The Throne

By WuKris947

65.6K 7.6K 630

အရင္ Matainyu acc မွာ တင္ထားတဲ့ အပုဒ္ပါ။accထဲဝင္မရေတာ့လို႔ အရင္အပိုင္းေတြအျပင္ အပိုင္းအသစ္ေတြပါ ဆက္up ေပးပါ့မ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
new episode update
31
32
33
34
35
36
37
38
39
Final
Extra
The Throne photo

30

1.4K 208 68
By WuKris947

[Zawgyi]
The Throne(ရာဇာပုလႅင္)
အပိုင္း-၃၀

ရွီ႐ႊန္း စားပြဲခုံေပၚတင္ထားေသာ ေဆးထုပ္ကိုၾကည့္ရင္း မ်က္ရည္ဝဲလာသည္။

'ကေလးေတြမွာ အျပစ္မရွိပါဘူးမင္သား။ ဘာလို႔ ကေလးေတြကို ျပစ္မွတ္ထားေနရတာပါလဲ'

'မင္းကအရမ္းစကားမ်ားလြန္းတယ္ ရွီ႐ႊန္း။ ငါေျပာတာနားမလည္ဘူးလား'

'ဒါေပမဲ့.....'

'ေတာ္ေတာ့'

ဝမ္အြန္း သက္ျပင္းခ်လိုက္ၿပီး

'တစ္လအတြင္းဆုံးျဖတ္။ တစ္လျပည့္လို႔မွ ႏွစ္ေယာက္တည္းက တစ္ေယာက္မေသရင္ ငါႏွစ္ေယာက္လုံးကိုသတ္မွာ'

'ဘာလို႔ ကြၽန္ေတာ့္ကိုမွ ေ႐ြးရတာလဲ'

ရွီ႐ႊန္း အေမးကိုၾကားေတာ့ ဝမ္အြန္း ၿပဳံးလိုက္ၿပီး

'မင္းျဖစ္ေနလို႔ေလ'

ရွီ႐ႊန္း ဝမ္အြန္း ကို နာက်င္ေနေသာ မ်က္ဝန္းမ်ားျဖင့္ၾကည့္ေနၿပီး

'အခုထိ လက္စားေခ်လို႔မၿပီးေသးဘူးလား။ မင္းသားအေပၚတင္ေနတဲ့ အေႂကြးေတြက ဆပ္လို႔မကုန္ေသးဘူးလား'

'မကုန္ေသးဘူး။ ငါမင္းဆီက ယူစရာရွိေသးတယ္'

'အဲ့ဒါက ဘာလဲ'

'အခ်ိန္တန္ရင္သိမွာေပါ့။ ေလာေလာဆယ္ မင္းကေလးကို အရင္ကယ္။ ငါက မင္းရဲ႕ကေလးကိုပဲ လက္ခံေပးႏိုင္မွာ။ ဝမ္ေဆာႏို ရဲ႕ကေလးကိုေတာ့ လက္ခံမေပးႏိုင္ဘူး'

'မိဖုရား မွာ ဘာအျပစ္ရွိလို႔လဲ။ တစ္ကယ္ဆို မိဖုရားက မင္းသားအေပၚအရမ္းေကာင္းခဲ့တာေလ'

ရွီ႐ႊန္း စကားေၾကာင့္ ဝမ္အြန္း ေလးေလးနက္နက္စဥ္းစားသြားၿပီး

'ဟုတ္တယ္။ ေဆာႏို က ငါ့အေပၚေကာင္းတယ္'

'အဲ့ဒါကိုဘာလို႔...'

ဝမ္အြန္း လက္ကာလိုက္ၿပီး ရွီ႐ႊန္း ရဲ႕စကားလုံးေတြကို ရပ္တန႔္ေစလိုက္ကာ

'သူေကာင္းေပမဲ့ ငါက ျပန္ေကာင္ခ်င္မွေကာင္းမွာေလ။ ဒါက ငါ့ဆုံးျဖတ္ခ်က္ပဲ။ မင္းနဲ႔မဆိုင္ဘူး'

'မင္းသား'

ရွီ႐ႊန္း ပုံစံက လက္ေလွ်ာ့သြားသည့္ႏွယ္ တိုးညႇင္းစြာ တုန႔္ျပန္လိုက္သည္။

'အဲ့ေတာ့ မင္း လုပ္စရာရွိတာကို အျမန္ဆုံး လုပ္'

ဝမ္အြန္း ထိုင္ခုံကေနထလိုက္ၿပီးမွ ေျပာစရာက်န္သြားသည့္ပုံစံျဖင့္

'ေမ့ေတာ့မလို႔။ ဒီေဆးက ကိုယ္ဝန္ပ်က္က်တဲ့ေဆးပဲ။ အဆိပ္မဟုတ္လို႔ လူမေသဘူး။ ဒီေလာက္ဆို အဆင္ေျပၿပီေနာ္။ စိတ္ေအးေအးနဲ႔သာလုပ္'

ဝမ္အြန္း ရွီ႐ႊန္း ပုခုံးကို ဖြဖြေလးကိုင္ၿပီး အားေပးသလိုလုပ္ၿပီး ထြက္သြားသည္။ အျပင္ေလေတာင္မရွဴရေသးေသာ ကေလးငယ္ကို သတ္ဖို႔ ထမင္းစားေရေသာက္သလို ေအးေအးေဆးေဆးေျပာသြားၿပီး ၿပဳံးေပ်ာ္ေနေသာ ဝမ္အြန္း ကိုၾကည့္ၿပီး ရွီ႐ႊန္း လန႔္လာသည္။ ဝမ္အြန္း ၏ ရက္စက္မႈေတြက ဘယ္သူမွမထင္ထားေလာက္ေအာင္ ႀကီးမားေနသည္။ သူကာကြယ္ေပးရမည့္ မယ္ေတာ္ မရွိေတာ့ဘူးဆိုေတာ့ ဝမ္အြန္း က သူ႔အသက္မေသရင္ေနပါေစ ဘယ္လိုအျပစ္မ်ိဳးမဆို ျပဳလုပ္ပစ္ဖို႔ ဝန္ေလးမေနေတာ့ေပ။ အသက္ေသမယ္ဆိုရင္ေတာင္ သူဂ႐ုစိုက္မည္မဟုတ္ေတာ့ေပ။

ဝမ္အြန္း ထြက္သြားမွ ရွီ႐ႊန္း ရဲ႕အထိန္းေတာ္ ဝင္လာခဲ့ၿပီး စားပြဲေပၚတင္ထားေသာ အထုပ္ငယ္အားၾကည့္ၿပီး

'ၾကင္ယာေတာ္ '

ဂ႐ုဏာသက္စြာေခၚလိုက္သည္။

'အထိန္းေတာ္ မို ငါ့ေ႐ြးခ်ယ္မႈက မွန္ပါတယ္ေနာ္'

ရွီ႐ႊန္း သူ႔ဗိုက္ေလးအား ဖြဖြေလးကိုင္ၿပီး စားပြဲခုံေပၚေခါင္းေမွာက္ခ်ကာ ငိုေနသည္။ သူ႔ရဲ႕အတၱႀကီးမႈေၾကာင့္ သူ႔ကေလးရွင္သန္ရန္ တျခားသူေသေပးရေတာ့မည္။

'အရမ္းလည္းဝမ္းမနည္းပါနဲ႔ ၾကင္ယာေတာ္။ ဘယ္လိုပဲျဖစ္ျဖစ္ ၾကင္ယာေတာ္ဗိုက္ထဲက ကေလးကလည္း မင္းႀကီးရဲ႕ေသြးသားပဲေလ'

တသိမ့္သိမ့္တုန္ေနေသာ ေက်ာျပင္ငယ္အားၾကည့္ရင္း အထိန္းေတာ္ မို သနားလာသည္။ ၾကင္ယာေတာ္ျဖစ္ၿပီးကတည္းက တစ္ရက္မွ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္မေနခဲ့ရေသာ ရွီ႐ႊန္း သည္ ဝမ္အြန္း အမိန႔္ေအာက္မွာ အၿမဲအႏိုင္က်င့္ခံေနရသည္။ အထိန္းေတာ္ ျဖစ္ေနေသာ သူလည္း လုံးဝမကယ္တင္ေပးႏိုင္ေပ။

~~~~~~~~~~~

ဝမ္အြန္း ရွီ႐ႊန္း အေဆာင္ကေန ထြက္လာၿပီး ျဖည္းျဖည္းခ်င္းသာ ေလွ်ာက္လာသည္။ သူ႔စိတ္ထဲ ေရွ႕ဆက္လုပ္ရမည့္အလုပ္ေတြကို အစီစဥ္တက်ျဖစ္ေအာင္စီစဥ္ေနရသည္။ သူသာေျခလွမ္းတစ္ခ်က္မွားတာနဲ႔ ဝမ္ေယာလ္ ကအားလုံးကိုသိၿပီး သူ႔အႀကံေတြကိုဖ်က္ဆီးပစ္လိုက္မွာ စိုးရိမ္ေနသည္။

'အခုကိစၥက အလုပ္ျဖစ္ပါ့မလား မင္းသား'

အထိန္းေတာ္ ယန္း ရဲ႕အသံကိုၾကားမွ ဝမ္အြန္း သူ႔အစီအစဥ္ေတြကို ခဏေဘးထားၿပီး

'ျဖစ္မွာပါ။ သူလည္းလူပဲ။ သူ႔အသားေတာ့ အနာခံပါ့မလား'

'ဒါေပမဲ့ အရမ္းေတာ့ စိတ္ထိခိုက္သြားမယ္ထင္တယ္။ ၿပီးေတာ့ ဒီကိစၥသာေပၚသြားရင္ မင္းသားအေၾကာင္းကိုပါ ေဖၚပစ္လိမ့္မယ္'

'သိတယ္။ အဲ့ဒါေၾကာင့္ သူ မလုပ္ရေသးခင္ ကိုယ့္အလုပ္ေတြကို ၿပီးေအာင္လုပ္ထားရမယ္'

'ဟုတ္တယ္။ မင္းသားမွန္းသိသြားရင္ အျပစ္ဒဏ္က မေသးေလာက္ဘူး'

'ေသခ်ာေပါက္ ေသဒဏ္ပဲ။ အဲ့ဒါေၾကာင့္ အဲ့မတိုင္ခင္မွာပဲ ပုန္ကန္မႈျဖစ္ေအာင္လုပ္ရမယ္။ ဝမ္ယို တို႔ကို ၿမိဳ႕ေတာ္ကို လာတိုက္လို႔ရေအာင္ လမ္းေၾကာင္းဖြင့္ေပးရမယ္။ ဒီည ေယာလ္ေလး ေဆာႏို အေဆာင္မွာသြားအိပ္မွာ။ နန္းေတာ္အျပင္ထြက္ဖို႔ လိုအပ္တာေတြျပင္ထားေပး'

'ဟုတ္ကဲ့ မင္းသား'

~~~~~~~~~~

ဝမ္အြန္း ထင္သည့္အတိုင္းပဲ ဝမ္ေယာလ္ ထိုေန႔ညက ဝမ္ေဆာႏို အေဆာင္ တြင္သာ သြားအိပ္သည္။ ဝမ္အြန္း နဲ႔အထိန္းေတာ္ ယန္း ႏွစ္ေယာက္ပဲ အေဆာင္အတြင္းဘက္တြင္ေနၿပီး နန္းျပင္ထြက္ဖို႔ျပင္ဆင္ေနသည္။

အထိန္းေတာ္ ယန္း က ဝမ္အြန္း ကို မိန္းကေလးတစ္ေယာက္လို ျပင္ဆင္ေပးထားသည္။ အားလုံးျပင္ဆင္ၿပီးေတာ့ ဝမ္အြန္း မ်က္ႏွာတစ္ဝက္အား ပုဝါအပါးေလးတပ္လိုက္ၿပီး

'ဒီမွာေနခဲ့ၿပီး ေယာလ္ေလး ျပန္လာရင္ အေျခအေနကိုထိန္းထားေပး'

'တစ္ေယာက္တည္း အႏၲရာယ္မမ်ားဘူးလား မင္းသား။ ေဂ်ာင္ဆူး ကိုျဖစ္ျဖစ္ ေခၚ
သြားပါလား'

'ငါသူ႔ကိုမယုံဘူး'

ဝမ္အြန္း  လက္တစ္ဖဝါးစာေလာက္အရွည္ရွိေသာ ဓားေျမႇာင္အား အက်ႌလက္အတြင္းသို႔ ဝွက္ရင္းေျပာလိုက္သည္။

'အရမ္းမစိုးရိမ္ပါနဲ႔ ယန္း။ ငါက ဝမ္အြန္း ပါ'

ဝမ္အြန္း ေျပာၿပီး အိပ္ေဆာင္ထဲဝင္သြားသည္။

ဝမ္ေယာလ္ ၏ အိပ္ယာကုတင္သည္ သာမန္ကုတင္မ်ိဳးမဟုတ္ေပ။အေရးေပၚကိစၥျဖစ္လွ်င္ ေတာ္ဝင္မိသားစုအလြယ္တကူထြက္ေျပးတိမ္းေရွာင္ႏိုင္ရန္ ေဖာက္ထားေသာ လွ်ိဳ႕ဝွက္လမ္းျဖစ္သည္။ ဝင္ေပါက္က ေလးဘက္ေလးလံအလုံပိတ္ထားေသာ ကုတင္ေျခရင္းတြင္ရွိၿပီး ထိုမွတဆင့္ ကုတင္ေအာက္ေျခအလိုက္ ေလွကားမ်ားဆင္းေပးထားေသာ ေျမေအာက္လမ္းျဖစ္သည္။ ဒီအေၾကာင္းကို ရွီလာမင္းႀကီးေတြ အဆင့္ဆင့္လက္ဆင့္ကမ္းလာခဲ့ၿပီး ဝမ္အြန္း လက္ထက္ၿပီးေတာ့ လက္ဆင့္ကမ္းျခင္းမရွိခဲ့ေတာ့ေပ။ ဝမ္ေယာလ္ က အိမ္ေရွ႕စံမဟုတ္ခဲ့ေသာေၾကာင့္ ထိုအေၾကာင္းအားလုံးမသိေပ။ အေခါင္းေပါက္ရွိေနသည္ဟု သံသယျဖစ္သည့္တိုင္ေအာင္ အိပ္သည့္ကုတင္ကိုေတာ့ ထုထည္ႀကီးႀကီးမားမားေဆာက္မည္မဟုတ္ဟုသာ ေတြးၿပီး နက္နက္နဲနဲေတြးမည္မဟုတ္ေပ။ ထို႔အျပင္ ေႏြးေထြးေစရန္ႏွင့္ ကုတင္အလွဆင္ထားေသာ ပိတ္စမ်ားေၾကာင့္ ဝင္ေပါက္တံခါးဟာ ေပ်ာက္ကြယ္လို႔ေနသည္။

ဝမ္အြန္း ေလွကားတစ္ေလွ်ာက္ဆင္းလာၿပီး ေလွ်ာက္လမ္းတစ္ေလွ်ာက္ဆက္ၿပီးသြားေနသည္။ လမ္းတစ္ေလွ်ာက္ လမ္းခြဲေလးေတြအမ်ားႀကီးရွိၿပီး နန္းေတာ္ထဲက အေဆာင္ေတြအားလုံးႏွင့္ဆက္သြယ္ထားေသာ ေျမေအာက္လမ္းျဖစ္သည္။ ထိုမွတစ္ဆင့္ နန္းေတာ္အျပင္ဘက္ကိုေရာက္ႏိုင္ေသာ ဥမင္လႈိဏ္ဂူရွိၿပီး ဆက္သြားရင္း နန္းေတာ္တံတိုင္းအျပင္ဘက္ရွိ ေတာအုပ္ထဲကိုေရာက္လာသည္။ လူအမ်ားမသြားေသာလမ္းျဖစ္ေသာေၾကာင့္ ျမက္ပင္ရွည္ေတြရွိေနေပမဲ့ ဆက္သြားပါက ၿမိဳ႕ေတာ္ထဲကို ေရာက္သြားမည္ျဖစ္သည္။ ဝမ္အြန္း အက်ႌအရွည္ႏွင့္ သူ႔ေခါင္းကေနၿခဳံထားၿပီး မ်က္ႏွာနည္းနည္းေလးသာေဖၚထားသည္။ ဝမ္အြန္း ပြဲ႐ုံတစ္ခုဆီသြားလိုက္သည္။ ထိုေနရာတြင္ ဓားျပေခါင္းေဆာင္ ဂင္ယုံရွစ္ ႏွင့္သူ႔အဖြဲ႕ရွိေနသည္။

'မင္းသား '

'မေတြ႕ရတာေတာင္ၾကာၿပီ'

ဝမ္အြန္း မ်က္ႏွာတြင္တပ္ထားေသာ ပုဝါအား ဖယ္လိုက္ၿပီး အၿပဳံးေလးနဲ႔ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ ဂင္ယုံရွစ္ က သူထိုင္ေနေသာေနရာကိုဖယ္ေပးၿပီး သူကတျခားခုံတြင္ဝင္ထိုင္သည္။

'မင္းသားကိုယ္တိုင္လာတာ အရမ္းအႏၲရာယ္မ်ားလြန္းတယ္။ ဘာလို႔ ဒီေလာက္ေတာင္စြန႔္စားရတာလဲ'

'ဒီတစ္ေခါက္ကအေရးႀကီးတယ္။ အစီအစဥ္ကို ေသခ်ာဆြဲဖို႔ ငါကိုယ္တိုင္လာတာ'

'အခု ၿမိဳ႕ေတာ္က ကိစၥေတာ္ေတာ္မ်ားမ်ားေၾကာင့္ ဝမ္ေယာလ္ ရဲ႕လူေတြသတိထားမိေနလို႔ ကြၽန္ေတာ္တို႔ေတြ သိုသိုသိပ္သိပ္ပဲေနေနရတယ္'

'ဟုတ္တယ္။ ေယာလ္ေလး က အေစာႀကီးကတည္းက မင္းတို႔ကိုဖမ္းဖို႔ေစာင့္ေနတာ'

'ဒါဆို ဘာဆက္လုပ္ၾကမလဲ'

'ငါတို႔မွာ လူအင္အားဘယ္ေလာက္ရွိလဲ'

'စစ္ပြဲဒဏ္ေတြခံစားရတဲ့ျပည္သူေတြေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္တို႔စခန္းထဲကို ေတာ္ေတာ္မ်ားမ်ားဝင္ေရာက္လာတယ္။ သူတို႔ေတြကိုလည္းေသခ်ာေလ့က်င့္ေပးထားပါတယ္။ တိုက္ပြဲဝင္လို႔ရတဲ့အေရအတြက္ဆိုရင္ေတာ့ သုံးေသာင္းေလာက္ရွိပါတယ္'

'သုံးေသာင္း'

'ဟုတ္ပါတယ္'

ဝမ္အြန္း မ်က္ေမွာင္ႀကဳံ႔သြားသည္။

'လူအင္အားမေလာက္ဘူး'

'ဒါဆို ဘယ္လိုလုပ္ၾကမလဲ'

'ငါတို႔ေတြ ဝမ္ယို တပ္ဖြဲနဲ႔ပူးေပါင္းရမယ္'

ထို႔ေနာက္ စားပြဲေပၚတြင္ ရွီလာေျမပုံအားခင္းက်င္းလိုက္သည္။

'ငါတို႔တပ္ဖြဲ႕ေတြကိုသုံးဖြဲ႕ခြဲမယ္။ ပထမ တစ္ေသာင္းက ဝမ္ယိုတပ္ဖြဲနဲ႔ပူးေပါင္းၿပီး ၿမိဳ႕ေတာ္ကိုခ်ီတက္ရမယ္။ ေနာက္တစ္ေသာင္းခြဲက ဝမ္ယိုတပ္ဖြဲ႕ၿမိဳ႕ေတာ္ကိုသိမ္းၿပီးတာနဲ႔ သူတို႔ကိုတိုက္ခိုက္ဖို႔ အရင္တပ္သားတစ္ေသာင္းနဲ႔ပူးေပါင္းၿပီး ထီးနန္းကို ငါတို႔ယူမယ္။ က်န္တဲ့ငါးေထာင္က အစီအစဥ္က်ရႈံ
းရင္ ထြက္ခြာဖို႔ျပင္ဆင္ထားရမယ္'

'မင္းသားေျပာတဲ့အတိုင္းစီစဥ္လိုက္ပါမယ္'

'ရိကၡာအတြက္ နိဟြန္း ကုန္သည္တပ္ဖြဲ႕ကေထာက္ပံ့လိမ့္မယ္။ အခု အေရးႀကီးတာက ဝမ္ယိုတို႔ကို ၿမိဳ႕ေတာ္ကိုသိမ္းဖို႔အႀကံေပးရမယ္။ ဘတ္အာ နဲ႔ ဂ်န္းအာ က ေလာေလာဆယ္ ေယာလ္ေလးနဲ႔ ခဏလက္တြဲျဖဳတ္ထားလို႔ ဝမ္ဆို တစ္ေယာက္တည္းပဲသူ႔ဘက္မွာရွိတာ။ ဝမ္ယိုတို႔သုံးေယာက္က ဝမ္ဆို ကိုရင္ဆိုင္လိမ့္မယ္။ ငါက ေယာလ္ေလး ကိုရင္ဆိုင္မယ္'

'မၾကာခင္မွာ အရွင္မင္းႀကီးရဲ႕ထီးနန္းကိုျပန္ရေတာ့မွာပါ'

ဝမ္အြန္း မဲ့ၿပဳံးေလးၿပဳံးလိုက္ၿပီး ေျမပုံေပၚကနန္းေတာ္တည္ေနရာကို ၾကည့္ေနသည္။

~~~~~~~~~~THE THRONE~~~~~~~~~~~

ဝမ္အြန္း လွ်ိဳ႕ဝွက္လမ္းထဲဝင္သြားၿပီးေနာက္ အထိန္းေတာ္ယန္း တံခါးကိုျပန္ပိတ္လိုက္သည္။ ပစၥည္းေတြကို ပုံစံမပ်က္ထားၿပီးေနာက္ အျပင္ျပန္ထြက္ရန္ျပင္ေသာအခ်ိန္တြင္ သူ႔လည္ပင္းေပၚ ေအးစက္ေနေသာ ဓားတစ္ေခ်ာင္းေရာက္ခဲ့သည္။

ယန္း အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့

'မင္း..မင္းႀကီး'

'ငါ့အေဆာင္ထဲမွာ ဒီလိုလမ္းမ်ိဳးရွိေနလိမ့္မယ္လို႔မထင္ထားဘူး'

'ခမည္းေတာ္က ဘက္လိုက္လိုက္တာ'

ဝမ္ေယာလ္ ႏွင့္အတူ ဝမ္ဆို၊ ဘတ္အာ၊ ဂ်န္းအာ တို႔ပါရွိေနသည္။

'ၾကည့္ရတာ ငါတို႔ထင္ထားတဲ့အတိုင္းပဲ။ အြန္းေလး က လက္မေလွ်ာ့ေသးဘူး'

ဝမ္ဆို ေျပာလိုက္သည္။

'ေဂ်ာင္ဆူး အြန္းေလးေနာက္လိုက္သြား။ အြန္းေလးရဲ႕ လက္ႏွစ္ဖက္ကိုျဖတ္ဖို႔ အခ်ိန္ေရာက္ၿပီ'

ဝမ္ေယာလ္ အမိန႔္ကို ေဂ်ာင္ဆူး ခ်က္ခ်င္းလိုက္နာၿပီး ေျမေအာက္လမ္းထဲဝင္သြားလိုက္သည္။

'ငါတို႔ေတြ ဒီကေနပဲ ထိုင္ေစာင့္ရေအာင္'

ဝမ္ေယာလ္ အိပ္ေဆာင္အျပင္ကိုထြက္လိုက္ၿပီး စားပြဲခုံတြင္ဝင္ထိုင္သည္။

'ဝူဟီး ကိုသတ္တာ အြန္းေလး ဆိုရင္ မင္းဘယ္လိုစီရင္မွာလဲ'

'အြန္းေလး က ငါ့ၾကင္ယာေတာ္။ သူ႔ကိုအျပစ္ေပးလို႔မရဘူး။ တစ္ကယ္လို႔ အစ္ကိုေတာ္ျပန္သတ္ခ်င္ရင္ ဇာတ္လမ္းလွလွေလးတစ္ပုဒ္ေရးေပးမယ္။ ဘယ္လိုလဲ'

'စဥ္းစားဦးမယ္'

'အခ်ိန္ၾကာၾကာမစဥ္းစားပါနဲ႔ေတာ့။ မၾကာခင္ ဝမ္ယို ရဲ႕တပ္ဖြဲ႕ေတြက ၿမိဳ႕ေတာ္ေရာက္လာေတာ့မွာ။ ကြၽန္ေတာ္ အစ္ကိုေတာ္ကို လိုအပ္တယ္'

ဝမ္ေယာလ္ စကားေၾကာင့္ ဘတ္အာ ကရယ္သည္။

ၿပီးေနာက္ ခုံတြင္ဝင္ထိုင္က လက္ပိုက္လိုက္ၿပီး

'မင္းလိုတာ ငါလား?ငါ့တပ္ဖြဲ႕လား'

ဘတ္အာ စကားေၾကာင့္ ဝမ္ေယာလ္ သက္ျပင္းေလးခ်လိုက္ၿပီး

'ဘယ္လိုလုပ္မလဲ။ လိုအပ္တာက ႏွစ္ခုလုံးျဖစ္ေနတယ္'

ဘတ္အာ က ဝမ္ေယာလ္ ကိုအၾကာႀကီးစိုက္ၾကည့္ေနၿပီး

'ဘယ္လိုပဲျဖစ္ျဖစ္ ငါက မင္းဘက္ကပဲေလ။ အြန္းေလး ထီးနန္းကို ျပန္မရဖို႔က ငါတို႔ညီအစ္ကိုအားလုံးရဲ႕ရည္႐ြယ္ခ်က္ပဲ။ ငါမင္း ကိုကူညီမွာပါ။ အစ္ကိုႀကီးက အြန္းေလးေထာင္ေခ်ာက္ထဲ ခဏ က်သြား႐ုံပါ'

သူတို႔ႏွစ္စကားေျပာေနတုန္း အိပ္ေဆာင္ထဲက ဝမ္ဂ်န္း ရဲ႕အသံထြက္လာသည္။

'ေယာလ္ေလး ဒီအထိန္းေတာ္ကို ဘယ္လိုလုပ္မွာလဲ'

'အဲ့မွာပဲ ဒူးေထာက္ခိုင္းၿပီး အြန္းေလးျပန္လာတာကိုေစာင့္ခိုင္းလိုက္'

'ေကာင္းၿပီေလ'

ဝမ္ဂ်န္း ကုတင္ေဘးကစားပြဲေပၚ
တင္ထားေသာ သစ္သီးဗန္းထဲမွာ ပန္းသီးတစ္လုံးကို ယူကာ ကိုက္လိုက္ၿပီး အိပ္ယာေပၚတက္လွဲရင္း ဝမ္အြန္း ျပန္အလာကိုေစာင့္ေနသည္။

'မင္းကေတာ္ေတာ္သစၥာရွိတာပဲ။ အြန္းေလး အစား ေသရဲတယ္မဟုတ္လား။ ေယာလ္ေလး က သူ႔ၾကင္ယာေတာ္ကို လုံးဝအထိမခံဘူး'

အထိန္းေတာ္ ယန္း ဘာမွျပန္မေျပာေပ။

~~~~~~~~~~~~

ဝမ္အြန္း တံခါးကိုဖြင့္လိုက္ၿပီး အျပင္ကိုထြက္လာေတာ့ ဒူးေထာက္ေနေသာ အထိန္းေတာ္ယန္း ကိုေတြ႕လိုက္ရသည္။

'ယန္း ဘာလို႔ဒူးေထာက္ေနတာလဲ'

'မင္းသား'

အထိန္းေတာ္ ယန္း ၏ အသံသည္ စိုးရိမ္မႈမ်ားႏွင့္ျပည့္ႏွက္ေနေသာေၾကာင့္ ဝမ္အြန္း တစ္ခုခုမွားေနတာကို သတိျပဳမိလိုက္ၿပီး လက္ထဲတြင္ဝွက္ထားေသာ ဓားေျမႇာင္ကိုထုတ္ကာ

'ေယာလ္ေလး လား'

'ငါေျပာသားပဲ။ ငါမူးေနရင္ေတာင္ အဲ့အပ်ိဳေတာ္ကိုမွတ္မိတယ္လို႔ေလ'

အခန္းထဲအရင္ဆုံးဝင္လာသည္က ဝမ္ဆို ျဖစ္ၿပီး သူဆြဲထားေသာပန္းခ်ီကို ၾကည့္ရင္းေျပာေနသည္။

'မင္းတို႔...'

'အံ့ၾသသြားလား'

ဝမ္ေယာလ္ ဝမ္အြန္း ကိုၿပဳံးျပေနသည္။ သို႔ေသာ္ ေအးစက္စက္အၿပဳံး ျဖစ္ေနသည္။

'အြန္းေလး က ဉာဏ္မ်ားတယ္ဆိုတာ ေကာလဟာလသက္သက္မဟုတ္ဘူးပဲ။ ငါတို႔ေတြေတာင္ အြန္းေလး လွည့္ကြက္ထဲ ေရာက္ေတာ့မလို႔'

ထိုအခ်ိန္ထိ ဝမ္အြန္း ဘာမွျပန္မေျပာေသးေပ။

'ဝူးဟီး ေသဆုံးမႈကို ျပန္ၿပီးေပးဆပ္ရမယ္ အြန္းေလး'

'ဝူဟီး?ဝူဟီး က သူ႔ဘာသာသူသတ္ေသသြားတာ။ ငါလုပ္ခိုင္းတဲ့အထဲမွာ သူေသရမယ္လို႔မပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းသားတစ္ေယာက္နဲ႔ လက္ဆတ္ရမဲ့ကိစၥပဲေလ။ သူကိုယ္တိုင္သေဘာတူခဲ့တာ။ ငါအတင္းအက်ပ္လုပ္ခိုင္းခဲ့တာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ငါ့အျပစ္ကင္းတယ္'

'တိတ္စမ္း။ ဝူဟီး ႀကဳံခဲ့ရတဲ့ကိစၥက သူ႔ဘဝအတြက္ဘယ္ေလာက္ေတာင္!!'

ဘတ္အာ ဘာမွဆက္မေျပာေတာ့ဘဲ သူမ်က္ရည္ကိုသာ သုတ္လိုက္ၿပီး

'ငါေမ့သြားတာ။ မင္းက အရွက္မရွိတဲ့ေနရာမွာ ဆရာတစ္ဆူပဲေလ။ ညီတစ္ေယာက္လုံးကိုေတာင္ ျမဴစြယ္တာအားရမလို႔ အစ္ကိုႀကီးကိုပါ ျမဴစြယ္ခဲ့တာဆိုေတာ့ မင္းအတြက္ေတာ့ ဒါက အဲ့ေလာက္အထိကိစၥႀကီးမွမဟုတ္တာ'

'မင္းဘာေျပာတာလဲ ဘတ္အာ။ ငါအခုခ်ိန္ထိ ဘယ္သူ႔ကိုမွ မျမဴစြယ္ဖူးဘူး။ သူတို႔ဘာသာ တဏွာ႐ူးတာ'

ေနာက္ဆုံး စာေၾကာင္းကိုေတာ့ ဝမ္အြန္း ဝမ္ေယာလ္ ကိုၾကည့္ၿပီး ေျပာလိုက္ျခင္းျဖစ္သည္။

'ဝူဟီး ရဲ႕ေသဆုံးမႈအတြက္ ငါ့အသက္ကို လိုခ်င္တာလား။ လာေလ ....လာသတ္!!..မင္းတို႔မသတ္ရင္ ငါ . မင္းတို႔ကိုသတ္မွာ'

'သတ္ခ်င္တာမွ လက္ကိုယားေနတာပဲ။ ဒါေပမဲ့ မသတ္ဘူး။ ငါတို႔ရဲ႕ ညီေလးက မင္းရဲ႕ ခႏၶာကိုယ္ကိုလိုခ်င္ေနတုန္းပဲတဲ့ေလ။ အဲ့ေတာ့ မင္းကိုသတ္မဲ့အစား '

ဘတ္အာ အထိန္းေတာ္ ယန္း ကိုၾကည့္လိုက္ေတာ့ ဝမ္အြန္း လႈပ္လႈပ္ရွားရွားျဖစ္သြားကာ

'သူ႔ကိုမထိနဲ႔!'

ဝမ္အြန္း ရဲ႕ဆက္ဆက္ထိမခံမႈ
ေၾကာင့္ ဘတ္အာ ရယ္လိုက္ၿပီး

'ေယာလ္ေလး မင္းကေလ အြန္းေလး ထက္ေတာင္ေၾကာက္ဖို႔ေကာင္းေသးတယ္'

ဘတ္အာ ေျပာရင္း ေခါင္းရမ္းလိုက္ၿပီး

'အြန္းေလး တစ္ေယာက္တည္းသီးျခားကမာၻျဖစ္သြားၿပီး ႐ူးသြားဦးမယ္ေနာ္။ ေသခ်ာဂ႐ုစိုက္'

'အြန္းေလး မွာ ငါတစ္ေယာက္လုံးရွိတယ္'

ဝမ္အြန္း အထိန္းေတာ္ ယန္း ေရွ႕သြားရပ္လိုက္ၿပီး

'ငါ့ကိုသတ္ၿပီးမွ မင္းတို႔ ယန္း ကိုသတ္လို႔ရမယ္'

ဝမ္အြန္း ဓားေျမႇာင္ကို သူ႔လည္ပင္းတြင္ေထာက္လ္ုက္သည္။

'မင္းသား။ ကြၽန္မအတြက္ စိတ္မပူပါနဲ႔'

ဝမ္အြန္း ဝမ္းနည္းလာတာေၾကာင့္ မ်က္ေတာင္ေလးေတြ ပုတ္ခတ္ပုတ္ခတ္ျဖစ္လာၿပီး

'ငါ့မွာ ယန္း ပဲက်န္ေတာ့တာ။ မင္းကိုေတာ့ ေပးေသလို႔မျဖစ္ဘူး'

'ဒါေတြအားလုံးကစီစဥ္ထားၿပီးသား မင္းသား။ ကြၽန္မတို႔ ေျပာင္းလဲလို႔မရဘူး'

'တိတ္ေတာ့! မေျပာနဲ႔ေတာ့ ငါ့အထိန္းေတာ္က ငါ့ဆုံးျဖတ္ခ်က္ကို လိုက္နာရမယ္'

'အြန္းေလး ေခါင္းမမာနဲ႔ေတာ့'

ဝမ္ေယာလ္ ေျပာၿပီး ဝမ္အြန္း အနားကပ္လာသည္။ ဝမ္အြန္း ကျပန္ၿပီးတိုက္ခိုက္ေတာ့ ဝမ္ေယာလ္ ေရွာင္ရင္း ဝမ္အြန္း ကိုခ်ဳပ္ထားသည္။ ဝမ္ဆို ႏွင့္ဘတ္အာ က အထိန္းေတာ္ယန္း ကို အျပင္ေခၚထုတ္သြားခ်ိန္တြင္ ဝမ္ေယာလ္ ဝမ္အြန္း ကိုအိပ္ယာေပၚတြင္ခ်ဳပ္ထားၿပီးျဖစ္ေနသည္။ ဝမ္အြန္း ရဲ႕ဓားေျမႇာင္ ၾကမ္းခင္ေပၚက်သြားသည္။ ဝမ္ဂ်န္း ဘတ္အာ တို႔ေနာက္မလိုက္သြားခင္ ကုတင္ေပၚတြင္ခ်ဳပ္ထားခံရေသာ အြန္းေလး ကိုၾကည့္ကာ

'အြန္းေလး က မိန္းကေလးဝတ္စုံဝတ္လိုက္ေတာ့ ပိုၿပီးလွသြားတယ္'

ဝမ္အြန္း ၏အာ႐ုံက ဝမ္ေယာလ္ ဆီကေန ဝမ္ဂ်န္း ဆီေရာက္သြားၿပီး ခပ္စူးစူးအၾကည့္တို႔ႏွင့္ၾကည့္ေနသည္။ ထိုအခ်ိန္တြင္ ဝမ္ေယာလ္ က ဝမ္အြန္း လက္ေတြကို ကုတင္ေခါင္းရင္တြင္ ႀကိဳးႏွင့္စုခ်ည္ၿပီးျဖစ္ေနသည္။ ဝမ္အြန္း သတိထားမိခ်ိန္မွာေတာ့ ေနာက္က်သြားၿပီျဖစ္သည္။

'မင္းတို႔ေတြ တအားယုတ္မာတယ္'

ဝမ္အြန္း သူ႔လက္ေတြကို ႐ုန္းရင္း ေျပာလိုက္သည္။ မ်က္ရည္စတစ္ခ်ိဳ႕ကလည္း ေ႐ႊေရာင္ေခါင္းအုံးထဲ စီးဆင္းက်သြားသည္။

ဝမ္ေယာလ္ က ဝမ္ဂ်န္း ကိုၾကည့္ရင္း

'ေက်းဇူး'

'ရပါတယ္။ မင္းသာ အလွေလးကိုေသခ်ာဂ႐ုစိုက္လိုက္။ ငါမင္းအေဆာင္က အထိန္းေတြအားလုံးကို ျပန္ခိုင္းလိုက္မယ္။ သြားၿပီေနာ္ အလွေလး'

ဝမ္ဂ်န္း ၾကမ္းျပင္ေပၚကဓားေျမႇာင္ကို ေကာက္သြားၿပီး ဝမ္အြန္း ကိုလက္ျပၿပီး အျပင္ထြက္သြားသည္။ အခန္းထဲတြင္ ဝမ္ေယာလ္ ႏွင့္ ဝမ္အြန္း ႏွစ္ဦးသာ က်န္ေနခဲ့သည္။

·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°

အၾကာႀကီေနမွ ျပန္ေရးရတာဆိုေတာ့ ေပါ့သြားခဲ့ရင္လည္း ျဖည့္ဖတ္ေပးေနာ္။ အပိုင္းနဲနဲပဲက်န္ေတာ့တာပါ။ အျမန္ဆုံးtypeၿပီး up ေပးပါ့မယ္😘

[Unicode]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၀

ရှီရွှန်း စားပွဲခုံပေါ်တင်ထားသော ဆေးထုပ်ကိုကြည့်ရင်း မျက်ရည်ဝဲလာသည်။

'ကလေးတွေမှာ အပြစ်မရှိပါဘူးမင်သား။ ဘာလို့ ကလေးတွေကို ပြစ်မှတ်ထားနေရတာပါလဲ'

'မင်းကအရမ်းစကားများလွန်းတယ် ရှီရွှန်း။ ငါပြောတာနားမလည်ဘူးလား'

'ဒါပေမဲ့.....'

'တော်တော့'

ဝမ်အွန်း သက်ပြင်းချလိုက်ပြီး

'တစ်လအတွင်းဆုံးဖြတ်။ တစ်လပြည့်လို့မှ နှစ်ယောက်တည်းက တစ်ယောက်မသေရင် ငါနှစ်ယောက်လုံးကိုသတ်မှာ'

'ဘာလို့ ကျွန်တော့်ကိုမှ ရွေးရတာလဲ'

ရှီရွှန်း အမေးကိုကြားတော့ ဝမ်အွန်း ပြုံးလိုက်ပြီး

'မင်းဖြစ်နေလို့လေ'

ရှီရွှန်း ဝမ်အွန်း ကို နာကျင်နေသော မျက်ဝန်းများဖြင့်ကြည့်နေပြီး

'အခုထိ လက်စားချေလို့မပြီးသေးဘူးလား။ မင်းသားအပေါ်တင်နေတဲ့ အကြွေးတွေက ဆပ်လို့မကုန်သေးဘူးလား'

'မကုန်သေးဘူး။ ငါမင်းဆီက ယူစရာရှိသေးတယ်'

'အဲ့ဒါက ဘာလဲ'

'အချိန်တန်ရင်သိမှာပေါ့။ လောလောဆယ် မင်းကလေးကို အရင်ကယ်။ ငါက မင်းရဲ့ကလေးကိုပဲ လက်ခံပေးနိုင်မှာ။ ဝမ်ဆောနို ရဲ့ကလေးကိုတော့ လက်ခံမပေးနိုင်ဘူး'

'မိဖုရား မှာ ဘာအပြစ်ရှိလို့လဲ။ တစ်ကယ်ဆို မိဖုရားက မင်းသားအပေါ်အရမ်းကောင်းခဲ့တာလေ'

ရှီရွှန်း စကားကြောင့် ဝမ်အွန်း လေးလေးနက်နက်စဉ်းစားသွားပြီး

'ဟုတ်တယ်။ ဆောနို က ငါ့အပေါ်ကောင်းတယ်'

'အဲ့ဒါကိုဘာလို့...'

ဝမ်အွန်း လက်ကာလိုက်ပြီး ရှီရွှန်း ရဲ့စကားလုံးတွေကို ရပ်တန့်စေလိုက်ကာ

'သူကောင်းပေမဲ့ ငါက ပြန်ကောင်ချင်မှကောင်းမှာလေ။ ဒါက ငါ့ဆုံးဖြတ်ချက်ပဲ။ မင်းနဲ့မဆိုင်ဘူး'

'မင်းသား'

ရှီရွှန်း ပုံစံက လက်လျှော့သွားသည့်နှယ် တိုးညှင်းစွာ တုန့်ပြန်လိုက်သည်။

'အဲ့တော့ မင်း လုပ်စရာရှိတာကို အမြန်ဆုံး လုပ်'

ဝမ်အွန်း ထိုင်ခုံကနေထလိုက်ပြီးမှ ပြောစရာကျန်သွားသည့်ပုံစံဖြင့်

'မေ့တော့မလို့။ ဒီဆေးက ကိုယ်ဝန်ပျက်ကျတဲ့ဆေးပဲ။ အဆိပ်မဟုတ်လို့ လူမသေဘူး။ ဒီလောက်ဆို အဆင်ပြေပြီနော်။ စိတ်အေးအေးနဲ့သာလုပ်'

ဝမ်အွန်း ရှီရွှန်း ပုခုံးကို ဖွဖွလေးကိုင်ပြီး အားပေးသလိုလုပ်ပြီး ထွက်သွားသည်။ အပြင်လေတောင်မရှူရသေးသော ကလေးငယ်ကို သတ်ဖို့ ထမင်းစားရေသောက်သလို အေးအေးဆေးဆေးပြောသွားပြီး ပြုံးပျော်နေသော ဝမ်အွန်း ကိုကြည့်ပြီး ရှီရွှန်း လန့်လာသည်။ ဝမ်အွန်း ၏ ရက်စက်မှုတွေက ဘယ်သူမှမထင်ထားလောက်အောင် ကြီးမားနေသည်။ သူကာကွယ်ပေးရမည့် မယ်တော် မရှိတော့ဘူးဆိုတော့ ဝမ်အွန်း က သူ့အသက်မသေရင်နေပါစေ ဘယ်လိုအပြစ်မျိုးမဆို ပြုလုပ်ပစ်ဖို့ ဝန်လေးမနေတော့ပေ။ အသက်သေမယ်ဆိုရင်တောင် သူဂရုစိုက်မည်မဟုတ်တော့ပေ။

ဝမ်အွန်း ထွက်သွားမှ ရှီရွှန်း ရဲ့အထိန်းတော် ဝင်လာခဲ့ပြီး စားပွဲပေါ်တင်ထားသော အထုပ်ငယ်အားကြည့်ပြီး

'ကြင်ယာတော် '

ဂရုဏာသက်စွာခေါ်လိုက်သည်။

'အထိန်းတော် မို ငါ့ရွေးချယ်မှုက မှန်ပါတယ်နော်'

ရှီရွှန်း သူ့ဗိုက်လေးအား ဖွဖွလေးကိုင်ပြီး စားပွဲခုံပေါ်ခေါင်းမှောက်ချကာ ငိုနေသည်။ သူ့ရဲ့အတ္တကြီးမှုကြောင့် သူ့ကလေးရှင်သန်ရန် တခြားသူသေပေးရတော့မည်။

'အရမ်းလည်းဝမ်းမနည်းပါနဲ့ ကြင်ယာတော်။ ဘယ်လိုပဲဖြစ်ဖြစ် ကြင်ယာတော်ဗိုက်ထဲက ကလေးကလည်း မင်းကြီးရဲ့သွေးသားပဲလေ'

တသိမ့်သိမ့်တုန်နေသော ကျောပြင်ငယ်အားကြည့်ရင်း အထိန်းတော် မို သနားလာသည်။ ကြင်ယာတော်ဖြစ်ပြီးကတည်းက တစ်ရက်မှ ပျော်ပျော်ရွှင်ရွှင်မနေခဲ့ရသော ရှီရွှန်း သည် ဝမ်အွန်း အမိန့်အောက်မှာ အမြဲအနိုင်ကျင့်ခံနေရသည်။ အထိန်းတော် ဖြစ်နေသော သူလည်း လုံးဝမကယ်တင်ပေးနိုင်ပေ။

~~~~~~~~~~~

ဝမ်အွန်း ရှီရွှန်း အဆောင်ကနေ ထွက်လာပြီး ဖြည်းဖြည်းချင်းသာ လျှောက်လာသည်။ သူ့စိတ်ထဲ ရှေ့ဆက်လုပ်ရမည့်အလုပ်တွေကို အစီစဉ်တကျဖြစ်အောင်စီစဉ်နေရသည်။ သူသာခြေလှမ်းတစ်ချက်မှားတာနဲ့ ဝမ်ယောလ် ကအားလုံးကိုသိပြီး သူ့အကြံတွေကိုဖျက်ဆီးပစ်လိုက်မှာ စိုးရိမ်နေသည်။

'အခုကိစ္စက အလုပ်ဖြစ်ပါ့မလား မင်းသား'

အထိန်းတော် ယန်း ရဲ့အသံကိုကြားမှ ဝမ်အွန်း သူ့အစီအစဉ်တွေကို ခဏဘေးထားပြီး

'ဖြစ်မှာပါ။ သူလည်းလူပဲ။ သူ့အသားတော့ အနာခံပါ့မလား'

'ဒါပေမဲ့ အရမ်းတော့ စိတ်ထိခိုက်သွားမယ်ထင်တယ်။ ပြီးတော့ ဒီကိစ္စသာပေါ်သွားရင် မင်းသားအကြောင်းကိုပါ ဖေါ်ပစ်လိမ့်မယ်'

'သိတယ်။ အဲ့ဒါကြောင့် သူ မလုပ်ရသေးခင် ကိုယ့်အလုပ်တွေကို ပြီးအောင်လုပ်ထားရမယ်'

'ဟုတ်တယ်။ မင်းသားမှန်းသိသွားရင် အပြစ်ဒဏ်က မသေးလောက်ဘူး'

'သေချာပေါက် သေဒဏ်ပဲ။ အဲ့ဒါကြောင့် အဲ့မတိုင်ခင်မှာပဲ ပုန်ကန်မှုဖြစ်အောင်လုပ်ရမယ်။ ဝမ်ယို တို့ကို မြို့တော်ကို လာတိုက်လို့ရအောင် လမ်းကြောင်းဖွင့်ပေးရမယ်။ ဒီည ယောလ်လေး ဆောနို အဆောင်မှာသွားအိပ်မှာ။ နန်းတော်အပြင်ထွက်ဖို့ လိုအပ်တာတွေပြင်ထားပေး'

'ဟုတ်ကဲ့ မင်းသား'

~~~~~~~~~~

ဝမ်အွန်း ထင်သည့်အတိုင်းပဲ ဝမ်ယောလ် ထိုနေ့ညက ဝမ်ဆောနို အဆောင် တွင်သာ သွားအိပ်သည်။ ဝမ်အွန်း နဲ့အထိန်းတော် ယန်း နှစ်ယောက်ပဲ အဆောင်အတွင်းဘက်တွင်နေပြီး နန်းပြင်ထွက်ဖို့ပြင်ဆင်နေသည်။

အထိန်းတော် ယန်း က ဝမ်အွန်း ကို မိန်းကလေးတစ်ယောက်လို ပြင်ဆင်ပေးထားသည်။ အားလုံးပြင်ဆင်ပြီးတော့ ဝမ်အွန်း မျက်နှာတစ်ဝက်အား ပုဝါအပါးလေးတပ်လိုက်ပြီး

'ဒီမှာနေခဲ့ပြီး ယောလ်လေး ပြန်လာရင် အခြေအနေကိုထိန်းထားပေး'

'တစ်ယောက်တည်း အန္တရာယ်မများဘူးလား မင်းသား။ ဂျောင်ဆူး ကိုဖြစ်ဖြစ် ခေါ်
သွားပါလား'

'ငါသူ့ကိုမယုံဘူး'

ဝမ်အွန်း  လက်တစ်ဖဝါးစာလောက်အရှည်ရှိသော ဓားမြှောင်အား အင်္ကျီလက်အတွင်းသို့ ဝှက်ရင်းပြောလိုက်သည်။

'အရမ်းမစိုးရိမ်ပါနဲ့ ယန်း။ ငါက ဝမ်အွန်း ပါ'

ဝမ်အွန်း ပြောပြီး အိပ်ဆောင်ထဲဝင်သွားသည်။

ဝမ်ယောလ် ၏ အိပ်ယာကုတင်သည် သာမန်ကုတင်မျိုးမဟုတ်ပေ။အရေးပေါ်ကိစ္စဖြစ်လျှင် တော်ဝင်မိသားစုအလွယ်တကူထွက်ပြေးတိမ်းရှောင်နိုင်ရန် ဖောက်ထားသော လျှို့ဝှက်လမ်းဖြစ်သည်။ ဝင်ပေါက်က လေးဘက်လေးလံအလုံပိတ်ထားသော ကုတင်ခြေရင်းတွင်ရှိပြီး ထိုမှတဆင့် ကုတင်အောက်ခြေအလိုက် လှေကားများဆင်းပေးထားသော မြေအောက်လမ်းဖြစ်သည်။ ဒီအကြောင်းကို ရှီလာမင်းကြီးတွေ အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ပြီး ဝမ်အွန်း လက်ထက်ပြီးတော့ လက်ဆင့်ကမ်းခြင်းမရှိခဲ့တော့ပေ။ ဝမ်ယောလ် က အိမ်ရှေ့စံမဟုတ်ခဲ့သောကြောင့် ထိုအကြောင်းအားလုံးမသိပေ။ အခေါင်းပေါက်ရှိနေသည်ဟု သံသယဖြစ်သည့်တိုင်အောင် အိပ်သည့်ကုတင်ကိုတော့ ထုထည်ကြီးကြီးမားမားဆောက်မည်မဟုတ်ဟုသာ တွေးပြီး နက်နက်နဲနဲတွေးမည်မဟုတ်ပေ။ ထို့အပြင် နွေးထွေးစေရန်နှင့် ကုတင်အလှဆင်ထားသော ပိတ်စများကြောင့် ဝင်ပေါက်တံခါးဟာ ပျောက်ကွယ်လို့နေသည်။

ဝမ်အွန်း လှေကားတစ်လျှောက်ဆင်းလာပြီး လျှောက်လမ်းတစ်လျှောက်ဆက်ပြီးသွားနေသည်။ လမ်းတစ်လျှောက် လမ်းခွဲလေးတွေအများကြီးရှိပြီး နန်းတော်ထဲက အဆောင်တွေအားလုံးနှင့်ဆက်သွယ်ထားသော မြေအောက်လမ်းဖြစ်သည်။ ထိုမှတစ်ဆင့် နန်းတော်အပြင်ဘက်ကိုရောက်နိုင်သော ဥမင်လှိုဏ်ဂူရှိပြီး ဆက်သွားရင်း နန်းတော်တံတိုင်းအပြင်ဘက်ရှိ တောအုပ်ထဲကိုရောက်လာသည်။ လူအများမသွားသောလမ်းဖြစ်သောကြောင့် မြက်ပင်ရှည်တွေရှိနေပေမဲ့ ဆက်သွားပါက မြို့တော်ထဲကို ရောက်သွားမည်ဖြစ်သည်။ ဝမ်အွန်း အင်္ကျီအရှည်နှင့် သူ့ခေါင်းကနေခြုံထားပြီး မျက်နှာနည်းနည်းလေးသာဖေါ်ထားသည်။ ဝမ်အွန်း ပွဲရုံတစ်ခုဆီသွားလိုက်သည်။ ထိုနေရာတွင် ဓားပြခေါင်းဆောင် ဂင်ယုံရှစ် နှင့်သူ့အဖွဲ့ရှိနေသည်။

'မင်းသား '

'မတွေ့ရတာတောင်ကြာပြီ'

ဝမ်အွန်း မျက်နှာတွင်တပ်ထားသော ပုဝါအား ဖယ်လိုက်ပြီး အပြုံးလေးနဲ့နှုတ်ဆက်လိုက်သည်။ ထို့နောက် ဂင်ယုံရှစ် က သူထိုင်နေသောနေရာကိုဖယ်ပေးပြီး သူကတခြားခုံတွင်ဝင်ထိုင်သည်။

'မင်းသားကိုယ်တိုင်လာတာ အရမ်းအန္တရာယ်များလွန်းတယ်။ ဘာလို့ ဒီလောက်တောင်စွန့်စားရတာလဲ'

'ဒီတစ်ခေါက်ကအရေးကြီးတယ်။ အစီအစဉ်ကို သေချာဆွဲဖို့ ငါကိုယ်တိုင်လာတာ'

'အခု မြို့တော်က ကိစ္စတော်တော်များများကြောင့် ဝမ်ယောလ် ရဲ့လူတွေသတိထားမိနေလို့ ကျွန်တော်တို့တွေ သိုသိုသိပ်သိပ်ပဲနေနေရတယ်'

'ဟုတ်တယ်။ ယောလ်လေး က အစောကြီးကတည်းက မင်းတို့ကိုဖမ်းဖို့စောင့်နေတာ'

'ဒါဆို ဘာဆက်လုပ်ကြမလဲ'

'ငါတို့မှာ လူအင်အားဘယ်လောက်ရှိလဲ'

'စစ်ပွဲဒဏ်တွေခံစားရတဲ့ပြည်သူတွေတော်တော်များများက ကျွန်တော်တို့စခန်းထဲကို တော်တော်များများဝင်ရောက်လာတယ်။ သူတို့တွေကိုလည်းသေချာလေ့ကျင့်ပေးထားပါတယ်။ တိုက်ပွဲဝင်လို့ရတဲ့အရေအတွက်ဆိုရင်တော့ သုံးသောင်းလောက်ရှိပါတယ်'

'သုံးသောင်း'

'ဟုတ်ပါတယ်'

ဝမ်အွန်း မျက်မှောင်ကြုံ့သွားသည်။

'လူအင်အားမလောက်ဘူး'

'ဒါဆို ဘယ်လိုလုပ်ကြမလဲ'

'ငါတို့တွေ ဝမ်ယို တပ်ဖွဲနဲ့ပူးပေါင်းရမယ်'

ထို့နောက် စားပွဲပေါ်တွင် ရှီလာမြေပုံအားခင်းကျင်းလိုက်သည်။

'ငါတို့တပ်ဖွဲ့တွေကိုသုံးဖွဲ့ခွဲမယ်။ ပထမ တစ်သောင်းက ဝမ်ယိုတပ်ဖွဲနဲ့ပူးပေါင်းပြီး မြို့တော်ကိုချီတက်ရမယ်။ နောက်တစ်သောင်းခွဲက ဝမ်ယိုတပ်ဖွဲ့မြို့တော်ကိုသိမ်းပြီးတာနဲ့ သူတို့ကိုတိုက်ခိုက်ဖို့ အရင်တပ်သားတစ်သောင်းနဲ့ပူးပေါင်းပြီး ထီးနန်းကို ငါတို့ယူမယ်။ ကျန်တဲ့ငါးထောင်က အစီအစဉ်ကျရှုံ
းရင် ထွက်ခွာဖို့ပြင်ဆင်ထားရမယ်'

'မင်းသားပြောတဲ့အတိုင်းစီစဉ်လိုက်ပါမယ်'

'ရိက္ခာအတွက် နိဟွန်း ကုန်သည်တပ်ဖွဲ့ကထောက်ပံ့လိမ့်မယ်။ အခု အရေးကြီးတာက ဝမ်ယိုတို့ကို မြို့တော်ကိုသိမ်းဖို့အကြံပေးရမယ်။ ဘတ်အာ နဲ့ ဂျန်းအာ က လောလောဆယ် ယောလ်လေးနဲ့ ခဏလက်တွဲဖြုတ်ထားလို့ ဝမ်ဆို တစ်ယောက်တည်းပဲသူ့ဘက်မှာရှိတာ။ ဝမ်ယိုတို့သုံးယောက်က ဝမ်ဆို ကိုရင်ဆိုင်လိမ့်မယ်။ ငါက ယောလ်လေး ကိုရင်ဆိုင်မယ်'

'မကြာခင်မှာ အရှင်မင်းကြီးရဲ့ထီးနန်းကိုပြန်ရတော့မှာပါ'

ဝမ်အွန်း မဲ့ပြုံးလေးပြုံးလိုက်ပြီး မြေပုံပေါ်ကနန်းတော်တည်နေရာကို ကြည့်နေသည်။

~~~~~~~~~~THE THRONE~~~~~~~~~~~

ဝမ်အွန်း လျှို့ဝှက်လမ်းထဲဝင်သွားပြီးနောက် အထိန်းတော်ယန်း တံခါးကိုပြန်ပိတ်လိုက်သည်။ ပစ္စည်းတွေကို ပုံစံမပျက်ထားပြီးနောက် အပြင်ပြန်ထွက်ရန်ပြင်သောအချိန်တွင် သူ့လည်ပင်းပေါ် အေးစက်နေသော ဓားတစ်ချောင်းရောက်ခဲ့သည်။

ယန်း အနောက်ကိုလှည့်ကြည့်လိုက်တော့

'မင်း..မင်းကြီး'

'ငါ့အဆောင်ထဲမှာ ဒီလိုလမ်းမျိုးရှိနေလိမ့်မယ်လို့မထင်ထားဘူး'

'ခမည်းတော်က ဘက်လိုက်လိုက်တာ'

ဝမ်ယောလ် နှင့်အတူ ဝမ်ဆို၊ ဘတ်အာ၊ ဂျန်းအာ တို့ပါရှိနေသည်။

'ကြည့်ရတာ ငါတို့ထင်ထားတဲ့အတိုင်းပဲ။ အွန်းလေး က လက်မလျှော့သေးဘူး'

ဝမ်ဆို ပြောလိုက်သည်။

'ဂျောင်ဆူး အွန်းလေးနောက်လိုက်သွား။ အွန်းလေးရဲ့ လက်နှစ်ဖက်ကိုဖြတ်ဖို့ အချိန်ရောက်ပြီ'

ဝမ်ယောလ် အမိန့်ကို ဂျောင်ဆူး ချက်ချင်းလိုက်နာပြီး မြေအောက်လမ်းထဲဝင်သွားလိုက်သည်။

'ငါတို့တွေ ဒီကနေပဲ ထိုင်စောင့်ရအောင်'

ဝမ်ယောလ် အိပ်ဆောင်အပြင်ကိုထွက်လိုက်ပြီး စားပွဲခုံတွင်ဝင်ထိုင်သည်။

'ဝူဟီး ကိုသတ်တာ အွန်းလေး ဆိုရင် မင်းဘယ်လိုစီရင်မှာလဲ'

'အွန်းလေး က ငါ့ကြင်ယာတော်။ သူ့ကိုအပြစ်ပေးလို့မရဘူး။ တစ်ကယ်လို့ အစ်ကိုတော်ပြန်သတ်ချင်ရင် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ရေးပေးမယ်။ ဘယ်လိုလဲ'

'စဉ်းစားဦးမယ်'

'အချိန်ကြာကြာမစဉ်းစားပါနဲ့တော့။ မကြာခင် ဝမ်ယို ရဲ့တပ်ဖွဲ့တွေက မြို့တော်ရောက်လာတော့မှာ။ ကျွန်တော် အစ်ကိုတော်ကို လိုအပ်တယ်'

ဝမ်ယောလ် စကားကြောင့် ဘတ်အာ ကရယ်သည်။

ပြီးနောက် ခုံတွင်ဝင်ထိုင်က လက်ပိုက်လိုက်ပြီး

'မင်းလိုတာ ငါလား?ငါ့တပ်ဖွဲ့လား'

ဘတ်အာ စကားကြောင့် ဝမ်ယောလ် သက်ပြင်းလေးချလိုက်ပြီး

'ဘယ်လိုလုပ်မလဲ။ လိုအပ်တာက နှစ်ခုလုံးဖြစ်နေတယ်'

ဘတ်အာ က ဝမ်ယောလ် ကိုအကြာကြီးစိုက်ကြည့်နေပြီး

'ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းဘက်ကပဲလေ။ အွန်းလေး ထီးနန်းကို ပြန်မရဖို့က ငါတို့ညီအစ်ကိုအားလုံးရဲ့ရည်ရွယ်ချက်ပဲ။ ငါမင်း ကိုကူညီမှာပါ။ အစ်ကိုကြီးက အွန်းလေးထောင်ချောက်ထဲ ခဏ ကျသွားရုံပါ'

သူတို့နှစ်စကားပြောနေတုန်း အိပ်ဆောင်ထဲက ဝမ်ဂျန်း ရဲ့အသံထွက်လာသည်။

'ယောလ်လေး ဒီအထိန်းတော်ကို ဘယ်လိုလုပ်မှာလဲ'

'အဲ့မှာပဲ ဒူးထောက်ခိုင်းပြီး အွန်းလေးပြန်လာတာကိုစောင့်ခိုင်းလိုက်'

'ကောင်းပြီလေ'

ဝမ်ဂျန်း ကုတင်ဘေးကစားပွဲပေါ်
တင်ထားသော သစ်သီးဗန်းထဲမှာ ပန်းသီးတစ်လုံးကို ယူကာ ကိုက်လိုက်ပြီး အိပ်ယာပေါ်တက်လှဲရင်း ဝမ်အွန်း ပြန်အလာကိုစောင့်နေသည်။

'မင်းကတော်တော်သစ္စာရှိတာပဲ။ အွန်းလေး အစား သေရဲတယ်မဟုတ်လား။ ယောလ်လေး က သူ့ကြင်ယာတော်ကို လုံးဝအထိမခံဘူး'

အထိန်းတော် ယန်း ဘာမှပြန်မပြောပေ။

~~~~~~~~~~~~

ဝမ်အွန်း တံခါးကိုဖွင့်လိုက်ပြီး အပြင်ကိုထွက်လာတော့ ဒူးထောက်နေသော အထိန်းတော်ယန်း ကိုတွေ့လိုက်ရသည်။

'ယန်း ဘာလို့ဒူးထောက်နေတာလဲ'

'မင်းသား'

အထိန်းတော် ယန်း ၏ အသံသည် စိုးရိမ်မှုများနှင့်ပြည့်နှက်နေသောကြောင့် ဝမ်အွန်း တစ်ခုခုမှားနေတာကို သတိပြုမိလိုက်ပြီး လက်ထဲတွင်ဝှက်ထားသော ဓားမြှောင်ကိုထုတ်ကာ

'ယောလ်လေး လား'

'ငါပြောသားပဲ။ ငါမူးနေရင်တောင် အဲ့အပျိုတော်ကိုမှတ်မိတယ်လို့လေ'

အခန်းထဲအရင်ဆုံးဝင်လာသည်က ဝမ်ဆို ဖြစ်ပြီး သူဆွဲထားသောပန်းချီကို ကြည့်ရင်းပြောနေသည်။

'မင်းတို့...'

'အံ့သြသွားလား'

ဝမ်ယောလ် ဝမ်အွန်း ကိုပြုံးပြနေသည်။ သို့သော် အေးစက်စက်အပြုံး ဖြစ်နေသည်။

'အွန်းလေး က ဉာဏ်များတယ်ဆိုတာ ကောလဟာလသက်သက်မဟုတ်ဘူးပဲ။ ငါတို့တွေတောင် အွန်းလေး လှည့်ကွက်ထဲ ရောက်တော့မလို့'

ထိုအချိန်ထိ ဝမ်အွန်း ဘာမှပြန်မပြောသေးပေ။

'ဝူးဟီး သေဆုံးမှုကို ပြန်ပြီးပေးဆပ်ရမယ် အွန်းလေး'

'ဝူဟီး?ဝူဟီး က သူ့ဘာသာသူသတ်သေသွားတာ။ ငါလုပ်ခိုင်းတဲ့အထဲမှာ သူသေရမယ်လို့မပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားတစ်ယောက်နဲ့ လက်ဆတ်ရမဲ့ကိစ္စပဲလေ။ သူကိုယ်တိုင်သဘောတူခဲ့တာ။ ငါအတင်းအကျပ်လုပ်ခိုင်းခဲ့တာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါ့အပြစ်ကင်းတယ်'

'တိတ်စမ်း။ ဝူဟီး ကြုံခဲ့ရတဲ့ကိစ္စက သူ့ဘဝအတွက်ဘယ်လောက်တောင်!!'

ဘတ်အာ ဘာမှဆက်မပြောတော့ဘဲ သူမျက်ရည်ကိုသာ သုတ်လိုက်ပြီး

'ငါမေ့သွားတာ။ မင်းက အရှက်မရှိတဲ့နေရာမှာ ဆရာတစ်ဆူပဲလေ။ ညီတစ်ယောက်လုံးကိုတောင် မြူစွယ်တာအားရမလို့ အစ်ကိုကြီးကိုပါ မြူစွယ်ခဲ့တာဆိုတော့ မင်းအတွက်တော့ ဒါက အဲ့လောက်အထိကိစ္စကြီးမှမဟုတ်တာ'

'မင်းဘာပြောတာလဲ ဘတ်အာ။ ငါအခုချိန်ထိ ဘယ်သူ့ကိုမှ မမြူစွယ်ဖူးဘူး။ သူတို့ဘာသာ တဏှာရူးတာ'

နောက်ဆုံး စာကြောင်းကိုတော့ ဝမ်အွန်း ဝမ်ယောလ် ကိုကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

'ဝူဟီး ရဲ့သေဆုံးမှုအတွက် ငါ့အသက်ကို လိုချင်တာလား။ လာလေ ....လာသတ်!!..မင်းတို့မသတ်ရင် ငါ . မင်းတို့ကိုသတ်မှာ'

'သတ်ချင်တာမှ လက်ကိုယားနေတာပဲ။ ဒါပေမဲ့ မသတ်ဘူး။ ငါတို့ရဲ့ ညီလေးက မင်းရဲ့ ခန္ဓာကိုယ်ကိုလိုချင်နေတုန်းပဲတဲ့လေ။ အဲ့တော့ မင်းကိုသတ်မဲ့အစား '

ဘတ်အာ အထိန်းတော် ယန်း ကိုကြည့်လိုက်တော့ ဝမ်အွန်း လှုပ်လှုပ်ရှားရှားဖြစ်သွားကာ

'သူ့ကိုမထိနဲ့!'

ဝမ်အွန်း ရဲ့ဆက်ဆက်ထိမခံမှု
ကြောင့် ဘတ်အာ ရယ်လိုက်ပြီး

'ယောလ်လေး မင်းကလေ အွန်းလေး ထက်တောင်ကြောက်ဖို့ကောင်းသေးတယ်'

ဘတ်အာ ပြောရင်း ခေါင်းရမ်းလိုက်ပြီး

'အွန်းလေး တစ်ယောက်တည်းသီးခြားကမ္ဘာဖြစ်သွားပြီး ရူးသွားဦးမယ်နော်။ သေချာဂရုစိုက်'

'အွန်းလေး မှာ ငါတစ်ယောက်လုံးရှိတယ်'

ဝမ်အွန်း အထိန်းတော် ယန်း ရှေ့သွားရပ်လိုက်ပြီး

'ငါ့ကိုသတ်ပြီးမှ မင်းတို့ ယန်း ကိုသတ်လို့ရမယ်'

ဝမ်အွန်း ဓားမြှောင်ကို သူ့လည်ပင်းတွင်ထောက်လ်ုက်သည်။

'မင်းသား။ ကျွန်မအတွက် စိတ်မပူပါနဲ့'

ဝမ်အွန်း ဝမ်းနည်းလာတာကြောင့် မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး

'ငါ့မှာ ယန်း ပဲကျန်တော့တာ။ မင်းကိုတော့ ပေးသေလို့မဖြစ်ဘူး'

'ဒါတွေအားလုံးကစီစဉ်ထားပြီးသား မင်းသား။ ကျွန်မတို့ ပြောင်းလဲလို့မရဘူး'

'တိတ်တော့! မပြောနဲ့တော့ ငါ့အထိန်းတော်က ငါ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ်'

'အွန်းလေး ခေါင်းမမာနဲ့တော့'

ဝမ်ယောလ် ပြောပြီး ဝမ်အွန်း အနားကပ်လာသည်။ ဝမ်အွန်း ကပြန်ပြီးတိုက်ခိုက်တော့ ဝမ်ယောလ် ရှောင်ရင်း ဝမ်အွန်း ကိုချုပ်ထားသည်။ ဝမ်ဆို နှင့်ဘတ်အာ က အထိန်းတော်ယန်း ကို အပြင်ခေါ်ထုတ်သွားချိန်တွင် ဝမ်ယောလ် ဝမ်အွန်း ကိုအိပ်ယာပေါ်တွင်ချုပ်ထားပြီးဖြစ်နေသည်။ ဝမ်အွန်း ရဲ့ဓားမြှောင် ကြမ်းခင်ပေါ်ကျသွားသည်။ ဝမ်ဂျန်း ဘတ်အာ တို့နောက်မလိုက်သွားခင် ကုတင်ပေါ်တွင်ချုပ်ထားခံရသော အွန်းလေး ကိုကြည့်ကာ

'အွန်းလေး က မိန်းကလေးဝတ်စုံဝတ်လိုက်တော့ ပိုပြီးလှသွားတယ်'

ဝမ်အွန်း ၏အာရုံက ဝမ်ယောလ် ဆီကနေ ဝမ်ဂျန်း ဆီရောက်သွားပြီး ခပ်စူးစူးအကြည့်တို့နှင့်ကြည့်နေသည်။ ထိုအချိန်တွင် ဝမ်ယောလ် က ဝမ်အွန်း လက်တွေကို ကုတင်ခေါင်းရင်တွင် ကြိုးနှင့်စုချည်ပြီးဖြစ်နေသည်။ ဝမ်အွန်း သတိထားမိချိန်မှာတော့ နောက်ကျသွားပြီဖြစ်သည်။

'မင်းတို့တွေ တအားယုတ်မာတယ်'

ဝမ်အွန်း သူ့လက်တွေကို ရုန်းရင်း ပြောလိုက်သည်။ မျက်ရည်စတစ်ချို့ကလည်း ရွှေရောင်ခေါင်းအုံးထဲ စီးဆင်းကျသွားသည်။

ဝမ်ယောလ် က ဝမ်ဂျန်း ကိုကြည့်ရင်း

'ကျေးဇူး'

'ရပါတယ်။ မင်းသာ အလှလေးကိုသေချာဂရုစိုက်လိုက်။ ငါမင်းအဆောင်က အထိန်းတွေအားလုံးကို ပြန်ခိုင်းလိုက်မယ်။ သွားပြီနော် အလှလေး'

ဝမ်ဂျန်း ကြမ်းပြင်ပေါ်ကဓားမြှောင်ကို ကောက်သွားပြီး ဝမ်အွန်း ကိုလက်ပြပြီး အပြင်ထွက်သွားသည်။ အခန်းထဲတွင် ဝမ်ယောလ် နှင့် ဝမ်အွန်း နှစ်ဦးသာ ကျန်နေခဲ့သည်။

·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°·°

အကြာကြီနေမှ ပြန်ရေးရတာဆိုတော့ ပေါ့သွားခဲ့ရင်လည်း ဖြည့်ဖတ်ပေးနော်။ အပိုင်းနဲနဲပဲကျန်တော့တာပါ။ အမြန်ဆုံးtypeပြီး up ပေးပါ့မယ်😘

Continue Reading

You'll Also Like

789K 63.2K 32
ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။
2.2M 147K 94
သည္းငယ္ေလး မင္းႀကိဳက္သေလာက္ဆိုးစမ္းပါ မင္းဆိုးေနတာေလးကို ဦးကခ်စ္တာမို႔လို႔
2M 129K 82
ကိုယ့္ကိုမခ်စ္ဘူး အႀကိမ္ႀကိမ္ေျပာလည္း ကိုယ္ကေတာ့ ေနာင့္ကိုအၿမဲခ်စ္သြားမွာ❣️
1.4M 41.1K 80
CHANBAEK Plus ဦးစား​ပေး၍​ရေးသားထားသည်​မို့ ရိုင်းသည့်​စကားလုံးများပါနိုင်​ပါသည်​plus မဖတ်​ချင်​သည့်​သူများ​ကြော်​ခွသွားနိုင်​ပါ၏...ထန်​နိုးစန့်​လေးမ...