My Naughty Kitten (Completed)

By TaeYoonKook_Cloud

26.3K 2.8K 31

Kim Taehyung x Min Yoongi Written By : JaejoongHtike More

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14

Part - 15 (Final)

2.3K 174 3
By TaeYoonKook_Cloud

(Zawgyi)

ခ်စ္သူနဲ႔အတူတူသာဆိုရင္ တဲပုတ္ပ်က္မွာပဲေနရေနရ ထမင္းရည္ အဲေလ ေခါက္ဆြဲျပဳတ္ပဲမွ်စားရစားရ ကြၽန္ေတာ္ကင္မ္ထယ္ေယာင္းက သာယာၿပီးသားပါ...။ အဓိကက ကိုယ့္ခ်စ္သူေလးနဲ႔ မခြဲရဖို႔ပဲမဟုတ္လား...။

ဆင္းရဲတာေတြခ်မ္းသာတာေတြက ပကာသနသပ္သပ္ပါ...။ ဆင္းရဲဒုကၡေရာက္ရင္ ဘယ္ေလာက္ခိုင္ၿမဲတဲ့အခ်စ္ျဖစ္ပါေစ ကြဲပ်က္တာပဲဆိုတာကလည္း အလကားေလွ်ာက္ေျပာတာ...။ သူတို႔သစၥာမရိွတိုင္း ဆင္းရဲတာကို အျပစ္ပံုခ်တာေလ...။ ထယ္ထယ္ေလးကေတာ့ ဘယ္ေလာက္ပဲ အေနအစားဆင္းရဲပါေစ သည္းခံေနမွာပါ...။

"ဂီြ...!!!"

ေဟာ.. ထယ္ထယ့္ရဲ႕သစ္ေတာ္သီးဗိုက္ေလးက အသံေပးေနျပီ...။ ဆာေနေပမယ့္လည္း က်ိတ္မိွတ္သည္းခံမယ္...။ ဝင္ေတာ့တစ္ေပါက္ ထြက္ေတာ့ကိုးေပါက္တဲ့... သံေဝဂရစရာပါပဲ...။ ဒီအပုတ္ေကာင္ ခႏၶာကိုယ္ႀကီးကို အလိုဆႏၵျဖည့္ေပးေနမယ့္အစား ေလာကဓံကိုႀကံ႕ႀကံ႕ခိုင္ၿပီး ခ်စ္သူရဲ႕လက္ကိုတြဲကာ အတူျဖတ္သန္းမယ္...။ မစားရလို႔ေသသြားပါေစ မခ်စ္ရလို႔ေသမသြားဖို႔က ပိုအေရးႀကီးတယ္...။

"ထယ္ထယ္ေရ... ဒီမွာ မင္းမွာထားတဲ့ပီဇာနဲ႔ ၾကက္ေၾကာ္ရေနၿပီေလ.. ေအးမသြားခင္လာစား"

အဟင့္.. ဒရာမာခင္းခ်င္ေနတဲ့ထယ္ထယ္ေလး ထိုအသံေၾကာင့္ ဝမ္းသာရမလိုလို ဝမ္းနည္းရမလိုလိုျဖစ္သြားရတယ္...။ ေသာက္ပီဇာကလည္း အခ်ိန္ကိုက္မွ ေရာက္လာရသလား...။ အျမင္ကတ္ကတ္နဲ႔ကို အကုန္ကုန္ေအာင္စားပစ္ဦးမယ္...။

"စားလို႔ေကာင္းလား ထယ္ထယ္...??"

"အင္း... အရမ္းေကာင္းတယ္"

ပလုပ္ပေလာင္းစားရင္းျပန္ေျဖေတာ့ ေၾကာင္ေပါက္ေလးက မ်က္လံုးေလးေတြေမွးမိွတ္သြားတဲ့အထိ ၿပံဳးျပေနတယ္...။ ခ်စ္စရာေလးပါဗ်ာ... ဒီေၾကာင္ေပါက္ေလးက ကြၽန္ေတာ့္အပိုင္ဆိုတာ ခုထိေတာင္မယံုႏိုင္ေသးဘူး...။

"ေၾကာင္ေပါက္ေလးလည္းစားေလ... ထယ္ထယ္ခြံ႕ေကြၽးမယ္.. အာာ"

အခ်စ္နဲ႔အတူတူသာဆိုရင္ အရင္ကစားေနက်ပီဇာကေတာင္ ပိုၿပီးအရသာရိွေနသလိုပင္...။ ဘာလဲ ခင္ဗ်ားတို႔က ထယ္ထယ္ေလးကို ေယာက်ၤားေနာက္ခိုးရာလိုက္ၿပီး ဆင္းရဲဒုကၡေရာက္ေနၿပီထင္ေနတာလား...။ ထယ္ထယ့္ေယာက်ၤားက ဘယ္သူမို႔လို႔လဲ... မင္ယြန္းဂီဆိုတဲ့ ေၾကာင္ေပါက္ေလဗ်ာ...။

ဉာဏ္အေမွ်ာ္အျမင္ရိွခ်က္ကေတာ့ Black card ထဲကပိုက္ဆံေတြကို ေငြသားအျဖစ္ႀကိဳထုတ္ထားတယ္တဲ့...။ ဒါမွသူ႕အိမ္က ကဒ္ပိတ္လိုက္လည္း ဒုကၡမေရာက္မွာတဲ့ေလ...။ ထိုပိုက္ဆံေတြနဲ႔ပဲ ဟိုတယ္ေကာင္းေကာင္းတစ္ခုမွာ ငွားေနၾကတယ္...။ ထယ္ထယ္ေလးႀကိဳက္တဲ့ စားစရာေတြကိုလည္း တေန႔တမ်ဳိးဝယ္ေကြၽးတယ္...။

ၾကည့္ပါလား... ေၾကာင္ေပါက္ကို ကပ္ေစးကုတ္တယ္လို႔ ထင္ေနၾကတာမလား...။ ကပ္ေစးကုတ္မဟုတ္ေၾကာင္း ခင္ဗ်ားတို႔ကို Black card နဲ႔ ေကာက္ေပါက္ၿပီး သက္ေသျပလိမ့္မယ္...။ ကြၽန္ေတာ့္အခ်စ္က မကုန္သင့္တာမကုန္ေအာင္ စိစစ္သံုးတတ္တာပါဗ်...။ ခုလည္းကြၽန္ေတာ့္ကို အလိုလိုက္ပံုကေတာ့... အင္း... မေျပာေတာ့ပါဘူးေလ...။ ေတာ္ၾကာ အက္ဖ္ေအေလးေတြ ထိုင္ငိုကုန္ဦးမယ္...။ ထယ္ထယ္ေလးက ႐ုပ္ေခ်ာသလို စိတ္ေကာင္းလည္းရိွတယ္ေလ...။

"အလြန္ဆံုးတစ္ပါတ္ေလာက္ပါပဲ.. ငါတို႔ကိုလူႀကီးေတြက ျပန္ေခၚၾကမွာပါ"

ေၾကာင္ေပါက္ေလးက စဥ္းစဥ္းစားစားေျပာေနတယ္...။ မေခၚလဲဘာအေရးလဲ... လမ္းေဘးမွာပဲ တဲထိုးၿပီးေနရေနရ... ျမက္ေျခာက္ပဲေကာက္စားရစားရ ေၾကာင္ေပါက္သာေဘးမွာရိွရင္ ထယ္ထယ္တို႔ကေအးေဆး...။

ဒါေပမယ့္လည္း ကံၾကမၼာက ထယ္ထယ္ေလးကို ဒရာမာခင္းခြင့္မေပးဘူးေလ...။ စားေနတဲ့ပီဇာနဲ႔ၾကက္ေၾကာ္ေတာင္ မကုန္ေသးခင္မွာပင္ ေၾကာင္ေပါက္ေလးရဲ႕အိမ္က ဖုန္းဆက္ၿပီးေခၚၿပီေလ...။

(မင္ယြန္းဂီ... ခုခ်က္ခ်င္းဟိုကေလးကိုေခၚၿပီး အိမ္ျပန္လာခဲ့စမ္း)

ေၾကာင္ေပါက္ေလးအဆူခံရတာကို ကြၽန္ေတာ္စိ္တ္မေကာင္းပါ...။ ဝမ္းနည္းစြာနဲ႔ပဲ ပီဇာတစ္စိတ္ကို ပါးစပ္ထဲအျပည့္ ထိုးထည့္ပစ္လိုက္တယ္... နင္ကာမွနင္ေရာ...။

"ေမေမတို႔က ကြၽန္ေတာ္တို႔၂ေယာက္ကို ခြဲပစ္ရင္ဘယ္လိုလုပ္မလဲ... မလာခ်င္ဘူး... ထယ္ထယ္ေလးနဲ႔မခြဲႏိုင္ဘူး"

ထယ္ထယ္ေလး တျဖဳတ္ျဖဳတ္ေႂကြေနပါၿပီေနာ္...။ ခ်စ္တတ္လြန္းေသာ ေၾကာင္ေပါက္ေလးေၾကာင့္ ထယ္ထယ့္ရဲ႕ႏုနယ္တဲ့ႏွလံုးသားေလးက အရည္ေတာင္ေပ်ာ္က်ေတာ့မယ္...။ ထယ္ထယ္ေလးႏွလံုးသားႏုတာ ခင္ဗ်ားတို႔လည္းသိၾကမွာပါ... ဒါေၾကာင့္ရည္းစားမ်ားတာေလ... သနားလို႔တြဲရင္းနဲ႔ေပါ့...။ ခုေတာ့ထယ္ထယ့္ႏွလံုးသားရဲ႕ ပိုင္ရွင္အစစ္ေၾကာင့္ တျခားဘယ္သူ႕ကိုမွအဝင္မခံေတာ့ပါ...။

(မခြဲဘူးေဟ့... ျပန္သာလာခဲ့... မင္းခိုးေျပးသြားတာက ငါတို႔ကုမၼဏီရဲ႕အႀကီးဆံုးရွယ္ယာရွင္ Mr. Kim ရဲ႕သားကြ... လူႀကီးေတြမ်က္ႏွာပ်က္ေအာင္မလုပ္နဲ႔... မဂၤလာကိစၥစီစဥ္ေပးမွာမို႔ အျမန္ဆံုးသာျပန္လာခဲ့)

ေဘးကေနနားေထာင္ေနတဲ့ သူ႕အေဖကပါဝင္ေျပာေတာ့ ေၾကာင္ေပါက္ေလးရဲ႕မ်က္ႏွာက ခ်က္ခ်င္းကို ေရဖ်န္းထားတဲ့ပန္းေလးလို လန္းဆန္းသြားေတာ့တယ္...။

"တကယ္ေနာ္... ဒါဆိုခုပဲျပန္လာခဲ့ေတာ့မယ္"

ဖုန္းခ်သြားတာနဲ႔ ထယ္ထယ့္ေၾကာင္ေပါက္ေလးက ဝမ္းသာအားရနဲ႔ ေယးခနဲထေအာ္ကာ ထယ္ထယ့္ကိုပါေျပးဖက္တယ္...။ သူေပ်ာ္သလိုထယ္ထယ္လည္း ေပ်ာ္တာေပါ့...။ သူ႕မိဘနဲ႔ကိုယ့္မိဘက စီးပြားဖက္ေတြျဖစ္ေနတာကိုပဲ ေက်းဇူးတင္ရမယ္...။ ဒါေၾကာင့္လည္း ခုေလာက္လြယ္လြယ္ သေဘာတူေပးတာ...။

ေယာကၡမနဲ႔ေတြ႕ရဖို႔အတြက္ ထယ္ထယ္ေလး အရမ္းႀကီးေတာ့ စိတ္လႈပ္ရွားမေနပါ...။ ပရိသတ္ႀကီး သိၾကတဲ့အတိုင္းပဲ ထယ္ထယ္ေလးက မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆုနဲ႔ ျပည့္စံုတယ္ေလ...။ ဒါေၾကာင့္မို႔ ခုဝတ္ထားတဲ့အက်ႌေလးနဲ႔ပဲ သြားေတြ႕ပလိုက္တယ္...။ ထင္တဲ့အတိုင္းပဲ ေယာကၡမႀကီးက ထယ္ထယ့္ကိုျမင္တာနဲ႔ ခ်စ္သြားပါေလေရာ...။

"Mr. Kim ရဲ႕သားေလးက ခ်စ္စရာေလးပါလားေနာ္... ဒါေၾကာင့္လည္း အိမ္ကေၾကာင္စုတ္က တမ္းတမ္းစြဲျဖစ္ေနတာေနမွာ"

ထယ္ထယ္ေလးကေတာ့ ခ်စ္စရာ boxy smile ေလးေတြနဲ႔ ရယ္ျပလိုက္ေပမယ့္ ေၾကာင္ျဖဴေလးကေတာ့ စူပုတ္ပုတ္နဲ႔ပင္...။ ၿပီးမွေျပာရဦးမယ္... ထယ္ထယ္ခ်စ္ဖို႔ေကာင္းတာ ေၾကာင္ေပါက္ေလးကိုမမီွေၾကာင္း...။

"မနက္ျဖန္က်မွပဲ ထယ္ထယ္ေလးကိုအိမ္ျပန္ပို႔ရင္း လူႀကီးခ်င္းစကားေျပာရေတာ့မွာေပါ့... ဒီေန႔ေတာ့ ဒီအိမ္မွာပဲေနၾကေနာ္ ကေလးေတြ"

"ဟုတ္ ရတယ္ေမေမ.. ထယ္ထယ္ကေလ ေၾကာင္ေပါက္နဲ႔သာဆို ဘယ္နားေနရေနရ"

"Aigoo ခ်စ္ဖို႔ေကာင္းလိုက္တာ"

ထယ္ထယ့္ရဲ႕ aegyo ေတြေၾကာင့္ ေယာကၡမႀကီးအရည္ေပ်ာ္သြားေလၿပီ...။ ဒီမ်က္ႏွာေလးတစ္ခုရေအာင္ ေမြးေပးထားတဲ့ ေမြးသမိခင္ေက်းဇူးရွင္ကို စိတ္ထဲကေနပဲလွမ္းကန္ေတာ့လိုက္တယ္...။ ေလာေလာဆယ္ေတာ့ ေၾကာင္ေပါက္ေလးရဲ႕အခန္းဆီသို႔ ဖင္ေလးခါၿပီးတက္သြားလိုက္တယ္...။

"ဝါး.. မိုက္လိုက္တာ... ရွင္းရွင္းေလးနဲ႔ သေဘာက်ဖို႔ေကာင္းတယ္... ထယ္ထယ့္အခန္းဆို႐ႈပ္ပြေနတာပဲ"

"အဟီး... ငါ့အခန္းကလည္း ေမေမရွင္းေပးလို႔ပါ.. ၿပီးေတာ့ ဘာအပိုပစၥည္းမွလည္း မထည့္တာပါမယ္"

အခုမွပထမဆံုးေရာက္ဖူးတဲ့ ေၾကာင္ေပါက္ေလးရဲ႕အခန္းကို ေသခ်ာအကဲခတ္လိုက္တယ္...။ ေၾကာင္ေပါက္ေလးက အခန္းအျပင္အဆင္ကို အျဖဴအမဲေတြခ်ည္းသံုးထားတာပဲ...။ ႐ိုးရွင္းၿပီးခ်စ္ဖို႔ေကာင္းတယ္... သူ႕အတိုင္းပဲ...။ စားပြဲေပၚမွာေတာ့ အစ္ကိုဟိုေဆာ့နဲ႔ ၂ေယာက္တြဲဓာတ္ပံုေတြရိွ္ေနတယ္...။ ငယ္ငယ္ကပံုေရာ ခုအရြယ္ပံုေတြေရာေပါ့...။ ထယ္ထယ္ကေတာ့ မနာလိုမျဖစ္ေတာ့ပါဘူး...။ ေၾကာင္ေဖေဖႀကီးမို႔ သူတို႔ဒီေလာက္နီးကပ္ေနတာကိုပဲ...။

"ထယ္ထယ္ေလး ဂိမ္းေဆာ့ခ်င္ေဆာ့ႏွင့္... ငါကေတာ့တေရးအိပ္ဦးမယ္... ဝွား.. ငါ့အိမ္ယာေလးလြမ္းလိုက္တာ"

အိမ္ကေနထြက္လာတာ ၃ရက္ပဲရိွေသးတယ္... အိပ္ယာေလးကိုလြမ္းၿပီတဲ့လား...။ ရယ္စရာေကာင္းတဲ့ေၾကာင္ေပါက္ေလး...။ ခုလည္းကုတင္ေပၚမွာ ေနရာတက်လွဲေလ်ာင္းကာ အိပ္ဖို႔ျပင္ေနၿပီေလ...။

"ထယ္ထယ္လည္းအတူတူအိပ္မွာေပါ့... ဟိုဘက္နည္းနည္းတိုး"

သူကမ်က္လံုးမဖြင့္ပဲ ဖင္ေလးေရြ႕ကာတစ္ဖက္သို႔ တိုးကပ္သြားေလတယ္...။ အိပ္ယာက ေတာ္ေတာ္ေလးက်ယ္ဝန္းတာေၾကာင့္ လူ၂ေယာက္ ေကာင္းေကာင္းအိပ္လို႔ရတယ္...။

"ထယ္ထယ့္လက္ေမာင္းေပၚအိပ္ေနာ္... ေၾကာင္ေပါက္ေလးကိုဖက္ထားခ်င္လို႔"

ေၾကာင္ေပါက္ေလးက နာခံစြာပဲ ဆန္႔ေပးထားတဲ့ ထယ္ထယ့္လက္ေပၚလာအိပ္တယ္...။ သူ႕ဆံပင္ေလးေတြကို အသာဆြဲဖြေပးလိုက္ေတာ့ သိပ္မၾကာခင္မွာပဲ အသက္ရွဴသံမွန္မွန္နဲ႔ အိပ္ေပ်ာ္သြားပါေလေရာ...။ ခုလိုက်ေတာ့လည္း သူကအငယ္က်ေနတာပဲ...။ တစ္ေယာက္တလွည့္ခြၽဲႏြဲ႕ရတာ ေပ်ာ္ဖို႔ေကာင္းပါဘိ...။

တကယ္ေတာ့ ကြၽန္ေတာ္တို႔အခ်စ္ေရးက ႐ုပ္ရွင္ကားေတြထဲကလို ဒရာမာမဆန္ပဲ ေျဖာင့္ျဖဴးလြန္းေနတယ္...။ ဒါေပမယ့္လည္း ပ်င္းစရာေတာ့မရိွဘူးပဲ...။ သာသာယာယာ ၿငိမ့္ၿငိ္မ့္ေညာင္းေညာင္းေလးပဲ ျဖတ္သန္းသြားၾကၿပီး ခ်စ္သူသက္တမ္း၆လျပည့္ကာစမွာတင္ ကြၽန္ေတာ္တို႔လက္ထပ္ဖို႔ ျဖစ္လာရၿပီ...။

ကြၽန္ေတာ့္ခ်စ္သူေၾကာင္ေပါက္ေလးဟာ တခါတေလက် ေသာက္ရမ္းခ်စ္ဖို႔ေကာင္းၿပီး တခါတေလက်ေတာ့ ဉာဏ္ဆိုးေလးေတြနဲ႔ရယ္ပါ...။ ဘယ္လိုပဲျဖစ္ျဖစ္ပါ ေၾကာင္ဆိုးေလးပဲျဖစ္ျဖစ္ ေၾကာင္ျဖဴေလးပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ခ်စ္ၿပီးသား...။

ထိုေန႔ကိုလြန္ေျမာက္ၿပီး ေနာက္တစ္လမျပည့္ခင္မွာပင္ ကြၽန္ေတာ္တို႔လက္ထပ္ျဖစ္ၾကတယ္...။ သတို႔သားအရံကေတာ့ အစ္ကိုဟိုေဆာ့နဲ႔ ဂ်ီမင္းပဲေပါ့...။ သူတို႔ကလည္း ကြၽန္ေတာ္တို႔ကိုအားက်ၿပီး အတူတူမဂၤလာေဆာင္ခ်င္ေပမယ့္ ဂ်ီမင္းရဲ႕အေမက သူ႕သားေလးကိုငယ္ေသးတယ္ဆိုၿပီး အခ်ိန္ဆြဲထားတယ္...။ အိမ္ေထာင္သည္ျဖစ္သြားတဲ့ ကြၽန္ေတာ္တို႔၂ေယာက္က သူတို႔ထက္ဝါႀကီးသြားတာေပါ့...။

"ထယ္ထယ္.. ငါနဲ႔လက္ထပ္ရလို႔ ေနာင္တရလား"

အိမ္အေပၚထပ္ဝရန္တာကေန ေနဝင္ဆည္းဆာခ်ိန္ကို ေငးၾကည့္ေနရင္း ေၾကာင္ေပါက္ေလးက ေမးလာျပန္တယ္...။ ထိုအခါရင္ခြင္ထဲကသူ႕ရဲ႕ ပါးအိအိေလးတစ္ဖက္ကို ကြၽန္ေတာ္ငံု႔နမ္းလိုက္တယ္...။ ေၾကာင္ေပါက္ေသးေသးေလးက ကြၽန္ေတာ့္ရင္ခြင္ထဲမွာ အံဝင္ဂြင္က်ပဲေလ....။

"ေနာင္တဆိုတာ ယြန္းဂီနဲ႔ေတြ႕ၿပီးကတည္းက ထယ္ထယ့္ဆီမွာမရိွေတာ့ဘူး... ယြန္းဂီနဲ႔လက္ထပ္ရလို႔ ထယ္ထယ္ဘယ္ေလာက္ေပ်ာ္လဲသိလား"

ထိုစကားေၾကာင့္ ရင္ခြင္ထဲမွေၾကာင္ေပါက္က တခြိခြိရယ္တယ္...။

"ငါသိပါတယ္... ၾကားခ်င္လို႔တမင္ထပ္ေမးတာ... ငါ့ထယ္ထယ္ေလးက တခါတေလက်ေတာ့ ကေလးေပါက္စနေလးလို အရမ္းခြၽဲတတ္တယ္... တခါတေလက်ေတာ့လည္း ငါ့ထက္ေတာင္လူႀကီးဆန္ေနျပန္ေရာ"

သူကေျပာေျပာဆိုဆိုနဲ႔ ေခါင္းကိုအသာေစာင္းငဲ့ကာ ကြၽန္ေတာ့္ရဲ႕ေမးဖ်ားကိုလွမ္းနမ္းတယ္...။ သိပ္ကိုၾကည္ႏူးစရာေကာင္းတဲ့ အခ်ိန္ေလးေတြပါပဲ...။ အခ်စ္တစ္ခုတည္းမဟုတ္ပဲ နားလည္မႈေတြ ယံုၾကည္မႈေတြပါ ထပ္ေလာင္းျဖည့္လိုက္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕အခ်စ္တစ္ခုဟာ ဘယ္ေတာ့မွၿပိဳလဲဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး...။

အခ်စ္မွာအခ်ိန္ကာလအတိုင္းအတာေတြ ဘာတခုမွမလိုပါဘူး...။ သင့္ရဲ႕ခ်စ္ျခင္းသာမွန္ရင္ တူညီတဲ့တုန္႔ျပန္မႈကေတာ့ အေႏွးနဲ႔အျမန္ရမွာပဲေလ...။ ေဟာ.. အဲလိုေျပာလိုက္လို႔ crush ကိုဖြင့္ေျပာခ်င္စိတ္ေတြ ေပါက္မသြားၾကနဲ႔ဦး...။ ခင္ဗ်ားေလးတို႔ရဲ႕ crush ဆိုတာက တစ္ေယာက္မကရိွ္ေနမွေတာ့ တန္ျပန္သက္ေရာက္မႈဆိုတာ ဘယ္ရိွေတာ့မလဲ...။

ထားပါေတာ့ေလ... အက္ဖ္ေအေတြနဲ႔ ေလကုန္ခံၿပီးမေျပာေတာ့ပါဘူး...။ အိပ္ငိုက္ေနတဲ့ ကြၽန္ေတာ့္ေၾကာင္ေပါက္ေလးကို သြားသိပ္လိုက္ဦးမယ္...။ အားက်ေနရင္လည္း တစ္ေယာက္ေလာက္ရွာၾကေတာ့ေလ...။ ဘယ္ႏွယ့္ဗ်ာ ႐ိုေနတဲ့ကြၽန္ေတာ္တို႔ကိုပဲ ျပႆနာရွာေနတယ္...။

ေဟာ ေျပာလိုက္လ႔ို္စိတ္ေကာက္ၿပီး ဂ်ီမင္းတို႔အတြဲဆီ သြားမလို႔လား...?? သူတို႔ကပိုဆိုးတယ္ဆိုတာ ခင္ဗ်ားေလးတို႔မသိပါဘူး...။ ကြၽန္ေတာ္တို႔ကိုအားက်ၿပီး အၿငိဳးနဲ႔ပို႐ိုျပေနတယ္ေလ...။ ကဲ ကဲ ညအိပ္ခ်ိန္ေရာက္ၿပီမို႔ ကြၽန္ေတာ္တို႔လင္လင္၂ေယာက္ အိပ္ေတာ့မယ္...။ ျပန္မထြက္ခင္ မီးေလးပိတ္ေပးသြားခဲ့...။ HD ေတာ့ မေမွ်ာ္လင့္နဲ႔.. ကြၽန္ေတာ္တို႔က ငယ္ေသးတယ္...။ ခင္ဗ်ားေလးတို႔က ေပါက္ကရပဲေတြးေနမွာသိသားပဲ...။ အဲဒါေၾကာင့္ ႀကိဳပိတ္ထားရတာ...။

တကယ္ေတာ့အခ်စ္တစ္ခုျဖစ္လာဖို႔ လူ၂ေယာက္ပဲလိုအပ္တာပါ...။ ယံုၾကည္စိတ္ခ်လို႔ရမယ့္သူရယ္ နားလည္ေပးႏိုင္တဲ့သူရယ္ေလ...။

တစ္နည္းအားျဖင့္ဆိုရင္ေတာ့ အဲဒီ့လူႏွစ္ေယာက္ဟာ
မင္ယြန္းဂီနဲ႔ ကင္မ္ထယ္ေယာင္းပဲေပါ့...။

@@@~THE END~@@@

ေနာက္ထပ္ Taegi fic တစ္ပုဒ္ေတာ့ၿပီးသြားျပန္ၿပီ...။ ဖတ္ေပးၾကတဲ့ reader တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္...။ ဒီတခါေတာ့ Yoonkook ေရးမယ္စိတ္ကူးတယ္...။ Kitten ေလးလိုပဲ အားေပးၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္...။ Reader ေတြအားလံုး စိတ္ခ်မ္းသာကိုယ္က်န္းမာၾကပါေစ...။

ခ်စ္ျခင္းမ်ားစြာျဖင့္
JaejoongHtike


(Unicode)

ချစ်သူနဲ့အတူတူသာဆိုရင် တဲပုတ်ပျက်မှာပဲနေရနေရ ထမင်းရည် အဲလေ ခေါက်ဆွဲပြုတ်ပဲမျှစားရစားရ ကျွန်တော်ကင်မ်ထယ်ယောင်းက သာယာပြီးသားပါ...။ အဓိကက ကိုယ့်ချစ်သူလေးနဲ့ မခွဲရဖို့ပဲမဟုတ်လား...။

ဆင်းရဲတာတွေချမ်းသာတာတွေက ပကာသနသပ်သပ်ပါ...။ ဆင်းရဲဒုက္ခရောက်ရင် ဘယ်လောက်ခိုင်မြဲတဲ့အချစ်ဖြစ်ပါစေ ကွဲပျက်တာပဲဆိုတာကလည်း အလကားလျှောက်ပြောတာ...။ သူတို့သစ္စာမရှိတိုင်း ဆင်းရဲတာကို အပြစ်ပုံချတာလေ...။ ထယ်ထယ်လေးကတော့ ဘယ်လောက်ပဲ အနေအစားဆင်းရဲပါစေ သည်းခံနေမှာပါ...။

"ဂွီ...!!!"

ဟော.. ထယ်ထယ့်ရဲ့သစ်တော်သီးဗိုက်လေးက အသံပေးနေပြီ...။ ဆာနေပေမယ့်လည်း ကျိတ်မှိတ်သည်းခံမယ်...။ ဝင်တော့တစ်ပေါက် ထွက်တော့ကိုးပေါက်တဲ့... သံဝေဂရစရာပါပဲ...။ ဒီအပုတ်ကောင် ခန္ဓာကိုယ်ကြီးကို အလိုဆန္ဒဖြည့်ပေးနေမယ့်အစား လောကဓံကိုကြံ့ကြံ့ခိုင်ပြီး ချစ်သူရဲ့လက်ကိုတွဲကာ အတူဖြတ်သန်းမယ်...။ မစားရလို့သေသွားပါစေ မချစ်ရလို့သေမသွားဖို့က ပိုအရေးကြီးတယ်...။

"ထယ်ထယ်ရေ... ဒီမှာ မင်းမှာထားတဲ့ပီဇာနဲ့ ကြက်ကြော်ရနေပြီလေ.. အေးမသွားခင်လာစား"

အဟင့်.. ဒရာမာခင်းချင်နေတဲ့ထယ်ထယ်လေး ထိုအသံကြောင့် ဝမ်းသာရမလိုလို ဝမ်းနည်းရမလိုလိုဖြစ်သွားရတယ်...။ သောက်ပီဇာကလည်း အချိန်ကိုက်မှ ရောက်လာရသလား...။ အမြင်ကတ်ကတ်နဲ့ကို အကုန်ကုန်အောင်စားပစ်ဦးမယ်...။

"စားလို့ကောင်းလား ထယ်ထယ်...??"

"အင်း... အရမ်းကောင်းတယ်"

ပလုပ်ပလောင်းစားရင်းပြန်ဖြေတော့ ကြောင်ပေါက်လေးက မျက်လုံးလေးတွေမှေးမှိတ်သွားတဲ့အထိ ပြုံးပြနေတယ်...။ ချစ်စရာလေးပါဗျာ... ဒီကြောင်ပေါက်လေးက ကျွန်တော့်အပိုင်ဆိုတာ ခုထိတောင်မယုံနိုင်သေးဘူး...။

"ကြောင်ပေါက်လေးလည်းစားလေ... ထယ်ထယ်ခွံ့ကျွေးမယ်.. အာာ"

အချစ်နဲ့အတူတူသာဆိုရင် အရင်ကစားနေကျပီဇာကတောင် ပိုပြီးအရသာရှိနေသလိုပင်...။ ဘာလဲ ခင်ဗျားတို့က ထယ်ထယ်လေးကို ယောင်္ကျားနောက်ခိုးရာလိုက်ပြီး ဆင်းရဲဒုက္ခရောက်နေပြီထင်နေတာလား...။ ထယ်ထယ့်ယောင်္ကျားက ဘယ်သူမို့လို့လဲ... မင်ယွန်းဂီဆိုတဲ့ ကြောင်ပေါက်လေဗျာ...။

ဉာဏ်အမျှော်အမြင်ရှိချက်ကတော့ Black card ထဲကပိုက်ဆံတွေကို ငွေသားအဖြစ်ကြိုထုတ်ထားတယ်တဲ့...။ ဒါမှသူ့အိမ်က ကဒ်ပိတ်လိုက်လည်း ဒုက္ခမရောက်မှာတဲ့လေ...။ ထိုပိုက်ဆံတွေနဲ့ပဲ ဟိုတယ်ကောင်းကောင်းတစ်ခုမှာ ငှားနေကြတယ်...။ ထယ်ထယ်လေးကြိုက်တဲ့ စားစရာတွေကိုလည်း တနေ့တမျိုးဝယ်ကျွေးတယ်...။

ကြည့်ပါလား... ကြောင်ပေါက်ကို ကပ်စေးကုတ်တယ်လို့ ထင်နေကြတာမလား...။ ကပ်စေးကုတ်မဟုတ်ကြောင်း ခင်ဗျားတို့ကို Black card နဲ့ ကောက်ပေါက်ပြီး သက်သေပြလိမ့်မယ်...။ ကျွန်တော့်အချစ်က မကုန်သင့်တာမကုန်အောင် စိစစ်သုံးတတ်တာပါဗျ...။ ခုလည်းကျွန်တော့်ကို အလိုလိုက်ပုံကတော့... အင်း... မပြောတော့ပါဘူးလေ...။ တော်ကြာ အက်ဖ်အေလေးတွေ ထိုင်ငိုကုန်ဦးမယ်...။ ထယ်ထယ်လေးက ရုပ်ချောသလို စိတ်ကောင်းလည်းရှိတယ်လေ...။

"အလွန်ဆုံးတစ်ပါတ်လောက်ပါပဲ.. ငါတို့ကိုလူကြီးတွေက ပြန်ခေါ်ကြမှာပါ"

ကြောင်ပေါက်လေးက စဉ်းစဉ်းစားစားပြောနေတယ်...။ မခေါ်လဲဘာအရေးလဲ... လမ်းဘေးမှာပဲ တဲထိုးပြီးနေရနေရ... မြက်ခြောက်ပဲကောက်စားရစားရ ကြောင်ပေါက်သာဘေးမှာရှိရင် ထယ်ထယ်တို့ကအေးဆေး...။

ဒါပေမယ့်လည်း ကံကြမ္မာက ထယ်ထယ်လေးကို ဒရာမာခင်းခွင့်မပေးဘူးလေ...။ စားနေတဲ့ပီဇာနဲ့ကြက်ကြော်တောင် မကုန်သေးခင်မှာပင် ကြောင်ပေါက်လေးရဲ့အိမ်က ဖုန်းဆက်ပြီးခေါ်ပြီလေ...။

(မင်ယွန်းဂီ... ခုချက်ချင်းဟိုကလေးကိုခေါ်ပြီး အိမ်ပြန်လာခဲ့စမ်း)

ကြောင်ပေါက်လေးအဆူခံရတာကို ကျွန်တော်စိတ်မကောင်းပါ...။ ဝမ်းနည်းစွာနဲ့ပဲ ပီဇာတစ်စိတ်ကို ပါးစပ်ထဲအပြည့် ထိုးထည့်ပစ်လိုက်တယ်... နင်ကာမှနင်ရော...။

"မေမေတို့က ကျွန်တော်တို့၂ယောက်ကို ခွဲပစ်ရင်ဘယ်လိုလုပ်မလဲ... မလာချင်ဘူး... ထယ်ထယ်လေးနဲ့မခွဲနိုင်ဘူး"

ထယ်ထယ်လေး တဖြုတ်ဖြုတ်ကြွေနေပါပြီနော်...။ ချစ်တတ်လွန်းသော ကြောင်ပေါက်လေးကြောင့် ထယ်ထယ့်ရဲ့နုနယ်တဲ့နှလုံးသားလေးက အရည်တောင်ပျော်ကျတော့မယ်...။ ထယ်ထယ်လေးနှလုံးသားနုတာ ခင်ဗျားတို့လည်းသိကြမှာပါ... ဒါကြောင့်ရည်းစားများတာလေ... သနားလို့တွဲရင်းနဲ့ပေါ့...။ ခုတော့ထယ်ထယ့်နှလုံးသားရဲ့ ပိုင်ရှင်အစစ်ကြောင့် တခြားဘယ်သူ့ကိုမှအဝင်မခံတော့ပါ...။

(မခွဲဘူးဟေ့... ပြန်သာလာခဲ့... မင်းခိုးပြေးသွားတာက ငါတို့ကုမ္မဏီရဲ့အကြီးဆုံးရှယ်ယာရှင် Mr. Kim ရဲ့သားကွ... လူကြီးတွေမျက်နှာပျက်အောင်မလုပ်နဲ့... မင်္ဂလာကိစ္စစီစဉ်ပေးမှာမို့ အမြန်ဆုံးသာပြန်လာခဲ့)

ဘေးကနေနားထောင်နေတဲ့ သူ့အဖေကပါဝင်ပြောတော့ ကြောင်ပေါက်လေးရဲ့မျက်နှာက ချက်ချင်းကို ရေဖျန်းထားတဲ့ပန်းလေးလို လန်းဆန်းသွားတော့တယ်...။

"တကယ်နော်... ဒါဆိုခုပဲပြန်လာခဲ့တော့မယ်"

ဖုန်းချသွားတာနဲ့ ထယ်ထယ့်ကြောင်ပေါက်လေးက ဝမ်းသာအားရနဲ့ ယေးခနဲထအော်ကာ ထယ်ထယ့်ကိုပါပြေးဖက်တယ်...။ သူပျော်သလိုထယ်ထယ်လည်း ပျော်တာပေါ့...။ သူ့မိဘနဲ့ကိုယ့်မိဘက စီးပွားဖက်တွေဖြစ်နေတာကိုပဲ ကျေးဇူးတင်ရမယ်...။ ဒါကြောင့်လည်း ခုလောက်လွယ်လွယ် သဘောတူပေးတာ...။

ယောက္ခမနဲ့တွေ့ရဖို့အတွက် ထယ်ထယ်လေး အရမ်းကြီးတော့ စိတ်လှုပ်ရှားမနေပါ...။ ပရိသတ်ကြီး သိကြတဲ့အတိုင်းပဲ ထယ်ထယ်လေးက မျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ ပြည့်စုံတယ်လေ...။ ဒါကြောင့်မို့ ခုဝတ်ထားတဲ့အင်္ကျီလေးနဲ့ပဲ သွားတွေ့ပလိုက်တယ်...။ ထင်တဲ့အတိုင်းပဲ ယောက္ခမကြီးက ထယ်ထယ့်ကိုမြင်တာနဲ့ ချစ်သွားပါလေရော...။

"Mr. Kim ရဲ့သားလေးက ချစ်စရာလေးပါလားနော်... ဒါကြောင့်လည်း အိမ်ကကြောင်စုတ်က တမ်းတမ်းစွဲဖြစ်နေတာနေမှာ"

ထယ်ထယ်လေးကတော့ ချစ်စရာ boxy smile လေးတွေနဲ့ ရယ်ပြလိုက်ပေမယ့် ကြောင်ဖြူလေးကတော့ စူပုတ်ပုတ်နဲ့ပင်...။ ပြီးမှပြောရဦးမယ်... ထယ်ထယ်ချစ်ဖို့ကောင်းတာ ကြောင်ပေါက်လေးကိုမမှီကြောင်း...။

"မနက်ဖြန်ကျမှပဲ ထယ်ထယ်လေးကိုအိမ်ပြန်ပို့ရင်း လူကြီးချင်းစကားပြောရတော့မှာပေါ့... ဒီနေ့တော့ ဒီအိမ်မှာပဲနေကြနော် ကလေးတွေ"

"ဟုတ် ရတယ်မေမေ.. ထယ်ထယ်ကလေ ကြောင်ပေါက်နဲ့သာဆို ဘယ်နားနေရနေရ"

"Aigoo ချစ်ဖို့ကောင်းလိုက်တာ"

ထယ်ထယ့်ရဲ့ aegyo တွေကြောင့် ယောက္ခမကြီးအရည်ပျော်သွားလေပြီ...။ ဒီမျက်နှာလေးတစ်ခုရအောင် မွေးပေးထားတဲ့ မွေးသမိခင်ကျေးဇူးရှင်ကို စိတ်ထဲကနေပဲလှမ်းကန်တော့လိုက်တယ်...။ လောလောဆယ်တော့ ကြောင်ပေါက်လေးရဲ့အခန်းဆီသို့ ဖင်လေးခါပြီးတက်သွားလိုက်တယ်...။

"ဝါး.. မိုက်လိုက်တာ... ရှင်းရှင်းလေးနဲ့ သဘောကျဖို့ကောင်းတယ်... ထယ်ထယ့်အခန်းဆိုရှုပ်ပွနေတာပဲ"

"အဟီး... ငါ့အခန်းကလည်း မေမေရှင်းပေးလို့ပါ.. ပြီးတော့ ဘာအပိုပစ္စည်းမှလည်း မထည့်တာပါမယ်"

အခုမှပထမဆုံးရောက်ဖူးတဲ့ ကြောင်ပေါက်လေးရဲ့အခန်းကို သေချာအကဲခတ်လိုက်တယ်...။ ကြောင်ပေါက်လေးက အခန်းအပြင်အဆင်ကို အဖြူအမဲတွေချည်းသုံးထားတာပဲ...။ ရိုးရှင်းပြီးချစ်ဖို့ကောင်းတယ်... သူ့အတိုင်းပဲ...။ စားပွဲပေါ်မှာတော့ အစ်ကိုဟိုဆော့နဲ့ ၂ယောက်တွဲဓာတ်ပုံတွေရှိနေတယ်...။ ငယ်ငယ်ကပုံရော ခုအရွယ်ပုံတွေရောပေါ့...။ ထယ်ထယ်ကတော့ မနာလိုမဖြစ်တော့ပါဘူး...။ ကြောင်ဖေဖေကြီးမို့ သူတို့ဒီလောက်နီးကပ်နေတာကိုပဲ...။

"ထယ်ထယ်လေး ဂိမ်းဆော့ချင်ဆော့နှင့်... ငါကတော့တရေးအိပ်ဦးမယ်... ဝှား.. ငါ့အိမ်ယာလေးလွမ်းလိုက်တာ"

အိမ်ကနေထွက်လာတာ ၃ရက်ပဲရှိသေးတယ်... အိပ်ယာလေးကိုလွမ်းပြီတဲ့လား...။ ရယ်စရာကောင်းတဲ့ကြောင်ပေါက်လေး...။ ခုလည်းကုတင်ပေါ်မှာ နေရာတကျလှဲလျောင်းကာ အိပ်ဖို့ပြင်နေပြီလေ...။

"ထယ်ထယ်လည်းအတူတူအိပ်မှာပေါ့... ဟိုဘက်နည်းနည်းတိုး"

သူကမျက်လုံးမဖွင့်ပဲ ဖင်လေးရွေ့ကာတစ်ဖက်သို့ တိုးကပ်သွားလေတယ်...။ အိပ်ယာက တော်တော်လေးကျယ်ဝန်းတာကြောင့် လူ၂ယောက် ကောင်းကောင်းအိပ်လို့ရတယ်...။

"ထယ်ထယ့်လက်မောင်းပေါ်အိပ်နော်... ကြောင်ပေါက်လေးကိုဖက်ထားချင်လို့"

ကြောင်ပေါက်လေးက နာခံစွာပဲ ဆန့်ပေးထားတဲ့ ထယ်ထယ့်လက်ပေါ်လာအိပ်တယ်...။ သူ့ဆံပင်လေးတွေကို အသာဆွဲဖွပေးလိုက်တော့ သိပ်မကြာခင်မှာပဲ အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားပါလေရော...။ ခုလိုကျတော့လည်း သူကအငယ်ကျနေတာပဲ...။ တစ်ယောက်တလှည့်ချွဲနွဲ့ရတာ ပျော်ဖို့ကောင်းပါဘိ...။

တကယ်တော့ ကျွန်တော်တို့အချစ်ရေးက ရုပ်ရှင်ကားတွေထဲကလို ဒရာမာမဆန်ပဲ ဖြောင့်ဖြူးလွန်းနေတယ်...။ ဒါပေမယ့်လည်း ပျင်းစရာတော့မရှိဘူးပဲ...။ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးပဲ ဖြတ်သန်းသွားကြပြီး ချစ်သူသက်တမ်း၆လပြည့်ကာစမှာတင် ကျွန်တော်တို့လက်ထပ်ဖို့ ဖြစ်လာရပြီ...။

ကျွန်တော့်ချစ်သူကြောင်ပေါက်လေးဟာ တခါတလေကျ သောက်ရမ်းချစ်ဖို့ကောင်းပြီး တခါတလေကျတော့ ဉာဏ်ဆိုးလေးတွေနဲ့ရယ်ပါ...။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကြောင်ဆိုးလေးပဲဖြစ်ဖြစ် ကြောင်ဖြူလေးပဲဖြစ်ဖြစ် ကျွန်တော်ကတော့ချစ်ပြီးသား...။

ထိုနေ့ကိုလွန်မြောက်ပြီး နောက်တစ်လမပြည့်ခင်မှာပင် ကျွန်တော်တို့လက်ထပ်ဖြစ်ကြတယ်...။ သတို့သားအရံကတော့ အစ်ကိုဟိုဆော့နဲ့ ဂျီမင်းပဲပေါ့...။ သူတို့ကလည်း ကျွန်တော်တို့ကိုအားကျပြီး အတူတူမင်္ဂလာဆောင်ချင်ပေမယ့် ဂျီမင်းရဲ့အမေက သူ့သားလေးကိုငယ်သေးတယ်ဆိုပြီး အချိန်ဆွဲထားတယ်...။ အိမ်ထောင်သည်ဖြစ်သွားတဲ့ ကျွန်တော်တို့၂ယောက်က သူတို့ထက်ဝါကြီးသွားတာပေါ့...။

"ထယ်ထယ်.. ငါနဲ့လက်ထပ်ရလို့ နောင်တရလား"

အိမ်အပေါ်ထပ်ဝရန်တာကနေ နေဝင်ဆည်းဆာချိန်ကို ငေးကြည့်နေရင်း ကြောင်ပေါက်လေးက မေးလာပြန်တယ်...။ ထိုအခါရင်ခွင်ထဲကသူ့ရဲ့ ပါးအိအိလေးတစ်ဖက်ကို ကျွန်တော်ငုံ့နမ်းလိုက်တယ်...။ ကြောင်ပေါက်သေးသေးလေးက ကျွန်တော့်ရင်ခွင်ထဲမှာ အံဝင်ဂွင်ကျပဲလေ....။

"နောင်တဆိုတာ ယွန်းဂီနဲ့တွေ့ပြီးကတည်းက ထယ်ထယ့်ဆီမှာမရှိတော့ဘူး... ယွန်းဂီနဲ့လက်ထပ်ရလို့ ထယ်ထယ်ဘယ်လောက်ပျော်လဲသိလား"

ထိုစကားကြောင့် ရင်ခွင်ထဲမှကြောင်ပေါက်က တခွိခွိရယ်တယ်...။

"ငါသိပါတယ်... ကြားချင်လို့တမင်ထပ်မေးတာ... ငါ့ထယ်ထယ်လေးက တခါတလေကျတော့ ကလေးပေါက်စနလေးလို အရမ်းချွဲတတ်တယ်... တခါတလေကျတော့လည်း ငါ့ထက်တောင်လူကြီးဆန်နေပြန်ရော"

သူကပြောပြောဆိုဆိုနဲ့ ခေါင်းကိုအသာစောင်းငဲ့ကာ ကျွန်တော့်ရဲ့မေးဖျားကိုလှမ်းနမ်းတယ်...။ သိပ်ကိုကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပါပဲ...။ အချစ်တစ်ခုတည်းမဟုတ်ပဲ နားလည်မှုတွေ ယုံကြည်မှုတွေပါ ထပ်လောင်းဖြည့်လိုက်တော့ ကျွန်တော်တို့ရဲ့အချစ်တစ်ခုဟာ ဘယ်တော့မှပြိုလဲဖို့မဖြစ်နိုင်တော့ပါဘူး...။

အချစ်မှာအချိန်ကာလအတိုင်းအတာတွေ ဘာတခုမှမလိုပါဘူး...။ သင့်ရဲ့ချစ်ခြင်းသာမှန်ရင် တူညီတဲ့တုန့်ပြန်မှုကတော့ အနှေးနဲ့အမြန်ရမှာပဲလေ...။ ဟော.. အဲလိုပြောလိုက်လို့ crush ကိုဖွင့်ပြောချင်စိတ်တွေ ပေါက်မသွားကြနဲ့ဦး...။ ခင်ဗျားလေးတို့ရဲ့ crush ဆိုတာက တစ်ယောက်မကရှိနေမှတော့ တန်ပြန်သက်ရောက်မှုဆိုတာ ဘယ်ရှိတော့မလဲ...။

ထားပါတော့လေ... အက်ဖ်အေတွေနဲ့ လေကုန်ခံပြီးမပြောတော့ပါဘူး...။ အိပ်ငိုက်နေတဲ့ ကျွန်တော့်ကြောင်ပေါက်လေးကို သွားသိပ်လိုက်ဦးမယ်...။ အားကျနေရင်လည်း တစ်ယောက်လောက်ရှာကြတော့လေ...။ ဘယ်နှယ့်ဗျာ ရိုနေတဲ့ကျွန်တော်တို့ကိုပဲ ပြဿနာရှာနေတယ်...။

ဟော ပြောလိုက်လ့ိုစိတ်ကောက်ပြီး ဂျီမင်းတို့အတွဲဆီ သွားမလို့လား...?? သူတို့ကပိုဆိုးတယ်ဆိုတာ ခင်ဗျားလေးတို့မသိပါဘူး...။ ကျွန်တော်တို့ကိုအားကျပြီး အငြိုးနဲ့ပိုရိုပြနေတယ်လေ...။ ကဲ ကဲ ညအိပ်ချိန်ရောက်ပြီမို့ ကျွန်တော်တို့လင်လင်၂ယောက် အိပ်တော့မယ်...။ ပြန်မထွက်ခင် မီးလေးပိတ်ပေးသွားခဲ့...။ HD တော့ မမျှော်လင့်နဲ့.. ကျွန်တော်တို့က ငယ်သေးတယ်...။ ခင်ဗျားလေးတို့က ပေါက်ကရပဲတွေးနေမှာသိသားပဲ...။ အဲဒါကြောင့် ကြိုပိတ်ထားရတာ...။

တကယ်တော့အချစ်တစ်ခုဖြစ်လာဖို့ လူ၂ယောက်ပဲလိုအပ်တာပါ...။ ယုံကြည်စိတ်ချလို့ရမယ့်သူရယ် နားလည်ပေးနိုင်တဲ့သူရယ်လေ...။

တစ်နည်းအားဖြင့်ဆိုရင်တော့ အဲဒီ့လူနှစ်ယောက်ဟာ
မင်ယွန်းဂီနဲ့ ကင်မ်ထယ်ယောင်းပဲပေါ့...။

@@@~THE END~@@@

နောက်ထပ် Taegi fic တစ်ပုဒ်တော့ပြီးသွားပြန်ပြီ...။ ဖတ်ပေးကြတဲ့ reader တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်...။ ဒီတခါတော့ Yoonkook ရေးမယ်စိတ်ကူးတယ်...။ Kitten လေးလိုပဲ အားပေးကြဖို့ တောင်းဆိုချင်ပါတယ်...။ Reader တွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ...။

ချစ်ခြင်းများစွာဖြင့်
JaejoongHtike

Continue Reading

You'll Also Like

18.3K 1.6K 36
ဂျေကေ ကသိပ်ခက်တယ်... သူ့အကြောင်းသိဖို့ဆို သူနောက်လိုက်ကြည့်မှရမှာ... _jk_
145K 12.9K 13
မင်းက ဘာလို့အဲ့လောက်ငါ့ကို ပြုစားနေတာလဲ ဘေဘီ မိန်းကလေးတွေတောငိ စိတ်မဝင်စားတဲ့ငါက မင်းကို မှ စွဲလန်းနေတာ jeon...
247K 24.5K 22
Kim Taehyung-ကျောင်းပိတ်ရက်၃လလုံးဒီတာဇံကောင်နဲ့ဘယ်လိုစခန်းသွားရမှာလဲ အငွေ့သာပြန်သွားချင်တယ် Jungkook- ရေပေါ်ဆီတွေကိုကြည့်မရလို့သူ့ဟာသူ၀န်ကြီးသားမကလို...