းစေ....
စွန့်ပြီးသား...ဒို့ရဲ့နှလုံးသားစကား...
ခိုင်မာမယိုင်လဲ ကျောက်ဆစ်များ...
လူသား....ရာဇဝင်သွေးများ စွန်းထင်းခဲ့လို့
ဒို့ဘိုးဘွားများ ပေးတဲ့အမွေ...
ရဲဝံခြင်းကြောင့်ရယ် မရှုံးနိုင်သူ...
ဒို့အောင်မြင်မယ်...
သတ္တိသွေးသမိုင်းကို ရေးမယ်...
အသက်ထက်မြတ်တဲ့ဂုဏ်...
ဘာကိုမျှော်မှန်း မှန်းရွယ်....
ပိုင်ဆိုင်နိုင်ပြီ မြင့်မြတ်ဂုဏ်...
နှလုံးသား....လှသော မွှေးသော
ပန်းများ ဖူးပွင့်...
ဒို့ဘိုးဘွားများ ပေးတဲ့အမွေ...
သတ္တိသွေးတို့နီ...ဒို့ဇာနည်
ပြည့်ဇာနည်တွေ...
ရဲဝံခြင်းများဂုဏ် ယှဥ်မလား....
ငြိမ်းချမ်းရေးအတွက်ဆို
ရင်ဆိုင် အသက်ပေး စတေးမယ့်...
အောင်နိုင်သူတွေ ရဲဝံ့...
အောင်နိုင်သူတွေ ရဲဝံ့ပြီနော်...
တလူလူလွင့်နေသည့် နိုင်ငံတော် အလံကို မော့ငေးဆဲ ဖုန်တွေတစ်လုံးလုံးကြားကနေ ပြေးလာနေသော လုံးလုံးကြောင့် ဝမ်းနည်းဝမ်းသာ ခံစားမှုဖြင့် ထွေးဖက်ထားမိတော့သည်။
..........................................
"ဒါဆို ဗိုလ်ကြီးလည်း စိတ်ချရပြီ...မမချင်းလီလည်း ပြန်လာတော့မှာပေါ့နော် မေကြီး.."
"ဆေးရုံတစ်လလောက် ဆက်တက်ရမယ်တဲ့...ချင်းချင်းလည်း ကလေးလေးနဲ့ဆိုတော့...တစ်ခါတည်း နားခိုင်းထားတာ...နိုနိုက ကြီးကြီးတို့နဲ့ နေဦးနော်..."
"နိုနိုတော့ ပိစိလေး ထိန်းရတော့မှာ...ကိုကို့ကို ဆိုးလို့ မရတော့ဘူး...."
မေကြီးစကားအဆုံး ဆာမူရိုင်းဆံပင်လေး ခါနေအောင် ခေါင်းငြိမ့်ပြနေသည့် နိုနိုလေးကို ပါးဆွဲလိမ်နေဆဲ စကားပြောရင်း ခြံထဲဝင်လာသည့် ဖေကြီးနှင့် နောက်တန်းမှူး ဦးဦး။
"ဒီတစ်ခေါက် ကိုယ်တို့တပ်ရင်းကို အထက်က အတော်လေး အသိအမှတ်ပြုထားတယ်...စစ်မြေပြင် အဆင့်တိုးတွေလည်း ပါလာမှာမို့ အာရုံစိုက်ပေးပါဦး..."
"ဟုတ်ကဲ့ ခင်ဗျ...ကျွန်တော် တပ်မနဲ့ချိတ်ပြီး စီစဥ်ထားပါမယ်...ခွင့်ပြုပါ ခင်ဗျာ...."
အိမ်ထဲဝင်လာသည့် ဖေကြီးက နိုနို့ကို ကောက်ချီကာ ပေါင်ပေါ်တင်ထိုင်လိုက်ပြီး....
"ရှေ့တန်းအဖွဲ့တွေ ခန့်မှန်းခြေ မနက်ဖြန်ညနေလောက် ဝင်မယ် မေ...မေ့အဖွဲ့တွေနဲ့ စီစဥ်စရာရှိတာ စီစဥ်ပေးပါ...လိုတာ မောင့်ကိုပြော...နောက်တန်းမှူးကိုလည်း ပြောထားပြီးသား....."
"စိတ်ချပါ မောင်ရယ်...လုပ်နေကြပါ...."
အိမ်ခန်းထဲ ဝင်ပြေးလာရင်း ယုန်ရုပ်ကြီးကို တင်းတင်းဖက်ကာ တဒုတ်ဒတ် ခုန်နေသောရင်ကို ဖိထားရသည်။
ကိုကို ပြန်လာတော့မယ်....
ကိုကိုနဲ့ ပြန်ဆုံရတော့မယ်....
ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ပစ်ရင် ကိုကိုက အတင်းဖက်ထားမှာ....
အလွမ်းပြေဆိုပြီး အနမ်းတွေခြွေချတဲ့အခါ မရိတ်ဖြစ်တဲ့မုတ်ဆိတ်တွေ စူးရင် စစ်သားကြီးကို အတင်းထုလို့ ဆိုးချင်သေးရဲ့....
မျက်လုံးလေးတွေ မှိတ်ကာ ပြုံးနေသော ဝမ်ဝမ်လေးကတော့ ပြန်စေ့သွားသည့် တံခါးအကွယ်က နားလည်နေသည့် မျက်ဝန်းတို့ကိုဖြင့် သတိမမူမိခဲ့ပါချေ။
ရှေ့တန်းပြန် အောင်ပွဲရ တပ်မတော်သားများအား ကြိုဆိုပါ၏ ဟူသော မုခ်ဦးကြီးက ခမ်းခမ်းနားနား ခံ့ခံညားညား။
တပ်ရင်းမှူးနှင့် အရာရှိများ၊ မှီခိုသူ မိသားစုဝင်များ၊ မြို့ခံလူထုများနှင့် အစိုးရအဖွဲ့ဝင်များနှင့် စည်ကားသိုက်မြိုက်နေသည့် ကြိုဆိုပွဲ။
ကျောင်းသူလေးများရဲ့ ပန်းဖွားအကလှလှနှင့် ကြည်စင်သော အပြုံးလေးများက လိုက်ဖက်စွာ။
မြို့လူထုမှ လာပို့ပေးထားသည့် ပန်းကုံးများက ဝါးလုံးများနှင့် တန်ထိုးထားရသည်အထိ။
အစားအသောက်များကလည်း အလျှံပယ်ပြင်ထားကာ တပ်ဂိတ် လမ်းမကြီးထက် လည်တဆန့်ဆန့် မျှော်နေကြပြီ။
မကြာမီပင် စစ်သီချင်းသံမြိုင်မြိုင်နှင့် ချီတက်လာကြသော စစ်ကြောင်းကြီးကို တွေ့ရပြီ။
ပန်းကုံးတွေစွပ်ကာ၊ ပန်းစည်းတွေကမ်းကာနှင့် အစားအသောက်တွေပါ ကမ်းနေတာကြောင့် ငြင်းရခက်နေသည့် စစ်သည်များ။
မေကြီးနှင့် အန်တီတွေ မမတွေက ပန်းကုံးတွေ စွပ်နေကြပေမယ့် ဝမ်ဝမ်လေးမှာတော့ စံပယ်ပန်းကုံးလေး ကိုင်ရင်း ကိုကို့ကို ရှာနေမိတာ။
လူတွေရှဲသွားသည်ထိ မျှော်သူကို မတွေ့ရတော့ မျက်ရည်က ဝဲချင်လာပြီ။
မတော်တဆ...ဆိုတဲ့အတွေးက နှိပ်စက်နေတာမို့ ဂိတ်နားက အုတ်ခုံလေးမှာ ဒူးပေါ်လက်ထောက် လက်ပေါ် မျက်နှာမှောက်ချနေမိသည်။
"အု....ဝု....အု...."
ခြေသလုံးကို လာဝှေ့နေသည့် နုနုညံ့ညံ့လေးနှင့် အသံတိုးတိုးလေးကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ ခွေးစုတ်ဖွားလေး။
ပန်းကုံးကို ပုခုံးပေါ်တင်ကာ ခွေးလေးကို ကောက်ချီရင်း...
"ဘယ်ကရောက်လာတာလဲ....."
"..........."
"မင်းလည်း ငါ့လို ထားခဲ့ခံရတာလား...."
"ဘယ်သူက ထားခဲ့မှာလဲ...ကိုယ့်ချစ်သူကို...."
ဆွေးမြေ့ရီဝေနေရာမှ မြတ်နိုးယုယစွာ ငေးကြည့်နေသော ကိုကို။
ပြောက်ကျားယူနီဖောင်းအောက်က အားကိုးရာ ရင်ခွင်ကျယ်ကြီးနှင့် ညိုညိုစိုစို လူကြမ်းကြီး။
မရိတ်သင်ဖြစ်သော မုတ်ဆိတ်တစ်ချို့က ရင့်ရော်မနေပဲ ပိုမိုခန့်ညားနေစေသည်။
"ကိုကို....."
ရေရွတ်မိဆဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ ရင်ကိုဖွင့်ပေးနေသည်မို့ ခွေးလေးကို အုတ်ခုံပေါ်တင်ကာ ပြေးခုန်ဖက်ပစ်မိသည်။
ခြေအစုံက ကိုကို့ခါးတွေကို ချိတ်ရင်း လည်ပင်းဆီ သိုင်းဖက်မိတော့ နဖူးထက် နမ်းရင်း ပန်းကုံးက ဘယ်သူ့အတွက်လဲ ဟု ကျီစယ်လာသော ကိုကို။
စံပယ်ကုံးလေးကို လည်ပင်းမှာ စွပ်ပေးရင်း မျက်ဝန်းတို့ကိုအမှိတ် ရှည်ကြာသော အနမ်းတို့က ညင်သာလှိုက်မောစွာ။
"ကိုကို့....စူးတယ်....."
"ကိုယ့်ကိုမမြင်ပဲ လုံးလုံးကို အရင်မြင်လို့ အပြစ်ပေးတာ...."
"လုံးလုံး...ကိုကိုက အရင်မလာပဲ လွှတ်လိုက်ပြီးတော့......."
"အား.....နာတယ်....."
နှုတ်ခမ်းစူနေသည့် အဆိုးလေးက ရင်ဘတ်ကို ထုလာတော့ အော်လိုက်တာ တကယ်ထင်ပြီး မျက်လုံးလေးပြူးနေတော့တာ။
လက်သီးဆုပ်လေးကို ဖွဖွကိုက်မှ ရင်ခွင်ကိုကပ်ရင်း လည်ပင်းမှာ ခေါင်းလေးဝှေ့နေတော့သည်။
အုတ်ခုံလေးပေါ်က လုံးလုံးကတော့ နားမလည်နိုင်စွာ ငေးနေခဲ့လေသည်။
ရက်စေ့လို့ ပြန်လာနေပြီ....
တို့ကြားရတော့ ပျော်နေပုံကိုလေ....
ဘေးကကြည့်နေမယ်ဆိုရင်
အမှန်ပါပဲ ရူးတယ်ထင်...
ပွဲတိုင်းလည်း အောင်မြင်လာတယ်...
ဆက်ကြားရတော့ အလွန်ဂုဏ်ယူတယ်....
တရားသောစစ် အောင်မြင်နေတာ...
ထာဝစဥ်ပဲ ဖြစ်နေမှာ...
ပြုံးပန်းဖြင့် ဆီးကြိုရင်းနဲ့
အချစ်ဆုံး သူ့အတွက်...
တကယ်ကိုပဲ ဝမ်းသာ....
အနေဝေးခဲ့ ဒီနေ့ရက်လေးတွေ...
လက်ချိုးလို့ ရေတွက်နေမိပေ...
ဒီမှာ တမ်းတမ်းတတ
လွမ်းမောစောင့်စားရင်း...
လူကြုံပါးမယ့် သတင်းများကို
အစဥ်နားစွင့်ရတာ....
အမြဲပူပန်ရှာ...စစ်သားရဲ့ ချစ်သူမှာ....
ရက်စေ့လို့ ပြန်လာနေပြီ....
တို့ကြားရတော့ ပျော်နေပုံကိုလေ....
ဘေးကကြည့်နေမယ်ဆိုရင်
အမှန်ပါပဲ ရူးတယ်ထင်...
ပွဲတိုင်းလည်း အောင်မြင်လာတယ်...
ဆက်ကြားရတော့ အလွန်ဂုဏ်ယူတယ်....
တရားသောစစ် အောင်မြင်နေတာ...
ထာဝစဥ်ပဲ ဖြစ်ပါစေ...
ပြုံးပန်းဖြင့် ဆီးကြိုရင်းနဲ့
အချစ်ဆုံး သူ့အတွက်...
တကယ်ကိုပဲ ဝမ်းသာ....
ရှေ့တန်းက စာလေးတွေ ရောက်လာ...
ထပ်တလဲလဲ ပြန်ဖတ်နေမိတာ....
တာဝန်ကြားထဲ မအားပဲရေးတဲ့
သူတစ်ယောက်ပါ...
အန္တရာယ် ကင်းဝေးအောင်
ဆုတောင်းရင်းနဲ့လေ...
ကျန်းမာပါစေ တို့တွေးရင်း
အလွမ်းတွေ ဝေ.....
ရက်စေ့လို့ ပြန်လာနေပြီ....
တို့ကြားရတော့ ပျော်နေပုံကိုလေ....
ဘေးကကြည့်နေမယ်ဆိုရင်
အမှန်ပါပဲ ရူးတယ်ထင်...
ပွဲတိုင်းလည်း အောင်မြင်လာတယ်...
ဆက်ကြားရတော့ အလွန်ဂုဏ်ယူတယ်....
တရားသောစစ် အောင်မြင်နေတာ...
ထာဝစဥ်ပဲ ဖြစ်နေမှာ....
နားရက်မို့ သူပြန်လာပြီ....
တို့ကြားလိုက်တော့ ပျော်ရွှင်တူဆုံမှာ....
ဘာမှလည်း ဟန်မဆောင်နိုင်...
ကြိုဆိုရင်းသိပ်ပျော်တာ....
...............................................
Note >>>
Double Update ပါ
ရှေ့တန်းပြန်ဝင်ပါပြီ
ဗိုလ်ကြီးနဲ့စွာတေးလည်း ဆုံပါပြီ
ဗိုလ်ကြီးလင်းဖန် ချင်းလီနဲ့ နိုနိုတို့ ပိစိကွေးတို မိသားစုလေးလည်း ဆုံတော့မှာပါ
စစ်မြေပြင်ကို ပထမဆုံး ခြေချသူဟာ ငါဖြစ်သလို စစ်မြေပြင်က နောက်ဆုံးထွက်ခွာသူဟာလည်း ငါပဲ ဖြစ်လိမ့်မယ်*** ဆိုတာ We were soldiers စစ်ကားထဲက စကားလေးပါ
အရမ်းသဘောကျလို့ ထည့်သုံးထားပါတယ်
စစ်မြေပြင် အခြေအနေ အချက်အလက်တွေ ချို့ယွင်းခဲ့ရင် စာရေးသူရဲ့ အားနည်းချက်ပါ
စခန်းသိမ်းတိုက်ပွဲ သီချင်းလေးက ကိုကိုမောင်ရဲ့ အသက်ထက်မြတ်တဲ့ဂုဏ် ပါ
ရှေ့တန်းကြိုချိန် သီချင်းလေးက အန်တီ အယ်လ်ခွန်းရီ ဆိုခဲ့ပြီး ညီမလေး ပြုံးထက်သာ ပြန်ဆိုထားတဲ့ ဂုဏ်ယူအလွမ်းပါ
Love U All ♥
#NwayOo
3.12.2020 (07:00) PM
~~~~~~~~~~~~~~~~~~
Part (38) Z
ေသြးတိုးစမ္းေနေသာ ရန္သူက တစ္စထက္တစ္စ ရဲတင္းလာခဲ့ၿပီ။
နယ္စပ္လိုင္းေပၚျဖစ္၍ လက္လြတ္စပယ္ မထိသည္ကို အခြင့္ေကာင္းယူေနခဲ့သည္မွာ ညီေနာင္တပ္ရင္းေတြႏွင့္ ထိေတြ႕မႈေတြ စိပ္လာခဲ့ၿပီ။
ေရွာင္းက်န္႔တို႔တပ္သာ အမာခံ ခံစစ္စခန္း ျဖစ္ေနသည့္အျပင္ ဗိုလ္မႉးရိက်ိဳးေရာ ဟိုက္ခြမ္းႏွင့္သူပါ အထက္လမ္းၫႊန္မႈအျပင္ ျဖစ္လာႏိုင္တာေတြပါ ထည့္ထြက္ၿပီး ဗ်ဴဟာေျပာင္းေနသျဖင့္ ထိပ္တိုက္ေတြ႕တာ နည္းေနေသးတာ။
မေန႔ကေတာ့ အနီးဆုံး စခန္းနားထိ ႀကိဳၾကား စလာၿပီမို႔ အခ်ိန္ႏွင့္တစ္ေျပးညီ သတိထားေနရသည္။
တိုက္ပြဲေပ်ာ္ျဖစ္၍လားမသိ။ ျပန္ထစငွက္ဖ်ားလည္း က်ည္သံၾကားတာႏွင့္ ငုပ္သြားၿပီ။
မတ္ခြက္ထဲက လက္ဖက္ရည္ကို ေမာ့ေနတုန္း ေျခဖ်ားကို ပြတ္သပ္ေနသည့္ လုံးလုံး။
အစားအေသာက္ေကာင္းကာ ခ်စ္စရာေကာင္းစြာ လုံးတစ္ေနတာမို႔ ေရွာင္းက်န္႔ နာမည္ေပးထားတာ။
ဘီစကစ္ခ်ေကြၽးၿပီး ေျမပုံျဖန္႔ကာရန္သူအေျခအေနကို ဆက္စနည္းနာရသည္။
"အေတာ္နီးလာတာကြ...ခ်န္းမင္ေတာင္ ေျခေထာက္ထိထားတယ္...sniper ထက္ ၿခဳံခိုပဲ လာေတာ့တာ..."
"သမိုင္းကို စစ္ႏိုင္သူေတြပဲ ေရးတာတဲ့...သမိုင္းမေရးႏိုင္ရင္ေတာင္ သမိုင္းမ႐ိုင္းဖို႔ လုပ္ရမယ္..."
"Fighter ေရွာင္းက်န္႔ကြ..."
ဟိုက္ခြမ္းလက္ေမာင္းကို ပိတ္ထိုးလိုက္ရင္း ပစၥတိုကို က်ည္စစ္ၿပီး ႐ိုင္ဖယ္ကိုပါ က်ည္ျဖည့္လိုက္သည္။
စစ္ေအာင္ရျခင္း အေၾကာင္းတရားမွာ အမိန္႔နာခံတတ္မႈအျပင္ စနစ္တက်ႏွင့္ ႀကိဳတင္ျပင္ဆင္ထားျခင္းလည္း ပါဝင္သည္မဟုတ္လား။
ၫႊန္ၾကားခ်က္လည္း ရထားၿပီမို႔ တပ္ေတြ အခ်ိတ္အဆက္မိမိႏွင့္ အသင့္ျဖစ္ေနၾကၿပီ။
ေရွ႕ႏွစ္လွမ္းတိုးဖို႔ ေနာက္တစ္လွမ္းဆုတ္ေပးထားသည္ကို အပိုင္ထြက္ထားသည့္ ရန္သူဘက္က စစ္ျမဴးေနဟန္။
စစ္ျမဴး႐ုံမက စစ္ပန္းဖို႔အထိ က်ဳံးသြင္းမည္ကိုေတာ့ ေမ့ေလ်ာ့ေနဟန္ တူသည္။
"စစ္ေျမျပင္ကို ပထမဆုံး ေျခခ်သူဟာ ငါျဖစ္သလို စစ္ေျမျပင္က ေနာက္ဆုံးထြက္ခြာသူဟာလည္း ငါပဲ ျဖစ္လိမ့္မယ္***...အမိန္႔နဲ႔ၫႊန္ၾကားခ်က္ကို ေလးစားလိုက္နာၿပီး ႏိုင္ငံနဲ႔လူမ်ိဳးအေပၚ သစၥာေစာင့္သိမႈကို ျပၾကရမယ္....မင္းတို႔ တိုက္ရဲလား...."
"တိုက္ရဲတယ္...."
"ေသရဲလား...."
"ေသရဲတယ္...."
"တပ္မေတာ္ ေအာင္ရမည္......."
ဗိုလ္မႉး ဝမ္ရိက်ိဳးရဲ႕ စစ္ထြက္မိန္႔ခြန္းအၿပီး သံၿပိဳင္ေျဖသံ၊ ႀကဳံးဝါးသံတို႔က အားတက္ဖြယ္ပင္။
အခ်ိန္ေတြအိုမင္းကာ နာရီလက္တံက တေ႐ြ႕ေ႐ြ႕ေစာင္းစျပဳၿပီ။
ရန္သူ႔စခန္းတစ္ဝိုက္ ေနရာယူထားၾကေသာ တပ္ဖြဲ႕မ်ားလည္း ဆက္သြယ္မိၾကၿပီ။
စစ္သုံးနာရီေလးကို တစ္ခ်က္ငုံ႔ၾကည့္ၿပီး ေခါင္းဆတ္အျပ ဗိုလ္မႉး ဝမ္ရိက်ိဳး၏ အသံဝါႀကီး။
"တက္..........."
လက္နက္ႀကီးအဖြဲ႕က ပစ္ကူေပးေနကာ ရန္သူ႔စခန္းရွိရာ ေတာင္ကုန္းထက္မွာ မီးခိုးလုံးႀကီးက ဝုန္းခနဲတက္လာသည္။
ပ်ားပန္းခတ္ေနသည့္ ရန္သူမ်ားက ႐ုတ္တရက္ အငိုက္မိသြားတာေၾကာင့္ မီးၫြန္႔ေတြၾကားမွာ ဝ႐ုန္းသုန္းကား ျဖစ္ေနတာ မွန္ေျပာင္းျမင္ကြင္းထဲမွာ အထင္းသား။
အမာခံစခန္းႀကီးမို႔ ေလွ်ာ့တြက္၍ေတာ့မရ။ ပစ္ကူေပးေနတုန္း အေသခံ တိုးထြက္လာသည္မ်ားကို ပစ္ရွင္း ရွင္းရေသးသည္။
"ေဟာက္႐ႊမ္း....အတင္းမတက္နဲ႔...အေျခအေနၾကည့္...."
က်ည္အိမ္လဲၿပီး ေတာက္ေလွ်ာက္ ပစ္ေနတုန္း ထရပ္ပစ္ေနသည့္ ေဟာက္႐ႊမ္းကို သတိေပးရင္း ဟိုက္ခြမ္းဘက္ကို လွမ္းၾကည့္ေတာ့ အေျခအေန မဆိုး။
"အား....ဗိုလ္ႀကီး....ကြၽန္ေတာ္....ကြၽန္ေတာ္ ထိသြားၿပီ..."
သက္ျပင္းခ်မဆုံးခင္ ျပားေနေအာင္ ဝပ္ခ်ရင္း ႏွာေခါင္းထယ္ထိုးေနသည့္ ေက်ာက္လုံ။
ဂလည္အူေၾကာင္မို႔ အေဝးမခိုင္းပဲ အနားထားတာေၾကာင့္ တစ္ခ်က္မွမပစ္ရေသးတာ သိေနေသာ ေရွာင္းက်န္႔ မ်က္ေမွာင္ တြန္႔ခနဲ။
"ဘယ္နားထိတာလဲ...ထစမ္း ေဟ့ေကာင္...."
"ေပါင္...ေပါင္မွာ....နာလိုက္တာ....ကြၽန္ေတာ့္ကို ထားခဲ့ပါေတာ့...ဗိုလ္ႀကီးရယ္....အင့္...."
မ်က္လုံးစုံမွိတ္ကာ ေအာ္ေနသည့္ ေပ်ာက္လုံကို သစ္ျမစ္အကြယ္ ဆြဲေခၚရင္း ၾကည့္မိေတာ့ ေဘာင္းဘီအိတ္ကပ္ထဲ ထည့္ထားသည့္ ခလုတ္ဓားေလးက ပြင့္ေနၿပီး ေသြးစတို႔က စြန္းထင္းလ်က္။ အရွိန္ႏွင့္ ဝပ္ခ်လိုက္စဥ္ ထိုးမိသြားတာ ျဖစ္ရမည္။
"ခလုတ္ဓား ပြင့္ေနတာ မေအေပးရဲ႕...drama လာခ်ိဳးေနေသးတယ္...ငါ့နားမွာေန...စြတ္မထနဲ႔...."
ထိုစဥ္ တပ္ခြဲႏွစ္ခြဲၾကား က်လာသည့္ လက္ပစ္ဗုံးေပၚ ခုန္အုပ္ပစ္လိုက္ေသာ က်န္းဟူ။ အားလုံး မွင္သက္ေနမိဆဲ နားအူမတတ္ ေပါက္ကြဲသံႀကီး။
"က်န္းဟူ....မင္းကြာ...."
အံတစ္ခ်က္ႀကိတ္ၿပီး တရစပ္ပစ္ရင္း ဝိုင္းပတ္ထားေသာတပ္ေတြ စုစည္းမိၿပီး စခန္းစည္း႐ိုးလည္း က်ိဳးသြားၿပီ။
က်ားထိုးတက္ေနသည့္ အဖြဲ႕ေတြေရွ႕ က်လာသည့္ ရန္သူ႔ ေျပာက္က်ားအိတ္ေလး။
႐ုတ္တရက္ ေၾကာင္ေနမိၾကဆဲ အိတ္ကိုခ်ီေျပးသြားေသာ လုံးလုံး။
ေျမာင္းရွည္ႀကီးထဲက ေပါက္ကြဲသံေၾကာင့္ ရင္ထဲက်ဥ္တက္ကာ တက္ပစ္ ပစ္ရင္း စခန္းကုန္းထိပ္မွာ အလံစိုက္မိၿပီ။
က်ားထိုးသံေအာက္မွာ အမာခံ ရန္သူ႔စခန္းတစ္ခုလုံး သိမ္းပိုက္မိခဲ့ၿပီ။
မ်က္ဝန္းေထာင့္မွ မ်က္ရည္တစ္စက္ႏွင့္အတူ နဖူးဆီ ထိကပ္သြားသည့္ လက္တစ္ဖက္။
အဖြဲ႕သားအားလုံး ၿငိမ္သက္ေနသည့္ က်န္းဟူႏွင့္ တာဝန္ေက်သြားခဲ့ရွာေသာ ရဲေဘာ္ရဲဘက္တို႔ကို လက္တင္ အေလးျပဳလ်က္သား။
အျမင့္ျမတ္ဆုံးေသာ ဂုဏ္...
မိုးတိမ္ယံ မိုးတိမ္ယံမွာ...
ကမ္းလက္လွမ္းလို႔ မမီနိုင္ဘူး...
စြန့္လႊတ္ျခင္းမ်ားနဲ႕ ဒို႔တစ္ေတြ လက္လွမ္းလွမ္း၍ မီနိုင္ပါတယ္...ျမင့္ျမတ္ဂုဏ္....
သတၱိေသြးတို႔နီ...ဒို႔ဇာနည္...
ျပည့္ဇာနည္ေတြ...
ရဲဝံျခင္းမ်ားကို ယွဥ္မလား....
ၿငိမ္းခ်မ္းေရးအတြက္ဆို...
ဒို႔ေတြ အသက္ေသြး စေတးမယ့္...
နိုင္ငံေတာ္ကို ၿငိမ္းခ်မ္းေစ....
စြန့္ၿပီးသား...ဒို႔ရဲ႕ႏွလုံးသားစကား...
ခိုင္မာမယိုင္လဲ ေက်ာက္ဆစ္မ်ား...
လူသား....ရာဇဝင္ေသြးမ်ား စြန္းထင္းခဲ့လို႔
ဒို႔ဘိုးဘြားမ်ား ေပးတဲ့အေမြ...
ရဲဝံျခင္းေၾကာင့္ရယ္ မရႈံးနိုင္သူ...
ဒို႔ေအာင္ျမင္မယ္...
သတၱိေသြးသမိုင္းကို ေရးမယ္...
အသက္ထက္ျမတ္တဲ့ဂုဏ္...
ဘာကိုေမွ်ာ္မွန္း မွန္း႐ြယ္....
ပိုင္ဆိုင္နိုင္ၿပီ ျမင့္ျမတ္ဂုဏ္...
ႏွလုံးသား....လွေသာ ေမႊးေသာ
ပန္းမ်ား ဖူးပြင့္...
ဒို႔ဘိုးဘြားမ်ား ေပးတဲ့အေမြ...
သတၱိေသြးတို႔နီ...ဒို႔ဇာနည္
ျပည့္ဇာနည္ေတြ...
ရဲဝံျခင္းမ်ားဂုဏ္ ယွဥ္မလား....
ၿငိမ္းခ်မ္းေရးအတြက္ဆို
ရင္ဆိုင္ အသက္ေပး စေတးမယ့္...
ေအာင္နိုင္သူေတြ ရဲဝံ့...
ေအာင္နိုင္သူေတြ ရဲဝံ့ၿပီေနာ္...
တလူလူလြင့္ေနသည့္ ႏိုင္ငံေတာ္ အလံကို ေမာ့ေငးဆဲ ဖုန္ေတြတစ္လုံးလုံးၾကားကေန ေျပးလာေနေသာ လုံးလုံးေၾကာင့္ ဝမ္းနည္းဝမ္းသာ ခံစားမႈျဖင့္ ေထြးဖက္ထားမိေတာ့သည္။
..........................................
"ဒါဆို ဗိုလ္ႀကီးလည္း စိတ္ခ်ရၿပီ...မမခ်င္းလီလည္း ျပန္လာေတာ့မွာေပါ့ေနာ္ ေမႀကီး.."
"ေဆး႐ုံတစ္လေလာက္ ဆက္တက္ရမယ္တဲ့...ခ်င္းခ်င္းလည္း ကေလးေလးနဲ႔ဆိုေတာ့...တစ္ခါတည္း နားခိုင္းထားတာ...ႏိုႏိုက ႀကီးႀကီးတို႔နဲ႔ ေနဦးေနာ္..."
"ႏိုႏိုေတာ့ ပိစိေလး ထိန္းရေတာ့မွာ...ကိုကို႔ကို ဆိုးလို႔ မရေတာ့ဘူး...."
ေမႀကီးစကားအဆုံး ဆာမူ႐ိုင္းဆံပင္ေလး ခါေနေအာင္ ေခါင္းၿငိမ့္ျပေနသည့္ ႏိုႏိုေလးကို ပါးဆြဲလိမ္ေနဆဲ စကားေျပာရင္း ၿခံထဲဝင္လာသည့္ ေဖႀကီးႏွင့္ ေနာက္တန္းမႉး ဦးဦး။
"ဒီတစ္ေခါက္ ကိုယ္တို႔တပ္ရင္းကို အထက္က အေတာ္ေလး အသိအမွတ္ျပဳထားတယ္...စစ္ေျမျပင္ အဆင့္တိုးေတြလည္း ပါလာမွာမို႔ အာ႐ုံစိုက္ေပးပါဦး..."
"ဟုတ္ကဲ့ ခင္ဗ်...ကြၽန္ေတာ္ တပ္မနဲ႔ခ်ိတ္ၿပီး စီစဥ္ထားပါမယ္...ခြင့္ျပဳပါ ခင္ဗ်ာ...."
အိမ္ထဲဝင္လာသည့္ ေဖႀကီးက ႏိုႏို႔ကို ေကာက္ခ်ီကာ ေပါင္ေပၚတင္ထိုင္လိုက္ၿပီး....
"ေရွ႕တန္းအဖြဲ႕ေတြ ခန္႔မွန္းေျခ မနက္ျဖန္ညေနေလာက္ ဝင္မယ္ ေမ...ေမ့အဖြဲ႕ေတြနဲ႔ စီစဥ္စရာရွိတာ စီစဥ္ေပးပါ...လိုတာ ေမာင့္ကိုေျပာ...ေနာက္တန္းမႉးကိုလည္း ေျပာထားၿပီးသား....."
"စိတ္ခ်ပါ ေမာင္ရယ္...လုပ္ေနၾကပါ...."
အိမ္ခန္းထဲ ဝင္ေျပးလာရင္း ယုန္႐ုပ္ႀကီးကို တင္းတင္းဖက္ကာ တဒုတ္ဒတ္ ခုန္ေနေသာရင္ကို ဖိထားရသည္။
ကိုကို ျပန္လာေတာ့မယ္....
ကိုကိုနဲ႔ ျပန္ဆုံရေတာ့မယ္....
ရင္ခြင္က်ယ္ႀကီးထဲ တိုးဝင္ပစ္ရင္ ကိုကိုက အတင္းဖက္ထားမွာ....
အလြမ္းေျပဆိုၿပီး အနမ္းေတြေႁခြခ်တဲ့အခါ မရိတ္ျဖစ္တဲ့မုတ္ဆိတ္ေတြ စူးရင္ စစ္သားႀကီးကို အတင္းထုလို႔ ဆိုးခ်င္ေသးရဲ႕....
မ်က္လုံးေလးေတြ မွိတ္ကာ ၿပဳံးေနေသာ ဝမ္ဝမ္ေလးကေတာ့ ျပန္ေစ့သြားသည့္ တံခါးအကြယ္က နားလည္ေနသည့္ မ်က္ဝန္းတို႔ကိုျဖင့္ သတိမမူမိခဲ့ပါေခ်။
ေရွ႕တန္းျပန္ ေအာင္ပြဲရ တပ္မေတာ္သားမ်ားအား ႀကိဳဆိုပါ၏ ဟူေသာ မုခ္ဦးႀကီးက ခမ္းခမ္းနားနား ခံ့ခံညားညား။
တပ္ရင္းမႉးႏွင့္ အရာရွိမ်ား၊ မွီခိုသူ မိသားစုဝင္မ်ား၊ ၿမိဳ႕ခံလူထုမ်ားႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ စည္ကားသိုက္ၿမိဳက္ေနသည့္ ႀကိဳဆိုပြဲ။
ေက်ာင္းသူေလးမ်ားရဲ႕ ပန္းဖြားအကလွလွႏွင့္ ၾကည္စင္ေသာ အၿပဳံးေလးမ်ားက လိုက္ဖက္စြာ။
ၿမိဳ႕လူထုမွ လာပို႔ေပးထားသည့္ ပန္းကုံးမ်ားက ဝါးလုံးမ်ားႏွင့္ တန္ထိုးထားရသည္အထိ။
အစားအေသာက္မ်ားကလည္း အလွ်ံပယ္ျပင္ထားကာ တပ္ဂိတ္ လမ္းမႀကီးထက္ လည္တဆန္႔ဆန္႔ ေမွ်ာ္ေနၾကၿပီ။
မၾကာမီပင္ စစ္သီခ်င္းသံၿမိဳင္ၿမိဳင္ႏွင့္ ခ်ီတက္လာၾကေသာ စစ္ေၾကာင္းႀကီးကို ေတြ႕ရၿပီ။
ပန္းကုံးေတြစြပ္ကာ၊ ပန္းစည္းေတြကမ္းကာႏွင့္ အစားအေသာက္ေတြပါ ကမ္းေနတာေၾကာင့္ ျငင္းရခက္ေနသည့္ စစ္သည္မ်ား။
ေမႀကီးႏွင့္ အန္တီေတြ မမေတြက ပန္းကုံးေတြ စြပ္ေနၾကေပမယ့္ ဝမ္ဝမ္ေလးမွာေတာ့ စံပယ္ပန္းကုံးေလး ကိုင္ရင္း ကိုကို႔ကို ရွာေနမိတာ။
လူေတြရွဲသြားသည္ထိ ေမွ်ာ္သူကို မေတြ႕ရေတာ့ မ်က္ရည္က ဝဲခ်င္လာၿပီ။
မေတာ္တဆ...ဆိုတဲ့အေတြးက ႏွိပ္စက္ေနတာမို႔ ဂိတ္နားက အုတ္ခုံေလးမွာ ဒူးေပၚလက္ေထာက္ လက္ေပၚ မ်က္ႏွာေမွာက္ခ်ေနမိသည္။
"အု....ဝု....အု...."
ေျခသလုံးကို လာေဝွ႔ေနသည့္ ႏုႏုညံ့ညံ့ေလးႏွင့္ အသံတိုးတိုးေလးေၾကာင့္ မ်က္လုံးဖြင့္ၾကည့္မိေတာ့ ေခြးစုတ္ဖြားေလး။
ပန္းကုံးကို ပုခုံးေပၚတင္ကာ ေခြးေလးကို ေကာက္ခ်ီရင္း...
"ဘယ္ကေရာက္လာတာလဲ....."
"..........."
"မင္းလည္း ငါ့လို ထားခဲ့ခံရတာလား...."
"ဘယ္သူက ထားခဲ့မွာလဲ...ကိုယ့္ခ်စ္သူကို...."
ေဆြးေျမ့ရီေဝေနရာမွ ျမတ္ႏိုးယုယစြာ ေငးၾကည့္ေနေသာ ကိုကို။
ေျပာက္က်ားယူနီေဖာင္းေအာက္က အားကိုးရာ ရင္ခြင္က်ယ္ႀကီးႏွင့္ ညိဳညိဳစိုစို လူၾကမ္းႀကီး။
မရိတ္သင္ျဖစ္ေသာ မုတ္ဆိတ္တစ္ခ်ိဳ႕က ရင့္ေရာ္မေနပဲ ပိုမိုခန္႔ညားေနေစသည္။
"ကိုကို....."
ေရ႐ြတ္မိဆဲ လက္ႏွစ္ဖက္ကို ဆန္႔တန္းကာ ရင္ကိုဖြင့္ေပးေနသည္မို႔ ေခြးေလးကို အုတ္ခုံေပၚတင္ကာ ေျပးခုန္ဖက္ပစ္မိသည္။
ေျခအစုံက ကိုကို႔ခါးေတြကို ခ်ိတ္ရင္း လည္ပင္းဆီ သိုင္းဖက္မိေတာ့ နဖူးထက္ နမ္းရင္း ပန္းကုံးက ဘယ္သူ႔အတြက္လဲ ဟု က်ီစယ္လာေသာ ကိုကို။
စံပယ္ကုံးေလးကို လည္ပင္းမွာ စြပ္ေပးရင္း မ်က္ဝန္းတို႔ကိုအမွိတ္ ရွည္ၾကာေသာ အနမ္းတို႔က ညင္သာလႈိက္ေမာစြာ။
"ကိုကို႔....စူးတယ္....."
"ကိုယ့္ကိုမျမင္ပဲ လုံးလုံးကို အရင္ျမင္လို႔ အျပစ္ေပးတာ...."
"လုံးလုံး...ကိုကိုက အရင္မလာပဲ လႊတ္လိုက္ၿပီးေတာ့......."
"အား.....နာတယ္....."
ႏႈတ္ခမ္းစူေနသည့္ အဆိုးေလးက ရင္ဘတ္ကို ထုလာေတာ့ ေအာ္လိုက္တာ တကယ္ထင္ၿပီး မ်က္လုံးေလးျပဴးေနေတာ့တာ။
လက္သီးဆုပ္ေလးကို ဖြဖြကိုက္မွ ရင္ခြင္ကိုကပ္ရင္း လည္ပင္းမွာ ေခါင္းေလးေဝွ႔ေနေတာ့သည္။
အုတ္ခုံေလးေပၚက လုံးလုံးကေတာ့ နားမလည္ႏိုင္စြာ ေငးေနခဲ့ေလသည္။
ရက္ေစ့လို႔ ျပန္လာေနၿပီ....
တို႔ၾကားရေတာ့ ေပ်ာ္ေနပုံကိုေလ....
ေဘးကၾကည့္ေနမယ္ဆိုရင္ အမွန္ပါပဲ ႐ူးတယ္ထင္...
ပြဲတိုင္းလည္း ေအာင္ျမင္လာတယ္...
ဆက္ၾကားရေတာ့ အလြန္ဂုဏ္ယူတယ္....
တရားေသာစစ္ ေအာင္ျမင္ေနတာ... ထာဝစဥ္ပဲ ျဖစ္ေနမွာ...
ၿပဳံးပန္းျဖင့္ ဆီးႀကိဳရင္းနဲ႔ အခ်စ္ဆုံး သူ႔အတြက္...တကယ္ကိုပဲ ဝမ္းသာ....
အေနေဝးခဲ့ ဒီေန႔ရက္ေလးေတြ...
လက္ခ်ိဳးလို႔ ေရတြက္ေနမိေပ...
ဒီမွာ တမ္းတမ္းတတ လြမ္းေမာေစာင့္စားရင္း...
လူႀကဳံပါးမယ့္ သတင္းမ်ားကို အစဥ္နားစြင့္ရတာ....
အၿမဲပူပန္ရွာ...စစ္သားရဲ႕ ခ်စ္သူမွာ....
ရက္ေစ့လို႔ ျပန္လာေနၿပီ....
တို႔ၾကားရေတာ့ ေပ်ာ္ေနပုံကိုေလ....
ေဘးကၾကည့္ေနမယ္ဆိုရင္ အမွန္ပါပဲ ႐ူးတယ္ထင္...
ပြဲတိုင္းလည္း ေအာင္ျမင္လာတယ္...
ဆက္ၾကားရေတာ့ အလြန္ဂုဏ္ယူတယ္....
တရားေသာစစ္ ေအာင္ျမင္ေနတာ... ထာဝစဥ္ပဲ ျဖစ္ပါေစ...
ၿပဳံးပန္းျဖင့္ ဆီးႀကိဳရင္းနဲ႔ အခ်စ္ဆုံး သူ႔အတြက္...တကယ္ကိုပဲ ဝမ္းသာ....
ေရွ႕တန္းက စာေလးေတြ ေရာက္လာ...
ထပ္တလဲလဲ ျပန္ဖတ္ေနမိတာ....
တာဝန္ၾကားထဲ မအားပဲေရးတဲ့ သူတစ္ေယာက္ပါ...
အႏၲရာယ္ ကင္းေဝးေအာင္ ဆုေတာင္းရင္းနဲ႔ေလ...
က်န္းမာပါေစ တို႔ေတြးရင္း အလြမ္းေတြ ေဝ.....
ရက္ေစ့လို႔ ျပန္လာေနၿပီ....
တို႔ၾကားရေတာ့ ေပ်ာ္ေနပုံကိုေလ....
ေဘးကၾကည့္ေနမယ္ဆိုရင္ အမွန္ပါပဲ ႐ူးတယ္ထင္...
ပြဲတိုင္းလည္း ေအာင္ျမင္လာတယ္...
ဆက္ၾကားရေတာ့ အလြန္ဂုဏ္ယူတယ္....
တရားေသာစစ္ ေအာင္ျမင္ေနတာ...
ထာဝစဥ္ပဲ ျဖစ္ေနမွာ....
နားရက္မို႔ သူျပန္လာၿပီ....
တို႔ၾကားလိုက္ေတာ့ ေပ်ာ္႐ႊင္တူဆုံမွာ....
ဘာမွလည္း ဟန္မေဆာင္နိုင္...
ႀကိဳဆိုရင္းသိပ္ေပ်ာ္တာ....
...............................................
Note >>>
Double Update ပါ
ေရွ႕တန္းျပန္ဝင္ပါၿပီ
ဗိုလ္ႀကီးနဲ႔စြာေတးလည္း ဆုံပါၿပီ
ဗိုလ္ႀကီးလင္းဖန္ ခ်င္းလီနဲ႔ ႏိုႏိုတို႔ ပိစိေကြးတို မိသားစုေလးလည္း ဆုံေတာ့မွာပါ
စစ္ေျမျပင္ကို ပထမဆုံး ေျခခ်သဴဟာ ငါျဖစ္သလို စစ္ေျမျပင္က ေနာက္ဆုံးထြက္ခြာသူဟာလည္း ငါပဲ ျဖစ္လိမ့္မယ္*** ဆိုတာ We were soldiers စစ္ကားထဲက စကားေလးပါ
အရမ္းသေဘာက်လိဳ႕ ထည့္သုံးထားပါတယ္
စစ္ေျမျပင္ အေျခအေန အခ်က္အလက္ေတြ ခ်ိဳ႕ယြင္းခဲ့ရင္ စာေရးသူရဲ႕ အားနည္းခ်က္ပါ
စခန္းသိမ္းတိုက္ပြဲ သီခ်င္းေလးက ကိုကိုေမာင္ရဲ႕ အသက္ထက္ျမတ္တဲ့ဂုဏ္ ပါ
ေရွ႕တန္းႀကိဳခ်ိန္ သီခ်င္းေလးက အန္တီ အယ္လ္ခြန္းရီ ဆိုခဲ့ၿပီး ညီမေလး ၿပဳံးထက္သာ ျပန္ဆိုထားတဲ့ ဂုဏ္ယူအလြမ္းပါ
Love U All ♥
#NwayOo
3.12.2020 (07:00) PM