ဂန္တဝင်၌တွယ်ငြိခြင်း (ဂႏၲဝင္၌...
By HunHan-Angel
177K 26.6K 2.4K
ဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေ... More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40 Final
ဂန္တဝင်မှ ၂၁ရာစု ထံသို့ ပေးစာ
Extra 1
Part 13
3.7K 688 52
By HunHan-Angel
ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၁၃)
ညီလာခံ စမည့် အခါမျိုးတွင်
မြှောက်စည်ကို ငါးချက် တိတိ တီးသည် ဟူ၍ စာအုပ်များထဲတွင်ဖတ်ဖူးခဲ့သည် ။
ဤ မြှောက်စည် ငါးချက်ကား
'ဝင် တော် မူ တော့ မည် 'ကို ကိုယ်စားပြုကြောင်းလည်း သိပြီး သားဖြစ်လေရာ
၅ ချက် တီးပြီး သည်နှင့်
ပဆစ်တုပ်ဒူးထောက်ကာ
ခေါင်းကိုငုံ့ထားလိုက်တော့လေသည် ။
အရင်တစ်ခေါက်က လို
ခိုးမကြည့်ဖြစ်တော့ ။
တွေးမိသည်နှင့် ရင်ထဲ ဆိမ့်ခနဲဖြစ်သည် ။
'အေးလေ ၂၄ နှစ် ဒီအရွယ်
မင်းခယောက်ကျား မှာ အချစ်ဦးတို့ သဘောကျတဲ့ လူတို့ရှိတာ ဆန်းသလား'
သော်က ကား 'ခင်ပြီဟေ့'ဆိုလျှင် ထိုလူ ကို အသေခင်သည်။
တစ်ခါက မှတ်မှတ်ရရ
သော်က ငယ်ငယ် ကတည်း က ခင်လာရသူ သူငယ်ချင်း မလေး မှာ
ရည်းစား ရသွားလေရာ
သော်က အနှီကောင်မလေး ကို မခေါ်နိုင် မပြောနိုင် ဖြစ်သည် အထိ စိတ်မကောင်းဖြစ်ဘူးသည် ။
ထိုအခါ က မိမိအား ထိုကောင်မလေး ကို ကြိုက်နေသည်ဟု ထင်ကြေးပေးကြသော်လည်း
မိမိ ကိုယ် တိုင်မှာ ထိုသို့ မဟုတ်ကြောင်း သိသည့်အပြင် ငယ်သူချင်းမလေးကပါ မိမိစိတ်ကိုနားလည်သူဖြစ်နေ၍
နှစ်ပတ်တိတိ အကောက်ခံပြီးနောက်
လာရောက် ချော့လေ သော အခါ
နဂိုအဖြောင့်အနေအထား သို့
ပြန်ရောက်လေသည် ။
ယခု ထိုသူငယ်ချင်း မလေး ပင်
အိမ်ထောင်ပြုသွားချေပြီ ။
သော်က ကား အပေါင်းအသင်း ကို ဒုတိယ မိသားစုကဲ့သို့
သဘောထားယုံသာမက
တစ်ဦးတည်ရသော သားတို့၏ သဘာဝအတိုင်း အချစ်ဟူသမျှ
မိမိတစ်ယောက်တည်း
ခံယူလိုသော သိပ်အချစ်ခံ ချင်သော လူတန်းစားမျိုး ဖြစ်လေရာ
၅၂၈ အချစ်မာဘဲ ဖြစ်ဖြစ်
၁၅၀၀ အချစ်မှာဘဲ ဖြစ်ဖြစ်
မိမိ နှင့်ခွဲဝေ ချစ် ရမည့် သူ ပေါ်လာပါက စိတ်မကောင်း ဖြစ်တက်သည်
စိတ်ကောက်တက်သည် ။
အခု လည်း ရာဟု က ဟို ရောက်ရင် သူ့ကို
ဂရုစိုက်တာလျော့သွားမှာ
တွေးပူနေလေတော့သည်။
"ဆင်စီးသူရဲကောင်း ရာဟုသင်္ဂ
ဘုရင့် အမိန့်တော် နာခံစေ "
"ကျွန်တော်မျိုး ရှိကြောင်းပါ "
အပြောအဆို အသံတွေကြောင့် သာ သော်က အတွေးတွေ က မူလနေရပ်သို့
ပြန်ရောက်သည် ။
"ရာဟု သင်္ဂ ကိုကား ယနေ့ တော်သတင်း လဆုတ် ၃ရက်နေ့ သောကြာနေ့၌
မင်းတရားကြီး အမိန့်တော် ရှိသည်မှာ
ရာဟု သင်္ဂ ကား ရဲစွမ်းသတ္တိနှင့်ပြည့်စုံ စွာ
ကိုယ်တော်နှင့်အတူ တိုက်ပွဲပေါင်း များစွာ ကို ရဲရဲဝံ့ဝံ့ တိုက်ခဲ့လေသည်။
ထို့ပြင် ယခုဟံသာဝတီ မြို့ကို
ကြံရာတွင်လည်း မောင်မင်း
အကြံကောင်း၍ သိမ်းပိုက်ရမိလေသည် ။
ငါသည်ယခု မူ ဟံသာဝတီကို ပြောင်းရွှေ့ထီးနန်း စံတော့မည် ။သို့သော် ငါ၏ ဇာတ်ချက်ကြွေဖြစ်သော
ကေတုမတီကိုကား မြို့တော်အဖြစ်မှလျောကျလေရာ များစွာ
စိတ်မကောင်းဖြစ်၍ ကိုယ်တော်၏ အဖိုးတန်လှသော ဇာတိချက်ကြွေမွေးရပ်ကို စောင့်ရှောက်ရန် မောင်မင်း
အားပေးအပ်သည် ။
သော်က ခေါင်း က ဆက်ခနဲ
'ဟင် ဒါဆို သမိုင်းထဲ ကပျောက်နေတဲ့
ပုံပြင်အစ က ရာဟုပေါ့ ဒါပေမယ့်
ငါ ရွှေတိုက်တော် စာရင်းဝင် သူရဲကောင်းနဲ့ မြို့စား ရွာစား အဖြစ် ချီးမြှောက်ခံရသူ စာရင်းတွေထဲမာတော့ သူ့ကို မတွေ့ပါလား
ဘာလို့လဲ သမိုင်းထဲ က အဖျက်ခံထားရတာလား ?
ဟုတ်တယ်ဆိုဦး ဘာကြောင့်လဲ '
သော်က ခေါင်းတို့ကား စဉ်းစား
လွန်းသဖြင့်ထိုးကိုက် လာချေရာ ။
ဟန်ပင်မဆောင်နိုင်ဘဲ
လက်ဖြင့်ခေါင်း ကို ကိုင်လိုက်ရသည်။
'သမိုင်းကြောင်း က အဖျက်ခံ ရတဲ့ လူတွေ က ပြစ်မှု အကြီးကြီး
ကျူးလွန်ထားတဲ့ လူတွေပြီးတော့
ရက်ရက်စက်စက်
အသတ်ခံရတာ တွေချည်းဘဲ '
တွေးရင်း
အမိန့်တော်ကို ငြိမ်သက်စွာနာယူနေသည့် ရာဟု ကိုမြင်တော့ ဝမ်းနည်းစိတ်တို့
လှိုက်တက်လာသည် ။
'ဟင့်အင်း ခင်ဗျား ကတော့အာ့လို မဖြစ်ရဘူး ခင်ဗျားကိုတော့ အာ့လို
မဖြစ်စေချင်ဘူး
ကျွန်တော်ဘာလုပ်ရမလဲ ရာဟုရေ'
အကြည့်တို့က အမိန့်စာ ကို ဆက်လက်နားထောင်နေသည့် ရာဟုထံ ကြည့်မိသည်
ဝေ့တက်လာသည့်
မျက်ရည်တို့ကြောင့်မြင်ကွင်း
က ဝိုးတစ်ဝါး ။
"ထို့ကြောင့်မင်းတရားကြီးသည်
ရာဟုသင်္ဂကား ရာဟုသင်္ဂမဏိ ဟူသော ဘွဲ့တော် ကို ပေးအပ်၍
ဆင်စီးသူရဲ ၂၀
မြင်းစီးသူရဲ ၂၀၀
ခြေလျင် စစ်သည် ၄၀၀ တို့ကို ပေးအပ်၍
ကေတုမတီမြို့စားရာထူးပေးအပ်သည် ဝင်စည်ထွက်စည် ကို လည်းပေးသည် "
ထိုအကြောင်း ကို ကြားသော အခါ မင်းအမတ်တစ်ချို့ကား တီးတိုးတီးတိုး
လုပ်ကုန်ကြလေသည် ။
ဝင်စည် ထွက်စည်ပါပေးအပ်သည်
ဟူသည်ကား မင်းတစ်ပါး၏
အဆောင်အယောင် တစ်ခု
ကိုပေးအပ်ခြင်းဖြစ်လေရာ
မြို့စားချင်းအတူတူတောင် ပို၍ အရေးပေးခံကြောင်း သိသာစေလေသည်။
သော်က ကား ရာဟု ကိုကြည့်ကာ
ဂုဏ်လည်းယူရသလို စိတ်လည်း
ပူနေမိသည် ။
မင်းချင်း ထံမှ အမိန့်စာ ကို ခံယူပြီး နောက် ရာဟုသည် မိမိမူလနေရာသို့ပြန်လာလေရာ သော်က နှင့်မျက်နှာချင်း
ဆိုင်ဖြစ်သွားလေသည် ။
ရီဝေမှိုင်းညို့နေသော မျက်လုံးများဖြင်ဘကြည့်နေသော သော်က ၏ မျက်လုံးများသည် ရာဟု စိတ်ကိုရှုပ်ထွေးစေလှသည်။
မင်းတရားကြီး လက်တလောပေးအပ်လိုက်သော တာဝန်အကြောင်းမတွေးနိုင်ဘဲ
အရှေ့ က ရာမညသားလေးကိုသာ
စိတ်ထဲထည့်နေမိသည့် သူ့ကိုယ်သူလည်းအံ့ဩသည်။
"ဒီဃ ရွာစား ဒီဃ သော်က မင်းတရားကြီး အား ခစားချေ "
"မှန်လှပါ ကျွန်တော်မျိုးရှိကြောင်းပါ"
"မောင်မင်း သည် စာပေ၌ နှံ့စပ်လှသည်
ကိုယ်တော်တို့၏ ယခု လက်ရှိသည်
နောင်တစ်ချိန်တွင် သမိုင်းဖြစ်လာချေမည်
ဤ သမိုင်း ကို မှတ်တမ်းတင်ထားရန်
လိုအပ်သည်
ထို့ကြောင့် မောင်မင်း သည် ရာဟုထံမှ ပညာလည်းဆည်းပူးပါ
ကေတုမတီအကြောင်း ကိုလည်း
မှတ်တမ်းတင်ပါ
နှောင်းလူတို့သိပါစေ။ "
"မှန်လှပါ မှတ်သားပါ့မယ် "
"မောင်မင်း အဖဟာ ကိုယ်တော့အပေါ်ကျေးဇူးတရား အများကြီး ရှိခဲ့တဲ့ လူပေဘဲ အသက်ရှင်နေတုန်း ကျေးဇူးမဆပ်နိုင်ခဲ့ရှာဘူး
ဒါ့ကြောင့် မောင်မင်း ကို
ရွှေ ၂ပိသာ
ငွေစင် ၁၀ပိသာ ချီးမြှောက်မယ်
မောင်မင်းအလို ရှိရာအသုံးချလော့ "
"မှန်လှပါ မင်းတရားကြီးပေးအပ်သော ပစ္စည်း တို့ကို ယူ၍ ကျွန်တော်မျိုး
မိဘနှစ်ပါးအတွက် ရည်စူး၍
ရွှေမောဓော ဘုရားမှာ
သွားရောက်လှူဒါန်းလိုက်ပါ့မယ် "
"သာဓုသာဓုသာဓု
ငါ့အစ်က်ိုတော် ဟာ သားသမီး ရ
ကံကောင်းတော့ သံသရာအထိ
ကံကောင်းနေဦး မှာပါလား ။"
--------
ညီလာခံ ပြီးသည့် အခါ ရာဟု မှာ
ချက်ချင်းထွက်မလာနိုင်သေး
မင်းအမတ်များ၏ စကားဝိုင်းတွင်
ကျန်နေခဲ့ရှာသေးသည် ။
ထို့ကြောင့် သောက နန်းဆောင်ရှေ့ကို အရင်ထွက်လာတုန်း ပြေးလာသူ က သီရိကျော်ထင် ။
"အလှလေး အစ်ကိုကြီးရာဟု
တောင်ငူမြို့စား အဖြစ်
ချီးမြှောက်ခံရတယ်ဆို "
"အွမ်း "
"ဝါး အစ်ကိုတော် က တော့ သေချာပေါက်
မဒီခေမာ နဲ့ ရွှေလမ်း
ငွေလမ်းဖောက်နိုင်တော့မှာဘဲ "
မဒီခေမာ က ဘယ်သူလဲ လို့လည််း သော်ကမေးမနေတော့ပါ ။
သူက ဇာတ်လိုက်မဟုတ်တဲ့ ပြဇာတ်ထဲ ဘာကြောင့် သူ့ကို ဆွဲသွင်းခဲ့လည်း
ကံတရားရယ် ဟုသာ
အော်မေးပစ်လိုက်ချင်နေတော့သည် ။
ညီလာခံဆောင်ခန်းမ မှ ထွက်လာသူ ရာဟု သည်ကား
သော်က ထံ ခပ်သော့သော့လျှောက်လာကာ ဘေးက သီရိကျော်ထင်ကို
ရှိသည်ဟုပင်အမှုမထား
"သော်က နေမကောင်းဘူးလား
ခုနကတည်း က မျက်နှာမကောင်းဘူး "
"မဟုတ်ပါဘူး ကျွန်တော်ကောင်းပါတယ်"
"နောင်ကြီးရာဟု"
"မဟုတ်တာ သော်က မျက်နှာ က
ကြကည့်တာနဲ့ သိသာနေတာ ကို မဖြစ်ချေဘူး သမားတော် သွားပြရအောင် "
"တောင်ငူမြို့စား အစ်ကိုကြီးရာဟုရေ"
"မပြချင်ဘူး
ခဏနားလိုက်ရင်သက်သာမှာပါ
မနေ့ကနည်းနည်း ပင်ပန်းသွားလို့ဖြစ်မယ်
အလှူ အတန်း လုပ်ဖို့သာ
ကျွန်တော်စီစဉ်ပြရစေ "
"မောင်မင်း "
"ကျွန်တော်မျိုး အရင်
အဆောင်ပြန်နှင့်မယ်"
ပြောရင်းထွက်ခွါသွားသော သော်က ကျောပြင်က်ု ကြည့်ကာ ရာဟု
စိတ်ထဲမတင်မကျ ။
"အဟမ်း အစ်ကိုကြီး "
"ဟေ သီရိ ကျော်ထင် ဘယ်တုန်း
ကရောက်သတုန်း "
ဒါတော့ လွန်ချေပြီ ခုနကတည်း က ဘေးကနေတောက်လျှောက်နာမည်ခေါ်နေတာ ကို အခုမှ မြင်သတဲ့လား ။
အေးလေ ဟ်ု က ရွှေစင်ရုပ်ထုလေ
ငါက လမ်းမလယ်က ကျောက်တုံးကြီး ပေကိုး တန်ဖိုးကွာတယ်လေနော့် ။
ခုနကတည်း ကရောက်ပြီး စကားပြောဖို့နာမည်ခေါ်နေတာ နှစ်ခါပင်ရှိပြီဖြစ်ပါကြောင်း ပြော ကာ ခြေဆောင့်ချင်
သော်လည်း သီရိကျော်ထင်မာ ရာဟု
က်ုတော့ မလုပ်ရဲပါ ။
သူ့ကို အစအစအရာရာဂရုစိုက်တဲ့ ဗလဆိုရင်တော့တစ်မျိုးပေါ့လေ ။
"နောင်ကြီး ဂုဏ်ပြုပါတယ်နော်
ဂုဏ်လည်းယူတယ်
နောက်ဆုံးတော့ ကျွန်တော်တို့ အစ်ကိုကြီး က ......"
လေအိုးသီရိကျော်ထင်က သူ့ဝတီအတိုင်း စကားများသော်လည်း ရာဟု
စိတ်ထဲတွင်မူ သူ့က်ိုကျောခိုင်းကာ တစ်ရွေ့ရွေ့ သွားနေသော သော်က ကိုသာမြင်ယောင်လာသဖြင့်
"အစ်ကိုကြီး ကတော့ ကောင်းစားဒီညီလေးက်ို ..."
"သီရိ နောက်မှ
အစ်ကိုတော် မင်းအတွက်
အချိန်ပေးပါ့မယ်
အခု ကိုယ်တော် သော်က ကို စိတ်မချ
လို့ လိုက်ချေဦးမည် "
ပြောပြီး သည်နှင့်
ပြန်အဖြေစကားက်ိုပင်မစောင့်
တန်းနေအောင် ပြေးသွားတော့သည် ။
"အော် ..အေး အေး
ငါဘာပြောနေမှန်းတောင်သူသိလိုက်
ဟန်မတူဘူး ကောင်းပါ့"
-----------
ရာဟု အဆောင်တော်ရောက်သွားတော့ အထိန်းတော်ကြီးနှင့်သာတွေ့ရပြီး
သော်ကကတော့ ထွက်ပင်မတွေ့
သူကသာထွက်မတွေ့သည်မဟုတ်
ရာဟု ဝင်တွေ့သည် က်ုလည်း လက်မခံ ။
အထိန်းတော်ကြီး နှင့်သာတွေ့ရ၍
ထို ကလေး က မင်းတရားကြီး ဆီက လက်ခံ ရသမျှ ပစ္စည်း အကုန်လုံးကို မနက်ဖြန်မနက်ကျ ရွှေမောဓော ဘုရား ကို လှူ ဒါန်းမည်ဖြစ်ကြောင်း သိရသည် ။
"ခဏ ဘဲဖြစ်ဖြစ် ကျွန်တော် ဝင်တွေ့လို့မရဘူးလား အထိန်းတော်ကြီး "
အထိန်းတော်ကြီး ကား
ရက်စက်စွာခေါင်းခါသည် ။
"တပ်မှူးလေး သော်ကလေး သူ့မိဘတွေ သတိရသွားတာလည်း ဖြစ်နိုင်တယ် ပြီးတော့ သူ့မျက်ရည်တွေ ကို တစ်ခြား လူသိမှာ စိုးလို့ ဖြစ်မယ်
ဒီတစ်နေ့တော့
လွှတ်ထားလိုက်ကြရအောင်ပါ "
ရာဟု ကား လေးဖင့်သော
ခြေလှမ်းများဖြင့် အဆောင်တော်မှ
ထွက် ခဲ့သော်လည်း စိတ်နှလုံး ကမူ ညီလာခံ ခန်းမ ထဲ က မျက်နှာ ညိုးညိုးလေးထံ တစ်ဝဲလည်လည်ကျန်ရစ်သည်။
"ဘာတွေများဖြစ်နေသလဲသော်ကရေ"
ကေတုမတီတပ်မှုးလေး မသိခဲ့သည်ကား အနှီကောင်လေးသည် သူ့ကို
ကာကွယ်ပေးနိုင်ရေး အတွက်
ဖတ်ခဲ့ ဖူး သမျှ သမိုင်းထဲမှ ဖြစ်ရပ်
အကုန်လုံး က်ို ချရေး၍
မှတ်သားနေကြောင်း ဖြစ်ကြောင်း ကိုပင်။
စေတနာ ရယ်
မေတ္တာရယ်
ဂရုဏာ ရယ် ပါးပါးလေးထည့်ထားတဲ့
ကျွန်တော့ သံသရာ က ခင်ဗျား
အတွက်ပါဘဲ
---------
မနက်လင်းအားပျို့သည်နှင့်
သော်က အထိန်းတော်ကြီး စီစဉ်ပေးသည့် မြင်းလှည်းနှင့် ရွှေမောဓော က်ို
ထွက်လာခဲ့သည်။
သူ အရာရာ ကို ရာဟု ကို
အားမကိုးချင်တော့ပါ ။
ပျော့ညံ့တဲ့ သူ့ပုံရိပ် ကို ထပ်မပြချင်တော့။
ပြီးတော့ ကေတုမတီရောက်လျှင် သူ့မာ တစ်ယောက်တည်း ရပ်တည်ရလျှင်
ရပေလိမ့်မည် ။
'သူလည်း သူ့အိုးနဲ့ သူ့အိမ်ဖြစ်ရင် ငါ့ကို ဘယ်ကြည့်နိုင်တော့မလဲ
အခုကတည်း က ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်တာဝန်ကိုယ်ထမ်းရမာပေါ့
ရာဟု ကို အရမ်း တွယ်တာနေရင်
မတော် သူ့အိမ်သူ ဖြစ်လာမည့်လူ
က စိတ်တော်ညိုးရင်မကောင်းပေဘူး'
ပြီးတော့ ရာဟု က
သူ့အပေါ်ကျေးဇူးရှိတယ်
ဒါကြောင့် ခွေးထိုးထိုးကျီးစားစားတော့ မပစ်ထားနိုင် ထို့ကြောင့် မိမိ၏
တက်နိုင်သမျှ အစွမ်း နှင့် သူ့က်ိုတော့ ကာကွယ်ရမည် ။
ကေတုမတီရောက်သည်နှင့်
သမိုင်းစာအုပ်တွေ ရှာဖတ်ကာ
ဒီသမိုင်း အစပ်အဆက်ရှိအောင် လုပ်ရင်း
ရာဟု ကို သူ ရအောင်ကယ်တင်မည် ။
ဒါဆို ခင်ဗျားနဲ့ကျွန်တော်ကျေပြီနော်
ခင်ဗျား လည်း ခင်ဗျား အကန့်နဲ့ ခင်ဗျားနေ ကျွန်တော်လည်း ကိုယ့်
အကန့်နဲ့က်ိုယ်နေမာမို့
----------
နေရောင် ပျို့ခါစအောက်တွင်
ရွှေရောင်တစ်ဝင်းဝင်းနှင့်
ရွှေမောဓော ဘုရား ကား
သပ္ပာယ်လှသည် ။
သော်က မြင်းလှည်း ရပ်ရာ နေရာမှ
ထွက်လာကာ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ဖို့ပြင်နေတုန်း
ခလေးငယ် မလေးတစ်ချို့ က
သူ့ဆီပြေးလာ ကာ
ခံပန်း ခိုင်တွေ
အတင်းထိုးရောင်းလေသည် ။
'အော် ခံပန်းခိုင် ရွေ့ချိန်တောင်
ရောက်ခဲ့ပြီလား ။'
နန်းတော်တွင် ပန်းရှားပါးချိန်၌ တောလေ့ရွာသုံး ခံပန်း ပွင့်တွေ က်ိုသာ ပန်ဆင်ကြရသည် ။
ယခုတော်သလင်း သီတင်းကျွတ်ကဲ့သို့သော ပန်းပေါသည့် အချိန်မျိုးတွင်ကား
နန်းသုံး ခံပန်းခိုင်သည် ကျေးရွာသုံး ဖြစ်လာလေသည်။
သော်က ခံပန်း ခိုင်လေး နှစ်ခိုင်က်ို
ကောင်မလေးဆီမှ ယူလိုက်ကာ ဒင်္ဂါးပြား
လေးပြားထုတ်ပေးလိုက်တော့
ယောင်ပေစူး နှင့် သနပ်ခါးဘဲကြားလိမ်းထားသည့်ကောင်မလေး က
"ဟိုလေ တန်ဖိုး က ဒင်္ဂါးနှစ်ပြားတည်း ပါ အစ်က်ိုလေး ပိုနေ"
ဘေး က နည်းနည်း
အသက်ကြီးဟန်တူသည့်ကောင်မလေးက
ထမီက်ိုပြန် ပြင်ဝတ်လိုက်ရင်း ..
"ဟဲ့ ..အော် ...နင့်ကို ပေးတာလေ
ယူလိုက်ယူလိုက်
နင်မယူရင် ငါယူလိုက်ရမလား"
"အောင်မာ မကြီး နင် အာ့လို လုပ်တာ သိပ်များနေပြီ "
"တော်ပြီ ခလေးမတို့ ပိုနေတဲ့ ပိုက်ဆံ က်ု
နှစ်ယောက် ခွဲယူလိုက်ကြ"
အထိန်းတော်ကြီး က ပြောမှ ခလေး နှစ်ယောက် ဝေစုတည့်သွားရှာသည် ။
သော်က ရွှေမောဓော ဘုရားပရဝိုက်
အတွင်းရှိ ဘုန်းကြီးကျောင်း၌
ပစ္စည်း များ အား
လှူဒါန်းလေသည် ။
ဘုရားပေါ်တော့ လှူပြီးမှ အေးဆေးဖူးတော့ပါမယ်လေ နန်းဆောင်ပြန်ရင်
ရာဟုနှင့် မျက်နှာချင်းဆိုင်နေရဦးမာမို့
ဒီနေ့တစ်နေ့လုံးတော့ ဘုရားပေါ်တွင်သာ အချိန်ဖြုန်းရန်စဉ်းစားထားလေသည် ။
လှူဒါန်း တရားနာပြီးနောက်
ရေစက် ချ ဖို့ ရေစက်ခွက်ကို
ကိုင်လိုက်စဉ် ဘေးတွင်ရိပ်ခနဲ
ဝင်ထိုင်လိုက်သော
အရိပ်တစ်ခု ..
မော့ကြည့်လိုက်တော့
ရေစက်ခွက်နောက်တစ်ခွက်က်ိုင် ကာ ရုပ်တည်ကြီးနဲ့ ရာဟု သင်္ဂ ကြောင့်
သော်က ဘုန်းကြီးရှေ့ ဘာညာ မသိတော့ဘဲ အသံစူးစူး က ထွက်သွားလေသည် ။
"ခင်ဗျား ဘာလာလုပ်တာတုန်း "
ဒီ အသေးလေး သူ့က်ု မကျေနပ်သည်မှာ သေချာ လှသည် ။
ဘာလို့ဆို သူ့ကို စိတ်မကြည်ရင် အသေးလေးက 'ခင်ဗျား' ဟု ခေါ်သည်လေ ။
"ဘာတုန်း ကိုယ့်ဘာသာက်ိုယ် ပစ္စည်းလာလှူတာလေ ဘုန်းဘုန်း တို့ က အတူတူ ရေစက်ဝင်ချ မလားမေးလ်ု့
ဝင်ချလိုက်တာ
ကိုယ့်ပစ္စည်းတောင် ကိုယ်ရေစက်မချရတော့ ဘူးလား ခင်ဗျားလေးရဲ့"
ပြီတီတီ မျက်နှာထားနှင့် သည်လူ ဟာ ဘုန်းကြီးရှေ့သာမဟုတ်လျှင်
ဆွဲကုတ်ပစ်ချင်စရာ ။
"ဘယ်မာတုန်း ခင်ဗျားလှူထားတဲ့ ပစ္စည်း"
"ဟောဒီမှာ ခင်ဗျားလေးထိုင်နေတဲ့
ကြမ်းပြင်ကြီး တစ်ခုလုံးဗျား "
"ဘာရယ် "
သော်ကနှင့် ရာဟု ၏
တစ်ကြိတ်ကြိတ်ဖြစ်နေပုံ ကို ကြည့်ကာ မနေနိုင်တော့သော
ဘုန်းကြီး က ဝင်၍ ဖြေရှင်း ရှာလေသည်။
"ဒကာလေးရာဟု က သည်ကျောင်းကြီး ကို လှူဒါန်းထားတာကွဲ့
ဆောက်လုပ်ပြီးစီးတာ ကြာပေမယ့်
ဒကာလေး က မင်းခ ယောက်ကျားမ်ု့ အလုပ်တွေ မအားတာနဲ့ ဒီနေ့တစ်ရက်ဘဲ အားတယ်ဆိုလို့ ဘုန်းကြီး က ဒီနေ့
ရေစက်ချဖို့ ဖိတ်လိုက်တာ
တိုက်ဆိုင်သွားတယ်
အဆင်ပြေရဲ့လားဒကာလေး သော်က"
သော်က ခေါင်းသာ ငြိမ့်ပြမိတော့သည်။
'ဘုန်းကြီး ကိုမှ အဆင်မပြေဘူးပြောရင်
ငရဲပြည်မှ ဒယ်အိုးသူဌေး ဖြစ်နေတော့မာပေါ့'
"ကဲပါကွယ် ရေစက်ပါတယ်လို့ သဘောထားပြီး အတူတူ အလှူ အထမြောက်ဖို့ သာဓုခေါ်လ်ိုက်ကြရအောင်"
"တင်ပါ့ဘုရား "
ရာဟု ကား သွက်လက်စွာ ပင်ဖြေ၍ ရေစက်ခွက်ကို ကောက်ကိုင်လေသည် ။
ဘေးက မိမိကိုလည်း 'ဘာလုပ်နေတာလဲ ရေစက်ချမယ်'
ဟူသောသဘောနှင့် မျက်စပစ်ကာ
ရေစက်တကောင်း ကို
ကိုင်စေလေသည် ။
'ခင်ဗျားကြီး တကယ်ဘဲ ဘာဖြစ်ချင်နေတာတုန်း ဗျာ ။'
သူများ ကို သာ မေးနေသော သော်က
သသည်လည်း သူ့ရင်ထဲ
ဘာဖြစ်နေခဲ့ကြောင်း
သေချာ ထဲထဲဝင်ဝင် ကြည့်ခဲ့ပါရဲ့လား ။
------
ဒီ တွယ်ငြိခြင်းမှာ လှလှ ပပ
တွယ်ငြိနိုင်ကြပါစေ 🥺💜
Moti လေးပေးခဲ့ကြပါ 🥺🥺
Zawgyi
န္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၁၃)
ပဆစ်တုပ်ဒူးထောက်ကာ
အရင်တစ်ခေါက်က လို
ခိုးမကြည့်ဖြစ်တော့ ။
'အေးလေ ၂၄ နှစ် ဒီအရွယ်
တစ်ခါက မှတ်မှတ်ရရ
ရည်းစား ရသွားလေရာ
ပြန်ရောက်လေသည် ။
သဘောထားယုံသာမက
မိမိတစ်ယောက်တည်း
စိတ်ကောက်တက်သည် ။
တွေးပူနေလေတော့သည်။
ပြန်ရောက်သည် ။
အားပေးအပ်သည် ။
သော်က ခေါင်း က ဆက်ခနဲ
ဟန်ပင်မဆောင်နိုင်ဘဲ
ရက်ရက်စက်စက်
အသတ်ခံရတာ တွေချည်းဘဲ '
တွေးရင်း
လှိုက်တက်လာသည် ။
မဖြစ်စေချင်ဘူး
ဝေ့တက်လာသည့်
က ဝိုးတစ်ဝါး ။
ဆင်စီးသူရဲ ၂၀
မြင်းစီးသူရဲ ၂၀၀
လုပ်ကုန်ကြလေသည် ။
ဟူသည်ကား မင်းတစ်ပါး၏
အဆောင်အယောင် တစ်ခု
ပူနေမိသည် ။
ဆိုင်ဖြစ်သွားလေသည် ။
လိုအပ်သည်
မှတ်တမ်းတင်ပါ
နှောင်းလူတို့သိပါစေ။ "
ရွှေ ၂ပိသာ
ရွှေမောဓော ဘုရားမှာ
"သာဓုသာဓုသာဓု
ငါ့အစ်ကိုတော် ဟာ သားသမီး ရ
--------
ကျန်နေခဲ့ရှာသေးသည် ။
"အွမ်း "
မဒီခေမာ နဲ့ ရွှေလမ်း
မဒီခေမာ က ဘယ်သူလဲ လို့လည်း သော်ကမေးမနေတော့ပါ ။
ကံတရားရယ် ဟုသာ
ရှိသည်ဟုပင်အမှုမထား
"နောင်ကြီးရာဟု"
"မပြချင်ဘူး
အလှူ အတန်း လုပ်ဖို့သာ
ကျွန်တော်စီစဉ်ပြရစေ "
"မောင်မင်း "
"ကျွန်တော်မျိုး အရင်
အဆောင်ပြန်နှင့်မယ်"
စိတ်ထဲမတင်မကျ ။
"အဟမ်း အစ်ကိုကြီး "
ကရောက်သတုန်း "
က်ုတော့ မလုပ်ရဲပါ ။
ဂုဏ်လည်းယူတယ်
စိတ်ထဲတွင်မူ သူ့ကိုကျောခိုင်းကာ တစ်ရွေ့ရွေ့ သွားနေသော သော်က ကိုသာမြင်ယောင်လာသဖြင့်
"အစ်ကိုကြီး ကတော့ ကောင်းစားဒီညီလေးကို ..."
"သီရိ နောက်မှ
အစ်ကိုတော် မင်းအတွက်
အချိန်ပေးပါ့မယ်
လို့ လိုက်ချေဦးမည် "
ပြောပြီး သည်နှင့်
ပြန်အဖြေစကားကိုပင်မစောင့်
"အော် ..အေး အေး
ဟန်မတူဘူး ကောင်းပါ့"
-----------
အထိန်းတော်ကြီး ကား
ဒီတစ်နေ့တော့
ရာဟု ကား လေးဖင့်သော
အကုန်လုံး ကို ချရေး၍
စေတနာ ရယ်
မေတ္တာရယ်
အတွက်ပါဘဲ
---------
သော်က အထိန်းတော်ကြီး စီစဉ်ပေးသည့် မြင်းလှည်းနှင့် ရွှေမောဓော ကို
ထွက်လာခဲ့သည်။
သူ အရာရာ ကို ရာဟု ကို
အားမကိုးချင်တော့ပါ ။
ရပေလိမ့်မည် ။
ပြီးတော့ ရာဟု က
တက်နိုင်သမျှ အစွမ်း နှင့် သူ့ကိုတော့ ကာကွယ်ရမည် ။
အကန့်နဲ့ကိုယ်နေမာမို့ ။
----------
ရွှေမောဓော ဘုရား ကား
သပ္ပာယ်လှသည် ။
သူ့ဆီပြေးလာ ကာ
ခံပန်း ခိုင်တွေ
ရောက်ခဲ့ပြီလား ။'
နန်းတော်တွင် ပန်းရှားပါးချိန်၌ တောလေ့ရွာသုံး ခံပန်း ပွင့်တွေ ကိုသာ ပန်ဆင်ကြရသည် ။
သော်က ခံပန်း ခိုင်လေး နှစ်ခိုင်ကို
"ဟိုလေ တန်ဖိုး က ဒင်္ဂါးနှစ်ပြားတည်း ပါ အစ်ကိုလေး ပိုနေ"
ဘေး က နည်းနည်း
ထမီကိုပြန် ပြင်ဝတ်လိုက်ရင်း ..
ယူလိုက်ယူလိုက်
ပစ္စည်း များ အား
လှူဒါန်းလေသည် ။
ဝင်ထိုင်လိုက်သော
အရိပ်တစ်ခု ..
မော့ကြည့်လိုက်တော့
ရေစက်ခွက်နောက်တစ်ခွက်ကိုင် ကာ ရုပ်တည်ကြီးနဲ့ ရာဟု သင်္ဂ ကြောင့်
"ဘာတုန်း ကိုယ့်ဘာသာကိုယ် ပစ္စည်းလာလှူတာလေ ဘုန်းဘုန်း တို့ က အတူတူ ရေစက်ဝင်ချ မလားမေးလ်ု့
ဝင်ချလိုက်တာ
ဆွဲကုတ်ပစ်ချင်စရာ ။
"ဘာရယ် "
သော်ကနှင့် ရာဟု ၏
တိုက်ဆိုင်သွားတယ်
"ကဲပါကွယ် ရေစက်ပါတယ်လို့ သဘောထားပြီး အတူတူ အလှူ အထမြောက်ဖို့ သာဓုခေါ်လိုက်ကြရအောင်"
"တင်ပါ့ဘုရား "
ရေစက်တကောင်း ကို
ကိုင်စေလေသည် ။
သသည်လည်း သူ့ရင်ထဲ
ဘာဖြစ်နေခဲ့ကြောင်း
------
တွယ်ငြိနိုင်ကြပါစေ 🥺💜
Moti လေးပေးခဲ့ကြပါ 🥺🥺
Continue Reading
You'll Also Like
2M 129K 82
ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️
1.5M 123K 33
The entire story line and character names are just the imagination of the author.
4.6M 359K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...