Non Romantic System(Completed)

Galing kay bobo_poompat

496K 29.4K 975

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... Higit pa

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-18
Note
Part-19
Part-20
Part-21
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-17

11.8K 897 29
Galing kay bobo_poompat

Zawgyi

မနက္စာစားၿပီး ဟိုတယ္ဥယ်ာဥ္ထဲက ဘန္ဂလိုေလးထဲကို ျပန္ေရာက္လာတဲ့ ခြန္ေနသစ္နဲ႔႐ွိန္း။
႐ွိန္းကေတာ့ ပါလာသမ်ွ ေနေလာင္ခံလိမ္းေဆးေတြ လိမ္းလိုက္ျဖန္းလိုက္နဲ႔ အလုပ္႐ႈပ္ေနတုန္း ေနသစ္တစ္ေယာက္ ေရခ်ိဳးခန္းထဲ ဝင္သြားသည္။ ျပန္ထြက္လာေတာ့ အေပၚပိုင္း nakedနဲ႔ျဖစ္ေနၿပီ။

"ခ်ာတိတ္ ေရကူးဖို႔လိုက္မွာလား"

ေနသစ္ေခၚသံေၾကာင့္ ႐ွိန္းၾကည့္လိုက္ေတာ့ ပါးစပ္ေတာင္ ျပန္မစိႏိုင္ေတာ့ေပ။

"WTF....Boss တကယ္ႀကီးဒီလိုပံုနဲ႔ အျပင္ထြက္မွာလား"

ေနသစ္ကေတာ့ မ်က္ခံုးတစ္ဖက္ပင့္တင္လိုက္ရင္း

"ကမ္းေျခမွာ ေရကူးမွာပါဆို ဒီပံုစံနဲ႔မထြက္လ႔ုိ ဘယ္ပံုစံနဲ႔ထြက္ရမွာလဲ"

"ဟာဗ်ာ....ကြၽန္ေတာ္ သဝန္တိုတယ္ဗ်။တျခားသူေတြငမ္းမွာေပါ့"

႐ွိန္းစကားေၾကာင့္ ေနသစ္ တစ္ခ်က္ျပံဳးလိုက္မိသြားသည္။

"ဟားဟား ေပါက္ေပါက္႐ွာ႐ွာေတြ။ ဒီအဘိုးႀကီးကို ဘယ္သူက ငမ္းမွာတုန္း"

"ေဘာကို အဘိုးႀကီး"

႐ွိန္း တိုးတိုးေလး က်ိန္ဆဲလိုက္မိသြားသည္။

"တိုးတိုး တိုးတိုးနဲ႔ ေျပာမေနနဲ႔ ေရကူးမယ္ဆိုရင္ လိုက္ခဲ့"

႐ွိန္းလည္းရြဲ႕ၿပီး သူ႔အက်ႌသူ ဆြဲခြၽတ္လိုက္သည္။
ေနသစ္ မ်က္ႏွာႀကီးတစ္ခုလံုး နီရဲတတ္လာၿပီး ေသြးအန္မတတ္ျဖစ္သြား၏။႐ွိန္းရဲ႕အသားအရည္က ျဖဴႏုေနတာ အခုလို အတြင္းသားေတြဆို ေျပာစရာစကားေတာင္ ႐ွာမရေတာ့ဘူး။ခ်ယ္ရီသီးေလးႏွစ္ခုက နီနီရဲရဲနဲ႔ ဟင္းဟင္း။ Gymေတြဘာေတြ ​ေဆာ့မထားေပမယ့္ သူ႔အခ်ိဳးအစားနဲ႔သူ ျကည့္ရေကာင္းေနတဲ့ ဗိုက္သားခ်ပ္ခ်ပ္ေလး။တျဖည္းျဖည္း အၾကည့္ေတြ စူး႐ွလိုက္ရင္ ေတြ႔ရမွာကေတာ့ ဗိုက္သားတစ္ေလ်ွာက္က အေမႊးႏုႏုေလးေတြ။

"ဟိတ္...ေျဖးေျဖးငမ္းပါဗ် "

ေနသစ္မ်က္ႏွာကို ပိတ္႐ိုက္ခံသလို အ႐ိႈက္ထိသြားၿပီး

"ဘာ ဘာကိုငမ္းရမွာလဲ။မင္းရဲ႕ abs မ႐ွိတဲ့ အဆီဗိုက္ကို ငမ္းစရာလား"

"ေျဗာင္လိမ္ေျဗာင္စား လုပ္ေနတာ"

ေျပာရင္းဆိုရင္း အခန္းျပင္ထြက္သြားဖို႔ လုပ္ေနတဲ့႐ွိန္းကို ဂုတ္ကေန ေနသစ္လွမ္းဆြဲလိုက္သည္။

"ဟာဗ်ာ။ ဘာလုပ္တာလဲ။ ေရသြားကူးမယ္ေလ"

"မဟုတ္ဘူး။ အျပင္မွာ ေနက ပူသလို႐ွိတယ္။အက်ႌေတြဝတ္ၿပီး ထြက္တာပဲ ေကာင္းမယ္ထင္တယ္"

႐ွိန္းတစ္ေယာက္ ေအာင္ႏိုင္သူလို ျပံဳးလိုက္မိသြားသည္။

ဒီလိုနဲ႔ပဲ ဝတ္စံုအျပည့္နဲ႔ လူႏွစ္ေယာက္ ေယာတို႔သစ္သားဘန္ဂလိုေလးေ႐ွ႕ကို ေရာက္လာၾကသည္ေပါ့။

*ေဒါက္ ေဒါက္*

"ေယာ ေရ ေယာ"

႐ွိန္းတို႔ တံခါးလာေခါက္တာေၾကာင့္ ခြန္ဆတ္သာက တံခါးထဖြင့္ေပးလိုက္သည္။

"ကိုကိုနဲ႔႐ွိန္းပါလား။ အခန္းထဲဝင္ဦးေလ"

"မဝင္ေတာ့ဘူးေလ ငယ္လး။ ေရသြားကူးၾကရေအာင္ ငယ္ေလးတို႔ကို လာေခၚတာ"

"ဟုတ္တယ္Head ။ ေယာ နင္လည္းလိုက္ခဲ့ေလ"

ေယာတစ္ေယာက္ T-Shirt မက္မြန္သီးေရာင္ေလးကို Short pantအျဖဴအတိုေလးနဲ႔ တြဲဝတ္ထားၿပီး တအားေတြ ခ်စ္ဖို႔ေကာင္းေနသည္။ ႐ွိန္းကိုေတြ႔တာနဲ႔ ဲ႔သြားၿဖီးျပလိုက္ၿပီး

"ဟဲ့ ငါ့ကို ဓာတ္ပံုလွလွေလးေတြ ႐ိုက္ေပးရမယ္ေနာ္။ သေဘာတူထားတာ မွတ္မိပါတယ္ေနာ္"

"ေဆာတီးပဲ ။ ငါေရကူးမွာ ။ သံုးပံုပဲ႐ိုက္ေပးမယ္ "

႐ွိန္းရယ္က်ဲက်ဲနဲ႔ ျပန္ေျပာလိုက္၏။

"အ႐ူးေကာင္ ေက်းဇူးမတင္ ဖင္လွန္ျပဆိုတာ နင့္ကိုေျပာတာ"

ေယာတစ္ေယာက္ ပြစိပြစိေျပာၿပီး ဆူပုတ္ေနသည္။
ေနသစ္နဲ႔ဆတ္သာလည္း ကေလးေတြလို ရန္ျဖစ္ေနတဲ့ ႐ွိန္းနဲ႔ေယာေၾကာင့္ ျပံဳးစိစိနဲ႔ ရယ္လိုက္မိသည္။ၿပီးေတာ့လည္း သံုးေယာက္သား ကမ္းေျခဘက္ကို ထြက္လာၾကသည္။ Guest Houseကေန ကမ္းေျခကိုသြားတဲ့ လမ္းေလးကအစ သဘာဝဆန္ဆန္နဲ႔ လွလြန္းေနေတာ့ ေယာခမ်ာ ဓာတ္ပံု႐ိုက္ခ်င္စိတ္ေတြ တားမရစီးမရျဖစ္ေန၏။ ဒါေပမယ့္လည္း ႐ွိန္းကိုေခၚၿပီး ဓာတ္ပံု႐ိုက္ခိုင္းမိရင္ Bossနဲ႔ ျကည္ႏူးစရာအခ်ိန္ေလး ေလ်ာ့သြားမွာကို ေယာ မလိုလားေပ။႐ွိန္းက တမင္တကာသာ မ႐ိုက္ေပးဘူး ဘာညာေျပာေနတာ စိတ္ထဲက ပါလို႔မဟုတ္။ေယာကို စခ်င္လို႔သာ ဘုကလန္႔ေျပာေနျခင္းျဖစ္သည္။

ေယာရဲ႕ေဘးမွာေတာ့ အမဲေရာင္ကိုယ္ၾကပ္crop topကို ဒူးအတိဂ်င္းေဘာင္းဘီအနက္နဲ႔ တြဲဝတ္ထားတဲ့ ခြန္ဆတ္သာ႐ွိသည္။ ခါတိုင္းဆို အ႐ွည္ေတြပဲ ဝတ္ေလ့႐ွိေတာ့ ဒီေန႔မွ ခြန္ဆတ္သာရဲ႕ ေျခေထာက္အလွကို ေယာ မ်က္ဝါးထင္ထင္ျမင္ရျခင္းပင္။ ေျခညႇပ္ဖိနပ္ေလးေပၚက ေျခေခ်ာင္းေလးေတြကအစ ႐ွည္႐ွည္ေျမာေျမာေလးနဲ႔ ျပည့္စံုေနတာ။အေမႊးစိမ္းႏုႏုေလးေတြ႐ွိတဲ့ ေျခသလံုးေလးေတြကလည္း
တကယ့္ အလွေလးပဲ။အေပၚပိုင္းကိုတတ္လိုက္ရင္ေတာ့ အဆီပိုမ႐ွိတဲ့ဗိုက္သားခ်ပ္ခ်ပ္ေလးေၾကာင့္ ေယာ မသိမသာေလး ငမ္းလိုက္မိသည္။ ဒီ့ထပ္အေပၚဆက္တတ္ရင္ေတာ့ အိမ္း......ခက္ေခ်ၿပီ။

"စိတ္ထိန္းစမ္း ေယာ"

ကိုယ္ေခါင္းကိုျပန္ေခါက္ၿပီး အူေၾကာင္ေၾကာင္လုပ္ေနတဲ့
ေယာကို ဆတ္သာ မ်က္စိတစ္ခ်က္ေဆြၾကည့္လိုက္သည္။

"ဘာျဖစ္လို႔လဲေယာ"

"အာ...ဘာမွမျဖစ္ပါဘူး Head။ ဒီအတိုင္း ဓာတ္ပံု႐ိုက္ဖို႔ေတြးေနတာ အဲ့တာ.."

ခြန္ဆတ္သာကို ဓာတ္ပံု႐ိုက္ေပးဖို႔ ဘယ္လိုမ်ားေျပာရပါ့မလဲ။

"ဟိတ္....မ ။ မ ဓာတ္ပံု႐ိုက္ခ်င္တာလား။ ေသာ္႐ိုက္ေပးမယ္ေလ"

ဘုရားေရ။ ကံေတြေကာင္းေနတဲ့ ေယာေလး။ အခ်ိန္ကိုက္ဆိုသလို ေရာက္ခ်လာတဲ့ ေမေသာ့္ေၾကာင့္ ေယာ အနည္းငယ္ေတာ့ ေပ်ာ္သြားသည္။

"ဟုတ္တယ္ ေသာ္။ မမ ဓာတ္ပံု႐ိုက္ခ်င္ေနတာ။ ဒီေနရာေလးက တအားလွေနေတာ့ေလ"

သူ႔ကိုယ္သူ မမတဲ့ ။ ေသာက္ကေလးကမ်ား ။ ဟိုေမေသာ္ဆိုတဲ့ ဟာေလးကလည္း ဘယ္ေဂ်ာင္ထဲကေန ထြက္လာမွန္းမသိ။ အခုလည္း ဓာတ္ပံု႐ိုက္ဖို႔တဲ့ ႏွစ္ေယာက္သား ေလေပးေျဖာင့္ေနလိုက္တာမ်ား eye crossေတြျဖစ္တယ္။ ခြန္ဆတ္သာတစ္ေယာက္ Jတင္မက A to Zဝင္ေနၿပီ။

"အဟမ္း...ေယာက ဓာတ္ပံု႐ိုက္ခ်င္ေနတာလား"

"ဟုတ္ Head"

ဆတ္သာ​ရဲ႕ျကားျဖတ္စကားကို ေယာကေတာ့ ​ေကာင္းေကာင္းျပန္ေျဖပါတယ္။ ေမေသာ္ကေတာ့ ဆတ္သာကို ဘုၾကည့္ၾကည့္ေနသည္။

"အဲ့တာဆို ကိုယ္႐ိုက္ေပးမယ္ေလ"

"ေနပါ Head။ Head ကေရကူးမွာမဟုတ္လား။  ေသာ္ပဲ ႐ိုက္ေပးလိုက္ပါ့မယ္"

"ေရက ခ်က္ခ်င္းမကူးေသးဘူး။ အခ်ိန္ရတယ္ ။ ၿပီးေတာ့ ကိုယ္က UKမွာuniတတ္တုန္းက ဓာတ္ပံုၿပိဳင္ပြဲဝင္ၿပိဳင္တာ ဆုရဖူးတယ္ေနာ္ အဟမ္း"

သက္သက္ႀကီးကို ျကြားေနတဲ့ ခြန္ဆတ္သာကိုၾကည့္ျပီး ေယာနဲ႔ေမေသာ္ မခ်ိျပံဳးျပံဳးျပေနၾကသည္။
ေမေသာ္လည္း ျပိဳင္မေျပာခ်င္ေတာ့ လက္ပိုက္ၿပီးသာ ျကည့္ေနေတာ့၏။ ေယာလည္း ဓာတ္ပံု႐ိုက္ဖို႔ ဖုန္းေလးကို ဆတ္သာဆီေပးလိုက္ေတာ့ ဆတ္သာက

"ေနေန။ ကိုယ့္ဖုန္းနဲ႔႐ိုက္ေပးမယ္။ ၿပီးမွျပန္ပို႔ေပးမယ္"

ပန္းသီးတစ္ျခမ္းပဲ့11proႀကီးကို ေယာမ်က္စိေ႐ွ႕မွာ ယမ္းျပရင္း ေျပာေနတာေၾကာင့္ ေယာ မ်က္စိဆံပင္ေမႊး စူးလာတာအမွန္။

"ႂကြားစိန္ ေဒၚခြန္ဆတ္သာ"
စိတ္ထဲကေနပဲႀကိမ္းလိုက္ပါတယ္။

******

ကမ္းေျခက လွတဲ့ေနရာအေတာ္မ်ားမ်ားမွာ ဓာတ္ဖမ္းၿပီးတဲ့အခ်ိန္မွာေတာ့ ပင္တိုင္ဓာတ္ပံုဆရာႀကီး ခြန္ဆတ္သာေရာ postအၾကံေပး ေမေသာ္ေရာ ေရထဲဆင္းဖို႔ တတ္ႂကြေနၾကၿပီ။

"မ လာေလ ေရကူးရေအာင္"

ဆတ္သာတို႔ ေရစပ္နားေရာက္ေနတဲ့အထိ ပင္လယ္ျပင္ကိုသာ ေငးေနၿပီး တုတ္တုတ္မလႈပ္တဲ့ ေယာကို ေမေသာ္ လွမ္းေခၚလိုက္သည္။

ေယာကေတာ့ျပံဳးျပလိုက္ၿပီး

"မကူးေတာ့ဘူး ေသာ္။ေသာ္တို႔ပဲ ကူးၾကပါ"

"ကမ္းေျခလာၿပီး ေရမကူးေတာ့ ပ်င္းဖို႔ေကာင္းတာေပါ့"

ဆတ္သာေျပာလိုက္ေတာ့

"ေယာက ေရနဲ႔ရန္ျဖစ္ထားတယ္ Headေရ။ သူ ေရထဲဆင္းလို႔မရဘူး"

ေဘာကြင္းတစ္ခုနဲ႔ ေရထဲမွာ ျကြက္စုတ္ျဖစ္ေနတဲ့ ႐ွိန္းကျပန္
ေျဖလိုက္သည္။ ဆတ္သာတို႔လည္း အတင္းမေခၚေတာ့ပဲ ကမ္းေျခမွာထိုင္ေနတဲ့ ေယာကို လႊတ္ထားေပးလိုက္ေတာ့သည္။

ဒီလိုနဲ႔ ေန႔လည္စာစားခ်ိန္ကလြဲလို႔ တေန႔လံုး ေရဆင္းေဆာ့လိုက္ ဓာတ္ပံု႐ိုက္လိုက္နဲ႔ အတိုင္အေဖာက္ညီေနတဲ့ ခပ္မိမိခပ္ေခ်ာေခ်ာ လူငါးေယာက္ကို ေမာင္းမကန္ကမ္းေျခမွာေတြ႔ႏိုင္ပါတယ္။

ညေရာက္ေတာ့ ဖုန္းထဲက ေယာပံုေလးေတြၾကည့္ရင္း ဆတ္သာခမ်ာ ဝမ္းသာပီတိဂြမ္းဆီထိေနသည္။ ျဖစ္ႏိုင္ရင္ ဖုန္းscreenေလးကို ေျပးနမ္းလိုက္ခ်င္ေပမယ့္ အခုဖုန္းၾကည့္ၿပီး ျပံဳးၿဖီးၿဖီးျဖစ္ေနတာကိုေတာင္ အူေၾကာင္ေၾကာင္နဲ႔ ၾကည့္ေနတဲ့ ေယာဆိုတဲ့ အေကာင္ေပါက္က ႐ွိေနေလရဲ႕။

ဖုန္းကိုၾကည့္ၿပီး ပီတိျဖာေနတဲ့ခြန္ဆတ္သာကို ျကည့္ၿပီး *ငါ့ပံုေတြမ်ားၾကည့္ေနတာလား* ဆိုၿပီးေတာင္ ​ေယာ ထင္မိသြားတယ္။ ဒါေပမယ့္ မျဖစ္ႏိုင္တာက ေသခ်ာတယ္။ ေစာနကပဲ "မင္းဆီကူးေပးၿပီးလို႔ မင္းပံုေတြဖ်က္လိုက္ၿပီ"လို႔ ဆတ္သာကိုယ္တိုင္ ေျပာထားတာပဲ။

"မျဖစ္ႏိုင္တာေတြ မေတြးစမ္းပါနဲ႔ ​ေယာေရ"

ေယာကိုယ့္ဘာသာ သတိေပးလိုက္သည္။ ခနၾကာေတာ့ ေယာရဲ႕အက်င့္အတိုင္း နားၾကပ္တပ္ၿပီး သီခ်င္းနားေထာင္ေနရင္း အိပ္ေပ်ာ္သြားေတာ့သည္။

ျခင္ေထာင္လည္းမခ်ပဲ ျဖစ္သလို အိပ္ေပ်ာ္ေနတဲ ​ေယာကို ဆတ္သာကပဲ တာဝန္ယူလိုက္ရေတာ့သည္။ တလြဲမေတြးၾကပါနဲ႔။ တာဝန္ယူတယ္ဆိုတာ ျခင္ေထာင္ခ်ေပးၿပီး နားၾကပ္ကေလးကိုျဖဳတ္ေပး၊ေစာင္ျခံဳေပးတာကိုေျပာတာပါ လူႀကီးမင္းတို႔။

ဆတ္သာဆိုတာ ဥပုသ္ေစာင့္ေနတဲ့ က်ားႀကီးမဟုတ္ေတာ့ အိပ္ေပ်ာ္ေနတဲ့ ​ေယာႏွဖူးေလးကို ဖြဖြေလး အနမ္းေႁခြလိုက္သည္။ အျမဲတမ္း ဖုန္းscreenေလးေပၚကပဲ ျပစ္မွားေနရတဲ့ ေယာရဲ႕ႏႈတ္ခမ္းသားေလးဆီကို အၾကည့္ကေရာက္သြားၿပီး ဆတ္သာ တေျဖးေျဖးခ်င္းကပ္သြားလိုက္သည္။

*ေဒါက္ ေဒါက္*

ခင္ဗ်ားေလးတို႔သိလား ဇာတ္လမ္းကေကာင္းခန္းေရာက္ၿပီဆို ျဖတ္လာတာက ေၾကာ္ျငာေတြေလ။ အခုကေတာ့ ပိစိကို ခိုးစားခါနီးေလးမွ ေရာက္လာတဲ့အဖ်က္သမားေပါ့။

ဆတ္သာစိတ္ေပါက္ေပါက္နဲ႔ တံခါးဆြဲဖြင့္လိုက္ေတာ့ ေမေသာ္တစ္ေယာက္ ဆတ္သာကို​ေက်ာ္ျပီး အခန္းထဲကိုေခ်ာင္းၾကည့္ေနသည္။

"ကဲ ေျပာ ဘာလာလုပ္တာလဲ"

"အာ..မ ကို လာေခၚတာ။ မ *မအိပ္ေသးရင္ ကမ္းေျခမွာ ေလညႇင္းေလးဘာေလးခံဖို႔"

"မ *မေနနဲ႔။ ေယာက အိပ္ေပ်ာ္သြားၿပီ။ အဲ့ေတာ့ မင္းလည္း ျပန္အိပ္လိုက္ေတာ့။ ဒီအခ်ိန္ႀကီးမွ တစ္ေယာက္တည္းလည္း ေလ်ွာက္သြားၿပီး ေလညႇင္းခံမယ္ ဘာညာန ဲ႔႐ုပ္႐ွင္႐ိုက္မေနနဲ႔"

ေျပာခ်င္တာေျပာၿပီး တံခါးကိုခ်က္ခ်င္းျပန္ပိတ္သြားတဲ့ ဆတ္သာကို ​ေမေသာ္တစ္ေယာက္ အျပင္ကေန လက္ခလယ္ေထာင္ျပလိုက္ၿပီး

"သူကအေမလား။ ငါ့မ်ားလာၿပီး ဆံုးမသြားေသးတယ္။ခ်ီးပဲေဟ့"

ေျပာမဲ့သာေျပာတာ ခြန္ဆတ္သာေျပာတာကလည္း မမွားတာေၾကာင့္ ေမေသာ္တစ္ေယာက္ ကိုယ့္ဘန္ဂလိုေလးဆီသာ ကိုယ္ျပန္သြားလိုက္သည္။

~~~♥~~~
The author has something to say:

Author-အဲ့ေန႔ညက စားျဖစ္လိုက္လား ေဒၚခြန္ဆတ္သာ
:3

ဆတ္သာ- မစားျဖစ္လိုက္ဘူး မား။

Author- အမယ္..ငါ့သမီးကလူ႐ိုးေလးပဲ ><

ဆတ္သာ-ေနာက္မွ အတိုးေရာအရင္းေရာ ေပါင္းၿပီးစားမွာမို႔လိုပါ (လူယုတ္မာအျပံဳးျဖင့္)

Unicode

မနက်စာစားပြီး ဟိုတယ်ဥယျာဉ်ထဲက ဘန်ဂလိုလေးထဲကို ပြန်ရောက်လာတဲ့ ခွန်နေသစ်နဲ့ရှိန်း။
ရှိန်းကတော့ ပါလာသမျှ နေလောင်ခံလိမ်းဆေးတွေ လိမ်းလိုက်ဖြန်းလိုက်နဲ့ အလုပ်ရှုပ်နေတုန်း နေသစ်တစ်ယောက် ရေချိုးခန်းထဲ ဝင်သွားသည်။ ပြန်ထွက်လာတော့ အပေါ်ပိုင်း nakedနဲ့ဖြစ်နေပြီ။

"ချာတိတ် ရေကူးဖို့လိုက်မှာလား"

နေသစ်ခေါ်သံကြောင့် ရှိန်းကြည့်လိုက်တော့ ပါးစပ်တောင် ပြန်မစိနိုင်တော့ပေ။

"WTF....Boss တကယ်ကြီးဒီလိုပုံနဲ့ အပြင်ထွက်မှာလား"

နေသစ်ကတော့ မျက်ခုံးတစ်ဖက်ပင့်တင်လိုက်ရင်း

"ကမ်းခြေမှာ ရေကူးမှာပါဆို ဒီပုံစံနဲ့မထွက်လို့ ဘယ်ပုံစံနဲ့ထွက်ရမှာလဲ"

"ဟာဗျာ....ကျွန်တော် သဝန်တိုတယ်ဗျ။တခြားသူတွေငမ်းမှာပေါ့"

ရှိန်းစကားကြောင့် နေသစ် တစ်ချက်ပြုံးလိုက်မိသွားသည်။

"ဟားဟား ပေါက်ပေါက်ရှာရှာတွေ။ ဒီအဘိုးကြီးကို ဘယ်သူက ငမ်းမှာတုန်း"

"ဘောကို အဘိုးကြီး"

ရှိန်း တိုးတိုးလေး ကျိန်ဆဲလိုက်မိသွားသည်။

"တိုးတိုး တိုးတိုးနဲ့ ပြောမနေနဲ့ ရေကူးမယ်ဆိုရင် လိုက်ခဲ့"

ရှိန်းလည်းရွဲ့ပြီး သူ့အင်္ကျီသူ ဆွဲချွတ်လိုက်သည်။
နေသစ် မျက်နှာကြီးတစ်ခုလုံး နီရဲတတ်လာပြီး သွေးအန်မတတ်ဖြစ်သွား၏။ရှိန်းရဲ့အသားအရည်က ဖြူနုနေတာ အခုလို အတွင်းသားတွေဆို ပြောစရာစကားတောင် ရှာမရတော့ဘူး။ချယ်ရီသီးလေးနှစ်ခုက နီနီရဲရဲနဲ့ ဟင်းဟင်း။ Gymတွေဘာတွေ ဆော့မထားပေမယ့် သူ့အချိုးအစားနဲ့သူ ကြည့်ရကောင်းနေတဲ့ ဗိုက်သားချပ်ချပ်လေး။တဖြည်းဖြည်း အကြည့်တွေ စူးရှလိုက်ရင် တွေ့ရမှာကတော့ ဗိုက်သားတစ်လျှောက်က အမွှေးနုနုလေးတွေ။

"ဟိတ်...ဖြေးဖြေးငမ်းပါဗျ "

နေသစ်မျက်နှာကို ပိတ်ရိုက်ခံသလို အရှိုက်ထိသွားပြီး

"ဘာ ဘာကိုငမ်းရမှာလဲ။မင်းရဲ့ abs မရှိတဲ့ အဆီဗိုက်ကို ငမ်းစရာလား"

"ဗြောင်လိမ်ဗြောင်စား လုပ်နေတာ"

ပြောရင်းဆိုရင်း အခန်းပြင်ထွက်သွားဖို့ လုပ်နေတဲ့ရှိန်းကို ဂုတ်ကနေ နေသစ်လှမ်းဆွဲလိုက်သည်။

"ဟာဗျာ။ ဘာလုပ်တာလဲ။ ရေသွားကူးမယ်လေ"

"မဟုတ်ဘူး။ အပြင်မှာ နေက ပူသလိုရှိတယ်။အင်္ကျီတွေဝတ်ပြီး ထွက်တာပဲ ကောင်းမယ်ထင်တယ်"

ရှိန်းတစ်ယောက် အောင်နိုင်သူလို ပြုံးလိုက်မိသွားသည်။

ဒီလိုနဲ့ပဲ ဝတ်စုံအပြည့်နဲ့ လူနှစ်ယောက် ယောတို့သစ်သားဘန်ဂလိုလေးရှေ့ကို ရောက်လာကြသည်ပေါ့။

*ဒေါက် ဒေါက်*

"ယော ရေ ယော"

ရှိန်းတို့ တံခါးလာခေါက်တာကြောင့် ခွန်ဆတ်သာ တံခါးထဖွင့်ပေးလိုက်သည်။

"ကိုကိုနဲ့ရှိန်းပါလား။ အခန်းထဲဝင်ဦးလေ"

"မဝင်တော့ဘူးလေ ငယ်လေး။ ရေသွားကူးကြရအောင် ငယ်လေးတို့ကို လာခေါ်တာ"

"ဟုတ်တယ်Head ။ ယော နင်လည်းလိုက်ခဲ့လေ"

ယောတစ်ယောက် T-Shirt မက်မွန်သီးရောင်လေးကို Short pantအဖြူအတိုလေးနဲ့ တွဲဝတ်ထားပြီး တအားတွေ ချစ်ဖို့ကောင်းနေသည်။ ရှိန်းကိုတွေ့တာနဲ့ သွားဖြီးပြလိုက်ပြီး

"ဟဲ့ ငါ့ကို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးရမယ်နော်။ သေဘာတူထားတာ မှတ်မိပါတယ်နော်"

"ဆောတီးပဲ ။ ငါရေကူးမှာ ။ သုံးပုံပဲရိုက်ပေးမယ် "

ရှိန်းရယ်ကျဲကျဲနဲ့ ပြန်ပြောလိုက်၏။

"အရူးကောင် ကျေးဇူးမတင် ဖင်လှန်ပြဆိုတာ နင့်ကိုပြောတာ"

ယောတစ်ယောက် ပွစိပွစိပြောပြီး ဆူပုတ်နေသည်။
နေသစ်နဲ့ဆတ်သာလည်း ကလေးတွေလို ရန်ဖြစ်နေတဲ့ ရှိန်းနဲ့ယောကြောင့် ပြုံးစိစိနဲ့ ရယ်လိုက်မိသည်။ပြီးတော့လည်း သုံးယောက်သား ကမ်းခြေဘက်ကို ထွက်လာကြသည်။ Guest Houseကေန ကမ်းခြေကိုသွားတဲ့ လမ်းလေးကအစ သဘာဝဆန်ဆန်နဲ့ လှလွန်းနေတော့ ယောခမျာ ဓာတ်ပုံရိုက်ချင်စိတ်တွေ တားမရစီးမရဖြစ်နေ၏။ ဒါပေမယ့်လည်း ရှိန်းကိုခေါ်ပြီး ဓာတ်ပုံရိုက်ခိုင်းမိရင် Bossနဲ့ ကြည်နူးစရာအချိန်လေး လျော့သွားမှာကို ယော မလိုလားပေ။ရှိန်းက တမင်တကာသာ မရိုက်ပေးဘူး ဘာညာပြောနေတာ စိတ်ထဲက ပါလို့မဟုတ်။ယောကို စချင်လို့သာ ဘုကလန့်ပြောနေခြင်းဖြစ်သည်။

ယောရဲ့ဘေးမှာတော့ အမဲရောင်ကိုယ်ကြပ်crop topကို ဒူးအတိဂျင်းဘောင်းဘီအနက်နဲ့ တွဲဝတ်ထားတဲ့ ခွန်ဆတ်သာရှိသည်။ ခါတိုင်းဆို အရှည်တွေပဲ ဝတ်လေ့ရှိတော့ ဒီနေ့မှ ခွန်ဆတ်သာရဲ့ ခြေထောက်အလှကို ယော မျက်ဝါးထင်ထင်မြင်ရခြင်းပင်။ ခြေညှပ်ဖိနပ်လေးပေါ်က ခြေချောင်းလေးတွေကအစ ရှည်ရှည်မြောမြောလေးနဲ့ ပြည့်စုံနေတာ။အမွှေးစိမ်းနုနုလေးတွေရှိတဲ့ ခြေသလုံးလေးတွေကလည်း
တကယ့် အလှလေးပဲ။အပေါ်ပိုင်းကိုတတ်လိုက်ရင်တော့ အဆီပိုမရှိတဲ့ဗိုက်သားချပ်ချပ်လေးကြောင့် ယော မသိမသာလေး ငမ်းလိုက်မိသည်။ ဒီ့ထပ်အပေါ်ဆက်တတ်ရင်တော့ အိမ်း......ခက်ချေပြီ။

"စိတ်ထိန်းစမ်း ယော"

ကိုယ်ခေါင်းကိုပြန်ခေါက်ပြီး အူကြောင်ကြောင်လုပ်နေတဲ့
ယောကို ဆတ်သာ မျက်စိတစ်ချက်ဆွေကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲယော"

"အာ...ဘာမှမဖြစ်ပါဘူး Head။ ဒီအတိုင်း ဓာတ်ပုံရိုက်ဖို့တွေးနေတာ အဲ့တာ.."

ခွန်ဆတ်သာကို ဓာတ်ပုံရိုက်ပေးဖို့ ဘယ်လိုများပြောရပါ့မလဲ။

"ဟိတ်....မ ။ မ ဓာတ်ပုံရိုက်ချင်တာလား။ သော်ရိုက်ပေးမယ်လေ"

ဘုရားရေ။ ကံတွေကောင်းနေတဲ့ ယောလေး။ အချိန်ကိုက်ဆိုသလို ရောက်ချလာတဲ့ မေသော့်ကြောင့် ယော အနည်းငယ်တော့ ပျော်သွားသည်။

"ဟုတ်တယ် သော်။ မမ ဓာတ်ပုံရိုက်ချင်နေတာ။ ဒီနေရာလေးက တအားလှနေတော့လေ"

သူ့ကိုယ်သူ မမတဲ့ ။ သောက်ကလေးကများ ။ ဟိုမေသော်ဆိုတဲ့ ဟာလေးကလည်း ဘယ်ဂျောင်ထဲကနေ ထွက်လာမှန်းမသိ။ အခုလည်း ဓာတ်ပုံရိုက်ဖို့တဲ့ နှစ်ယောက်သား လေပေးဖြောင့်နေလိုက်တာများ
eye crossတွေဖြစ်တယ်။ ခွန်ဆတ်သာတစ်ယောက် Jတင်မက A to Zဝင်နေပြီ။

"အဟမ်း...ယောက ဓာတ်ပုံရိုက်ချင်နေတာလား"

"ဟုတ် Head"

ဆတ်သာရဲ့ကြားဖြတ်စကားကို ယောကတော့ ကောင်းကောင်းပြန်ဖြေပါတယ်။ မေသော်ကတော့ ဆတ်သာကို ဘုကြည့်ကြည့်နေသည်။

"အဲ့တာဆို ကိုယ်ရိုက်ပေးမယ်လေ"

"နေပါ Head။ Head က ရေကူးမှာမဟုတ်လား။ သော်ပဲ ရိုက်ပေးလိုက်ပါ့မယ်"

"ရေက ချက်ချင်းမကူးသေးဘူး။ အချိန်ရတယ် ။ ပြီးတော့ ကိုယ်က UKမှာ uniတတ်တုန်းက ဓာတ်ပုံပြိုင်ပွဲဝင်ပြိုင်တာ ဆုရဖူးတယ်နော် အဟမ်း"

သက်သက်ကြီးကို ကြွားနေတဲ့ ခွန်ဆတ်သာကိုကြည့်ပြီး ယောနဲ့မေသော် မချိပြုံးပြုံးပြနေကြသည်။
မေသော်လည်း ပြိုင်မပြောချင်တော့ လက်ပိုက်ပြီးသာ ကြည့်နေတော့၏။ ယောလည်း ဓာတ်ပုံရိုက်ဖို့ ဖုန်းလေးကို ဆတ်သာဆီပေးလိုက်တော့ ဆတ်သာက

"နေနေ။ ကိုယ့်ဖုန်းနဲ့ရိုက်ပေးမယ်။ ပြီးမှပြန်ပို့ပေးမယ်"

ပန်းသီးတစ်ခြမ်းပဲ့11proကြီးကို ယောမျက်စိရှေ့မှာ ယမ်းပြရင်း ပြောနေတာကြောင့် ယော မျက်စိဆံပင်မွှေး စူးလာတာအမှန်။

"ကြွားစိန် ဒေါ်ခွန်ဆတ်သာ"
စိတ်ထဲကနေပဲကြိမ်းလိုက်ပါတယ်။

******

ကမ်းခြေက လှတဲ့နေရာအတော်များများမှာ ဓာတ်ဖမ်းပြီးတဲ့အချိန်မှာတော့ ပင်တိုင်ဓာတ်ပုံဆရာကြီး ခွန်ဆတ်သာရော postအကြံပေး မေသော်ရော ရေထဲဆင်းဖို့ တတ်ကြွနေကြပြီ။

"မ လာလေ ရေကူးရအောင်"

ဆတ်သာတို့ ရေစပ်နားရောက်နေတဲ့အထိ ပင်လယ်ပြင်ကိုသာ ငေးနေပြီး တုတ်တုတ်မလှုပ်တဲ့ ယောကို မေသော် လှမ်းခေါ်လိုက်သည်။

ယောကတော့ပြုံးပြလိုက်ပြီး

"မကူးတော့ဘူး သော်။သော်တို့ပဲ ကူးကြပါ"

"ကမ်းခြေလာပြီး ရေမကူးတော့ ပျင်းဖို့ကောင်းတာပေါ့"

ဆတ်သာပြောလိုက်တော့

"ယောက ရေနဲ့ရန်ဖြစ်ထားတယ် Headရေ။ သူ ရေထဲဆင်းလို့မရဘူး"

ဘောကွင်းတစ်ခုနဲ့ ရေထဲမှာ ကြွက်စုတ်ဖြစ်နေတဲ့ ရှိန်းကပြန်
ဖြေလိုက်သည်။ ဆတ်သာတို့လည်း အတင်းမခေါ်တော့ပဲ ကမ်းခြေမှာထိုင်နေတဲ့ ယောကို လွှတ်ထားပေးလိုက်တော့သည်။

ဒီလိုနဲ့ နေ့လည်စာစားချိန်ကလွဲလို့ တနေ့လုံး ရေဆင်းဆော့လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အတိုင်အဖောက်ညီနေတဲ့ ခပ်မိမိခပ်ချောချော လူငါးယောက်ကို မောင်းမကန်ကမ်းခြေမှာတွေ့နိုင်ပါတယ်။

ညရောက်တော့ ဖုန်းထဲက ယောပုံလေးတွေကြည့်ရင်း ဆတ်သာခမျာ ဝမ်းသာပီတိဂွမ်းဆီထိနေသည်။ ဖြစ်နိုင်ရင် ဖုန်းscreenလေးကို ပြေးနမ်းလိုက်ချင်ပေမယ့် အခုဖုန်းကြည့်ပြီး ပြုံးဖြီးဖြီးဖြစ်နေတာကိုတောင် အူကြောင်ကြောင်နဲ့ ကြည့်နေတဲ့ ယောဆိုတဲ့ အကောင်ပေါက်က ရှိနေလေရဲ့။

ဖုန်းကိုကြည့်ပြီး ပီတိဖြာနေတဲ့ခွန်ဆတ်သာကို ကြည့်ပြီး *ငါ့ပုံတွေများကြည့်နေတာလား* ဆိုပြီးတောင် ယော ထင်မိသွားတယ်။ ဒါပေမယ့် မဖြစ်နိုင်တာက သေချာတယ်။ စောနကပဲ "မင်းဆီကူးပေးပြီးလို့ မင်းပုံတွေဖျက်လိုက်ပြီ"လို့ ဆတ်သာကိုယ်တိုင် ပြောထားတာပဲ။

"မဖြစ်နိုင်တာတွေ မတွေးစမ်းပါနဲ့ ယောရေ"

ယောကိုယ့်ဘာသာ သတိပေးလိုက်သည်။ ခနကြာတော့ ယောရဲ့အကျင့်အတိုင်း နားကြပ်တပ်ပြီး သီချင်းနားထောင်နေရင်း အိပ်ပျော်သွားတော့သည်။

ခြင်ထောင်လည်းမချပဲ ဖြစ်သလို အိပ်ပျော်နေတဲ ယောကို ဆတ်သာကပဲ တာဝန်ယူလိုက်ရတော့သည်။ တလွဲမတွေးကြပါနဲ့။ တာဝန်ယူတယ်ဆိုတာ ခြင်ထောင်ချပေးပြီး နားကြပ်ကလေးကိုဖြုတ်ပေး၊စောင်ခြုံပေးတာကိုပြောတာပါ လူကြီးမင်းတို့။

ဆတ်သာဆိုတာ ဥပုသ်စောင့်နေတဲ့ ကျားကြီးမဟုတ်တော့ အိပ်ပျော်နေတဲ့ ယောနှဖူးလေးကို ဖွဖွလေး အနမ်းခြွေလိုက်သည်။ အမြဲတမ်း ဖုန်းscreenလေးပေါ်ကပဲ ပြစ်မှားနေရတဲ့ ယောရဲ့နှုတ်ခမ်းသားလေးဆီကို အကြည့်ကရောက်သွားပြီး ဆတ်သာ တဖြေးဖြေးချင်းကပ်သွားလိုက်သည်။

*ဒေါက် ဒေါက်*

ခင်ဗျားလေးတို့သိလား ဇာတ်လမ်းကကောင်းခန်းရောက်ပြီဆို ဖြတ်လာတာက ကြော်ငြာတွေလေ။ အခုကေတာ့ ပိစိကို ခိုးစားခါနီးလေးမှ ရောက်လာတဲ့အဖျက်သမားပေါ့။

ဆတ်သာစိတ်ပေါက်ပေါက်နဲ့ တံခါးဆွဲဖွင့်လိုက်တော့ မေသော်တစ်ယောက် ဆတ်သာကိုကျော်ပြီး အခန်းထဲကိုချောင်းကြည့်နေသည်။

"ကဲ ပြော ဘာလာလုပ်တာလဲ"

"အာ..မ ကို လာခေါ်တာ။ မ *မအိပ်သေးရင် ကမ်းခြေမှာ လေညှင်းလေးဘာလေးခံဖို့"

"မ *မနေနဲ့။ ယောက အိပ်ပျော်သွားပြီ။ အဲ့တော့ မင်းလည်း ပြန်အိပ်လိုက်တော့။ ဒီအချိန်ကြီးမှ တစ်ယောက်တည်းလည်း လျှောက်သွားပြီး လေညှင်းခံမယ် ဘာညာနဲ့ ရုပ်ရှင်ရိုက်မနေနဲ့"

ပြောချင်တာပြောပြီး တံခါးကိုချက်ချင်းပြန်ပိတ်သွားတဲ့ ဆတ်သာကို မေသော်တစ်ယောက် အပြင်ကနေ လက်ခလယ်ထောင်ပြလိုက်ပြီး

"သူက အမေလား။ ငါ့များလာပြီး ဆုံးမသွားသေးတယ်။ချီးပဲဟေ့"

ပြောမဲ့သာပြောတာ ခွန်ဆတ်သာပြောတာကလည်း မမှားတာကြောင့် မေသော်တစ်ယောက် ကိုယ့်ဘန်ဂလိုလေးဆီသာ ကိုယ်ပြန်သွားလိုက်သည်။

~~~♥~~~
The author has something to say:

Author-အဲ့နေ့ညက စားဖြစ်လိုက်လား ဒေါ်ခွန်ဆတ်သာ
:3

ဆတ်သာ- မစားဖြစ်လိုက်ဘူး မား။

Author- အမယ်..ငါ့သမီးကလူရိုးလေးပဲ ><

ဆတ်သာ-နောက်မှ အတိုးရောအရင်းရော ပေါင်းပြီးစားမှာမို့လိုပါ (လူယုတ်မာအပြုံးဖြင့်)

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
22.9M 798K 66
Book Two in the I Am Not A Prostitute series. Warning: Mature Audiences Only!! -Strong Sexual Content -R-rated language -Adult situation #1 in Fict...
38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
18.6M 493K 41
After being involved with a cold-hearted mafia boss, Robyn Lehman decides its time to run. Little did she know, she was carrying the future heir to h...