Part (32) U
စာမေးပွဲ ပြီးပြီ ဖြစ်၍ သားအမိနှစ်ယောက်လုံး တပ်ကို ပြန်ရတော့မည် ဖြစ်သည်။
ဝမ်ဝမ့်ကို ဖိုးဖိုးဆီမှာလည်း မထားခဲ့ချင်သော မေကြီးက တပ်ရင်းမှူးဇနီးပီပီ တပ်ရေးတပ်ရာကိစ္စတွေနှင့်မို့ ကြာကြာလည်း နေမပေးနိုင်။
ဖိုးဖိုးကတော့ မြေးလေးကို မခွဲချင်သော်ငြား ပြီးခဲ့သည့် အဖြစ်အပျက်တွေကြောင့် ဘာမှတော့ ဝင်မပြောချေ။
သမီးနှင့်သားမက် သဘောအတိုင်း မြေးကိစ္စကို လွှဲထားလိုက်ပြီ။
ကားဂိတ်မဆင်းခင် ကန်တော့ကြတော့ အသံတုန်တုန်နှင့် ဆုတွေတသီကြီးပေးကာ မြေးဖြစ်သူ ခေါင်းလေးကိုပုတ်ရင်း နှုတ်ဆက်ရှာသည်။ မျက်နှာကတော့ သိပ်မကောင်းပေ။
ဝမ်ဝမ်လည်း ကိုကိုနှင့်ခွဲပစ်တုန်းကသာ ဖိုးဖိုးကို စိတ်ခုမိပေမယ့် တကယ်တမ်း သွားရတော့မည်ဆိုတော့ ဝမ်းနည်းလာကာ ဖိုးဖိုးရင်ခွင်ထဲ တိုးဝင်ငိုမိတော့သည်။
"လိမ်မာနော် မြေးလေး...အိတ်ထဲမှာ မုန့်ဖိုးတွေ ထည့်ပေးထားတယ်...ကျောင်းပိတ်တုန်း အေးဆေး အနားယူခဲ့...ပြန်လာချင်ရင် ဖိုးဖိုးမအားလည်း အတွင်းရေးမှူးလီကို ပြောလိုက်နော်...စီစဥ်ပေးလိမ့်မယ်...."
"သား....တောင်းပန်ပါတယ်...ဖိုးဖိုး..."
"ဘာကိုတောင်းပန်ရမှာလဲ...ဘယ်တုန်းကမှ အပြစ်မယူခဲ့တာကို....ဒီအဖိုးမှာ မြေးလေးတစ်ယောက်တည်း ရှိတာ...ဘယ်သူမှ မမှားပါဘူး...မြေးရယ်...တိတ် တိတ်...မေလင်း...ကလေးကို သေချာဂရုစိုက်နော်..."
မျက်နှာလေး ဖောင်းအစ်နေကာ တောင်းပန်နေသော မြေးကို ချော့ရင်းက သမီးဖြစ်သူကို မှာတမ်းခြွေနေသော ချန်ဖိုးဖိုး။
"စိတ်ချပါ ဖေဖေရယ်...ဖေဖေလည်း ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဦးနော်...သမီးလည်း အနားမှာ အမြဲနေမပေးနိုင်သေးတော့ စိတ်ပူရုံကလွဲပြီး မတတ်နိုင်လို့...."
"Golf ရိုက်နေတုန်းပါ ငါ့သမီးရယ်...သားမက်ဝမ်နဲ့ အေးဆေးဆုံမှ ပညာဖလှယ်ရဦးမယ်..."
"ဖေဖေ နိုင်မှာ...ဖေဖေ့သားမက်က golf အိတ် အနားပေးထားရတာ ကြာပြီ... စစ်ဆင်ရေး ရှိနေတော့ ပိုဆိုးသေး...ရုံးမှာပဲ အနေများနေတာ...."
"တာဝန်အလေးထားတဲ့ သူကိုး... ကဲ...ကဲ...နောက်ကျနေမယ်...ပြင်ကြတော့..."
ခြံဝန်းကျယ်ကြီးထဲက ထွက်ခွာလာသော ကားလေးက အဝေးပြေးဂိတ်ဆီ တရိပ်ရိပ်ပြေးလျက်။
မြတ်နိုးယုံကြည်ရာ ချစ်ခြင်းကို တွေ့ဆုံခွင့်၊ ပိုင်ဆိုင်ခွင့် ရခဲ့လေသော ပေါင်းစည်းခွင့်မရခင် ခွဲခွာခဲ့ရလေသော နယ်မြေဆီ ရောက်ချေဦးတော့မည်။
ကားဆိုက်တော့ ထုံးစံအတိုင်း ဦးဦးရန်ရှင်းက စောင့်နေနှင့်သည်။
ကားနောက်ခန်းထဲ ကျောပိုးအိတ် ပစ်ထည့်ကာ လူပါ ခပ်လျောလျောထိုင်ရင်း မျက်ဝန်းများ မှေးမှိတ်ပြီး လိုက်လာမိသည်။
"တပ်မှာ ဘာထူးသေးလဲ ဆရာရန်ရှင်း..."
"ပုံမှန်ပါပဲ အမ...ဆယ်မျိုးဆယ်ဘောင်တွေတော့ ပိုးကျလို့ မနေ့က ဆေးဖြန်းရတယ်......"
"တပ်ရင်းမှူးရော အစားအသောက်မှန်ရဲ့လား...အစာအိမ် ပြန်ဖြစ်မစိုးလို့..."
"စစ်ဆင်ရေးရှိနေတော့ တပ်ရင်းမှူးက ရုံးမှာအနေများတယ် အမ...ပြန်မစားဖြစ်ရင် ကျွန်တော် လိုက်ပို့ပေးပါတယ်..."
"တော်သေးတာပေါ့...အမလည်း အဲ့ဒါကြောင့် သားငယ်လေး စာမေးပွဲပြီးတာနဲ့ တန်းပြန်လာတာ..."
စစ်ဆင်ရေး ဆိုတာကြောင့် ဆတ်ခနဲ ဖြစ်သွားဆဲ ရိပ်သာရှေ့က ဖြတ်နေတဲ့ ကားလေးကြောင့် လည်ပြန်ငေးကြည့်လာမိသည်။
ချစ်သူရဲ့ အငွေ့အသက်တို့ ခြုံလွှမ်းရာ၊ ချစ်သူရဲ့ ပုံရိပ်တို့ ကြီးစိုးရာ၊ ချစ်သူရဲ့ နားခိုရာ အရိပ်အမြုံလေးက နောက်ကြည့်မှန်မှာ ဝေး၍ဝေး၍ ကျန်ခဲ့ပြီ။
ညနေစောင်းမှ ရုံးကပြန်လာသော ဖေကြီးကို မျက်နှာချင်း မဆိုင်ရဲသဖြင့် ခြင်္သေ့ရုပ်နာရီလေးပိုက်ရင်း အခန်းအောင်းနေမိတာ။
တံခါးခေါက်သံကြောင့် ကုတင်မှာ ဒူးလေးပိုက်ထိုင်ရင်း မော့ကြည့်မိတော့ ကုတင်ဘေးက စာကြည့်စားပွဲမှာ ဝင်ထိုင်သည့် ဖေကြီး။
"သားငယ်...."
"..........."
"ကိုယ်ချင်းမစာဘူး...လုပ်ရက်လိုက်တာ လို့...ထင်နေမှာပဲ..."
"..........."
"သားဖိုးဖိုးက တစ်ဦးတည်းသော မြေးလေးမို့ အလိုလိုက်သလို ဖေကြီးလည်း တစ်ဦးတည်းသော သားလေးကို အလိုလိုက်ချင်တာပဲ...ဒါပေမယ့် လူကြီးတွေ မရှိတော့တဲ့အခါ လောကဓံကို နားမလည်ပဲ မျက်နှာငယ်နဲ့ ကျန်ခဲ့ရမှာမျိုး အဖြစ်မခံနိုင်ဘူး သား...ဘာမဆို ရင်ဆိုင်နိုင်ဖို့ လူသားဆန်တဲ့လူဖြစ်ဖို့ တတ်နိုင်သမျှ ပံ့ပိုးပြီး စွမ်းနိုင်သမျှ ကြပ်မတ်ရမှာပဲ...အဲ့ဒါက မိဘမေတ္တာလည်း ဖြစ်သလို အတ္တလည်း နည်းနည်းပါနေတာတော့ မငြင်းပါဘူး...."
"ဖေကြီး...."
"ရှောင်းကျန့်က အရည်အချင်းရှိတဲ့ ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်လေးပါ...ဥစ္စာဓန အရှိန်အဝါတွေ မရှိပေမယ့် ရိုးဂုဏ်ရှိတယ်... တစ်ခါခါ ကိုယ့်ကိုကိုယ် ပြန်မြင်သလိုတောင် ခံစားရမိတဲ့အထိ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားရုန်းကန်နေတဲ့သူ...."
"........."
"ထင်မထားမိလို့ အံ့သြရသလို အတင်းအကျပ်မလုပ်ချင်ပေမယ့် အခြေအနေတွေအရ ဖြစ်သင့်ဖြစ်ရာ စီစဥ်ခဲ့တာ...ရာထူးကလွဲပြီး ပိုင်ဆိုင်မှုမရှိတဲ့ စစ်သားတစ်ယောက်မို့ မဖြစ်နိုင်ဘူး လို့တော့ စစ်သားဖြစ်တဲ့ ဖေကြီးက ဘယ်လိုပြောရက်နိုင်မှာလဲ...."
"..........."
"ချစ်တဲ့သူကို ချစ်တတ်ဖို့လိုတယ်...တစ်ယောက်အတွက် တစ်ယောက်က အားဖြစ်ရတယ်..သူလည်း သူ့လမ်းနဲ့သူ ကြိုးစားလျှောက်နေတာမို့လို့...သားလည်း ကျောင်းအရင်ဆက်တက်ရမယ်...အချိန်တန်တဲ့ တစ်နေ့ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာမှာ သား ယုံထားရမယ်......"
"ဖေ....ဖေကြီး....အင့်...."
လည်ပင်းကနေ သိုင်းဖက်ကာ ကလေးငယ်လေးလို ငိုမိတော့ ဖေကြီးက ခေါင်းလေး ပုတ်ပေးရင်း နှစ်သိမ့်နေလေသည်။
သားအဖနှစ်ယောက်အတွက် အသီးပန်းကန် လာပို့သည့် မေလင်းမှာ စကားသံတို့ကြောင့် ဆက်မဝင်နိုင်သေး။
အခန်းရှေ့ အသာရပ်နေမိရင်းက တံခါးအသာပြန်စေ့ပြီး ထွက်လာမိပေမယ့် နှုတ်ခမ်းပါးထက်မှာတော့ အပြုံးတို့ ခိုတွဲလို့ရယ်။
................................................
ဆောင်းဝင်စ ဆိုသော်လည်း တောင်တွေပတ်လည်ဝိုင်းရံနေသော တောင်စွယ်တောင်တန်းပေါ်မှာမို့ ဆီးနှင်းပေါက်တို့က အင်ဖက်မိုးထားသည့် တဲအမိုးဆီ မိုးစက်များပမာ တစ်ဖြောက်ဖြောက် ကျဆင်းလို့နေသည်။
ရာသီဥတုက ကွေးနေချင်စရာ ကောင်းသော်လည်း ကျင့်သားရနေသော မျက်လုံးများက ငါးနာရီထိုးတာနှင့် ဘယ်လိုမှ ဆက်အိပ်မရတော့။
အိပ်ရာသိမ်း၊ မျက်နှာသစ်ပြီးတာနှင့် တစ်နေ့တာ လုပ်စရာတွေ စတင်ပြီ။
စစ်ဆွယ်တာပေါ် စောင်ကြားတစ်ထည်ပတ်ခြုံရင်း ခေါင်းစွပ်ကို နားရွက်လုံအောင် စွတ်ချပြီး တဲပြင်ထွက်လာတော့ ဟိုက်ခွမ်းနှင့် တပ်စုတစ်စုက လှည့်ကင်းထွက်ရမည်မို့ ဝတ်စုံပြည့်နှင့် အဆင်သင့် ဖြစ်နေချေပြီ။
"ဟိုဘက်နယ်စပ်စည်းနား ရောက်ရင် သတိထားနော်....သားကြီး..."
"အေးပါကွာ...ရှေ့ကဖြစ်စဥ်တွေလည်း ရှိတော့ အဲ့ဘက်ဆို လူကအလိုလို သတိအနေအထား ဖြစ်နေပါပြီ...ဒီဘက်က မောင်တွေကလည်း နယ်စပ်စည်းမှာ ခွထိုင်နေတော့ စိတ်ရှိတိုင်း လုပ်မရပြန်ဘူး...."
"ဒီဘက်မှာ သူတို့ဘက်က အမာခံတွေ ရှိနေတော့ ပေါ့ဆလို့တော့ မရဘူး...သိတဲ့အတိုင်း အရပ်ဝတ်လဲလိုက်ရင် အရပ်သား ဖြစ်သွားတာ....ရွာပုန်းတွေ ပုံအောနေတာ သက်သေပဲ...သတိတော့ ထားကွာ...."
စကားဝှက်ဖမ်းသူကဖမ်း၊ code ဖော်သူကဖော်နှင့် စခန်းရှေ့က ဝါးစားပွဲတွေမှာ နေရာယူကာ အလယ်မှာ သစ်ငုတ်တိုကြီးက မီးတငွေ့ငွေ့။
မီးဖိုဘေး ဒန်အိုးကြီးထဲမှာတော့ စစ်သားအကြိုက် အချိုခြောက်နှပ်ထားသည့် လက်ဖက်ရည်ချိုချိုတွေက ပူပူနွေးနွေး သောက်ချင့်စဖွယ်။
စကားတပြောပြောနှင့် နှစ်ယောက်သား မှာစရာ ပြောစရာ အနည်းအကျဥ်းပြီးတာနှင့် ဟိုက်ခွမ်းတို့အဖွဲ့က ထွက်သွားပြီ။
ဝါးစားပွဲလေးမှာ ဝင်ထိုင်မိတော့ တပည့်ကျော်တစ်ယောက်က ထမင်းကြော်ဝါဝါနှင့် အမဲခြောက်ကြော်ပန်းကန်လာချပေးသည်က ဝါးဆစ်ခွက်ထဲက လက်ဖက်ရည်ချိုနှင့် လိုက်ဖက်လွန်းလှသည်။
ညွှန်ကြားချက်တွေ စကားဝှက်ဖမ်းပြီး နာရီကြည့်တော့ မနက် ကိုးနာရီ။
နှင်းမကွဲသေးသော တောင်ပေါ်ဆောင်းက မြူခိုးတွေဝေ့ကာ ခိုက်ခိုက်တုန်ဆဲ။
စခန်းထောင့်က ချယ်ရီပင်အိုဆီမှာတော့ နုထွေးစိုလက်သည့် ပန်းနုသွေးရီ
တို့က ဖူးစတစ်ချို့ ငုံလှည့်တစ်ခါ ပွင့်လွှာတစ်လီနှင့် အစီအရီ။
နှင်းစက်တို့ ပက်ဖျန်းထားသည့်မို့ မြင်လေရာတိုင်းက ရွှန်းလက်စိမ်းညှို့ကာ
အလွမ်းဓါတ်ခံရှိသူများ အဖို့ လှိုက်မောဆွတ်ပျံ့ဖွယ်ပင်။
တစ်ချို့နေ့တွေဆိုလျှင် တစ်နေ့လုံး နေမမြင်ရပဲ အေးစိမ့်မှုံမှိုင်းကာ ဘယ်နေရာကြည့်ကြည့် မြူဇာပဝါ ကာဆီးထားသည့်နှယ်။
ဘယ်ဆီကိုမျှော်မှန်းပြီး လွမ်းရမှန်း...
နေရောင်မမြင်တဲ့ ရိပ်ကြီးတောတောင်ကြား....
ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား...
ကိုယ်ရယ်ပါ....ကိုယ်ရယ်ပါ....
သစ်ရွက်ခြောက်တွေ စုသိမ်းရင်း တံမြက်စည်းကို ဂစ်တာလိုပိုက်ကာ တီးဟန်နှင့် အကျအန ဆိုနေသည့် ကျောက်လုံကြောင့် အားလုံးမျက်ဝန်းများက လွမ်းရိပ်သမ်းသွားကြသည်။
အချိန်အခါ၊ အခြေအနေနှင့် လိုက်ဖက်လွန်းသည့် သီချင်းပေကိုး။
"ရာသီဥတုကလည်း လွမ်းစရာဗျာ...ဗိုလ်ကြီး အလွမ်းသီချင်းလေး တစ်ပုဒ်တော့ လုပ်သင့်ပြီ...."
ထင်းတုံးတွေ စီနေသည့် ကျန်းဟူကပါ သစ်ကိုင်းရှည်တစ်ခုကို မိုက်စတန်းလို ကောက်ကိုင်ကာ ဆိုနေသည်မို့ ရေနွေးအိုး မီးထိုးနေသည့် ဆရာကြီးက စားပွဲမှာ ဝင်ထိုင်ရင်း ပြောလာသည်။
"ဟုတ်တယ်ဗျို့...တောင်းဆိုပါတယ်..."
သေနတ်တိုက်နေသူ၊မီးလှုံနေသူတွေကပါ ဝိုင်းပြောလာတာကြောင့် လက်နှစ်ဖက်ကိုနွေးအောင် ပွတ်ရင်း ပြုံးမိကာ လက်ထဲက တူနှင့် ဝါးစားပွဲလေးကို တစ်ဒေါက်ဒေါက်ခေါက်ရင်း စည်းချက်လိုက်မိပြီ။
ဒီဆောင်းနှင်းမြူရယ်....ကိုယ်ချင်းမစာတယ်....
ချမ်းတယ်...ချမ်းတယ်...
မေးခိုက်ခိုက်တုန်အောင်....
စောင်နဲ့ခြုံတောင် မလုံဘူး...အချစ်ရယ်...
မင်းကိုယ်ငွေ့နဲ့ ထွေးပါမှ ကိုယ် နွေးမယ် ထင်တော့တယ်...ပိုနွေးနိုင်မယ်....
အချစ်ရယ်...အချစ်ရယ်....ပိုနွေးနိုင်မယ်...
ထွေးပွေ့မြတ်နိုးခဲ့ရသည့် ကိုယ်နွေးနွေးလေးကို မြင်ယောင်တမ်းတမိတော့ အချမ်းနှင့်အတူ အလွမ်းတို့က ပိုလာရသည်။
အိုဘယ့်...ပန်းချယ်ရီ နေရက်နိုင်တယ်...
လှတယ်...လှတယ်...ဆောင်းလရဲ့ သခင်ရယ်....
ပင်မြင့်မှာလေ ငုံဖူးပွင့်ချိန်...
ချစ်သူလေးနဲ့ ဝေးနေသူ ပိုလွမ်းအောင် ဖန်တော့တယ်...ပိုလွမ်းစေတယ်....
အချစ်ရယ်...အချစ်ရယ်....ပိုလွမ်းစေတယ်...
ပင်အိုထိပ်က စီရီနေသော ပန်းဖျော့သွေးမှာ ညွှတ်နူးခစားမိသော စိတ်တို့က ပန်းနုရောင် နှုတ်ခမ်းလွှာတို့မှာ မေ့မေ့မောမော။
ချမ်းတယ်...ချမ်းမယ်....
အသည်းခိုက်ခိုက်တုန်ပါစေ...
ဆွေးတယ်...ဆွေးမယ်...
အဝေးရောက် ချစ်သူရေ...
ခုချက်ချင်း မင်းရင်ငွေ့ လှုံရရင်လေ ရင် နွေးမယ်.....
မျှော်လင့်စိတ်ငယ်ရယ်...တောင်တန်းပြာထဲ....
လွင့်ပြယ်ပျောက်ကွယ်...သောကအတွေးနယ်ပယ်...
ဘယ်တော့ပြန်ဆုံနိုင်မလဲ အချစ်ရယ်...
ကိုယ့်ရင်ထဲအရောက် လျှောက်လာလှည့် ရင်ငွေ့ကို လိုလားတယ်....အရင်ကလိုပဲ....
ထွေးမယ်...နွေးမယ်...အရင်ကလိုပဲ...
အချစ်ရယ်...အချစ်ရယ်....ပိုနွေးနိုင်မယ်...
ချစ်တယ်...ချစ်မယ်...အရင်ကလိုပဲ....
အချစ်ရယ်...အချစ်ရယ်...ရင်ငွေ့လိုတယ်...
"Wow...Bravo...ဗိုလ်ကြီးရေ..."
တစ်ယောက်တစ်ပေါက် အားပေးနေသော အဖွဲ့ကို ပြုံးပြကာ ချယ်ရီပင်အိုဆီ လျှောက်လာရင်း ပင်ယံထက်ကို မော့ငေးနေမိတာ။
လွင့်ကျလာသော ပွင့်ဖတ်တို့ကို ဖမ်းယူရင်း
ပင်စည်ထက်မှာ ဓါးမြှောင်လေးဖြင့် တစ်စုံတစ်ရာကို ထွင်းထုနေခဲ့မိပြီ။
..........................................
Note >>>
စစ်မြေပြင်အကြောင်းတွေက ဖတ်ဖူးလေ့လာဖူးသမျှကို ဆီလျော်အောင် ရေးဖွဲ့တာမို့ တကယ့်လက်တွေ့နဲ့ ကွာခြားနိုင်ပါတယ်
မည်သူတစ်ဦးတစ်ယောက်ကိုမှ မည့်သည့်အဖွဲ့အစည်းကိုမှ မရည်ရွယ်ပဲ ဇာတ်လမ်းသဘောအရ ရေးခြင်းကို နားလည်ပေးမယ် ထင်ပါတယ်
သီချင်းကတော့ ဦးထီး (စိုင်းထီးဆိုင်) ရဲ့ ဆောင်း တဲ့
Video က You Tube မှာ ဒါလေးပဲ တွေ့လို့ ခဏထည့်ထားတာ
Link အသစ်ရရင် ပြန်ချိန်းမှာပါ
Love U All ♥
#NwayOo
27.11.2020 (01:20) PM
~~~~~~~~~~~~~~~~~~~~~
Part (32) Z
စာေမးပြဲ ၿပီးၿပီ ျဖစ္၍ သားအမိႏွစ္ေယာက္လုံး တပ္ကို ျပန္ရေတာ့မည္ ျဖစ္သည္။
ဝမ္ဝမ့္ကို ဖိုးဖိုးဆီမွာလည္း မထားခဲ့ခ်င္ေသာ ေမႀကီးက တပ္ရင္းမႉးဇနီးပီပီ တပ္ေရးတပ္ရာကိစၥေတြႏွင့္မို႔ ၾကာၾကာလည္း ေနမေပးႏိုင္။
ဖိုးဖိုးကေတာ့ ေျမးေလးကို မခြဲခ်င္ေသာ္ျငား ၿပီးခဲ့သည့္ အျဖစ္အပ်က္ေတြေၾကာင့္ ဘာမွေတာ့ ဝင္မေျပာေခ်။
သမီးႏွင့္သားမက္ သေဘာအတိုင္း ေျမးကိစၥကို လႊဲထားလိုက္ၿပီ။
ကားဂိတ္မဆင္းခင္ ကန္ေတာ့ၾကေတာ့ အသံတုန္တုန္ႏွင့္ ဆုေတြတသီႀကီးေပးကာ ေျမးျဖစ္သူ ေခါင္းေလးကိုပုတ္ရင္း ႏႈတ္ဆက္ရွာသည္။ မ်က္ႏွာကေတာ့ သိပ္မေကာင္းေပ။
ဝမ္ဝမ္လည္း ကိုကိုႏွင့္ခြဲပစ္တုန္းကသာ ဖိုးဖိုးကို စိတ္ခုမိေပမယ့္ တကယ္တမ္း သြားရေတာ့မည္ဆိုေတာ့ ဝမ္းနည္းလာကာ ဖိုးဖိုးရင္ခြင္ထဲ တိုးဝင္ငိုမိေတာ့သည္။
"လိမ္မာေနာ္ ေျမးေလး...အိတ္ထဲမွာ မုန္႔ဖိုးေတြ ထည့္ေပးထားတယ္...ေက်ာင္းပိတ္တုန္း ေအးေဆး အနားယူခဲ့...ျပန္လာခ်င္ရင္ ဖိုးဖိုးမအားလည္း အတြင္းေရးမႉးလီကို ေျပာလိုက္ေနာ္...စီစဥ္ေပးလိမ့္မယ္...."
"သား....ေတာင္းပန္ပါတယ္...ဖိုးဖိုး..."
"ဘာကိုေတာင္းပန္ရမွာလဲ...ဘယ္တုန္းကမွ အျပစ္မယူခဲ့တာကို....ဒီအဖိုးမွာ ေျမးေလးတစ္ေယာက္တည္း ရွိတာ...ဘယ္သူမွ မမွားပါဘူး...ေျမးရယ္...တိတ္ တိတ္...ေမလင္း...ကေလးကို ေသခ်ာဂ႐ုစိုက္ေနာ္..."
မ်က္ႏွာေလး ေဖာင္းအစ္ေနကာ ေတာင္းပန္ေနေသာ ေျမးကို ေခ်ာ့ရင္းက သမီးျဖစ္သူကို မွာတမ္းေႁခြေနေသာ ခ်န္ဖိုးဖိုး။
"စိတ္ခ်ပါ ေဖေဖရယ္...ေဖေဖလည္း ကိုယ့္က်န္းမာေရးကိုယ္ ဂ႐ုစိုက္ဦးေနာ္...သမီးလည္း အနားမွာ အၿမဲေနမေပးႏိုင္ေသးေတာ့ စိတ္ပူ႐ုံကလြဲၿပီး မတတ္ႏိုင္လို႔...."
"Golf ႐ိုက္ေနတုန္းပါ ငါ့သမီးရယ္...သားမက္ဝမ္နဲ႔ ေအးေဆးဆုံမွ ပညာဖလွယ္ရဦးမယ္..."
"ေဖေဖ ႏိုင္မွာ...ေဖေဖ့သားမက္က golf အိတ္ အနားေပးထားရတာ ၾကာၿပီ... စစ္ဆင္ေရး ရွိေနေတာ့ ပိုဆိုးေသး...႐ုံးမွာပဲ အေနမ်ားေနတာ...."
"တာဝန္အေလးထားတဲ့ သူကိုး... ကဲ...ကဲ...ေနာက္က်ေနမယ္...ျပင္ၾကေတာ့..."
ၿခံဝန္းက်ယ္ႀကီးထဲက ထြက္ခြာလာေသာ ကားေလးက အေဝးေျပးဂိတ္ဆီ တရိပ္ရိပ္ေျပးလ်က္။
ျမတ္ႏိုးယုံၾကည္ရာ ခ်စ္ျခင္းကို ေတြ႕ဆုံခြင့္၊ ပိုင္ဆိုင္ခြင့္ ရခဲ့ေလေသာ ေပါင္းစည္းခြင့္မရခင္ ခြဲခြာခဲ့ရေလေသာ နယ္ေျမဆီ ေရာက္ေခ်ဦးေတာ့မည္။
ကားဆိုက္ေတာ့ ထုံးစံအတိုင္း ဦးဦးရန္ရွင္းက ေစာင့္ေနႏွင့္သည္။
ကားေနာက္ခန္းထဲ ေက်ာပိုးအိတ္ ပစ္ထည့္ကာ လူပါ ခပ္ေလ်ာေလ်ာထိုင္ရင္း မ်က္ဝန္းမ်ား ေမွးမွိတ္ၿပီး လိုက္လာမိသည္။
"တပ္မွာ ဘာထူးေသးလဲ ဆရာရန္ရွင္း..."
"ပုံမွန္ပါပဲ အမ...ဆယ္မ်ိဳးဆယ္ေဘာင္ေတြေတာ့ ပိုးက်လို႔ မေန႔က ေဆးျဖန္းရတယ္......"
"တပ္ရင္းမႉးေရာ အစားအေသာက္မွန္ရဲ႕လား...အစာအိမ္ ျပန္ျဖစ္မစိုးလို႔..."
"စစ္ဆင္ေရးရွိေနေတာ့ တပ္ရင္းမႉးက ႐ုံးမွာအေနမ်ားတယ္ အမ...ျပန္မစားျဖစ္ရင္ ကြၽန္ေတာ္ လိုက္ပို႔ေပးပါတယ္..."
"ေတာ္ေသးတာေပါ့...အမလည္း အဲ့ဒါေၾကာင့္ သားငယ္ေလး စာေမးပြဲၿပီးတာနဲ႔ တန္းျပန္လာတာ..."
စစ္ဆင္ေရး ဆိုတာေၾကာင့္ ဆတ္ခနဲ ျဖစ္သြားဆဲ ရိပ္သာေရွ႕က ျဖတ္ေနတဲ့ ကားေလးေၾကာင့္ လည္ျပန္ေငးၾကည့္လာမိသည္။
ခ်စ္သူရဲ႕ အေငြ႕အသက္တို႔ ၿခဳံလႊမ္းရာ၊ ခ်စ္သူရဲ႕ ပုံရိပ္တို႔ ႀကီးစိုးရာ၊ ခ်စ္သူရဲ႕ နားခိုရာ အရိပ္အၿမဳံေလးက ေနာက္ၾကည့္မွန္မွာ ေဝး၍ေဝး၍ က်န္ခဲ့ၿပီ။
ညေနေစာင္းမွ ႐ုံးကျပန္လာေသာ ေဖႀကီးကို မ်က္ႏွာခ်င္း မဆိုင္ရဲသျဖင့္ ျခေသၤ့႐ုပ္နာရီေလးပိုက္ရင္း အခန္းေအာင္းေနမိတာ။
တံခါးေခါက္သံေၾကာင့္ ကုတင္မွာ ဒူးေလးပိုက္ထိုင္ရင္း ေမာ့ၾကည့္မိေတာ့ ကုတင္ေဘးက စာၾကည့္စားပြဲမွာ ဝင္ထိုင္သည့္ ေဖႀကီး။
"သားငယ္...."
"..........."
"ကိုယ္ခ်င္းမစာဘူး...လုပ္ရက္လိုက္တာ လို႔...ထင္ေနမွာပဲ..."
"..........."
"သားဖိုးဖိုးက တစ္ဦးတည္းေသာ ေျမးေလးမို႔ အလိုလိုက္သလို ေဖႀကီးလည္း တစ္ဦးတည္းေသာ သားေလးကို အလိုလိုက္ခ်င္တာပဲ...ဒါေပမယ့္ လူႀကီးေတြ မရွိေတာ့တဲ့အခါ ေလာကဓံကို နားမလည္ပဲ မ်က္ႏွာငယ္နဲ႔ က်န္ခဲ့ရမွာမ်ိဳး အျဖစ္မခံႏိုင္ဘူး သား...ဘာမဆို ရင္ဆိုင္ႏိုင္ဖို႔ လူသားဆန္တဲ့လူျဖစ္ဖို႔ တတ္ႏိုင္သမွ် ပံ့ပိုးၿပီး စြမ္းႏိုင္သမွ် ၾကပ္မတ္ရမွာပဲ...အဲ့ဒါက မိဘေမတၱာလည္း ျဖစ္သလို အတၱလည္း နည္းနည္းပါေနတာေတာ့ မျငင္းပါဘူး...."
"ေဖႀကီး...."
"ေရွာင္းက်န္႔က အရည္အခ်င္းရွိတဲ့ ေျဖာင့္မတ္တည္ၾကည္တဲ့ လူငယ္ေလးပါ...ဥစၥာဓန အရွိန္အဝါေတြ မရွိေပမယ့္ ႐ိုးဂုဏ္ရွိတယ္... တစ္ခါခါ ကိုယ့္ကိုကိုယ္ ျပန္ျမင္သလိုေတာင္ ခံစားရမိတဲ့အထိ ကိုယ္စြမ္းဉာဏ္စြမ္း ရွိသမွ် ႀကိဳးစား႐ုန္းကန္ေနတဲ့သူ...."
"........."
"ထင္မထားမိလို႔ အံ့ၾသရသလို အတင္းအက်ပ္မလုပ္ခ်င္ေပမယ့္ အေျခအေနေတြအရ ျဖစ္သင့္ျဖစ္ရာ စီစဥ္ခဲ့တာ...ရာထူးကလြဲၿပီး ပိုင္ဆိုင္မႈမရွိတဲ့ စစ္သားတစ္ေယာက္မို႔ မျဖစ္နိုင္ဘူး လို႔ေတာ့ စစ္သားျဖစ္တဲ့ ေဖႀကီးက ဘယ္လိုေျပာရက္နိုင္မွာလဲ...."
"..........."
"ခ်စ္တဲ့သူကို ခ်စ္တတ္ဖို႔လိုတယ္...တစ္ေယာက္အတြက္ တစ္ေယာက္က အားျဖစ္ရတယ္..သူလည္း သူ႔လမ္းနဲ႔သူ ႀကိဳးစားေလွ်ာက္ေနတာမို႔လို႔...သားလည္း ေက်ာင္းအရင္ဆက္တက္ရမယ္...အခ်ိန္တန္တဲ့ တစ္ေန႔ ရည္မွန္းခ်က္ေတြ အေကာင္အထည္ ေပၚလာမွာ သား ယုံထားရမယ္......"
"ေဖ....ေဖႀကီး....အင့္...."
လည္ပင္းကေန သိုင္းဖက္ကာ ကေလးငယ္ေလးလို ငိုမိေတာ့ ေဖႀကီးက ေခါင္းေလး ပုတ္ေပးရင္း ႏွစ္သိမ့္ေနေလသည္။
သားအဖႏွစ္ေယာက္အတြက္ အသီးပန္းကန္ လာပို႔သည့္ ေမလင္းမွာ စကားသံတို႔ေၾကာင့္ ဆက္မဝင္ႏိုင္ေသး။
အခန္းေရွ႕ အသာရပ္ေနမိရင္းက တံခါးအသာျပန္ေစ့ၿပီး ထြက္လာမိေပမယ့္ ႏႈတ္ခမ္းပါးထက္မွာေတာ့ အၿပဳံးတို႔ ခိုတြဲလို႔ရယ္။
................................................
ေဆာင္းဝင္စ ဆိုေသာ္လည္း ေတာင္ေတြပတ္လည္ဝိုင္းရံေနေသာ ေတာင္စြယ္ေတာင္တန္းေပၚမွာမို႔ ဆီးႏွင္းေပါက္တို႔က အင္ဖက္မိုးထားသည့္ တဲအမိုးဆီ မိုးစက္မ်ားပမာ တစ္ေျဖာက္ေျဖာက္ က်ဆင္းလို႔ေနသည္။
ရာသီဥတုက ေကြးေနခ်င္စရာ ေကာင္းေသာ္လည္း က်င့္သားရေနေသာ မ်က္လုံးမ်ားက ငါးနာရီထိုးတာႏွင့္ ဘယ္လိုမွ ဆက္အိပ္မရေတာ့။
အိပ္ရာသိမ္း၊ မ်က္ႏွာသစ္ၿပီးတာႏွင့္ တစ္ေန႔တာ လုပ္စရာေတြ စတင္ၿပီ။
စစ္ဆြယ္တာေပၚ ေစာင္ၾကားတစ္ထည္ပတ္ၿခဳံရင္း ေခါင္းစြပ္ကို နား႐ြက္လုံေအာင္ စြတ္ခ်ၿပီး တဲျပင္ထြက္လာေတာ့ ဟိုက္ခြမ္းႏွင့္ တပ္စုတစ္စုက လွည့္ကင္းထြက္ရမည္မို႔ ဝတ္စုံျပည့္ႏွင့္ အဆင္သင့္ ျဖစ္ေနေခ်ၿပီ။
"ဟိုဘက္နယ္စပ္စည္းနား ေရာက္ရင္ သတိထားေနာ္....သားႀကီး..."
"ေအးပါကြာ...ေရွ႕ကျဖစ္စဥ္ေတြလည္း ရွိေတာ့ အဲ့ဘက္ဆို လူကအလိုလို သတိအေနအထား ျဖစ္ေနပါၿပီ...ဒီဘက္က ေမာင္ေတြကလည္း နယ္စပ္စည္းမွာ ခြထိုင္ေနေတာ့ စိတ္ရွိတိုင္း လုပ္မရျပန္ဘူး...."
"ဒီဘက္မွာ သူတို႔ဘက္က အမာခံေတြ ရွိေနေတာ့ ေပါ့ဆလို႔ေတာ့ မရဘူး...သိတဲ့အတိုင္း အရပ္ဝတ္လဲလိုက္ရင္ အရပ္သား ျဖစ္သြားတာ....႐ြာပုန္းေတြ ပုံေအာေနတာ သက္ေသပဲ...သတိေတာ့ ထားကြာ...."
စကားဝွက္ဖမ္းသူကဖမ္း၊ code ေဖာ္သူကေဖာ္ႏွင့္ စခန္းေရွ႕က ဝါးစားပြဲေတြမွာ ေနရာယူကာ အလယ္မွာ သစ္ငုတ္တိုႀကီးက မီးတေငြ႕ေငြ႕။
မီးဖိုေဘး ဒန္အိုးႀကီးထဲမွာေတာ့ စစ္သားအႀကိဳက္ အခ်ိဳေျခာက္ႏွပ္ထားသည့္ လက္ဖက္ရည္ခ်ိဳခ်ိဳေတြက ပူပူေႏြးေႏြး ေသာက္ခ်င့္စဖြယ္။
စကားတေျပာေျပာႏွင့္ ႏွစ္ေယာက္သား မွာစရာ ေျပာစရာ အနည္းအက်ဥ္းၿပီးတာႏွင့္ ဟိုက္ခြမ္းတို႔အဖြဲ႕က ထြက္သြားၿပီ။
ဝါးစားပြဲေလးမွာ ဝင္ထိုင္မိေတာ့ တပည့္ေက်ာ္တစ္ေယာက္က ထမင္းေၾကာ္ဝါဝါႏွင့္ အမဲေျခာက္ေၾကာ္ပန္းကန္လာခ်ေပးသည္က ဝါးဆစ္ခြက္ထဲက လက္ဖက္ရည္ခ်ိဳႏွင့္ လိုက္ဖက္လြန္းလွသည္။
ၫႊန္ၾကားခ်က္ေတြ စကားဝွက္ဖမ္းၿပီး နာရီၾကည့္ေတာ့ မနက္ ကိုးနာရီ။
ႏွင္းမကြဲေသးေသာ ေတာင္ေပၚေဆာင္းက ျမဴခိုးေတြေဝ့ကာ ခိုက္ခိုက္တုန္ဆဲ။
စခန္းေထာင့္က ခ်ယ္ရီပင္အိုဆီမွာေတာ့ ႏုေထြးစိုလက္သည့္ ပန္းႏုေသြးရီ
တို႔က ဖူးစတစ္ခ်ိဳ႕ ငုံလွည့္တစ္ခါ ပြင့္လႊာတစ္လီႏွင့္ အစီအရီ။
ႏွင္းစက္တို႔ ပက္ဖ်န္းထားသည့္မို႔ ျမင္ေလရာတိုင္းက ႐ႊန္းလက္စိမ္းညႇိဳ႕ကာ
အလြမ္းဓါတ္ခံရွိသူမ်ား အဖို႔ လႈိက္ေမာဆြတ္ပ်ံ႕ဖြယ္ပင္။
တစ္ခ်ိဳ႕ေန႔ေတြဆိုလွ်င္ တစ္ေန႔လုံး ေနမျမင္ရပဲ ေအးစိမ့္မႈံမႈိင္းကာ ဘယ္ေနရာၾကည့္ၾကည့္ ျမဴဇာပဝါ ကာဆီးထားသည့္ႏွယ္။
ဘယ္ဆီကိုေမွ်ာ္မွန္းၿပီး လြမ္းရမွန္း...
ေနေရာင္မျမင္တဲ့ ရိပ္ႀကီးေတာေတာင္ၾကား....
ေပ်ာ္ရာမေမွ်ာ္သာတဲ့ မင္းခေယာက္်ား...
ကိုယ္ရယ္ပါ....ကိုယ္ရယ္ပါ....
သစ္႐ြက္ေျခာက္ေတြ စုသိမ္းရင္း တံျမက္စည္းကို ဂစ္တာလိုပိုက္ကာ တီးဟန္ႏွင့္ အက်အန ဆိုေနသည့္ ေက်ာက္လုံေၾကာင့္ အားလုံးမ်က္ဝန္းမ်ားက လြမ္းရိပ္သမ္းသြားၾကသည္။
အခ်ိန္အခါ၊ အေျခအေနႏွင့္ လိုက္ဖက္လြန္းသည့္ သီခ်င္းေပကိုး။
"ရာသီဥတုကလည္း လြမ္းစရာဗ်ာ...ဗိုလ္ႀကီး အလြမ္းသီခ်င္းေလး တစ္ပုဒ္ေတာ့ လုပ္သင့္ၿပီ...."
ထင္းတုံးေတြ စီေနသည့္ က်န္းဟူကပါ သစ္ကိုင္းရွည္တစ္ခုကို မိုက္စတန္းလို ေကာက္ကိုင္ကာ ဆိုေနသည္မို႔ ေရေႏြးအိုး မီးထိုးေနသည့္ ဆရာႀကီးက စားပြဲမွာ ဝင္ထိုင္ရင္း ေျပာလာသည္။
"ဟုတ္တယ္ဗ်ိဳ႕...ေတာင္းဆိုပါတယ္..."
ေသနတ္တိုက္ေနသူ၊မီးလႈံေနသူေတြကပါ ဝိုင္းေျပာလာတာေၾကာင့္ လက္ႏွစ္ဖက္ကိုေႏြးေအာင္ ပြတ္ရင္း ၿပဳံးမိကာ လက္ထဲက တူႏွင့္ ဝါးစားပြဲေလးကို တစ္ေဒါက္ေဒါက္ေခါက္ရင္း စည္းခ်က္လိုက္မိၿပီ။
ဒီေဆာင္းႏွင္းျမဴရယ္....ကိုယ္ခ်င္းမစာတယ္....
ခ်မ္းတယ္...ခ်မ္းတယ္...
ေမးခိုက္ခိုက္တုန္ေအာင္....
ေစာင္နဲ႔ၿခဳံေတာင္ မလုံဘူး...အခ်စ္ရယ္...
မင္းကိုယ္ေငြ႕နဲ႔ ေထြးပါမွ ကိုယ္ ေႏြးမယ္ ထင္ေတာ့တယ္...ပိုေႏြးႏိုင္မယ္....
အခ်စ္ရယ္...အခ်စ္ရယ္....ပိုေႏြးႏိုင္မယ္...
ေထြးေပြ႕ျမတ္ႏိုးခဲ့ရသည့္ ကိုယ္ေႏြးေႏြးေလးကို ျမင္ေယာင္တမ္းတမိေတာ့ အခ်မ္းႏွင့္အတူ အလြမ္းတို႔က ပိုလာရသည္။
အိုဘယ့္...ပန္းခ်ယ္ရီ ေနရက္ႏိုင္တယ္...
လွတယ္...လွတယ္...ေဆာင္းလရဲ႕ သခင္ရယ္....
ပင္ျမင့္မွာေလ ငုံဖူးပြင့္ခ်ိန္...
ခ်စ္သူေလးနဲ႔ ေဝးေနသူ ပိုလြမ္းေအာင္ ဖန္ေတာ့တယ္...ပိုလြမ္းေစတယ္....
အခ်စ္ရယ္...အခ်စ္ရယ္....ပိုလြမ္းေစတယ္...
ပင္အိုထိပ္က စီရီေနေသာ ပန္းေဖ်ာ့ေသြးမွာ ၫႊတ္ႏူးခစားမိေသာ စိတ္တို႔က ပန္းႏုေရာင္ ႏႈတ္ခမ္းလႊာတို႔မွာ ေမ့ေမ့ေမာေမာ။
ခ်မ္းတယ္...ခ်မ္းမယ္....
အသည္းခိုက္ခိုက္တုန္ပါေစ...
ေဆြးတယ္...ေဆြးမယ္...
အေဝးေရာက္ ခ်စ္သူေရ...
ခုခ်က္ခ်င္း မင္းရင္ေငြ႕ လႈံရရင္ေလ ရင္ ေႏြးမယ္.....
ေမွ်ာ္လင့္စိတ္ငယ္ရယ္...ေတာင္တန္းျပာထဲ....
လြင့္ျပယ္ေပ်ာက္ကြယ္...ေသာကအေတြးနယ္ပယ္...
ဘယ္ေတာ့ျပန္ဆုံႏိုင္မလဲ အခ်စ္ရယ္...
ကိုယ့္ရင္ထဲအေရာက္ ေလွ်ာက္လာလွည့္ ရင္ေငြ႕ကို လိုလားတယ္....အရင္ကလိုပဲ....
ေထြးမယ္...ေႏြးမယ္...အရင္ကလိုပဲ...
အခ်စ္ရယ္...အခ်စ္ရယ္....ပိုေႏြးႏိုင္မယ္...
ခ်စ္တယ္...ခ်စ္မယ္...အရင္ကလိုပဲ....
အခ်စ္ရယ္...အခ်စ္ရယ္...ရင္ေငြ႕လိုတယ္...
"Wow...Bravo...ဗိုလ္ႀကီးေရ..."
တစ္ေယာက္တစ္ေပါက္ အားေပးေနေသာ အဖြဲ႕ကို ၿပဳံးျပကာ ခ်ယ္ရီပင္အိုဆီ ေလွ်ာက္လာရင္း ပင္ယံထက္ကို ေမာ့ေငးေနမိတာ။
လြင့္က်လာေသာ ပြင့္ဖတ္တို႔ကို ဖမ္းယူရင္း ပင္စည္ထက္မွာ ဓါးျမႇောင္ေလးျဖင့္ တစ္စုံတစ္ရာကို ထြင္းထုေနခဲ့မိၿပီ။
..........................................
Note >>>
စစ္ေျမျပင္အေၾကာင္းေတြက ဖတ္ဖူးေလ့လာဖူးသမွ်ကို ဆီေလ်ာ္ေအာင္ ေရးဖြဲ႕တာမို႔ တကယ့္လက္ေတြ႕နဲ႔ ကြာျခားႏိုင္ပါတယ္
မည္သူတစ္ဦးတစ္ေယာက္ကိုမွ မည့္သည့္အဖြဲ႕အစည္းကိုမွ မရည္႐ြယ္ပဲ ဇာတ္လမ္းသေဘာအရ ေရးျခင္းကို နားလည္ေပးမယ္ ထင္ပါတယ္
သီခ်င္းကေတာ့ ဦးထီး (စိုင္းထီးဆိုင္) ရဲ႕ ေဆာင္း တဲ့
Video က You Tube မွာ ဒါေလးပဲ ေတြ႕လို႔ ခဏထည့္ထားတာ
Link အသစ္ရရင္ ျပန္ခ်ိန္းမွာပါ
Love U All ♥
#NwayOo
27.11.2020 (01:20) PM