แ€žแ€แ€„แ€บ...๐Ÿ”ฅ[[ COMPLETED ]]โœ”

By Sanay_Moe_Swe

242K 16.2K 835

## ZSWW ## Fan fic --------Zhanyi team๐Ÿ”ž [[ Unicode + Zawgyi ]] Kid แ€žแ€ฌ แ€žแ€แ€„แ€บแ€†แ€ญแ€ฏ...แ€˜แ€แ€กแ€†แ€€แ€บแ€†แ€€แ€บ แ€’แ€ฎแ€€แ€ฑแ€ฌแ€„แ€บแ€€ แ€กแ€…แ€ฑแ€แ€ถแ€–แ€ผแ€…... More

Chapter (1)๐Ÿ”ž Uni
Chapter (2)๐Ÿ”ž
Chapter (3)
Chapter (4)๐Ÿ”ž
Chapter (5)
Chapter (6) ๐Ÿ”ž
Chapter (7)
Chapter (8) ๐Ÿ”ž
Chapter (9)
Chapter (10)
Chapter (11)
Chapter (13)
Chapter (14) ๐Ÿ”ž
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19) ๐Ÿ”ž
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)โ™ฅ๐Ÿ’š Ending
Chapter (1)๐Ÿ”ž Zawgyi
Chapter (2)๐Ÿ”žZawgyi
Chapter (3) Zawgyi
Chapter (4)๐Ÿ”žZawgyi
Chapter (5) Zawgyi
Chapter (6)๐Ÿ”ž Zawgyi
Chapter (7) Zawgyi
Chapter (8)๐Ÿ”ž Zawgyi
Chapter (9) Zawgyi
Chapter (10) Zawgyi
Chapter (11) Zawgyi
Chapter (12) Zawgyi
Chapter (13) Zawgyi
Chapter (14)๐Ÿ”žZawgyi
Chapter (15) Zawgyi
Chapter (16) Zawgyi
Chapter (17) Zawgyi
Chapter (18) ZAWGYI
Chapter (19)๐Ÿ”žZAWGYI
Chapter (20) Zawgyi
Chapter (21) Zawgyi
Chapter (22)Zawgyi
Chapter (23) Zawgyi
Chapter (24) Zawgyi
Chapter (25)โ™ฅ๐Ÿ’šZawgyi
Side Couple (Ray + Robot)๐Ÿพ๐Ÿธ

Chapter (12)

4.9K 450 19
By Sanay_Moe_Swe

သခင်🔥
_______

" မင်းတို့သခင်လေးရော..."

" လွင်ပြင်ဘက်မှာ သေနတ်ပစ်ကျင့်နေပါတယ်.."

"အခြေအနေတိုးတတ်မှု ရှိရဲ့လား? "

"ဒါက..ဟိုလေ..သခင်လေးထက် Light က ပိုပြီး တတ်မြောက်လွယ်ပါတယ်.."

"ဘာ..!! "

အသက်ငါးနှစ်အရွယ်မှာ Devil hell  Club ကိုLight ရောက်လာခဲ့သည်..။ အရမ်းကိုငယ်ရွယ်လွန်းသောသူဆို သောမက်ကဝယ်လေ့မရှိ..၊ အနည်းဆုံး အသက် ၁၀ နှစ်လောက်ရှိသင့်တာဖြစ်ပေမယ့်..

ထိုကောင်လေးကို Ray ကြောင့်လက်ခံလိုက်ရခြင်းပင်..။ မိမိသားငယ်ရဲ့မွေးနေ့ပွဲနေ့မှာ ဖြူဖျော့နေသော လူတစ်ယောက်နှင့် ကလေးတစ်ယောက်က Club အတွင်းသို့ဝင်ရောက်လာခဲ့တယ်..။ သာမန်နေ့တွေဆို နှင်ထုတ်မိမှာဖြစ်ပေမယ့် ဒီနေ့က Ray မွေးနေ့ဖြစ်နေတာကြောင့် မည်သူမဆို အဝအပြဲစားသောက်နိုင်တဲ့ ထုံးစံနှင့်အညီ..လူတွေအားလုံးဟာ ကိုယ့်အာရုံနဲ့ကိုယ်..

"သူဌေး ဒီကလေးကိုရောင်းချင်လို့ပါ.."

ထိုလူကြီးစကားအဆုံးမှာ.. တည်တည်တင်းတင်းမျက်နှာနဲ့ ထိုကောင်လေးက သူ့ကိုစူးရဲစွာကြည့်လာပြီး..

"ပါးး...သား ဒီနေရာမှာ မနေခဲ့ချင်ဘူး.."

သို့သော်ဖခင်က ပြောချင်တာကိုသာ ဆက်ပြောသည်..။

" ဘယ်လောက်ပဲရရပါ..သူဌေး.."

" ဒီကလေးကို ငါမဝယ်နိုင်ဘူး ဒီနေ့ငါ့သားမွေးနေ့မို့ စားစရာနဲ့ ငွေတစ်ချို့ကိုပေးလိုက်မယ်..ပြီးရင်ထွက်သွားကြတော့.."

"သူဌေး..."

ထိုအချိန် ကလေးတစ်ယောက်ရဲ့ရွှင်မြူးစွာရယ်သံနှင့်အတူ..

"Dad သူ့ကိုလိုချင်တယ်..Ray ကိုမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးပါလား?"

အဖြစ်အပျက်တို့က ထိုမှစခဲ့သည်..၊နောက်ပိုင်းသိလိုက်ရတာက ဖခင်ဖြစ်သူမှာ ကျောက်ကပ်ရောဂါကြောင့်လောကကြီးက မကြာခင် ထွက်ခွာသွားရတော့မည့်ဖြစ်ကာ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို ရောင်းစားလိုက်ခြင်းက မချစ်လို့မဟုတ်ပဲ..သင်းကွဲတစ်ကောင်တည်း ဖြစ်နေမယ့် ထိုကောင်လေးဘဝအတွက် အသိုက်အမြုံတစ်ခုရှာဖွေခဲ့ခြင်းပင်..။

ဘာလို့ ဒီလိုရှုပ်ပွေလီနေတဲ့အသိုက်အမြုံကို ထိုလူရွေးခဲ့လဲ သောမတ်မသိ..။ ဂျစ်တစ်တစ်ထိုကောင်လေးကို မိမိသားက နာမည်ပေးခဲ့သည်..Light ဟု..။

" မင်းသေနတ်ပစ်တာအရမ်းတော်တာပဲ Light "

" အပိုတွေပြောနေတယ်..ငါ့ကိုကျောပိုးစီးချင်လို့ ရှုံးအောင်လုပ်လိုက်တာမလား?"

"အင်း နိုင်တယ့်လူက ကျောပိုးရမှာထုံးစံပဲလေ အဟက် ဒီလွင်ပြင်ကနေ အိမ်ကိုရောက်တဲ့အထိနော်..Light.. ယောကျာ်းကတိ"

ငွေဖြူရောင်ဆံပင်များ လွင့်ပါသွားအောင် Ray က တဟက်ဟက်ရယ်ပြီးနောက် အလျင်အမြန်ပင် ရှောင်းကျန့်ကျောပြင်ပေါ် ခုန်တတ်လိုက်တယ်..။ ဘေးခပ်လှမ်းလှမ်းမှာ Bodyguard နှစ်ယောက်ကအဆင်သင့်ရှိနေတာမို့ ရှောင်းကျန့်အသံက သတိပေးသလိုနဲ့..

"Yeti..! မင်း..."

သို့ပေမဲ့ ဥပေက္ခာပြုခြင်းခံလိုက်ရကာ..လည်ပင်းကိုသိုင်းဖက်ရင်းမေးလာသည်က..

"ငါ့ကိုယ်လုံး က လေးလား Light "

" အဲ့လောက်ကြီးလဲမဟုတ်ပါဘူး.."

"မယုံပါဘူး မင်းလျှာထွက်နေပုံကို ဓာတ်ပုံရိုက်ထားဦးမှပါ လာရှေ့ကိုကြည့်..selfieဆွဲမယ်"

"မကြည့်ဘူးကွာ.."

တစ်ယောက်က ခေါင်းငုံ့တော့ တစ်ယောက်က ဂုတ်ကိုအတင်းဖျစ်ညှစ်ထားကာ..

"မကြည့်ရင်း..မင်းကိုငါနမ်းမှာနော်.."

"Yeti မလုပ်နဲ့..Ya...မင်း.."

"ချပ်..."

"Wow!!ပုံကအမိုက်စားပဲကြည့်စမ်း..Light "

ပုံလေးတစ်ပုံတွင် လှပသောအမှတ်တရများရှိခဲ့သည်..။ ၁၃ နှစ်အရွယ်ကောင်လေးနှစ်ယောက်ရဲ့ ကလူပုံအဆင့်ဆင့်ကို သောမက်မှာ အဝေးကြည့်မှန်ပြောင်းနဲ့ လိုက်ကြည့်နေမိသည်..။

Ray ရဲ့မျက်ဝန်းတို့က ဖတ်ကြည့်ပါလျှင် Light က Ray အတွက်အရေးပါနေမှန်း သူသိလိုက်ရတယ်..။ အစကတော့ Ray ပျော်ပါစေဆိုပြီး လွှတ်ထားခဲ့တာ..ခုတော့မိမိသားက မဟုတ်တယ့်နေရာမှာ အလွန်အကြူး ပျော်ဝင်နေသည်မဟုတ်လား?

နောက်ပိုင်းတွင် Ray  အပြစ်လုပ်တိုင်း Light က အရိုက်ခံရသည်..။ Ray လုပ်တယ့် ကလန့်ကဆန်အဖြစ်အပျက်မှန်သမျှကို Light က တာဝန်ယူရသည်..။ ထိုကိစ္စက သူနဲ့ Light ကြားက ပဋိပက္ခဖြစ်ပြီး တစ်သီးတစ်ခြားအပြစ်ရှာမှုပင်..။ ထိုကိစ္စကို Ray ကတော့ ဘာ့မှမသိ..။

"Daddy..Light ကိုလဲကျောင်းတတ်ခိုင်းလေ.."

"မလိုဘူး မင်းကသခင် သူကကျွန်..၊ ကျွန်တောင်ရိုးရိုးကျွန် မဟုတ်ဘူးနော် လိင်ကျွန်ဖြစ်လာမယ့်ကောင်.."

"ဒါပေမဲ့...Dad "

"အချိန်တန်ရင် သူက ဒီ Club ရဲ့အဓိကပျော်တော်ဆက်ဖြစ်လာမှာပဲ..၊ ဘာ့မှတွယ်တာနေစရာမလိုဘူး..၊ Light ဆိုတာ My son နဲ့အတူဆော့ဖို့ Dad ဝယ်ပေးထားတဲ့အရုပ်တစ်ရုပ်ဆိုတာ သဘောပေါက်ထား"

"Dad..."

"ထွက်သွားစမ်း Ray ဘာ့မှဆက်မပြောနဲ့တော့.."

အတိတ်တွေကိုပြန်တွေးရင်း လေပူတစ်ချက်သာမှုတ်ထုတ်လိုက်မိတယ်..။ ဂျပန် ကို ၈ နှစ်ကြာအောင်ထွက်သွားလဲ Ray တို့ကပုံစံပြောင်းမလာပေ..။ Light မှ Light ဖြစ်နေကာ ကိုယ့်ဘာသာသတ်သေဖို့အထိတောင် ကြိုးပမ်းခဲ့သည်မဟုတ်လား?

ဘာပဲဖြစ်ဖြစ် အရာအားလုံးအရှုံးပေးကာ Light ကိုပြန်ခေါ်ရန် စုံစမ်းလိုက်မှ ကံတရားက ကိုယ့်ဘက်တွင်ရှိနေသည်..။ ဝမ်ရီပေါ်ဆိုသော ကောင်လေးအပေါ် Light က တိမ်းညွှတ်နေသည်တဲ့..။

အချစ်ဆိပ်တတ်လာလျှင် လူတွေက ဘာမှမမြင်တတ်ကြ..။ Ray ရဲ့စိတ်ကိုအနည်းငယ် ဆွပေးပြီးတဲ့နောက်မှာ..ကိုယ်ကပွဲကြည့်ပရိသတ်လုပ်နေရုံသာ..။

သခင်အသစ်ကိုသတ်ပြီး အရုပ်ကလေးကိုပဲပြန်ယူမလား My son.

ဒါမှမဟုတ် သခင်အသစ်ကို ငြိတွယ်မိတယ့် အရုပ်ကလေးကိုပဲ တစ်စစီလုပ်ပစ်မလား?

ဘာပဲဖြစ်ဖြစ်..My son ကတော့ကျိန်းသေသန်မာလာမှာပါ..။

******





" သခင်လေး အပြင်မှာလူစိမ်းတစ်ယောက်ရောက်နေပါတယ်.."

ခြံစောင့်ကြီးရဲ့ စကားကို ရိပေါ်ကမျက်ကွယ်ပြုပြီး Game ကိုသာသဲကြီးမဲကြီးဆော့နေသည်..။

" လူကြီးတွေမရှိဘူးလို့ ပြောလိုက်လေဗျာ.."

"Kid ဘယ်သူလဲမသိဘဲနဲ့..ထွက်တွေ့လိုက်ပါလား? "

" အပိုတွေပြောမနေနဲ့ Game ထဲမှာအာရုံစိုက်ထား.."

ခြံစောင့်ဦးလေးကြီးမှာ မျက်နှာအပျက်ပျက်နှင့် စကားကိုဆက်လာသည်..။

" သခင်လေးသူငယ်ချင်းဖြစ်နေမလားလို့ပါ သူ့ပုံစံကနည်းနည်းထူးဆန်းပြီး အနောက်တိုင်းရုပ်ထွက်နေတာမို့လို့.."

" အဲ့တာဆို ပိုသေချာသွားပြီ ကျွန်တော့်မှာ ဘာသူငယ်ချင်းမှမရှိဘူး..နှင်ထုတ်လိုက်စမ်းပါဗျာ အိမ်မှားတာနေမှာ...Ya..ရှောင်းကျန့်စိတ်တွေဘယ်လွင့်နေတာလဲ? "

ရိပေါ်က Game ကိုအာရုံစိုက်နေသလောက် သူ့ဘေးက ရှောင်းကျန့်မှာ ရုတ်တရတ်ထရပ်လိုက်ပြီး ဇဝေဇဝါနဲ့မေးခွန်းထုတ်သည်..။

"ဟို​ေလ အဲ့ကောင်လေးရဲ့ ဆံပင်တွေကအဖြူရောင်လား ဦးလေး.."

"အာ...ဟုတ်တယ်..ဆံပင်ဖြူရုံတင်မကဘူး..အသားကလဲဖြူဆွတ်နေရောပဲ ဧကန္တမောင်ရင့်သူငယ်ချင်းလား? "

Yeti.....
စိတ်ရဲ့စေစားရာအတိုင်း ခြေထောက်တွေက ခြံထဲသို့ဦးတည်သည်..။ ရီပေါ်မှာလဲ ကြောင်အမ်းစွာနှင့် ထိုအဖြစ်အပျက်အားစိုက်ကြည့်နေမိကာ..နောက်ဆုံးတွေးလိုက်မိတာက..

အဖြူရောင်ဆံပင်နဲ့..ဖြူဆွတ်သောအသားအရေ..မဟုတ်မှလွဲရော..သူက ရှောင်းကျန့် အိပ်မက်ယောင်ယောင်ဖူးတဲ့ နှင်းလူဆိုတဲ့ တစ်ယောက်လား?

Yeti က မင်းနဲ့ဘယ်လိုပတ်သက်လဲ လို့ရှောင်းကျန့်အား သူမေးခဲ့ဖူးသည်..။
ကျွန် တော့် ကို ချစ် တဲ့ သူ ပါ တဲ့..။ရီပေါ် အသိဝင်လာချိန်မှာတော့ ထွက်ခွာသွားသူက ခြံဝကိုတောင်ရောက်နေပြီ..။ ဘာလို့ မင်းခြေတံတွေကအဲ့လောက် ရှည်ရတာလဲကွာ...။ ငါက မင်းရဲ့သခင်လေ ဘာလို့ခွင့်ပြုချက်မတောင်းပဲ ခုလိုအလောတကြီးထွက်သွားရတာလဲ?

ခြံတံခါးအပြင်မှာ ကျောခိုင်းရပ်နေသော ထိုလူရွယ်က အတည်ပြုစရာမလိုလောက်အောင်ပင် Yeti ဖြစ်နေခဲ့သည်..။ရှောင်းကျန့် ခေါင်းထဲနောက်ကျိလာပြီး ခြေထောက်တွေပါ ထုံထိုင်းလာသည်..။ Yeti က သောမတ်ကိုကလန်ကဆန်လုပ်ပြီး ပေကျင်းကိုလိုက်လာခဲ့တာလား? ဒါမှမဟုတ်..ဘာအတွက်လဲ..?

တစ်ကျစ်ကျစ်မြည်သံပေး၍ ပွင့်ဟလာသော တံခါးသံကြောင့် ထိုလူသားက သူ့ဘက်ကိုချာကနဲလှည့်လာကာ ထုံးစံအတိုင်း လှိုက်လှဲစွာရယ်ပြလာပြီး...

"Light..ငါမင်းကိုရှာတွေ့ပြီ.."

2 မီတာအကွာလောက်မှာရပ်နေသော သူ့ဆီကိုအပြေးတစ်ပိုင်း လျှောက်လာပြီး..ပါးတစ်ဖက်ကိုဖွဖွ လိမ်ဆွဲလာသည်အထိ ရှောင်းကျန့်မှာ ငိုင်နေဆဲ..

"ပိန်သွားလိုက်တာကွာ..."

ထို့နောက် ပူးကပ်သွားသောခန္ဓာကိုယ်နှစ်ခုက လျပ်တပြတ်ဆန်ကာ..တင်းကျပ်စွာပွေ့ဖက်မှုတို့ကလဲ အရိုးပင် ကြေလုမတတ်..။

"Light ငါ မင်းကိုလွမ်းနေတာ..ငါလေ မင်းကို.."

ပြီးဆုံးအောင်မပြောလိုက်ရ..။ ကြားဖြတ်ဝင်လာသော အသံတစ်ခုက မာန်အပြည့်နှင့် ခက်ထန်စွာပင်..

" ရှောင်းကျန့် မင်းရဲ့ ဧည့်သည်ကို အိမ်ထဲမခေါ်တော့ဘူးလား? "

"Kid! "

လှည့်ကြည့်ချင်သော်လည်း Ray ကသူ့ကိုချုပ်ဖက်ထားပြီး တိုးသဲ့စွာပြောလာသည်..။

"ငါ့လက်မှာ ဒဏ်ရာရထားတယ် မရုန်းနဲ့ နာတယ်.."

သို့ပေမဲ့ ရှောင်းကျန့်မှာ အနည်းငယ်ရုန်းကန်လိုက်ပြီး..

"Yeti...မင်း.."

"ဆက်ပြီးရုန်းနေရင် ငါနမ်းလိုက်မှာနော်..ဝမ်ရိပေါ့် ရှေ့မှာနမ်းစေချင်တာလား? "

ထိုစကားသံများကို ရိပေါ်မကြားစရာအကြောင်းမရှိ..။ ကြည်ပြာရောင် မျက်ဝန်းများက မိမိကိုစူးစိုက်ကြည့်လာသလို..အပြုံးတုတစ်ခုက ရုပ်ရည်နဲ့မလိုက်စွာပင် ထိုလူသားနှုတ်ခမ်းပါး၌ ချိတ်ဆွဲထားသည်..။ ကိုယ့်ကိုသနားတယ်လို့ လှောင်ပြောင်နေသော ခံစားချက်မျိုးက စိတ်ထဲအလုံးအရင်းနှင့်...။

ဒီအချိန် ရိပေါ်ပြောနိုင်တာတစ်ခုသာ ရှိတော့သည်..။ ရှောင်းကျန့် မင်းပေးထားတဲ့ကတိကိုမမေ့ပါနဲ့...။

______________________သခင်🔥

💚Wang Yibo- ငါ့ကိုထားသွားပြီးရင် ဘယ်တော့မှပြန်မလာခဲ့နဲ့..။ မင်းလိုညစ်ညမ်းတဲ့ကောင်ကို ယုံခဲ့မိတဲ့ငါကမှားတာ..

💜Ray (Yeti)- ဘာပဲဖြစ်ဖြစ်စောင့်နေပါ့မယ်လို့ ဘယ်သူပြောခဲ့တာလဲ? မင်း ကတိတွေက အပေါစားဆန်လိုက်တာ Light ရာ..

❤Xiao Zhan- * Wan-Smile

__________________________ သခင် 🔥

1755 Words (6.12.2020)7:45PM
Thanks you for Reading

#Sanaymoeswe🐉 (စနေမိုးဆွေ)📝






Continue Reading

You'll Also Like

66.5K 4K 36
โ— ZSWW โ—[ ZhanYi ] Xiao Zhan is Seme แ€กแ€แ€ปแ€…แ€บแ€™แ€พแ€ฌ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€•แ€ผแ€แ€ปแ€€แ€บ แ€™แ€›แ€พแ€ญแ€•แ€ซแ€˜แ€ฐแ€ธ..แ‹ Ownstory #Sanaymoeswe [ Second Acc แ€แ€ฝแ€„แ€บ แ€€แ€ฐแ€ธแ€šแ€ฐแ€›แ€ฑแ€ธแ€žแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ]
182K 2.7K 11
732K 63.4K 47
(Unicode +Zawgyi) โ™ฅFanfic แ€แ€…แ€บแ€แ€ฏแ€™แ€ปแ€พแ€žแ€ฌแŠ แ€™แ€Šแ€บแ€žแ€ฐแ€€แ€ญแ€ฏแ€™แ€พ แ€‘แ€ญแ€แ€ญแ€ฏแ€€แ€บแ€œแ€ญแ€ฏแ€…แ€ญแ€แ€บแ€™แ€›แ€พแ€ญโ™ฅ แ€œแ€ฝแ€ฒแ€™แ€พแ€ฌแ€ธแ€”แ€ฑแ€žแ€ฑแ€ฌ แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€”แ€พแ€„แ€บแ€ทแ€กแ€แ€ฐ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€แ€ญแ€ฏแ€ทแ€žแ€Šแ€บ.... Start: 20/8/2019 End: 2...
268K 22.9K 48
โ— ZhanYi โ— [[ ZSWW ]] Fan fic แ€€แ€—แ€ปแ€ฌแ€™แ€†แ€”แ€บแ€แ€šแ€บแ€ท แ€กแ€แ€ปแ€…แ€บแ€แ€ฑแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€…แ€บแ€•แ€ฏแ€’แ€บแ€€แ€ญแ€ฏ แ€€แ€ฌแ€›แ€”แ€บแ€™แ€Šแ€ฎแ€•แ€ฒ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€™แ€ญแ€แ€šแ€บ..แ‹ (Xiao Zhan) แ€œแ€ฑแ€”แ€พแ€„แ€บแ€›แ€ฌ แ€œแ€ฝแ€„แ€บแ€™แ€ปแ€ฑแ€ฌแ€แ€ฒแ€ท แ€แ€ญแ€™แ€บแ€แ€ญแ€ฏแ€€แ€บแ€„แ€šแ€บแ€แ€ฑแ€ฌ...