❄~Blizzard~❄ (Completed)

By Yang_Ikehlian

2.8K 398 12

A story of Human & Fox spirit Namjoon x Yoongi More

Part - 1
Part - 3
Part - 4
Part - 5
Part - 6 (Final)

Part - 2

396 64 1
By Yang_Ikehlian

(Zawgyi)

ဘာလိုလိုနဲ႔ ေကာင္ေလးကြၽန္ေတာ့္အိမ္မွာေရာက္ေနတာ ၅ရက္ခန္႔ရိွေလၿပီ...။ ကြၽန္ေတာ္ကလဲ ျပန္ဖို႔မေျပာသလို သူကလဲျပန္မယ့္အရိပ္အေယာင္မရိွ...။

လူေတြနဲ႔ေဝးရာမွာေနခ်င္တာေၾကာင့္ ဒီအလုပ္ကိုေတာင္ ေရြးခ်ယ္လုပ္ကိုင္ခဲ့တဲ့ကြၽန္ေတာ့္အဖို႔ အႏီွေကာင္ေလးကိုေတာ့ ထူးထူးျခားျခားပင္ စိတ္႐ႈပ္စရာေကာင္းတယ္လို႔ ေတြးလို႔မရခဲ့ပါ...။

သူကကြၽန္ေတာ့္ေဘးမွာအၿမဲရိွေနတတ္တယ္...။ ကြၽန္ေတာ္လုပ္သမွ်ကိုလဲ ေနာက္ကေနလိုက္လုပ္တတ္တယ္...။ တခါတေလက်ေတာ့လဲ ေလာကႀကီးအေၾကာင္း ဘာမွမသိေသးတဲ့ ကေလးငယ္တစ္ေယာက္လို ကြၽန္ေတာ့္ကိုေမးခြန္းေတြ ထုတ္တတ္ေသးတယ္...။

ေကာင္ေလးကိုၾကည့္ရတာ အိမ္ေျပးေလးတစ္ေယာက္ ျဖစ္ပံုရပါတယ္...။ ၿပီးေတာ့ ဘာဆိုဘာမွပင္ပင္ပန္းပန္း မလုပ္ခဲ့ဖူးေသာ သူေဌးသားေလးတစ္ေယာက္လဲ ျဖစ္ေလာက္ပါရဲ႕...။ ဒါေပမယ့္ သူတကယ္ေတာ္ပါတယ္....။ သင္လြယ္တတ္လြယ္တာေၾကာင့္ ကြၽန္ေတာ္လုပ္သမွ် ေနာက္ကေနလိုက္လုပ္ရင္း ခပ္ျမန္ျမန္ပဲ တတ္သြားတာပါပဲ...။

ခုလဲညစာခ်က္ျပဳတ္ဖို႔အတြက္ ကြၽန္ေတာ္နဲ႔အတူတူ အသီးအႏွံေတြကို လီွးျဖတ္ေနတယ္....။ သူ႕ရဲ႕ခ်စ္စဖြယ္အျပဳအမူေလးေတြေၾကာင့္ ကြၽန္ေတာ္သေဘာတက်နဲ႔ ၿပံဳးေနမိတယ္....။ စဥ္းစားမိတယ္... တကယ္လို႔သူျပန္သြားရင္ ကြၽန္ေတာ္ပ်င္းၿပီးက်န္ခဲ့ေတာ့မွာပဲလို႔...။

ဒါေၾကာင့္ပဲ သူဘယ္ေတာ့ျပန္မလဲဆိုတာကို ကြၽန္ေတာ္မေမးမိ...။ ေတာ္ၾကာ သူ႕ကိုျပန္ေစခ်င္ေနတယ္လို႔ အထင္ေရာက္သြားမွာစိုးမိတယ္...။ ကြၽန္ေတာ့္စိ္တ္က အေဖာ္မမင္တတ္ေပမယ့္လဲ ဒီေကာင္ေလးကိုေတာ့ ထူးထူးကဲကဲ သံေယာဇဥ္တြယ္ေနမိတယ္... ။

"ဒီေန႔ညစာကို ကြၽန္ေတာ္ခ်က္ၾကည့္လို႔ရမလား အစ္ကို"

အာလူးႏႊာေနရင္းနဲ႔ သူလွမ္းေမးလာတာေၾကာင့္ ကြၽန္ေတာ္ၿပံဳးရင္းေခါင္းညိတ္ျပလိုက္တယ္...။ စူးစမ္းတတ္တဲ့အေကာင္ငယ္ေလးကေတာ့ ဟန္မေဆာင္ႏိုင္ေအာင္ပဲ ဝမ္းသာလို႔သြားတယ္...။

"အစ္ကို႔လက္ရာကိုမီွေစရမယ္ စိတ္ခ်... ဒီရက္ပိုင္းအတြင္း ကြၽန္ေတာ္အစ္ကို႔ဆီကေန ပညာယူထားတယ္ေလ... အဲဒါေၾကာင့္... အာ့...!!!"

ေျပာေနရင္းတဝက္တပ်က္နဲ႔ ညည္းညဴလိုက္တဲ့ေကာင္ေလးေၾကာင့္ ကြၽန္ေတာ္ဖ်တ္ခနဲ သူ႕ဆီအၾကည့္ေရာက္သြားတယ္...။ ဘုရားေရ... အာလူးႏႊာေနရင္း သူလက္ထိသြားတာပဲ...။ သူ႕ရဲ႕ ခပ္သြယ္သြယ္လက္ညိႇဳးေလးဆီေန နီရဲရဲေသြးတို႔စီးက်လို႔ေနတယ္...။

"ယြန္းဂီ.. လက္ထိသြားၿပီလား... ခဏေလးေစာင့္... ကိုယ္ေဆးေသတၱာသြားယူလိုက္မယ္"

သူ႕ကိုထားခဲ့ၿပီးကြၽန္ေတာ္လဲ အိပ္ခန္းထဲမွာရိွတဲ့ ေဆးေသတၱာကို အေျပးသြားယူလိုက္တယ္...။ ေဆာင္းတြင္းမို႔ အနာရင္းမွာေတာ့ေသခ်ာတယ္...။ ေပါ့ဆရေကာင္းလားလို႔ သူ႕ကိုေဒါသထြက္ရမယ့္အစား ကြၽန္ေတာ္စိတ္ပဲပူေနမိတယ္...။

"ယြန္းဂီ ဒီကိုလာခဲ့... ကိုယ္ေဆးထည့္ေပးမယ္"

"ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူးအစ္ကိုရဲ႕"

ေျပာေျပာဆိုဆိုနဲ႔ အနားေရာက္လာတဲ့သူ႕ကို ကြၽန္ေတာ္ဆြဲေခၚလိုက္ၿပီး ခံုမွာထိုင္ေစလိုက္တယ္...။ ၿပီးေတာ့မွ ဒဏ္ရာျဖစ္ေနတဲ့ သူ႕ရဲ႕ဘယ္ဘက္လက္ညိႇဳးကို လွမ္းယူလိုက္တယ္...။

"ဟင္...??"

ကြၽန္ေတာ္အံ့ဩသြားရတဲ့အေၾကာင္းရင္းမွာ သူ႕ရဲ႕ဘယ္ဘက္လက္ညိႇဳးမွာ ဘာဒဏ္ရာမွရိွမေနျခင္းပင္...။ ခုနက ကြၽန္ေတာ္ေသခ်ာေတြ႕လိုက္ပါတယ္... ေသြးေတြစီးက်လာတဲ့လက္ညိႇဳးေလးကို...။ အခုက်ေတာ့ ေသြးမေျပာနဲ႔ အစင္းရာေသးေသးေလးေတာင္ ရိွမေနပါ....။

အျမင္ပဲမွားေလသလားရယ္လို႔ သူ႕ရဲ႕ညာဘက္လက္ကိုပါ တဖန္ဆြဲယူကာၾကည့္လိုက္တယ္...။ ထိုလက္မွာလဲ ဘာဒဏ္ရာမွရိွမေနပါ...။ ယုတ္စြအဆံုး လက္ဆယ္ေခ်ာင္းလံုးမွာပါ ဘာဒဏ္ရာမွကိုရိွမေန...။

"ခုနကေသြးေတြကို ကိုယ္ေသခ်ာေတြ႕လိုက္ပါတယ္"

"အဟီး... အဲဒါအစ္ကို႔ကိုစလိုက္တာ... အမွန္ေတာ့ကြၽန္ေတာ္ င႐ုတ္ဆီနည္းနည္းသံုးလိုက္တာေလ... အစ္ကိုလန္႔သြားတယ္မလား... ေဆာရီးပါဗ်ာ"

သူကရယ္က်ဲက်ဲေလးနဲ႔ ေျပာလာတာေၾကာင့္ ကြၽန္ေတာ္ဟုတ္လိမ့္ႏိုးႏိုးနဲ႔ ဇေဝဇဝါပင္ျဖစ္သြားရတယ္...။ တကယ္လဲ ဘာဒဏ္ရာမွမရိွတာေၾကာင့္ သူေျပာသလိုပဲျဖစ္မွာပါရယ္လို႔ ကိုယ့္ကိုကိုယ္သာ ေျဖသိမ့္လိုက္ရတယ္....။

တကယ္တမ္းကြၽန္ေတာ္မစဥ္းစားမိတာက င႐ုတ္ဆီပုလင္းေတြအားလံုး ေအးခဲေနတယ္ဆိုတာပါပဲ...။ ၿပီးေတာ့င႐ုတ္ဆီအေရာင္က ေသြးအေရာင္ထက္ေဖ်ာ့သလို ပိုၿပီးလဲပ်စ္တယ္ဆိုတာကိုပါ...။

"အစ္ကိုဒီမွာပဲထိုင္ေနေလ... ကြၽန္ေတာ္ပဲဆက္လုပ္လိုက္မယ္... သိပ္ေတာ့မၾကာပါဘူး..."

သူကကြၽန္ေတာ့္ကိုထားခဲ့ကာ ထထြက္သြားႏွင့္ေလၿပီ...။ ကြၽန္ေတာ္စိတ္ထဲ မတင္မက်ျဖစ္မိေပမယ့္လဲ ေခါင္း႐ႈပ္မခံခ်င္ေၾကာင့္ ဆက္ေတြးမေနေတာ့ပါ...။ သိပ္မၾကာခင္မွာ သူခ်က္တဲ့စြပ္ျပဳတ္လဲ က်က္သြားတာမို႔ ကြၽန္ေတာ္တို႔ညစာအတူစားျဖစ္ၾကတယ္...။

"ကြၽန္ေတာ့္လက္ရာေကာင္းတယ္မလား"

"ေကာင္းတာေပါ့... ယြန္းဂီကတကယ္ေတာ္တာပဲ"

ကြၽန္ေတာ့္ခ်ီးက်ဴးစကားေၾကာင့္ သူ႕မ်က္ဝန္းေလးေတြ ေမွးမိွတ္သြားတဲ့အထိ ၿပံဳးေနခဲ့တယ္...။ သိပ္ခ်စ္ဖို႔ေကာင္းတယ္...။ ၿပီးေတာ့ျဖဴစင္တယ္...။ သူ႕အၿပံဳးေလးေတြက ညေကာင္းကင္ယံမွာ လင္းလက္ေနတဲ့ၾကယ္တာရာေလးေတြကဲ့သို႔ အသက္ဝင္လွပလြန္းတယ္...။

"အစ္ကို... သစ္ေတာအုပ္ေတြက ဘာေတြလုပ္ရလဲဟင္...??"

ညမအိပ္ခင္မီးလင္းဖိုနားမွာ စာအုပ္တစ္အုပ္ထိုင္ဖတ္တတ္တဲ့ ကြၽန္ေတာ့္အနားကို သူေရာက္လာၿပီးေမးတယ္....။ ခံုေတြရိွရက္နဲ႔လဲ ဘယ္ေတာ့မွမထို္င္ပဲ ကြၽန္ေတာ့္ေျခရင္းနားက ၾကမ္းျပင္မွာပဲသူအၿမဲထိုင္တတ္တယ္...။

"သစ္ေတာအုပ္က သစ္ေတာကိုထိန္းသိမ္းေပးရတာေပါ့... သစ္ပင္ခိုးခုတ္တာေတြ... ခြင့္ျပဳခ်က္မရိွပဲ အမဲလိုက္တာေတြကို တားဆီးေပးရတယ္... ေတာမီးမေလာင္ေအာင္လဲ ေစာင့္ေရွာက္ေပးရတယ္... ၿပီးေတာ့ တိရိစာၦန္ေလးေတြ သဘာဝေဘးအႏၲရာယ္ျဖစ္ရင္လဲ ကူညီေပးရတယ္"

"တကယ္ေကာင္းတာပဲ... အစ္ကိုဒီအလုပ္လုပ္ရတာေပ်ာ္လားဟင္...??"

ကြၽန္ေတာ္သူ႕ကိုငဲ့ေစာင္းၾကည့္လိုက္မိတယ္...။ တကယ့္ကိုစပ္စုတတ္တဲ့ ကေလးငယ္ေလးပါပဲ...။ ခုလဲပဲ သိခ်င္စိတ္ေၾကာင့္ သူ႕မ်က္ဝန္းျပာေလးေတြက တလက္လက္ေတာက္ပလို႔ေနတယ္...။

"ေပ်ာ္တယ္... ေနရထိုင္ရတာ ေအးေအးခ်မ္းခ်မ္းလဲရိွတယ္... ၿပီးေတာ့ဒီေတာမွာ တခ်ဳိ႕ရွားပါးတိရိစၧာန္ေတြကို ေဘးမဲ့အျဖစ္သတ္မွတ္ထားတာ... ကိုယ္ကသူတို႔ကိုလဲ ေစာင့္ေရွာက္ေပးရေသးတယ္... ခုေဆာင္းရာသီမို႔  ေအးေဆးနားေနရတာ... သူတို႔လဲအသိုက္ကေန အျပင္မထြက္ၾကဘူးကိုး"

"ရွားပါးတိရိစၧာန္ဆိုတာ ဘယ္လိုမ်ဳိးလဲဟင္...??"

ကေလးတစ္ေယာက္လို တစ္ခုခ်င္းစီလိုက္ေမးေနတဲ့ယြန္းဂီ...။ ကြၽန္ေတာ္ကေတာ့ စိတ္မ႐ႈပ္မိပါ...။ ခုလဲသူက ထိုင္ေနတဲ့ကြၽန္ေတာ့္ရဲ႕ေပါင္ေပၚကို ေမးေလးလာတင္ျပန္တယ္....။ လူႀကီးပံုျပင္ေျပာျပတာကုိ စိတ္ဝင္တစားနားေထာင္ေနတဲ့ ကေလးငယ္တစ္ေယာက္ပမာပင္...။

"ရွားပါးတိရိစၧာန္ဆိုတာ ခုေခတ္မွာ မ်ဳိးတံုးေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ တိရိစာၦန္မ်ဳိးစိတ္ေတြေပါ့...။ ဥပမာ က်ားသစ္နက္တို႔ ကိုအာလာဝက္ဝံတို႔ ေျမေခြးျဖဴတို႔ေပါ့"

"သူတို႔ကို အစ္ကိုေတြ႕ဖူးလား...??"

ကေလးငယ္က စပ္စုေနျပန္ပါၿပီ...။ ကြၽန္ေတာ္ကေတာ့ စိတ္မဆိုးမိပဲ ပါးခ်ဳိင့္ေတြေပၚေအာင္ျပံဳးလိုက္ရင္း သူ႕ရဲ႕ျဖဴလႊလႊဆံပင္ေပ်ာ့ေပ်ာ့ေလးကို လက္နဲ႔ဆြဲဖြေပးလိုက္တယ္...။

"ေတြ႕ဖူးတာေပါ့... ခဏခဏျမင္လို႔ သူတို႔ကလူေတာင္ယဥ္ေနၿပီ... ဒါေပမယ့္ေျမေခြးျဖဴကိုေတာ့ တစ္ခါပဲျမင္ဖူးတယ္... သူ႕ကိုယ္ေပၚကို သစ္ကိုင္းႀကီးက်ဳိးက်ေနလို႔ ကိုယ္ကူညီဖယ္ေပးလိုက္ရဖူးတယ္... အဲဒီ့တစ္ေခါက္ကလြဲၿပီး ေနာက္ထပ္မေတြ႕ေတာ့ဘူး"

သူ႕ဆီကေနထပ္ေမးတဲ့အသံ မၾကားေတာ့တာေၾကာင့္ ကြၽန္ေတာ္ငံု႔ၾကည့္မိတယ္...။ သူက ကြၽန္ေတာ့္ေပါင္ေပၚေမးတင္ရင္းနဲ႔ပင္ ကြၽန္ေတာ့္မ်က္နွာကို တေမ့တေမာေငးေနတယ္...။ မီးလင္းဖိုကမီးေရာင္ေၾကာင့္ သူ႕မ်က္ဝန္းျပာျပာေလးမွာ အရည္ၾကည္တခ်ဳိ႕ စိုလက္ေနသလားလို႔...။

"ယြန္းဂီဘာျဖစ္လို႔လဲ...??"

"ဟင့္အင္း... ဘာမွမျဖစ္ပါဘူး.. အစ္ကိုက စိတ္ေကာင္းအရမ္းရိွတာပဲလို႔ ေတြးမိလိုက္လို႔ပါ"

"ဟားဟား... ဟုတ္ပါၿပီဗ်ာ... ညလဲေတာ္ေတာ္နက္ေနျပီ... ကိုယ္တို႔အိပ္ၾကတာေပါ့"

"ဟုတ္ကဲ့အစ္ကို"

သူကထံုးစံအတိုင္း ကြၽန္ေတာ့္အိပ္ယာေဘးက ၾကမ္းေပၚမွာသာအိပ္တယ္...။ ေအးေနမွာစိုးလို္႔ အတူလာအိပ္ဖို႔ေခၚေသာ္လဲ သူကျငင္းဆန္တယ္ေလ...။ ခုလဲၾကမ္းျပင္ေပၚမွာ ေစာင္ေလးၿခံဳကာအိပ္ေနတဲ့ သူ႕ကိုၾကည့္ရင္း ကြၽန္ေတာ္ၿပံဳးလို႔ေနမိျပန္တယ္...။

သူကြၽန္ေတာ့္ကို အထပ္ထပ္ၿပံဳးေအာင္ျမဴဆြယ္တယ္...။ သူ႕ေၾကာင့္ျဖစ္တည္ရတဲ့ အၿပံဳးတိုင္းက အဓိပၸာယ္ရိွလွတယ္လို္႔ ကြၽန္ေတာ္မွတ္ယူတယ္...။

~•~•~•~•~•~•~•~•~•~

ဒီေန႔ကေတာ့ အတန္ငယ္ေနသာတာေၾကာင့္ ကြၽန္ေတာ္တို႔အဝတ္ေတြကို အျပင္မွာထုတ္လွန္းျဖစ္တယ္....။ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ အိပ္ေပၚေရာက္လာတဲ့သူက ကြၽန္ေတာ့္အက်ႌဖိုး႐ို႕ဖားလ်ားနဲ႔လဲ ၾကည့္လို႔ေကာင္းေနျပန္တယ္...။

သူကအိမ္အျပင္ႀကိဳးတန္းမွာ အဝတ္လွန္းေနသလို ကြၽန္ေတာ္ကေတာ့ အိမ္ေရွ႕မွာပိတ္ေနတဲ့ ဆီးႏွင္းထုႀကီးကို ေဂၚျပားနဲ႔ရွင္းထုတ္ေနလိုက္တယ္....။

"ဒီအဝတ္ေတြကို ေနမဝင္ခင္ အျမန္႐ုတ္ရမွာေပါ့ေနာ္... ေတာ္ၾကာေအးခဲသြားမွာမလား"

သူေတာင္မွ ေတာ္ေတာ္ေလးသိေနၿပီပဲ...။ စပ္စုသေလာက္ပဲ မွတ္ႏိုင္တဲ့စြမ္းရည္က ႀကီးမားတာကိုး...။

"ဒါေပါ့... မေမ့ေစနဲ႔ေနာ္ယြန္းဂီ"

"ဟုတ္ကဲ့"

ခဏအၾကာမွာ ကြၽန္ေတာ္လဲဆီးႏွင္းေတြကို ဖယ္ထုတ္ၿပီးၿပီမို႔ ေဂၚျပားကိုျပန္ထားရင္း သူ႕ကိုလွမ္းၾကည့္လိုက္တယ္...။ သူကေတာ့ ခပ္ေႏြးေႏြးေတာက္ပေနတဲ့ ေနလံုးရိွရာကို လက္ေသးေသးေလးနဲ႔ကာရင္း ေမာ့ၾကည့္ေနတယ္...။

"အစ္ကို... ရာသီဥတုေတြထဲမွာ
ဘယ္ရာသီကို အႀကိဳက္ဆံုးလဲဟင္...??"

သူကြၽန္ေတာ့္ဘက္ကိုလွည့္မၾကည့္ပဲ လွမ္းေမးတယ္...။ ေနေရာင္ျခည္ေႏြးေႏြး ျဖာက်ေနတာေၾကာင့္ သူ႕ရဲ႕ျဖဴဥေနတဲ့အသားက လင္းလက္ေတာက္ပေနသလိုပင္...။

"ကိုယ္က ေႏြရာသီကိုႀကိဳက္တာ... သစ္ရြက္ေႂကြေလးေတြနဲ႔ သိပ္ကိုကဗ်ာဆန္လို္႔ေပါ့... အဲလိုရက္ေတြဆို ကိုယ္ေန႔တိုင္းေတာထဲသြားတယ္... ကင္းလွည့္တယ္... ပ်င္းဖို႔အခ်ိန္ေတာင္မရိွဘူး... အခုက်ေတာ့ ဘယ္မွလဲမသြားရဘူးေလ"

"အင္းေပါ့ေနာ္... အစ္ကို႔အတြက္က
ေႏြရာသီက ပိုအဆင္ေျပတာကိုး"

သူ႕အသံက ဘာလို႔ဝမ္းနည္းရိပ္အခ်ဳိ႕ စြန္းထင္ေနရတာလဲ...?? ကြၽန္ေတာ္စိတ္ထင္ေနလို႔ပဲလား...??

"ယြန္းဂီကေရာ... ဘယ္ရာသီဥတုႀကိဳက္လဲ"

"ကြၽန္ေတာ္ကေတာ့ ေဆာင္းရာသီကိုေပါ့... ဘာလို႔လဲဆိုေတာ့ ခုကကြၽန္ေတာ့္အတြက္ အင္အားအျပည့္ဝဆံုးအခ်ိန္ပဲေလ"

သူေျပာတဲ့စကားရဲ႕အဓိပၸာယ္ကို ကြၽန္ေတာ္သိပ္နားမလည္ပါ...။ အင္အားျပည့္တယ္ဆိုတာဘာလဲ...။ သူက တခါတေလက် ပေဟဠိဆန္လြန္းတယ္...။

"အိမ္ထဲဝင္ၾကမယ္ေလအစ္ကို...
ကြၽန္ေတာ့္ကို ေကာ္ဖီေဖ်ာ္တိုက္ပါလား"

"ေကာင္းပါၿပီဗ်ာ..."

သူကေကာ္ဖီသိပ္ႀကိဳက္တယ္...။ တစ္ေန႔ကို၂ခြက္ေလာက္ မေသာက္ရရင္မေနႏိုင္ေအာင္ပါပဲ...။

အခုလဲ ေကာ္ဖီကို တစ္ငံုခ်င္းအရသာခံေသာက္လိုက္ လွ်ာေလးသပ္လိုက္လုပ္ေနတဲ့ သူ႕ကိုၾကည့္ရင္း ခုနကကိစၥကို ကြၽန္ေတာ္ေမ့သြားျပန္ခဲ့တယ္...။

To Be Continued~~~~~~









(Unicode)

ဘာလိုလိုနဲ့ ကောင်လေးကျွန်တော့်အိမ်မှာရောက်နေတာ ၅ရက်ခန့်ရှိလေပြီ...။ ကျွန်တော်ကလဲ ပြန်ဖို့မပြောသလို သူကလဲပြန်မယ့်အရိပ်အယောင်မရှိ...။

လူတွေနဲ့ဝေးရာမှာနေချင်တာကြောင့် ဒီအလုပ်ကိုတောင် ရွေးချယ်လုပ်ကိုင်ခဲ့တဲ့ကျွန်တော့်အဖို့ အနှီကောင်လေးကိုတော့ ထူးထူးခြားခြားပင် စိတ်ရှုပ်စရာကောင်းတယ်လို့ တွေးလို့မရခဲ့ပါ...။

သူကကျွန်တော့်ဘေးမှာအမြဲရှိနေတတ်တယ်...။ ကျွန်တော်လုပ်သမျှကိုလဲ နောက်ကနေလိုက်လုပ်တတ်တယ်...။ တခါတလေကျတော့လဲ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ ကလေးငယ်တစ်ယောက်လို ကျွန်တော့်ကိုမေးခွန်းတွေ ထုတ်တတ်သေးတယ်...။

ကောင်လေးကိုကြည့်ရတာ အိမ်ပြေးလေးတစ်ယောက် ဖြစ်ပုံရပါတယ်...။ ပြီးတော့ ဘာဆိုဘာမှပင်ပင်ပန်းပန်း မလုပ်ခဲ့ဖူးသော သူဌေးသားလေးတစ်ယောက်လဲ ဖြစ်လောက်ပါရဲ့...။ ဒါပေမယ့် သူတကယ်တော်ပါတယ်....။ သင်လွယ်တတ်လွယ်တာကြောင့် ကျွန်တော်လုပ်သမျှ နောက်ကနေလိုက်လုပ်ရင်း ခပ်မြန်မြန်ပဲ တတ်သွားတာပါပဲ...။

ခုလဲညစာချက်ပြုတ်ဖို့အတွက် ကျွန်တော်နဲ့အတူတူ အသီးအနှံတွေကို လှီးဖြတ်နေတယ်....။ သူ့ရဲ့ချစ်စဖွယ်အပြုအမူလေးတွေကြောင့် ကျွန်တော်သဘောတကျနဲ့ ပြုံးနေမိတယ်....။ စဉ်းစားမိတယ်... တကယ်လို့သူပြန်သွားရင် ကျွန်တော်ပျင်းပြီးကျန်ခဲ့တော့မှာပဲလို့...။

ဒါကြောင့်ပဲ သူဘယ်တော့ပြန်မလဲဆိုတာကို ကျွန်တော်မမေးမိ...။ တော်ကြာ သူ့ကိုပြန်စေချင်နေတယ်လို့ အထင်ရောက်သွားမှာစိုးမိတယ်...။ ကျွန်တော့်စိတ်က အဖော်မမင်တတ်ပေမယ့်လဲ ဒီကောင်လေးကိုတော့ ထူးထူးကဲကဲ သံယောဇဉ်တွယ်နေမိတယ်... ။

"ဒီနေ့ညစာကို ကျွန်တော်ချက်ကြည့်လို့ရမလား အစ်ကို"

အာလူးနွှာနေရင်းနဲ့ သူလှမ်းမေးလာတာကြောင့် ကျွန်တော်ပြုံးရင်းခေါင်းညိတ်ပြလိုက်တယ်...။ စူးစမ်းတတ်တဲ့အကောင်ငယ်လေးကတော့ ဟန်မဆောင်နိုင်အောင်ပဲ ဝမ်းသာလို့သွားတယ်...။

"အစ်ကို့လက်ရာကိုမှီစေရမယ် စိတ်ချ... ဒီရက်ပိုင်းအတွင်း ကျွန်တော်အစ်ကို့ဆီကနေ ပညာယူထားတယ်လေ... အဲဒါကြောင့်... အာ့...!!!"

ပြောနေရင်းတဝက်တပျက်နဲ့ ညည်းညူလိုက်တဲ့ကောင်လေးကြောင့် ကျွန်တော်ဖျတ်ခနဲ သူ့ဆီအကြည့်ရောက်သွားတယ်...။ ဘုရားရေ... အာလူးနွှာနေရင်း သူလက်ထိသွားတာပဲ...။ သူ့ရဲ့ ခပ်သွယ်သွယ်လက်ညှိုးလေးဆီနေ နီရဲရဲသွေးတို့စီးကျလို့နေတယ်...။

"ယွန်းဂီ.. လက်ထိသွားပြီလား... ခဏလေးစောင့်... ကိုယ်ဆေးသေတ္တာသွားယူလိုက်မယ်"

သူ့ကိုထားခဲ့ပြီးကျွန်တော်လဲ အိပ်ခန်းထဲမှာရှိတဲ့ ဆေးသေတ္တာကို အပြေးသွားယူလိုက်တယ်...။ ဆောင်းတွင်းမို့ အနာရင်းမှာတော့သေချာတယ်...။ ပေါ့ဆရကောင်းလားလို့ သူ့ကိုဒေါသထွက်ရမယ့်အစား ကျွန်တော်စိတ်ပဲပူနေမိတယ်...။

"ယွန်းဂီ ဒီကိုလာခဲ့... ကိုယ်ဆေးထည့်ပေးမယ်"

"ကျွန်တော်ဘာမှမဖြစ်ပါဘူးအစ်ကိုရဲ့"

ပြောပြောဆိုဆိုနဲ့ အနားရောက်လာတဲ့သူ့ကို ကျွန်တော်ဆွဲခေါ်လိုက်ပြီး ခုံမှာထိုင်စေလိုက်တယ်...။ ပြီးတော့မှ ဒဏ်ရာဖြစ်နေတဲ့ သူ့ရဲ့ဘယ်ဘက်လက်ညှိုးကို လှမ်းယူလိုက်တယ်...။

"ဟင်...??"

ကျွန်တော်အံ့ဩသွားရတဲ့အကြောင်းရင်းမှာ သူ့ရဲ့ဘယ်ဘက်လက်ညှိုးမှာ ဘာဒဏ်ရာမှရှိမနေခြင်းပင်...။ ခုနက ကျွန်တော်သေချာတွေ့လိုက်ပါတယ်... သွေးတွေစီးကျလာတဲ့လက်ညှိုးလေးကို...။ အခုကျတော့ သွေးမပြောနဲ့ အစင်းရာသေးသေးလေးတောင် ရှိမနေပါ....။

အမြင်ပဲမှားလေသလားရယ်လို့ သူ့ရဲ့ညာဘက်လက်ကိုပါ တဖန်ဆွဲယူကာကြည့်လိုက်တယ်...။ ထိုလက်မှာလဲ ဘာဒဏ်ရာမှရှိမနေပါ...။ ယုတ်စွအဆုံး လက်ဆယ်ချောင်းလုံးမှာပါ ဘာဒဏ်ရာမှကိုရှိမနေ...။

"ခုနကသွေးတွေကို ကိုယ်သေချာတွေ့လိုက်ပါတယ်"

"အဟီး... အဲဒါအစ်ကို့ကိုစလိုက်တာ... အမှန်တော့ကျွန်တော် ငရုတ်ဆီနည်းနည်းသုံးလိုက်တာလေ... အစ်ကိုလန့်သွားတယ်မလား... ဆောရီးပါဗျာ"

သူကရယ်ကျဲကျဲလေးနဲ့ ပြောလာတာကြောင့် ကျွန်တော်ဟုတ်လိမ့်နိုးနိုးနဲ့ ဇဝေဇဝါပင်ဖြစ်သွားရတယ်...။ တကယ်လဲ ဘာဒဏ်ရာမှမရှိတာကြောင့် သူပြောသလိုပဲဖြစ်မှာပါရယ်လို့ ကိုယ့်ကိုကိုယ်သာ ဖြေသိမ့်လိုက်ရတယ်....။

တကယ်တမ်းကျွန်တော်မစဉ်းစားမိတာက ငရုတ်ဆီပုလင်းတွေအားလုံး အေးခဲနေတယ်ဆိုတာပါပဲ...။ ပြီးတော့ငရုတ်ဆီအရောင်က သွေးအရောင်ထက်ဖျော့သလို ပိုပြီးလဲပျစ်တယ်ဆိုတာကိုပါ...။

"အစ်ကိုဒီမှာပဲထိုင်နေလေ... ကျွန်တော်ပဲဆက်လုပ်လိုက်မယ်... သိပ်တော့မကြာပါဘူး..."

သူကကျွန်တော့်ကိုထားခဲ့ကာ ထထွက်သွားနှင့်လေပြီ...။ ကျွန်တော်စိတ်ထဲ မတင်မကျဖြစ်မိပေမယ့်လဲ ခေါင်းရှုပ်မခံချင်ကြောင့် ဆက်တွေးမနေတော့ပါ...။ သိပ်မကြာခင်မှာ သူချက်တဲ့စွပ်ပြုတ်လဲ ကျက်သွားတာမို့ ကျွန်တော်တို့ညစာအတူစားဖြစ်ကြတယ်...။

"ကျွန်တော့်လက်ရာကောင်းတယ်မလား"

"ကောင်းတာပေါ့... ယွန်းဂီကတကယ်တော်တာပဲ"

ကျွန်တော့်ချီးကျူးစကားကြောင့် သူ့မျက်ဝန်းလေးတွေ မှေးမှိတ်သွားတဲ့အထိ ပြုံးနေခဲ့တယ်...။ သိပ်ချစ်ဖို့ကောင်းတယ်...။ ပြီးတော့ဖြူစင်တယ်...။ သူ့အပြုံးလေးတွေက ညကောင်းကင်ယံမှာ လင်းလက်နေတဲ့ကြယ်တာရာလေးတွေကဲ့သို့ အသက်ဝင်လှပလွန်းတယ်...။

"အစ်ကို... သစ်တောအုပ်တွေက ဘာတွေလုပ်ရလဲဟင်...??"

ညမအိပ်ခင်မီးလင်းဖိုနားမှာ စာအုပ်တစ်အုပ်ထိုင်ဖတ်တတ်တဲ့ ကျွန်တော့်အနားကို သူရောက်လာပြီးမေးတယ်....။ ခုံတွေရှိရက်နဲ့လဲ ဘယ်တော့မှမထိုင်ပဲ ကျွန်တော့်ခြေရင်းနားက ကြမ်းပြင်မှာပဲသူအမြဲထိုင်တတ်တယ်...။

"သစ်တောအုပ်က သစ်တောကိုထိန်းသိမ်းပေးရတာပေါ့... သစ်ပင်ခိုးခုတ်တာတွေ... ခွင့်ပြုချက်မရှိပဲ အမဲလိုက်တာတွေကို တားဆီးပေးရတယ်... တောမီးမလောင်အောင်လဲ စောင့်ရှောက်ပေးရတယ်... ပြီးတော့ တိရိစ္ဆာန်လေးတွေ သဘာဝဘေးအန္တရာယ်ဖြစ်ရင်လဲ ကူညီပေးရတယ်"

"တကယ်ကောင်းတာပဲ... အစ်ကိုဒီအလုပ်လုပ်ရတာပျော်လားဟင်...??"

ကျွန်တော်သူ့ကိုငဲ့စောင်းကြည့်လိုက်မိတယ်...။ တကယ့်ကိုစပ်စုတတ်တဲ့ ကလေးငယ်လေးပါပဲ...။ ခုလဲပဲ သိချင်စိတ်ကြောင့် သူ့မျက်ဝန်းပြာလေးတွေက တလက်လက်တောက်ပလို့နေတယ်...။

"ပျော်တယ်... နေရထိုင်ရတာ အေးအေးချမ်းချမ်းလဲရှိတယ်... ပြီးတော့ဒီတောမှာ တချို့ရှားပါးတိရိစ္ဆာန်တွေကို ဘေးမဲ့အဖြစ်သတ်မှတ်ထားတာ... ကိုယ်ကသူတို့ကိုလဲ စောင့်ရှောက်ပေးရသေးတယ်... ခုဆောင်းရာသီမို့  အေးဆေးနားနေရတာ... သူတို့လဲအသိုက်ကနေ အပြင်မထွက်ကြဘူးကိုး"

"ရှားပါးတိရိစ္ဆာန်ဆိုတာ ဘယ်လိုမျိုးလဲဟင်...??"

ကလေးတစ်ယောက်လို တစ်ခုချင်းစီလိုက်မေးနေတဲ့ယွန်းဂီ...။ ကျွန်တော်ကတော့ စိတ်မရှုပ်မိပါ...။ ခုလဲသူက ထိုင်နေတဲ့ကျွန်တော့်ရဲ့ပေါင်ပေါ်ကို မေးလေးလာတင်ပြန်တယ်....။ လူကြီးပုံပြင်ပြောပြတာကို စိတ်ဝင်တစားနားထောင်နေတဲ့ ကလေးငယ်တစ်ယောက်ပမာပင်...။

"ရှားပါးတိရိစ္ဆာန်ဆိုတာ ခုခေတ်မှာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေပေါ့...။ ဥပမာ ကျားသစ်နက်တို့ ကိုအာလာဝက်ဝံတို့ မြေခွေးဖြူတို့ပေါ့"

"သူတို့ကို အစ်ကိုတွေ့ဖူးလား...??"

ကလေးငယ်က စပ်စုနေပြန်ပါပြီ...။ ကျွန်တော်ကတော့ စိတ်မဆိုးမိပဲ ပါးချိုင့်တွေပေါ်အောင်ပြုံးလိုက်ရင်း သူ့ရဲ့ဖြူလွှလွှဆံပင်ပျော့ပျော့လေးကို လက်နဲ့ဆွဲဖွပေးလိုက်တယ်...။

"တွေ့ဖူးတာပေါ့... ခဏခဏမြင်လို့ သူတို့ကလူတောင်ယဉ်နေပြီ... ဒါပေမယ့်မြေခွေးဖြူကိုတော့ တစ်ခါပဲမြင်ဖူးတယ်... သူ့ကိုယ်ပေါ်ကို သစ်ကိုင်းကြီးကျိုးကျနေလို့ ကိုယ်ကူညီဖယ်ပေးလိုက်ရဖူးတယ်... အဲဒီ့တစ်ခေါက်ကလွဲပြီး နောက်ထပ်မတွေ့တော့ဘူး"

သူ့ဆီကနေထပ်မေးတဲ့အသံ မကြားတော့တာကြောင့် ကျွန်တော်ငုံ့ကြည့်မိတယ်...။ သူက ကျွန်တော့်ပေါင်ပေါ်မေးတင်ရင်းနဲ့ပင် ကျွန်တော့်မျက်နှာကို တမေ့တမောငေးနေတယ်...။ မီးလင်းဖိုကမီးရောင်ကြောင့် သူ့မျက်ဝန်းပြာပြာလေးမှာ အရည်ကြည်တချို့ စိုလက်နေသလားလို့...။

"ယွန်းဂီဘာဖြစ်လို့လဲ...??"

"ဟင့်အင်း... ဘာမှမဖြစ်ပါဘူး.. အစ်ကိုက စိတ်ကောင်းအရမ်းရှိတာပဲလို့ တွေးမိလိုက်လို့ပါ"

"ဟားဟား... ဟုတ်ပါပြီဗျာ... ညလဲတော်တော်နက်နေပြီ... ကိုယ်တို့အိပ်ကြတာပေါ့"

"ဟုတ်ကဲ့အစ်ကို"

သူကထုံးစံအတိုင်း ကျွန်တော့်အိပ်ယာဘေးက ကြမ်းပေါ်မှာသာအိပ်တယ်...။ အေးနေမှာစိုးလို့် အတူလာအိပ်ဖို့ခေါ်သော်လဲ သူကငြင်းဆန်တယ်လေ...။ ခုလဲကြမ်းပြင်ပေါ်မှာ စောင်လေးခြုံကာအိပ်နေတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော်ပြုံးလို့နေမိပြန်တယ်...။

သူကျွန်တော့်ကို အထပ်ထပ်ပြုံးအောင်မြူဆွယ်တယ်...။ သူ့ကြောင့်ဖြစ်တည်ရတဲ့ အပြုံးတိုင်းက အဓိပ္ပာယ်ရှိလှတယ်လို့် ကျွန်တော်မှတ်ယူတယ်...။

~•~•~•~•~•~•~•~•~•~

ဒီနေ့ကတော့ အတန်ငယ်နေသာတာကြောင့် ကျွန်တော်တို့အဝတ်တွေကို အပြင်မှာထုတ်လှန်းဖြစ်တယ်....။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိပ်ပေါ်ရောက်လာတဲ့သူက ကျွန်တော့်အင်္ကျီဖိုးရို့ဖားလျားနဲ့လဲ ကြည့်လို့ကောင်းနေပြန်တယ်...။

သူကအိမ်အပြင်ကြိုးတန်းမှာ အဝတ်လှန်းနေသလို ကျွန်တော်ကတော့ အိမ်ရှေ့မှာပိတ်နေတဲ့ ဆီးနှင်းထုကြီးကို ဂေါ်ပြားနဲ့ရှင်းထုတ်နေလိုက်တယ်....။

"ဒီအဝတ်တွေကို နေမဝင်ခင် အမြန်ရုတ်ရမှာပေါ့နော်... တော်ကြာအေးခဲသွားမှာမလား"

သူတောင်မှ တော်တော်လေးသိနေပြီပဲ...။ စပ်စုသလောက်ပဲ မှတ်နိုင်တဲ့စွမ်းရည်က ကြီးမားတာကိုး...။

"ဒါပေါ့... မမေ့စေနဲ့နော်ယွန်းဂီ"

"ဟုတ်ကဲ့"

ခဏအကြာမှာ ကျွန်တော်လဲဆီးနှင်းတွေကို ဖယ်ထုတ်ပြီးပြီမို့ ဂေါ်ပြားကိုပြန်ထားရင်း သူ့ကိုလှမ်းကြည့်လိုက်တယ်...။ သူကတော့ ခပ်နွေးနွေးတောက်ပနေတဲ့ နေလုံးရှိရာကို လက်သေးသေးလေးနဲ့ကာရင်း မော့ကြည့်နေတယ်...။

"အစ်ကို... ရာသီဥတုတွေထဲမှာ
ဘယ်ရာသီကို အကြိုက်ဆုံးလဲဟင်...??"

သူကျွန်တော့်ဘက်ကိုလှည့်မကြည့်ပဲ လှမ်းမေးတယ်...။ နေရောင်ခြည်နွေးနွေး ဖြာကျနေတာကြောင့် သူ့ရဲ့ဖြူဥနေတဲ့အသားက လင်းလက်တောက်ပနေသလိုပင်...။

"ကိုယ်က နွေရာသီကိုကြိုက်တာ... သစ်ရွက်ကြွေလေးတွေနဲ့ သိပ်ကိုကဗျာဆန်လို့်ပေါ့... အဲလိုရက်တွေဆို ကိုယ်နေ့တိုင်းတောထဲသွားတယ်... ကင်းလှည့်တယ်... ပျင်းဖို့အချိန်တောင်မရှိဘူး... အခုကျတော့ ဘယ်မှလဲမသွားရဘူးလေ"

"အင်းပေါ့နော်... အစ်ကို့အတွက်က
နွေရာသီက ပိုအဆင်ပြေတာကိုး"

သူ့အသံက ဘာလို့ဝမ်းနည်းရိပ်အချို့ စွန်းထင်နေရတာလဲ...?? ကျွန်တော်စိတ်ထင်နေလို့ပဲလား...??

"ယွန်းဂီကရော... ဘယ်ရာသီဥတုကြိုက်လဲ"

"ကျွန်တော်ကတော့ ဆောင်းရာသီကိုပေါ့... ဘာလို့လဲဆိုတော့ ခုကကျွန်တော့်အတွက် အင်အားအပြည့်ဝဆုံးအချိန်ပဲလေ"

သူပြောတဲ့စကားရဲ့အဓိပ္ပာယ်ကို ကျွန်တော်သိပ်နားမလည်ပါ...။ အင်အားပြည့်တယ်ဆိုတာဘာလဲ...။ သူက တခါတလေကျ ပဟေဠိဆန်လွန်းတယ်...။

"အိမ်ထဲဝင်ကြမယ်လေအစ်ကို...
ကျွန်တော့်ကို ကော်ဖီဖျော်တိုက်ပါလား"

"ကောင်းပါပြီဗျာ..."

သူကကော်ဖီသိပ်ကြိုက်တယ်...။ တစ်နေ့ကို၂ခွက်လောက် မသောက်ရရင်မနေနိုင်အောင်ပါပဲ...။

အခုလဲ ကော်ဖီကို တစ်ငုံချင်းအရသာခံသောက်လိုက် လျှာလေးသပ်လိုက်လုပ်နေတဲ့ သူ့ကိုကြည့်ရင်း ခုနကကိစ္စကို ကျွန်တော်မေ့သွားပြန်ခဲ့တယ်...။

To Be Continued~~~~~~

Continue Reading

You'll Also Like

65.6K 6K 19
boyxboy +18 by:Zodiac
571K 46.6K 30
ပတ္ဂ်ီမင္က မင္ယြန္ဂီအပိုင္!! 🔇 Silence 🔇 [YoonMin] [Completes]•✓
49.8K 4.8K 60
ဘာမှပိုင်ဆိုင်စရာမရှိတဲ့ ကျွန်တော့်အတွက် ခင်ဗျားတစ်ယောက်ကတော့ ကျွန်တော့်အပိုင်အဖြစ် တည်ရှိနေပေးပါ ဂျွန်.. ဘာမွပိုင္ဆိုင္စရာမရွိတဲ့ ကြၽန္ေတာ့္အတြက္ ခင...