{Zawgyi}
၂နာရီအတိ. . .။
"ဟေ့ ဟေ့ ထွဋ်ဦး "
ဒေါသမထွက်ရိုးလား ။
"တွေ့ပြီ....."
[မရှိပါဘူးHost]
Pooh'
[ရပါတယ်Host....]
'Oh....သတင်းကောင်းပဲ'
"ဘယ်လောက်ကျလဲ??"
"ဒီမှာ ....ဒီမှာ"
[Host......အရှေ့မှာ.....]
ဘုတ်.....
'ကျစ် .....သောက်ရှက်ပဲ'
"လူကြီး.....ရရဲ့လား...."
>>>>>>>>>>>>>>>>>>>>>>>>>>>>
...............................................
{Unicode}
သင်နေရသောစာတွေခြုံကြည့်လိုက်ရင်တော့ဖြင့် လင်းထွဋ်ဦး အတွက်ပြောစရာစကားတခွန်းသာရှိသည်။
အင်းးပျင်းဖို့ကောင်းလွန်းတယ်........။
စာသင်ချိန်တွေအကုန်ပြီးချိန် နာရီကြည့်လိုက်တော့
၂နာရီအတိ. . .။
'တစ်ယောက်ပြီးတစ်ယောက်သင်နေတာ ဒီအချိန်တောင်ရောက်ပြီ ပျင်းစရာကြီးကွာ'
စိတ်ထဲအော်ဟစ်နေပေမဲ့ အပြင်တွင်ရုပ်သေဖြင့်သာ စာအုပ်တွေအိတ်ထဲထိုးထည့်ပြီး အခန်းပြင်ထွက်ဖို့သာပြင်နေသည်။
အရေးထဲ systemနဲ့ဆက်သွယ်လိုက်တိုင်းerrorတက်နေသည်ဆိုသောကြောင့် စိတ်ပင်နောက်ကျိလာရသည်။
"ဟေ့ ဟေ့ ထွဋ်ဦး "
"ဟမ် အော် အင်း မင်းဘာပြောလိုက်တာလဲ.....?"
အတွေးလွန်နေတဲ့ လင်းထွဋ်ဦး ခမျာ ဇာတ်လိုက်ကိုပင်အဖတ်လုပ်ချင်စိတ်မရှိသောကြောင့်သာမန်ကာလျှံကာပဲမေးလိုက်သော်ငြား ပြာပြာသလဲဖြစ်သွားသည့်ဇာတ်လိုက်ကျော်က စိုးရိမ်စိတ်ဖြင့်မေးလာသည်။
"မင်း နေကောင်းပါတယ်နော် "
ပြောပြောဆိုဆိုဖြင့်ပင် ပိုင်စိုးပိုင်နင်း နှဖူးကိုလာစမ်းသောလက်ကြောင့် မျက်ခုံးအစုံတွန့်သွားရသည်။
"ရတယ် ငါဘာမှမဖြစ်ဘူး မင်းBasketball traineeရှိသေးတယ်မလား?သွားတော့လေ ငါဒီနေ့ဝယ်စရာရှိနေလို့ centerတခုခုသွားမလို့ အပြန်နောက်ကျမယ် ငါ့ကိုစောင့်မနေနဲ့တော့"
စကားတရစပ်ပြောကာ နှဖူးပေါ်ရောက်နေသော မိမိလက်ကိုရှောင်သွားသော လင်းထွဋ်ဦး ကြောင့်စောဒီပါမင်းကြောင်အအဖြစ်နေတုန်း အခန်းပြင်ကိုတစိုက်မတ်မတ်ပင်ထွက်သွားသောသူကြောင့် ပြန်ပြောချိန်တောင်မရလိုက် ထိုနေရာတွင်ပင်ငုတ်တုတ်။
ကျောင်းလမ်းတစ်လျှောက်တွင်တော့ သတ်တော့ဖြတ်တော့မည့် အရိပ်အယောင်အပြည့်ဖြင့် လမ်းလျှောက်နေသော လင်းထွဋ်ဦးကြောင့် ဘေးကဖြတ်သွားသောသူတို့မှာလည်း မျက်နှာချောချောကိုငမ်းချင်သော်လည်း မငမ်းရဲ မကြည့်ဘဲလဲမနေနိုင် ငမ်းရကောင်းကောင်း မငမ်းရကောင်းမလား ဆိုသောအတွေးဖြင့်သာပြည့်လျက် ဆန့်ငင်ဆန့်ငင်ဖြင့်သာ ငမ်းနေကြလေရဲ့။
'သူမွေးထားတဲ့ကလေးကြနေတာပဲ အသားကိုပိုင်စိုးပိုင်နင်းနဲ့ ဇာတ်လိုက် မင်းနေနှင့်ဦး ငါမင်းကိုသတ်ပြီးမှဒီကမ္ဘာကထွက်မယ်။'
တရှူးရှူးတရှဲရှဲနှင့် ဒီလောက်စိတ်ဆတ်သည်မှာ မူလ လင်းထွဋ်ဦး ပေလော။လက်ရှိ လင်းထွဋ်ဦး ပေလော။
သေချာတာကတော့ မူလလင်းထွဋ်ဦးမှာ ဇာတ်လိုက်နှင့်ပက်သက်လျှင် အင်မတိအင်မတန်မှ စိတ်ထားနူးညံ့သည်ပင်။
အတန်ငယ်လမ်းလျှောက်ပြီးနောက်တွင်တော့ ကားဂိတ်ကိုပင်ရောက်နှင့်နေပြီ စိတ်လဲအနည်းငယ် ပြေနေပြီဖြစ်သောကြောင့် အနားတွင်ရပ်ထားသောTaxiတစ်စီးကိုသာငှားကာ centerတခု၏နာမည်ကိုရွတ်ပြလျက် မောင်းခိုင်းလိုက်တော့သည်။
အမှန်စင်စစ်တွင်တော့ မူလ လင်းထွဋ်ဦးမှာ နယ်နယ်ရရလူတော့မဟုတ်။ မိဘတွေဆုံးသွားပြီးနောက်ကျန်ခဲ့သောလုပ်ငန်းများနှင့် အမွေဆိုင်အိမ်ကြီးမှာ လူခြေတိတ်သော လူကုန်ထံအသိုင်းအဝိုင်းကြားတွင်ရှိလေသည်။
မိဘတွေဆုံးပြီးထဲကလုပ်ငန်းတွေကို နောက်ကွယ်က ညွှန်ကြားကာ ထိန်းချုပ်ထားနိုင်သည်မှာ အသက်၂၀အရွယ်လူငယ်လေး တစ်ယောက်အနေဖြင့်တော့ အထင်ကြီးလောက်စရာပင်။
ထိုအကြောင်းကိုသိသူမှာ မိဘတွေရှိစဉ်ထဲက လူယုံတစ်ဖြစ်လဲ မိသားစုရှေ့နေကြီးဖြစ်သော ဦးမင်းသက် တစ်ယောက်သာရှိသည်။
မူလ လင်းထွဋ်ဦး မှာဤမျှလောက် ချမ်းသာပါလျက် ကျောင်းမှနုံချာနေသောအဆောင်တွင်လာနေရခြင်းမှာ သေချာပေါက် တစ်ခုတည်းသောအကြောင်းရင်းကဇာတ်လိုက်ပဲပေါ့။
မူလဇာတ်ကြောင်းမှာ တရားအစွဲခံရချိန်ပြန်လည်စွဲချက်တင်ခါနီးအချိန်မှာလည်း ဇာတ်လိုက်ကြောင့်သာ သက်သေတွေအကုန်ဖျက်စီးကာ အပြစ်မလုပ်ပါပဲ အပြစ်ဟုဝန်ခံကာ ထောင်ကျခံရခြင်း။
အင်း သူတစ်ခွန်းဆိုတစ်ခွန်းထဲသာပြီးသော ဦးမင်းသက်မှာလည်း ဘာမှမပြောဘဲ ဘေးကနေသာထိုင်ကြည့်ရတော့သည်။
ထောင်ထဲမှာသေဆုံးသွားသည်ဆိုသောစကားအကြား တရားရုံးတင်စွဲချက်တင်ရန်ပြန်ပြင်သော်လည်း
မူလ လင်းထွဋ်ဦး၏ ဇာတ်လိုက် စောဒီပါမင်း အပေါ်ထားသောခံစားချက်နှင့် သဘောထားကိုသိသွားသောကြောင့် လင်းထွဋ်ဦး ပိုင်သော ပိုင်ဆိုင်မှုများကို အကုန်လှူဒါန်းခဲ့ကာ တစ်ပြားမှမယူပါဘဲ နောက်ဆုံးချိန်ထိ သူ့သဘောဆန္ဒရှိသည့်အတိုင်းလိုက်လုပ်ပေးခဲ့သော
ရှေ့နေကြီး ဦးမင်းသက်ကို အားနာမိသည်အထိ။
မပူပါနဲ့ အရင်က လင်းထွဋ်ဦး အေးတိအေးစက်ဆက်ဆံခဲ့သမျှ ယခုလင်းထွဋ်ဦးက တတ်နိုင်သလောက် ရှေ့နေကြီးကိုစိတ်ချမ်းသာအောင်ထားပေးမယ်။
မူလ လင်းထွဋ်ဦး ရဲ့မှတ်ဉာဏ်ကိုတစ်ကျော့ပြန်ဖတ်ပြီး ဒေါသပြန်ထွက်လာသည့်အလျောက် ကားထဲချမ်းစိမ့်စိမ့် ဖြစ်လောက်အောင် လင်းထွဋ်ဦး ဘေးတွင် လူသတ်ချင်သည့်အငွေ့အသက်များဖုံးနေသည်။
ဒေါသမထွက်ရိုးလား ။
ဒီလောက် ပေးဆပ်ခဲ့တာတောင် သူပြန်ရလိုက်တာကဘာလဲ?? မြူတစ်မှုန်စာတောင်မရှိတဲ့ အသနားခံတဲ့ အယောင်ဆောင်မျက်ရည်တွေလား?
ဘဝကြီးက$ရမ်းဘက်လိုက်လွန်းတယ် ဇာတ်လိုက်ဆိုတဲ့ အရှိန်အဝါနဲ့ပဲ အားလုံးသူ့လက်အောက်ပြားပြားဝပ်နေရမယ်ထင်နေပေသလားမသိ။
sorryပဲ အခုငါရောက်လာပြီ အရင်ကဖြစ်ခဲ့တဲ့အဖြစ်မျိုးပြန်မဖြစ်အောင် ငါကျိန်းသေပေါက်ကိုတားမယ်။
ဒါပေါ့ဒါပေါ့ အပိုထပ်ဆောင်းအနေနဲ့ ဇာတ်လိုက်ကော ဇာတ်လိုက်မကိုကော ကောင်းကောင်းပညာပေးဖို့planတွေဆွဲနေလေရဲ့။
တဖြည်းဖြည်းပြန်ပြေလျော့လာသောပတ်ဝန်းကျင်အခြေအနေကြောင့် ရှေ့ခန်းမှDirverလေးခမျာ အခုမှအသက်ဝဝရှူရဲတော့သည်။
နောက်ထပ်မိနစ်အနည်းငယ်စီးပြီးနောက်တွင် လင်းထွဋ်ဦး မောင်းခိုင်းသည့်centerကိုရောက်လေပြီ။
ကားခကျသင့်သလောက်ကိုရှင်းကာ centerရှေ့ ခေတ္တမျှရပ်ကာရှေ့ကြည့်ရင်းနှင့် စိတ်လိုလက်ရပြုံးရင်း အထဲသို့ဦးတည်ဝင်သွားတော့သည်။
centerတွင်းရှိ coffeeဆိုင်တစ်နေရာတွင် ရှေ့မှအေးစက်နေသောLatte coffeeကိုတစ်ငုံမော့သောက်ကာ လင်းထွဋ်ဦး အားငေးနေရင်းမှ သွားစွယ်လေးလှပ်နေအောင် ပြုံးရယ်နေသော လူသားလေးတစ်ယောက်ကိုတော့ လင်းထွဋ်ဦး သတိမထားမိခဲ့ပါချေ။
"တွေ့ပြီ....."
တစ်ခွန်းထဲသောစကားကိုသာဆိုပြီး ထထွက်သွားကာ လင်းထွဋ်ဦး နောက်လိုက်သွားသော ခြေလှမ်းအစုံတို့မှာတက်ကြွမှုအပြည့်ဖြင့် .....။
လင်းထွဋ်ဦး Centerရှေ့ပင်ရောက်နေပြီ သေချာမစဉ်စားပါဘဲ ရွတ်လိုက်မိသည့် centerနာမည်က မိမိပိုင်သည့်centerနာမည်ဖြစ်ကြောင်း centerရှေ့ရောက်မှသိရသည်။
ကိုယ်ပိုင်တဲ့နေရာမှာ ကိုယ်ပြန်ဈေးဝယ်ရမယ်ဆိုတော့ အင်း နည်းနည်းတော့ကြောင်တောင်တောင်နိုင်သည်။
ခုမှလှည့်ပြန်ရအောင်လည်း အချိန်ကအဲ့လောက်ပေါမနေတော့။
Centerထဲဝင်ရင်း အဝတ်စားဆိုင်ရှိရာ ဒုတိယထပ်ကို Elevatorဖြင့်တက်နေတုန်း
system၏ ငိုသံပါအသံကြီးနှင့် Hostဟူသော အသံကြားလိုက်ရသဖြင့်နားပင်အူသည်အထိ အပြင်ဖက်တွင်ပါ ဘယ်ဖက်နားကိုလက်ဖြင့်ဖိထားမိသည်။
'မင်းဘိုးအေမို့ အရမ်းအရမ်းအော်နေတာလား နားကန်းတော့မှာပဲ'
[Host .....hostအဆင်ပြေရဲ့လား လိုင်းတွေအကုန်errorတက်လို့ ဆက်သွယ်လို့မရတာပါ ကျွန်တော်မရှိတုန်း Host ဘာမှမဖြစ်ဘူးမလား....အီး .....ဟီး ......ဟီး....အင့်..]
ပြောရင်းဆိုရင်း တအီအီနှင့် ထငိုသော သူ၏ Systemကြောင့် ပြောဖို့စကားပင် လေထဲပျောက်သွားရပြီး systemအားချော့ရန်ပြင်ရပြန်သည်။
အင်း သူကအသည်းနုတဲ့ hostဆိုတော့လည်း ကိုယ့်ကြောင့်သူများငိုနေရရင် မခံစားနိုင်ဘူးလေ။။
'ဟာ တိတ်တိတ် ငါဘာမှမဖြစ်ဘူး မြင်တဲ့အတိုင်းအကောင်းကြီးရှိနေတယ်လေ မငိုနဲ့တော့ မင်းအသက်ရွယ်ဘယ်လောက်ရှိနေပြီတုန်း ကလေးလိုလို ကြွက်လိုလိုနဲ့ တအီအီငိုနေရအောင် ကိုယ့်အသံကိုယ်recordသွင်းပြီး ပြန်နားထောင်ကြည့်ပါဦး နားထောင်ကောင်းမှဆက်ငို...အဲ့အချိန်ကြရင်ငါပါဝိုင်းငိုပေးမယ်..ခုတော့တိတ်တော့'
Host၏ စကားများအကြားတွင် ငိုနေသောsystemလေးမှာတော့ အင့်ခနဲ အငိုတိတ်သွားရသည်။
[ကျွန်တော်က ......ကျွန်တော်ကHostကိုစိုးရိမ်လို့ပါ ....အခုမှပထမကမ္ဘာပဲရှိသေးတာလေ errorအကြီးကြီးနဲ့ကြုံရတော့....Hostတစ်ယောက်ထဲအားငယ်...ငယ်နေမှာစိုးလို့......ဟင့်.......ရွတ်]
ငိုတာရပ်လိုက်သော်ငြား တအင့်အင့်နှင့် ဂျွတ်ထိုးနေသေးသောသူ့systemလေးအားကြည့်ကာ ရီချင်စိတ်ထိန်းနေရသည်။
'မင်းမှာ နာမည်ရှိလားsystem?'
ရုတ်တရက်မဆီမဆိုင်မေးလာသောသူ့Hostမေးခွန်းကြောင့် အတန်ငယ်ကြောင်နေကာမှ
[မရှိပါဘူးHost]
မျှော်လင့်ချက်အပြည့်ဖြင့် သူ့Hostအားကြည့်နေသောsystemလေးခဗျာ hostပေးလိုက်သော နာမည်ကြောင့် စကားပင် နင်သွားရသည်။
'အင်း မင်းကိုငါနာမည်ပေးမယ်လေ....
Poohဆိုရင်ကော ချစ်ဖို့ကောင်းတယ်မလား'
[Hostအဲ့တာ ကလေးကာတွန်းကားထဲကနာမည်ကြီးလေ]
'မကြိုက်လို့လား???မကြိုက်ရင်လည်းမပေးတော့ဘူး'
[မဟုတ်.....မဟုတ်ပါဘူး ကြိုက်တယ် poohဆိုတဲ့အကောင်လေးကချစ်စရာလေးလေ ကြိုက်တယ်နော် ကြိုက်တယ် ဟီးဟီး]
စိတ်ဆိုးပြလိုက်တော့ သူ့ကိုပြန်ချော့ရှာသည့်Poohလေးကြောင့်ထပ်မနှိပ်စက်တော့ဘဲ ကောင်းကောင်းဆက်ဆံရန်သာ စဉ်းစားလိုက်သည်။
'မနက်ကပေးတဲ့ missionအတွက်pointငါ့ကိုမပေးရသေးဘူးနော်
Pooh'
[အာ......ကျွန်တော်ပြောဖို့မေ့နေတာ လိုင်းerrorတက်တာကြောင့် missionအနည်းငယ် အပြောင်းအလဲဖြစ်သွားတယ်Host]
'What!အဲ့တာဘာလို့ခုမှပြောတာတုန်း ပြောပါဦး ဘာတွေပြောင်းသွားလဲဆိုတာ'
[errorအနည်းငယ်ကြောင့် မူလပိုင်ရှင်ရဲ့စွမ်းရည်ဖြစ်တဲ့ ဝိဉာဉ်ကိုမြင်တွေ့နိုင်တဲ့အစွမ်းကပျောက်ဆုံးသွားပါပြီ အကယ်၍ Hostကသာ ရှင်းသူရထက်ကို မကယ်တင်နိုင်ဘူးဆိုရင် အဲ့အခါကျမှ ရှင်းသူရထက်ရဲ့ဝိဉာဉ်ကိုမြင်ရမှာဖြစ်ပြီး missionပါကျရှုံးမှာဖြစ်ပါတယ်]
'ဟမ်......အဲ့တော့ ငါ့အဓိကmissionကြီးတခုလုံးပါပြောင်းသွားတဲ့သဘောလား.....ငါရှင်းသူရထက်ကိုကယ်နိုင်ရင်missionအောင်မယ် သူသေသွားရင်ငါ့missionကျမယ်ပေါ့ .....အဲ့တော့ငါကသူမသေမချင်းဒီကမ္ဘာကလည်းထွက်လို့မရဘူးလို့ပြောတာလား.?
ဘယ်လိုပဲဖြစ်ဖြစ်သူကတချိန်သေမှာပဲလေ ....မင့်ဟာကငါ့ကို နှစ်ပေါက်တစ်ပေါက်ရိုက်နေတာကြီးမဟုတ်ဘူးလား?'
[မဟုတ်ပါဘူး ....အတိအကျပြောဖို့ကျန်သွားလို့..ဟီး....Main missionက ရှင်းသူရထက် ကို ဇာတ်လိုက်မလက်ထဲကကယ်တင်ဖို့ပါပဲ တစ်နည်းမူလဇာတ်ကြောင်းထဲမှာမတော်တဆမှုဖြစ်တဲ့အချိန် အဲ့မတော်တဆမှုမှာ ရှင်းသူရထက် မသေအောင်ကာကွယ်ပေးရမှာပါ]
' ....အဲ့မတော်တဆမှုမှာ သူမသေရင်missionအောင်ပြီမလား ?အဲ့မှာငါသေသွားရင်ရောရလား?'
[ရပါတယ်Host....]
'ကောင်းပြီလေဒါဆို......အဲ့မတော်တဆဖြစ်မဲ့ခရီးသွားဖို့ ဘယ်လောက်လိုသေးလဲ'
[၁နှစ်နဲ့၂လပါHost ......မနက်ဖြစ်ခဲ့တဲ့errorကြောင့် Hostဟာဒီကမ္ဘာမှာလုံးဝOOCအဖြစ်နေလို့ရပါပြီ]
'Oh....သတင်းကောင်းပဲ'
"ဘယ်လောက်ကျလဲ??"
စိတ်ထဲတွင်Poohနဲ့စကားများနေပေမဲ့ အပြင်တွင်မျက်နှာသေဖြင့် တွေ့သမျှဆိုင်ထဲတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ကာ မျက်လုံးထဲရှိသမျှအဝတ်တွေဖိနပ်တွေ ဘာညာကွိကွအကုန် ဝယ်နေသောကြောင့်လက်ထဲတွင်အထုတ်ပေါင်းသောင်းခြောက်ထောင်နှင့်ပြည့်နေလေပြီ။
ထို့ကြောင့်shoppingထွက်ခြင်းအနုပညာကိုဒီဆိုင်တွင်အရှိန်သတ်ကာ ငွေရှင်းရန်ကောင်တာရှေ့ရပ်နေသော်ငြား ငမ်းလို့မပြီးနိုင်သောရှေ့မှဝန်ထမ်းကြောင့် နောက်တခါ ထပ်ပြောရသည်။
'အရှေ့ကဆိုင်တွေတုန်းကလိုပဲ ငမ်းနေကြ အဲ့မှာ ငါ့မျက်နှာကြီးသာအပြီးဖြုတ်သွားကြတော့...'
"ဒီမှာ ....ဒီမှာ"
"ရှင်...ရှင်...တောင်း...တောင်းပန်ပါတယ် လူကြီးမင်း
ခဏလောက်သတိလွတ်သွားလို့...တောင်းပန်ပါတယ်"
"မလိုဘူး....ရော့ဒီcardနဲ့ရှင်းမယ်"
မျက်စိရှေ့ချပေးသောBlack cardအားကြည့်ရင်း ဝန်ထမ်းလေးခမျာ အာစေးမိသည့်နှယ် ခပ်မြန်မြန်ရှင်းပြီး cardပြန်ပေးလိုက်ရသည်။
'နောက်ဆို ရှေ့နေကြီးနဲ့ ပြန်ဆွေးနွေးပြီး ဝန်ထမ်းတွေပြန်ရွေးခန့်ခိုင်းမှဖြစ်တော့မယ် ဒီလိုချောချောမြင်တိုင်းလိုက်ဘူးနေတဲ့ အဲ့လိုဝန်ထမ်းတွေကြောင့် ကြာရင်ငါမွဲသွားလိမ့်မယ်'
[Host......အရှေ့မှာ.....]
ဘုတ်.....
Pooh စကားပင်မဆုံးလိုက်ပဲ ရှေ့ကကောင်လေးဝင်တိုက်တာခံလိုက်ရသောကြောင့် နှစ်ယောက်သားအနောက်သို့ဖင်ထိုင်လျက်ပြုတ်ကြသွားသည်။
'ကျစ် .....သောက်ရှက်ပဲ'
မနည်းမနောဝယ်လာသောကြောင့် လင်းထွဋ်ဦး လဲကျချိန်ဝယ်လာသမျှကကြမ်းပြင်ပေါ်မှာပုံလျက်သား....
"လူကြီး.....ရရဲ့လား...."
အတွေးရေယာဉ်ကြောတွင်နစ်နေစဉ် မိမိနှင့်တိုက်မိသောကောင်လေးခေါ်လိုက်သောနာမ်စားကြောင့် မော့အကြည့်တွင်....
ဆုံမိလိုက်သောမျက်ဝန်းပြာတို့ကြောင့် တင်းကြပ်လာသော ရင်အစုံနှင့်အတူ ထိုးကိုက်လာသော ခေါင်းကြောင့် ဝေဒနာမှာမချိမခံသာ။
"လူ...လူကြီး ....အ..အဆင်ပြေရဲ့လား..."
အထစ်ထစ်အငေါ့ငေါ့ဖြင့် မိမိအားခေါ်နေသောကောင်လေးကို တွန်းထုတ်မိသည်ကိုမိမိကိုယ်တိုင်ပင်မသိတော့။
"မခေါ်နဲ့.....လူကြီးလို့...အားး..."
>>>>>>>>>>>>>>>>>>>>>>>>>>>>
ဟိဟိ ဘယ်သူနဲ့တွေ့တာလဲမသိဘူးနော်😁
ဖတ်ပေးကြတဲ့လူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်❣️❣️
Edit_စာပြန်ပြင်ထားပါတယ် လိုတဲ့နေရာရှိရင်ပြောပြပေးပါဦး
...............................................