ဝမ်ချိုချိုလေး

By hninsattmahar

103K 8.6K 635

စိတ်ကူးရသလောက်ချိုချင်ပါတယ် More

ep.1
ep.2
ep.3
ep.4
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
စျေးဗန်း
အပိုင်း.၂၈ (ဇာတ်သိမ်းပိုင်း)

ep.5

3.9K 330 11
By hninsattmahar

Unicode

ဝမ်ချိုချိုလေး
(အပိုင်း.၅)

ဒီနေ့ကရိပေါ်ကျောင်းပိတ်ရက် ရှောင်ကျန့်အလုပ်ပိတ်တာနဲ့ပါ တိုက်ဆိုင်နေတော့ ရိပေါ်အိမ်မှာ နားခွင့်ရပြီလေ။အပြင်မထွက်ချင်တာနဲ့ ဟိုနှစ်ကောင်ကိုလှမ်းခေါ်ထားတာ မကြာခင် စစ်ကျွေးနဲ့ ဝမ်နင်ရောက်လာမယ်။

"သဲလေးမောင့်ကိုစောင့်နေတာ ကြာပြီလား မောင်နည်းနည်းနောက်ကျသွားတယ်''

ရိပေါ်ဘေးဝင်ထိုင်လိုက်ပြီး ဆိုဖာနောက်မှီပေါ်လက်ကလေးတင်လို့ ရိပေါ်ရဲ့ ရွှေရောင်ဆံပင်လေးတွေကိုလာဖွရင်း စစ်ကျွေးကစနေတာပါ။

"​ ဟျောင့် အသဲယားအောင်မခေါ်စမ်းနဲ့''

ရိပေါ်က စစ်ကျွေးလက်ကိုပုတ်ထုတ်လို့ အသဲယားစွာပခုံးတွန့်လိုက်တယ်။

"ဟ အရင်ကလည်းခေါ်နေကြကို စတာမှန်းသိရဲ့ ဘာဖြစ်နေတာလဲ''

ဝမ်နင်ကပညာရှိ စတိုင်လ်နဲ့ ဝင်ဆရာလုပ်တယ်။

"စစ်ကျွေး...စစ်ကျွေး...မင်းကမသိတာလား...အရင်ကခေါ်တာဘာမှမဖြစ်ဘူးကွ ခုကသူ့လူကြီးက clubမှာ အာဘွားအကြီးကြီးပေးလိုက်တည်းက သူက...

"တော်စမ်း''

ရိပေါ်ဆီက ဟိန်းဟောက်သံကြီးထွက်လာပြီး ဝမ်နင်ကိုခုန်အုပ်လို့ ပါးစပ်ပိတ်လိုက်တယ်။ဝမ်နင်က ဝူးဝူးဝါးဝါးနဲ့ ပါးစပ်ကပြောမရတာတောင် မျက်လုံးနဲ့လှောင်ပြုံးပြနေသေးတယ်။
နပန်းလုံးရတာမောသွားမှ ရိပေါ်ကဝမ်နင်ကို လွှတ်ပေးလိုက်တယ်။

"တော်စမ်း အဲဒီလူကြီးအကြောင်း ထပ်မပြောစမ်းနဲ့''

"ပြောချင်သေးတာငါကတော့ သူ့အကြောင်းတွေပဲ ပြောနေချင်တာ ဒါနဲ့ ဦးရော ဦးဘယ်သွားလဲ''

ရိပေါ်က ဝမ်နင်ကို ဆတ်ကနဲလှည့်ကြညိ့လာပြီး မျက်လုံးထဲမှာလည်း တရိပ်တချို့ဖြတ်ပြေးလို့။

"ဘာဦးလဲ သူ့အသက်အဲလောက်မကြီးသေးဘူး ငါနိပ်ကွတ်ချင်လို့တမင်ခေါ်တာ ငါခေါ်တိုင်းလိုက်မခေါ်စမ်းနဲ့ ပြန်တော့ သူမကြာခင်ပြန်လာတော့မှာ''.

"မပြန်သေးဘူး ဦးပြန်လာထိစောင့်အုံးမှာ မင်းကဦးခေါ်တာမကြိုက်ဘူးဆိုတော့ ကိုကိုလို့ခေါ်ရမလား''

ဝမ်နင်ကို ရိပေါ်တင်မက စစ်ကျွေးကပါ မကြည်ကြည့်တွေကြညိ့လာပြီ။

"မင်းကဘာဖြစ်နေတာလဲ ဝမ်နင် ရိပေါ်ကမပြောနဲ့ဆို မပြောတော့နဲ့ပေါ့ ငါပါကြည့်မရတော့ဘူးနော်''

"စစ်ကျွေးမင်းမသိလို့နော် အဲဒီညကလေ ရိပေါ်ကိုနမ်းလိုက်တာကြည့်ပြီး ငါတောင်ကြွေသွားတယ်''

ဝမ်နင်ဆီက နမ်းတဲ့စကားလည်းထပ်ကြားရော ရိပေါ်ကပါးစပ်ကို အတင်းပိတ်လို့ အိမ်ပြင်ဆွဲထုတ်လေရဲ့။ ဟိုကပြန်လာတော့မယ် ပါးစပ်စည်းမရှိဘူး ပြန်​တော့နဲ့ ဆရာကြီးဂိုက်ဖမ်းလို့ မောင်ထုတ်နေတယ်။ ဝမ်နင်ကလည်း တဟားဟားအော်ရယ်လို့ ကိုကိုပြန်လာစောငိ့မှာပါဆိုပြီး ခြံပြင်ရောက်ထိ ပြောနေသေးတာ။

သူငယ်ချင်းတွေပြန်သွားလို့ အမောဖြေနေရုံရှိသေး
ကိုကိုပြန်လာ...အဲ...ဟိုလူကြီး ပြန်လာရောက်လာတယ်။

အိမ်ထဲ​ရောက်တာကို ဖုန်းလက်ကမချပဲ စကားတပြောပြောနဲ့ ဝင်လာပြီး ရိပေါ်ကိုမျက်ခုံးပင့်နှုတ်ဆက်တယ်။ခနကြာတော့ ပြနိထွက်လာပြီး ရိပေါ်ပခုံးလာပုတ်တယ်။.

"ထ ကိုယ်အပြင်သွားစရာရှိတယ် လိုက်ခဲ့အုံး...လုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့မှာ မိတ်ဆက်ပေးချင်လို့''

"မလိုက်ဘူး''

ရိပေါ်စကားကြောင့် သြဝါဒခြွေမလို့ပြင်နေတဲ့ ရှောင်ကျန့်ကို လက်ဝါးထောင်ပြပြီး သူကပဲဆက်ပြောလိုက်တယ်''

"ပျင်းနေတာ စကားပြောမယ့်နေရာက ပန်းခြံထဲမှာဆိုရင်တော့လိုက်မယ်''

"ဟ လုပ်ငန်းအကြောင်းဆွေးနွေးမှာလေ ပန်းခြံထဲပြောရအောင် သမီးရည်းစားချိန်းတွေ့တယ်များမှတ်နေလား''

ရိပေါ်ကရယ်ချင်နေတဲ့စိတ်ကို မျိုချလို့ တော်ကီတွေဆက်လွှတ်နေတယ်။

"အောက်လိုက်တာ ဘယ်ခေတ်ရောက်နေပြီလဲ သမီးရည်းစားချိန်းတွေ့တာ ပန်းခြံပဲဘာလို့ဖြစ်ရမှာလဲ အလုပ်အကြောင်းရော ဘာလို့ပန်းခြံမှာ ပြောမရရမှာလဲ.... ပန်းခြံဆိုတာ အပန်းဖြေဖို့ထားတာဆိုတာ မသိတာလား''

စကားတတ်တဲ့ ဝမ်ပေါက်စဆီက ကပ်သီးကပ်ဖဲ့စကားတွေကို ရှောင်ကျန့်ဘယ်လိုခြေပရမှန်းမသိ။
ဖုန်းလေးထုတ်လို့ လှမ်းပြီးနေရာပြောင်းကြည့်လိုက်တယ်။ တစ်ဖက်လူက သူ့ကိုမရယ်ပါစေနဲ့လို့လည်း ရင်ထဲကကြိတ်ဆုတောင်းရင်းပေါ့။

"ပေါက်စငါနေရာပြောင်းပြီးပြီ မင်းစကားနဲ့မင်းနော် လိူက်ဖို့ပြင်.''

"OK လေ''

ကားဘေးမှာရပ်လို့ ရှောင်ကျန့်က ရိပေါ်ထွက်အလာကို စောင့်နေလိုက်တယ်။ ထွက်လာတဲ့ရိပေါ်က လက်ထဲမှာငါးမျှားတံကိုကိုင်လို့။ ဦးထုတ်အဝိုင်းလေးဆောင်းထားပြီး အဝါရောင်အပွင့်ကြီးတွေပါတဲ့ အကျီ်မိုးပြာရောင်လေးနဲ့ ဘောင်းဘီတိုလေး ဝတ်လာတယ်။ ပင်လယ်ကမ်းခြေမှာ ရေသွားဆော့မို့နေရာမှားလာတာများလား။

"လက်ထဲကငါးမျှားတန်ကြီးက ဘာလုပ်ဖို့လဲ''

"ဘာမလုပ်ပါဘူး ပျင်းလို့ဒီတိုင်းကိုင်လာတာပါ စူးစမ်းချင်တဲ့သဘောပါ''

မျက်ခုံးတွေပင့် မျက်စတွေပစ်ပြီး ပြောနေပုံက ဆက်ငြင်းနေရင် ဒီနားတင်နေဝင် မိုးချုပ်သွားနိုင်တာမို့ လက်မြှောက်ထားလိုက်ရတယ်။ ရိပေါ်ကားကို ထားခဲ့ပြီး ရှောင်ကျန့်ကားနဲ့လိုက်ခဲ့ဖို့ မနည်းကို တောင်းတောင်းပန်ပန်ခေါ်လာခဲ့ရတယ်။

ဟိုရောက်တော့ လှေစီးနေကြတဲ့ ရေကန်လေးဘေးက ဆိုင်လေးမှာ တဖက်စီးပွားရေးသမားနဲ့ စကားပြောရတယ်။ ရိပေါ်နဲ့ တဖက်လူကိုမိတ်ဆက်ပေးလိုက်တယ်။ ဝမ်Groupရဲ့ဆက်ခံသူလေး နောက်သူဦးစီးတဲ့အခါ ကူညီစောင့်ပေးဖို့ပါစကားလမ်း​ကြောင်းပြီး လုပ်ငန်းအတွက်ဆွေးနွေးကြတယ်။

တဖက်လုပ်ငန်းရှင်နဲ့ မိတ်ဆက်ပေးတုန်း ကောင်းကောင်းမွန်မွန်နေပေးတော့ စကားပြောရင်းရှောင်ကျန့်လည်း ရိပေါ်ကိုမေ့သွားတယ်။ တဖက်ကပြန်မယ်ပြောမှ သူ့ကလေးဘေးမှာ မရှိ မှန်းသိရတယ်။လိုက်ရှာကြည့်လိုက်တော့ ရေကန်မှာအေးအေးလူလူ ငါးမျှားနေတာတွေ့ရလို့စိတ်အေးသွားရတယ်။

ဟမ်...မဟုတ်သေးဘူး...တခုခုလွဲနေသလိုပဲ။
ဘာကလွဲနေလဲ ရှောင်ကျနိ့ရပ်စဥ်းစားနေတုန်း လုံခြုံရေးဝတ်စုံနဲ့ လူတစ်ယောက်လာနေတာမြင်မှ လွဲနေတာကိုသိသွားတယ် ဝမ်ပေါက်စမွှေပြီ။

"ပေါက်စဘာလုပ်နေတာလဲ ''

"ငါမျှားနေတာလေ''

အံမယ် အေးအေးသက်သာပဲဖြေနေသေးတာ ဟိုကလာနေပြီ။

"မင်း...ဟိုမှာဆိုင်းဘုတ်မမြင်ဘူးလား...ငါးမမျှားရလို့ရေးထားတယ်လေ လုံခြုံရေးလာနေပြီ....ဘယ်လိုလုပ်ရမလဲ....ပြဿနာရှင်းရတော့မယ်ထင်တယ်''

ရိပေါ်က ပြုံးတောင်ပြုံးနေသေး။ ပြီးတော့ မဟုတ်တာလုပ်ပြီးရင် ပေါ်လာနေကြညစ်ကျယ်ကျယ်အပြုံးကြီးနဲ့ ရှောင်ကျန့်လက်ကိုဆတ်ကနဲလာဆွဲတယ်။

"ဘာခက်တာမှတ်လို့ ပြေးကြတာပေါ့ လာ''

"ဟမ်...ပြေး...ပြေးမှာလား....''

"ဒါ မင်းလုပ်နေကြပေါ့ ဟတ်လား''

ပေါက်စဆွဲခေါ်ရာနောက် ပြေးလိုက်လာရင်း လူကဟောဟဲဆိုက်နေပြီ။

"ဟူး...တော်...တော်တော့ ငါအရမ်းမောနေပြီ''

"ဒီနေရာမှာ အသက်ကစကားပြောတာပဲ....
ကားသွားယူလိုက်တော့''

"မင်း...မင်း''

ရှောင်ကျန့်လက်ညှိုးတထိုးထိုးနဲ့ ဘာပြန်ပြောရမှန်းလည်းမသိ ဒေါသတွေပဲ လှိမ့်ထွက်နေရတယ်။ ရိပေါ်ကတော့ ခပ်ပြုံးပြုံးပဲ။ အလုပ်ကြောင်းလာဆွေးနွေးတာ ခွေးပြေးဝက်ပြေးပြေးလာခဲ့ရတယ်။ ဒီအကြောင်းသာ လုပ်ငန်းရှင်တွေကြားသတင်းပြန့်ကြည့်ပါလား ရှက်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း ။ဝမ်ပေါက်စနဲ့ကြမှ မဖြစ်ဘူးတာတွေဖြစ် မလုပ်ဘူးတာတွေလုပ်နေရတဲ့ငါ့ဘဝ။

&&&&&

အစားအသောက်ကို လိပ်သွားနှုန်းနဲ့ စားနေတဲ့ သူ့ရှေ့ကနှစ်ယောက်ကိုကြည့်ပြီး ရိပေါ်စိတ်မရှည်တော့။

"မင်းတို့စားနေခဲ့ကြတော့ ငါသွားပြီ''

"နေအုံးလေ မင်းကဘယ်သွားမလို့လဲ''

နှစ်ယောက်သား  စားပြီးသားရှင်းစရာမပါလို့ ဒကာတော်ရေမြေ့အရှင် ထွက်ပြေးမှာစိုးတဲ့ပုံစံမျိုးနဲ့ ပြာပြာသလဲမေးလာတယ်။

" ဆံပင်ညှပ်ပစ်မလို့ဟေ့''

"ဘာလို့ညှပ်မှာလဲ ဒီတိုင်းလေးချစ်စရာကောင်းတာကို အသဲယားစရာလေး''

ပြောလာတဲ့စစ်ကျွေးကိုကြည့်ပြီး ချဥ်လာလို့ ရိပေါ်က တွေ့ရာနဲ့ကောက်ပေါက်လိုက်တယ်။

"အပြင်မှာနော် တော်ရုံနောက် မင်းပါးပါးက စ စရာမဟုတ်ဖူး...အေးမင်းပြောသလိုပဲ ဟိုလူကြီးကအသဲယားနေလို့ညှပ်မှာကွာ''

ရယ်နေတဲ့ နှစ်ကောင်ကိုထားပစ်ခဲ့ပြီး ထွက်လာလိုက်တယ်။ ​ပြောရင်းမှ ဟိုလူကြီးကိုပါ သတိရသွားတယ် ပေါက်စလို့ခေါ်ပြီး ရိပေါ်ဆံပင်လေးတွေကိုလာလာဖွတတ်တဲ့ ရှောင်ကျန့်ဆိုတဲ့ လူကြီးရဲ့အသဲယားနေတဲ့ပုံစံတွေ မျက်လုံးထဲမြင်လာပြီး ကြက်သီးတွေထလာတယ်။

အင့်

"အာ....sorry မတော်လို့တိုက်မိ...

"အော်ဟော် ဘယ်သူလဲလို့  ကိုယ့်ညီလေးပဲ ''

သူနဲ့တိုက်မိတဲ့သူကို ရိပေါ်ကြည့်မိတော့ ဝမ်ချောင်ဖြစ်နေတယ်။ သူ့ကိုတွေ့မိတဲ့ ဒီနေ့အတွက်တော့ ကြက်သရေအဖြာဖြာတုန်းတယ်။

"Clubမှာ နမ်းနေတာဘယ်သူလဲ မင်းရည်းစားလား
ဝမ်Groupအတွက်တော့ရင်လေးသားပဲ ဒါပေမယိ့ကိစ္စမရှိပါဘူးလေ မင်းကစွသုံးမှမကျတာ အနှေးနဲ့အမြန်ငါ့လက်ထဲရောက်လာမှာပဲလေ''

"မင်း''

ရိပေါ်က ဝမ်ချောင်မျက်နှာဆွဲထိုးရန်ပြင်တော့ ဘယ်ချိန်ကရောက်လာမှန်းမသိတဲ့ ဝမ်လီရဲ့အသံထွက်လာတယ်။

"အိုက်ရိုး....ဘယ်သူလေးလဲလို့ Wang Group ရဲ့ဆက်ဆံသူလေးပဲ''

ဝမ်လီရဲ့ အသံမြှင့်ပြောလိုက်သံကြောင့်ဘေးကလူတွေပါကြားပြီး ဝမ်ချောင်ရဲ့အကျီ်စကို ဆွဲဆုပ်ထားတဲ့ ရိပေါ်တို့နှစ်ယောက်ဆီ အကြညိ့တွေရောက်လာတယ်။

"ငါ့သားကိုလွှတ်ပေးလိုက်စမ်း... လူတွေကြည့်နေကြတယ်မြင်လား.''

"..နင့်ကိုဝမ်ကျိုးချနိရဲ့ မြေးမှန်းသိသွားရင် ဓာတ်ပုံတွေရိုက်သတင်းစာခေါင်းကြီးပိုင်းမှာ ပါလာလိမ့်မယ် ဝမ်ကျိုးချန်ရဲ့မြေးက လူရမ်းကားဆိုတာ လူတွေသိကုန်မယ်''

ဝမ်လီရဲ့ ခနဲ့တဲ့တဲ့အပြုံးတွေ ဒီကမ္ဘာမှာရိပေါ်အမုန်းဆုံးပဲ။ရိပေါ်နားကပ်လို့ တိုးတိုးလေးလာပြောနေတာကို တွန်းထုတ်ပစ်ချင်တာမှ လက်ကိုယားလို့။

"ငါ့သားပြောတာဘာမှားလို့လဲ ပါးက​မြှောက်စားထားတယ်ဆိုပြီး ဘဝင်မြင့်မနေနဲ့အချိန်တန်ရင် အဲ့ဒီနေရာက ငါ့သားအတွက်ပဲဖစ်လာမှာ''

ဘေးဘီဝဲယာက အကဲခတ်နေတဲ့လူတွေကြည့်ပြီး ရိပေါ်လက်လွှတ်ပေးလိုက်တယ်။ စစ်ကျွေးနဲ့ဝမ်နင်ရောက်လာပြီး ရိပေါ်ကို အတင်းလာဆွဲလို့ သူတို့နောက်မကြည်မသာနဲ့လိုက်လာခဲ့ရတယ်။

Zawgyi

ဝမ္ခ်ိဳခ်ိဳေလး
(အပိုင္း.၅)

ဒီေန႕ကရိေပၚေက်ာင္းပိတ္ရက္ ေရွာင္က်န့္အလုပ္ပိတ္တာနဲ႕ပါ တိုက္ဆိုင္ေနေတာ့ ရိေပၚအိမ္မွာ နားခြင့္ရၿပီေလ။အျပင္မထြက္ခ်င္တာနဲ႕ ဟိုႏွစ္ေကာင္ကိုလွမ္းေခၚထားတာ မၾကာခင္ စစ္ေကြၽးနဲ႕ ဝမ္နင္ေရာက္လာမယ္။

"သဲေလးေမာင့္ကိုေစာင့္ေနတာ ၾကာၿပီလား ေမာင္နည္းနည္းေနာက္က်သြားတယ္''

ရိေပၚေဘးဝင္ထိုင္လိုက္ၿပီး ဆိုဖာေနာက္မွီေပၚလက္ကေလးတင္လို႔ ရိေပၚရဲ႕ ေ႐ႊေရာင္ဆံပင္ေလးေတြကိုလာဖြရင္း စစ္ေကြၽးကစေနတာပါ။

"​ ေဟ်ာင့္ အသဲယားေအာင္မေခၚစမ္းနဲ႕''

ရိေပၚက စစ္ေကြၽးလက္ကိုပုတ္ထုတ္လို႔ အသဲယားစြာပခုံးတြန့္လိုက္တယ္။

"ဟ အရင္ကလည္းေခၚေနၾကကို စတာမွန္းသိရဲ႕ ဘာျဖစ္ေနတာလဲ''

ဝမ္နင္ကပညာရွိ စတိုင္လ္နဲ႕ ဝင္ဆရာလုပ္တယ္။

"စစ္ေကြၽး...စစ္ေကြၽး...မင္းကမသိတာလား...အရင္ကေခၚတာဘာမွမျဖစ္ဘူးကြ ခုကသူ႕လူႀကီးက clubမွာ အာဘြားအႀကီးႀကီးေပးလိုက္တည္းက သူက...

"ေတာ္စမ္း''

ရိေပၚဆီက ဟိန္းေဟာက္သံႀကီးထြက္လာၿပီး ဝမ္နင္ကိုခုန္အုပ္လို႔ ပါးစပ္ပိတ္လိုက္တယ္။ဝမ္နင္က ဝူးဝူးဝါးဝါးနဲ႕ ပါးစပ္ကေျပာမရတာေတာင္ မ်က္လုံးနဲ႕ေလွာင္ၿပဳံးျပေနေသးတယ္။
နပန္းလုံးရတာေမာသြားမွ ရိေပၚကဝမ္နင္ကို လႊတ္ေပးလိုက္တယ္။

"ေတာ္စမ္း အဲဒီလူႀကီးအေၾကာင္း ထပ္မေျပာစမ္းနဲ႕''

"ေျပာခ်င္ေသးတာငါကေတာ့ သူ႕အေၾကာင္းေတြပဲ ေျပာေနခ်င္တာ ဒါနဲ႕ ဦးေရာ ဦးဘယ္သြားလဲ''

ရိေပၚက ဝမ္နင္ကို ဆတ္ကနဲလွည့္ၾကညိ့လာၿပီး မ်က္လုံးထဲမွာလည္း တရိပ္တခ်ိဳ႕ျဖတ္ေျပးလို႔။

"ဘာဦးလဲ သူ႕အသက္အဲေလာက္မႀကီးေသးဘူး ငါနိပ္ကြတ္ခ်င္လို႔တမင္ေခၚတာ ငါေခၚတိုင္းလိုက္မေခၚစမ္းနဲ႕ ျပန္ေတာ့ သူမၾကာခင္ျပန္လာေတာ့မွာ''.

"မျပန္ေသးဘူး ဦးျပန္လာထိေစာင့္အုံးမွာ မင္းကဦးေခၚတာမႀကိဳက္ဘူးဆိုေတာ့ ကိုကိုလို႔ေခၚရမလား''

ဝမ္နင္ကို ရိေပၚတင္မက စစ္ေကြၽးကပါ မၾကည္ၾကည့္ေတြၾကညိ့လာၿပီ။

"မင္းကဘာျဖစ္ေနတာလဲ ဝမ္နင္ ရိေပၚကမေျပာနဲ႕ဆို မေျပာေတာ့နဲ႕ေပါ့ ငါပါၾကည့္မရေတာ့ဘူးေနာ္''

"စစ္ေကြၽးမင္းမသိလို႔ေနာ္ အဲဒီညကေလ ရိေပၚကိုနမ္းလိုက္တာၾကည့္ၿပီး ငါေတာင္ေႂကြသြားတယ္''

ဝမ္နင္ဆီက နမ္းတဲ့စကားလည္းထပ္ၾကားေရာ ရိေပၚကပါးစပ္ကို အတင္းပိတ္လို႔ အိမ္ျပင္ဆြဲထုတ္ေလရဲ႕။ ဟိုကျပန္လာေတာ့မယ္ ပါးစပ္စည္းမရွိဘူး ျပန္​ေတာ့နဲ႕ ဆရာႀကီးဂိုက္ဖမ္းလို႔ ေမာင္ထုတ္ေနတယ္။ ဝမ္နင္ကလည္း တဟားဟားေအာ္ရယ္လို႔ ကိုကိုျပန္လာေစာငိ့မွာပါဆိုၿပီး ၿခံျပင္ေရာက္ထိ ေျပာေနေသးတာ။

သူငယ္ခ်င္းေတြျပန္သြားလို႔ အေမာေျဖေန႐ုံရွိေသး
ကိုကိုျပန္လာ...အဲ...ဟိုလူႀကီး ျပန္လာေရာက္လာတယ္။

အိမ္ထဲ​ေရာက္တာကို ဖုန္းလက္ကမခ်ပဲ စကားတေျပာေျပာနဲ႕ ဝင္လာၿပီး ရိေပၚကိုမ်က္ခုံးပင့္ႏႈတ္ဆက္တယ္။ခနၾကာေတာ့ ျပနိထြက္လာၿပီး ရိေပၚပခုံးလာပုတ္တယ္။.

"ထ ကိုယ္အျပင္သြားစရာရွိတယ္ လိုက္ခဲ့အုံး...လုပ္ငန္းရွင္တစ္ေယာက္နဲ႕ေတြ႕မွာ မိတ္ဆက္ေပးခ်င္လို႔''

"မလိုက္ဘူး''

ရိေပၚစကားေၾကာင့္ ၾသဝါဒေႁခြမလို႔ျပင္ေနတဲ့ ေရွာင္က်န့္ကို လက္ဝါးေထာင္ျပၿပီး သူကပဲဆက္ေျပာလိုက္တယ္''

"ပ်င္းေနတာ စကားေျပာမယ့္ေနရာက ပန္းၿခံထဲမွာဆိုရင္ေတာ့လိုက္မယ္''

"ဟ လုပ္ငန္းအေၾကာင္းေဆြးႏြေးမွာေလ ပန္းၿခံထဲေျပာရေအာင္ သမီးရည္းစားခ်ိန္းေတြ႕တယ္မ်ားမွတ္ေနလား''

ရိေပၚကရယ္ခ်င္ေနတဲ့စိတ္ကို မ်ိဳခ်လိဳ႕ ေတာ္ကီေတြဆက္လႊတ္ေနတယ္။

"ေအာက္လိုက္တာ ဘယ္ေခတ္ေရာက္ေနၿပီလဲ သမီးရည္းစားခ်ိန္းေတြ႕တာ ပန္းၿခံပဲဘာလို႔ျဖစ္ရမွာလဲ အလုပ္အေၾကာင္းေရာ ဘာလို႔ပန္းၿခံမွာ ေျပာမရရမွာလဲ.... ပန္းၿခံဆိုတာ အပန္းေျဖဖို႔ထားတာဆိုတာ မသိတာလား''

စကားတတ္တဲ့ ဝမ္ေပါက္စဆီက ကပ္သီးကပ္ဖဲ့စကားေတြကို ေရွာင္က်န့္ဘယ္လိုေျခပရမွန္းမသိ။
ဖုန္းေလးထုတ္လို႔ လွမ္းၿပီးေနရာေျပာင္းၾကည့္လိုက္တယ္။ တစ္ဖက္လူက သူ႕ကိုမရယ္ပါေစနဲ႕လို႔လည္း ရင္ထဲကႀကိတ္ဆုေတာင္းရင္းေပါ့။

"ေပါက္စငါေနရာေျပာင္းၿပီးၿပီ မင္းစကားနဲ႕မင္းေနာ္ လိူက္ဖို႔ျပင္.''

"OK ေလ''

ကားေဘးမွာရပ္လို႔ ေရွာင္က်န့္က ရိေပၚထြက္အလာကို ေစာင့္ေနလိုက္တယ္။ ထြက္လာတဲ့ရိေပၚက လက္ထဲမွာငါးမွ်ားတံကိုကိုင္လို႔။ ဦးထုတ္အဝိုင္းေလးေဆာင္းထားၿပီး အဝါေရာင္အပြင့္ႀကီးေတြပါတဲ့ အက်ီ္မိုးျပာေရာင္ေလးနဲ႕ ေဘာင္းဘီတိုေလး ဝတ္လာတယ္။ ပင္လယ္ကမ္းေျခမွာ ေရသြားေဆာ့မို႔ေနရာမွားလာတာမ်ားလား။

"လက္ထဲကငါးမွ်ားတန္ႀကီးက ဘာလုပ္ဖို႔လဲ''

"ဘာမလုပ္ပါဘူး ပ်င္းလို႔ဒီတိုင္းကိုင္လာတာပါ စူးစမ္းခ်င္တဲ့သေဘာပါ''

မ်က္ခုံးေတြပင့္ မ်က္စေတြပစ္ၿပီး ေျပာေနပုံက ဆက္ျငင္းေနရင္ ဒီနားတင္ေနဝင္ မိုးခ်ဳပ္သြားနိုင္တာမို႔ လက္ျမႇောက္ထားလိုက္ရတယ္။ ရိေပၚကားကို ထားခဲ့ၿပီး ေရွာင္က်န့္ကားနဲ႕လိုက္ခဲ့ဖို႔ မနည္းကို ေတာင္းေတာင္းပန္ပန္ေခၚလာခဲ့ရတယ္။

ဟိုေရာက္ေတာ့ ေလွစီးေနၾကတဲ့ ေရကန္ေလးေဘးက ဆိုင္ေလးမွာ တဖက္စီးပြားေရးသမားနဲ႕ စကားေျပာရတယ္။ ရိေပၚနဲ႕ တဖက္လူကိုမိတ္ဆက္ေပးလိုက္တယ္။ ဝမ္Groupရဲ႕ဆက္ခံသူေလး ေနာက္သူဦးစီးတဲ့အခါ ကူညီေစာင့္ေပးဖို႔ပါစကားလမ္း​ေၾကာင္းၿပီး လုပ္ငန္းအတြက္ေဆြးႏြေးၾကတယ္။

တဖက္လုပ္ငန္းရွင္နဲ႕ မိတ္ဆက္ေပးတုန္း ေကာင္းေကာင္းမြန္မြန္ေနေပးေတာ့ စကားေျပာရင္းေရွာင္က်န့္လည္း ရိေပၚကိုေမ့သြားတယ္။ တဖက္ကျပန္မယ္ေျပာမွ သူ႕ကေလးေဘးမွာ မရွိ မွန္းသိရတယ္။လိုက္ရွာၾကည့္လိုက္ေတာ့ ေရကန္မွာေအးေအးလူလူ ငါးမွ်ားေနတာေတြ႕ရလို႔စိတ္ေအးသြားရတယ္။

ဟမ္...မဟုတ္ေသးဘူး...တခုခုလြဲေနသလိုပဲ။
ဘာကလြဲေနလဲ ေရွာင္က်နိ႕ရပ္စဥ္းစားေနတုန္း လုံၿခဳံေရးဝတ္စုံနဲ႕ လူတစ္ေယာက္လာေနတာျမင္မွ လြဲေနတာကိုသိသြားတယ္ ဝမ္ေပါက္စေမႊၿပီ။

"ေပါက္စဘာလုပ္ေနတာလဲ ''

"ငါမွ်ားေနတာေလ''

အံမယ္ ေအးေအးသက္သာပဲေျဖေနေသးတာ ဟိုကလာေနၿပီ။

"မင္း...ဟိုမွာဆိုင္းဘုတ္မျမင္ဘူးလား...ငါးမမွ်ားရလို႔ေရးထားတယ္ေလ လုံၿခဳံေရးလာေနၿပီ....ဘယ္လိုလုပ္ရမလဲ....ျပႆနာရွင္းရေတာ့မယ္ထင္တယ္''

ရိေပၚက ၿပဳံးေတာင္ၿပဳံးေနေသး။ ၿပီးေတာ့ မဟုတ္တာလုပ္ၿပီးရင္ ေပၚလာေနၾကညစ္က်ယ္က်ယ္အၿပဳံးႀကီးနဲ႕ ေရွာင္က်န့္လက္ကိုဆတ္ကနဲလာဆြဲတယ္။

"ဘာခက္တာမွတ္လို႔ ေျပးၾကတာေပါ့ လာ''

"ဟမ္...ေျပး...ေျပးမွာလား....''

"ဒါ မင္းလုပ္ေနၾကေပါ့ ဟတ္လား''

ေပါက္စဆြဲေခၚရာေနာက္ ေျပးလိုက္လာရင္း လူကေဟာဟဲဆိုက္ေနၿပီ။

"ဟူး...ေတာ္...ေတာ္ေတာ့ ငါအရမ္းေမာေနၿပီ''

"ဒီေနရာမွာ အသက္ကစကားေျပာတာပဲ....
ကားသြားယူလိုက္ေတာ့''

"မင္း...မင္း''

ေရွာင္က်န့္လက္ညွိုးတထိုးထိုးနဲ႕ ဘာျပန္ေျပာရမွန္းလည္းမသိ ေဒါသေတြပဲ လွိမ့္ထြက္ေနရတယ္။ ရိေပၚကေတာ့ ခပ္ၿပဳံးၿပဳံးပဲ။ အလုပ္ေၾကာင္းလာေဆြးႏြေးတာ ေခြးေျပးဝက္ေျပးေျပးလာခဲ့ရတယ္။ ဒီအေၾကာင္းသာ လုပ္ငန္းရွင္ေတြၾကားသတင္းျပန့္ၾကည့္ပါလား ရွက္စရာေကာင္းလိုက္မယ့္ျဖစ္ျခင္း ။ဝမ္ေပါက္စနဲ႕ၾကမွ မျဖစ္ဘူးတာေတြျဖစ္ မလုပ္ဘူးတာေတြလုပ္ေနရတဲ့ငါ့ဘဝ။

&&&&&

အစားအေသာက္ကို လိပ္သြားႏႈန္းနဲ႕ စားေနတဲ့ သူ႕ေရွ႕ကႏွစ္ေယာက္ကိုၾကည့္ၿပီး ရိေပၚစိတ္မရွည္ေတာ့။

"မင္းတို႔စားေနခဲ့ၾကေတာ့ ငါသြားၿပီ''

"ေနအုံးေလ မင္းကဘယ္သြားမလို႔လဲ''

ႏွစ္ေယာက္သား  စားၿပီးသားရွင္းစရာမပါလို႔ ဒကာေတာ္ေရေျမ့အရွင္ ထြက္ေျပးမွာစိုးတဲ့ပုံစံမ်ိဳးနဲ႕ ျပာျပာသလဲေမးလာတယ္။

" ဆံပင္ညွပ္ပစ္မလို႔ေဟ့''

"ဘာလို႔ညွပ္မွာလဲ ဒီတိုင္းေလးခ်စ္စရာေကာင္းတာကို အသဲယားစရာေလး''

ေျပာလာတဲ့စစ္ေကြၽးကိုၾကည့္ၿပီး ခ်ဥ္လာလို႔ ရိေပၚက ေတြ႕ရာနဲ႕ေကာက္ေပါက္လိုက္တယ္။

"အျပင္မွာေနာ္ ေတာ္႐ုံေနာက္ မင္းပါးပါးက စ စရာမဟုတ္ဖူး...ေအးမင္းေျပာသလိုပဲ ဟိုလူႀကီးကအသဲယားေနလို႔ညွပ္မွာကြာ''

ရယ္ေနတဲ့ ႏွစ္ေကာင္ကိုထားပစ္ခဲ့ၿပီး ထြက္လာလိုက္တယ္။ ​ေျပာရင္းမွ ဟိုလူႀကီးကိုပါ သတိရသြားတယ္ ေပါက္စလို႔ေခၚၿပီး ရိေပၚဆံပင္ေလးေတြကိုလာလာဖြတတ္တဲ့ ေရွာင္က်န့္ဆိုတဲ့ လူႀကီးရဲ႕အသဲယားေနတဲ့ပုံစံေတြ မ်က္လုံးထဲျမင္လာၿပီး ၾကက္သီးေတြထလာတယ္။

အင့္

"အာ....sorry မေတာ္လို႔တိုက္မိ...

"ေအာ္ေဟာ္ ဘယ္သူလဲလို႔  ကိုယ့္ညီေလးပဲ ''

သူနဲ႕တိုက္မိတဲ့သူကို ရိေပၚၾကည့္မိေတာ့ ဝမ္ေခ်ာင္ျဖစ္ေနတယ္။ သူ႕ကိုေတြ႕မိတဲ့ ဒီေန႕အတြက္ေတာ့ ၾကက္သေရအျဖာျဖာတုန္းတယ္။

"Clubမွာ နမ္းေနတာဘယ္သူလဲ မင္းရည္းစားလား
ဝမ္Groupအတြက္ေတာ့ရင္ေလးသားပဲ ဒါေပမယိ့ကိစၥမရွိပါဘူးေလ မင္းကစြသုံးမွမက်တာ အႏွေးနဲ႕အျမန္ငါ့လက္ထဲေရာက္လာမွာပဲေလ''

"မင္း''

ရိေပၚက ဝမ္ေခ်ာင္မ်က္ႏွာဆြဲထိုးရန္ျပင္ေတာ့ ဘယ္ခ်ိန္ကေရာက္လာမွန္းမသိတဲ့ ဝမ္လီရဲ႕အသံထြက္လာတယ္။

"အိုက္ရိုး....ဘယ္သူေလးလဲလို႔ Wang Group ရဲ႕ဆက္ဆံသူေလးပဲ''

ဝမ္လီရဲ႕ အသံျမႇင့္ေျပာလိုက္သံေၾကာင့္ေဘးကလူေတြပါၾကားၿပီး ဝမ္ေခ်ာင္ရဲ႕အက်ီ္စကို ဆြဲဆုပ္ထားတဲ့ ရိေပၚတို႔ႏွစ္ေယာက္ဆီ အၾကညိ့ေတြေရာက္လာတယ္။

"ငါ့သားကိုလႊတ္ေပးလိုက္စမ္း... လူေတြၾကည့္ေနၾကတယ္ျမင္လား.''

"..နင့္ကိုဝမ္က်ိဳးခ်နိရဲ႕ ေျမးမွန္းသိသြားရင္ ဓာတ္ပုံေတြရိုက္သတင္းစာေခါင္းႀကီးပိုင္းမွာ ပါလာလိမ့္မယ္ ဝမ္က်ိဳးခ်န္ရဲ႕ေျမးက လူရမ္းကားဆိုတာ လူေတြသိကုန္မယ္''

ဝမ္လီရဲ႕ ခနဲ႕တဲ့တဲ့အၿပဳံးေတြ ဒီကမၻာမွာရိေပၚအမုန္းဆုံးပဲ။ရိေပၚနားကပ္လို႔ တိုးတိုးေလးလာေျပာေနတာကို တြန္းထုတ္ပစ္ခ်င္တာမွ လက္ကိုယားလို႔။

"ငါ့သားေျပာတာဘာမွားလို႔လဲ ပါးက​ျမႇောက္စားထားတယ္ဆိုၿပီး ဘဝင္ျမင့္မေနနဲ႕အခ်ိန္တန္ရင္ အဲ့ဒီေနရာက ငါ့သားအတြက္ပဲဖစ္လာမွာ''

ေဘးဘီဝဲယာက အကဲခတ္ေနတဲ့လူေတြၾကည့္ၿပီး ရိေပၚလက္လႊတ္ေပးလိုက္တယ္။ စစ္ေကြၽးနဲ႕ဝမ္နင္ေရာက္လာၿပီး ရိေပၚကို အတင္းလာဆြဲလို႔ သူတို႔ေနာက္မၾကည္မသာနဲ႕လိုက္လာခဲ့ရတယ္။

Continue Reading

You'll Also Like

80.2K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
194K 26.6K 63
දුප්පත් අහිංසක කොල්ලෙක් ආවොත් ඔයාගේ ඔෆිස් එකට... ඔයාව දැක්කත් එයා බයේ වෙව්ලනවනම්.. ඔයා මොකද කරන්නේ... 💚 හඃ හඃ තව තවත් බය කරනවා... හැබැයි ඉතින් ආදරේට...
26K 3.8K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
2.1M 89.5K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...