Only CHANDI World
By GlaPark_04
9.4K 736 30
အချစ်​ထက်​မက...........
♡ Once Again ♡
He's Birthday Present!
remember me
အချစ်​ = ​သေ​စေနိုင်​​သော
you are mine
Wedding Dress......
အချစ်ထက်မက.... ( Uni )
Once Again ( Uni )
He's birthday present ( Uni )
remember me ! ( Uni )
အချစ်​ = ​သေ​စေနိုင်​​သော ( Uni )
You are mine (Uni )
Temporary FRIEND !! ( Z+U )
501 49 9
By GlaPark_04
#Zawgyi
" ငါတို့က ဘာလဲ "
" ချီးပဲ "
သေချင်လို့လား "
................  Temporary FRIEND .................
................  Temporary FRIEND .................
" အင်း မသိချင်ဘူး "
" မနက်ဖြန် အားလား "
" ဘာလုပ်မလို့လဲ "
" ငာသူနဲ့မသွားချင်ဘူး "
ငါ့လာရစ်မနေနဲ့ "
မင်းရင်တွေတုန်နေမယ် "
" ချီးပဲ ပတ်ချန်းယောလ် "
................  Temporary FRIEND .................
" ငါစိတ်မပါတော့ဘူး "
" ဘာဖြစ်လို့လဲ "
" ငါမေးတာအရင်ဖြေ "
" ဘာ "
စိတ်ညစ်နေလို့ ငါ့ကိုဘီယာတိုက်ဂယောင်ဆူး  "
အဖေနဲ့လား "
ရန်ဖြစ်နေကြဘဲ "
................  Temporary FRIEND .................
" ဘာကိုလဲ "
ငါကဘာမေးရမှာလဲ "
တုံးလား "
" ငာဘေးမှာမင်းမရှိနေရင် ငာအိပ်မပျော်ဘူး "
" ဟမ်... အင်း "
" .... အင်း...... "
" ပတ်ချန်းယောလ် ပေါ့ "
ကိုင်ပြီး မေးတယ်
" ငါတစ်ယောက်တည်း.. "
" အင်း "
" ငါမင်းကိုမေးမယ် မင်းပြောတဲ့အပေါ်မူတည်ပြီး ငါ မင်းကိုဘယ်လိုမြင်လဲ ဆိုတာပြန်ဖြေမယ် "
" ဘာမေးမှာလဲ "
" အင်း ငါရောဘဲ "
" ဘာ ဂယောင်ဆူး "
" အရူးကောင် "
" ချစ်တယ် ဂယောင်ဆူး "
................  Temporary FRIEND .................
" သား ဂယောင်ဆူး...
" ဟုတ် အမေ "
သူကအနိုင်ကျင့်ပြီး ခိုင်းတာလား "
" ဟုတ်မေမေ "
" ဟုတ်လား သားအခုမှသိတာ "
ပတ်မာမားက မေးတယ်
" ဟုတ် အမေ "
" ဟုတ်ကဲ့ မေမေ "
................  Temporary FRIEND .................
ချစ်သူထက် မကဘူးနော် "
" အဲ့တော့ "
ကပါလာတာလဲ "
ပြီးရင် မင်းသဘောပဲ "
" တကယ်နော် ဟီး "
" ငါမေးတာအရင်ဖြေ "
" ဘာလို့ညာခဲ့တာလဲ "
" သူကငါ့ကိုပြောတယ် ငါတို့ကမဖြစ်နိုင်ဘူးတဲ့
" ဂယောင်ဆူး "
"....."
ငါမင်းကိုမုန်းတယ် "
တချိန်လုံး ခိုးနမ်းနေတာများ ဒာတောင် မင်းမဝနိုင်သေးဘူးလား "
" ဟမ် ဂယောင်ဆူးသိနေတယ် "
................  Temporary FRIEND ................
မင်းဆိီရောက်တော့ ငါကြောက်ခဲ့တာ ငါတို့က
လုပ်ခဲ့တာပေါ့ "
မင်းဘဲရှိတာ ပြီးတော့ ငါမင်းကိုပဲ ချစ်တာ "
ဖက်လိုက်တယ်
တချို့ ချစ်ခြင်းတွေက
အပြုအမူတွေ ကတဆင့်
နှလုံးသားတွေ ထပ်တူညီနိုင်ပါတယ်
#HappyCHANSOODay
#Sweet612Day
#Unicode
" ငါတို့က ဘာလဲ "
ဘီယာသောက်နေရင်းက ထမေးတဲ့ ချန်းယောလ်ကြောင့် ဂယောင်ဆူး ကြောင်သွားတယ်
" ဘာကိုဘာလဲရမှာတုန်း ငါနဲ့မင်းက သူငယ်ချင်းတွေလေ "
" ချီးပဲ "
ချန်းယောလ်မျက်နှာ ရှုံ့တွပြီး ထဆဲတယ်
" အရိုင်းစိုင်းကောင် ငါ့ဘာကိစ္စထဆဲတာလဲ
သေချင်လို့လား "
ဂယောင်ဆူးပြောနေတုန်း ချန်းယောလ်က
စားပွဲခုံပေါ်ခေါင်းမှောက်သွားတယ်
" တကယ်ဘဲ.... မင်းက.... စိတ်ရှုပ်စေတယ် "
ခပ်တိုးတိုးဆိုသည့် စကားပေမယ့်လည်း
ဂယောင်ဆူးအကုန်ကြားလိုက်ရတယ်
ရီဝေဝေဖြစ်နေတဲ့ကြားကပြုံးမိသွားတာပေါ့
" အင်း မင်းကငါ့အတွက်လည်း စိတ်ရှုပ်စရာပဲ
ဒါကိုရော မင်းသိလား ချန်းယောလ် "
................  Temporary FRIEND .................
" ဟေ့ကောင် ချန်းယောလ် ထတော့ !! "
" ခနလေးကွာ ငါးမိနစ်ဘဲ ဂယောင်းဆူးရား "
ဂွမ်းစောင်ပုံကြားထဲ လုံးထွေးနေသော
လောရှည်ကောင်ကို ဂယောင်ဆူးစိတ်မရှည်ပါ
" ဒီနေ့ စာမေးပွဲ ဖြေရမှာနော် ငါအကုန်ပြင်ပြီးနေပြီ မင်းအခုမထရင် နောက်ဆုံးနှစ်ကျခဲ့မှာဘဲ "
ဝုန်းခနဲ မြည်သံနဲ့အတူ စောင်ကိုပတ်လျက်
ချန်းယောလ်ကုန်းထ လာတယ်
" မင်းက ဘာကိစ္စ စောင်ပတ်ထားတာတုန်း "
" ငါဘာမှမဝတ်ထာဘူး ဂယောင်ဆူး
မင်းရှိနေဦးမှာလား ငါတော့ချွတ်ပြီ "
တကယ်ကို သူ့ကိုယ်ပေါ်က
စောင်ဖယ်နေပါတဲ့ ချန်းယောလ်..
" ငါအခုထွက်မယ် ပရမ်းပတာကောင် "
တံခါးကို ဒုန်းခနဲ အသံမြည်အောင်ပိတ်ချပြီး
ဂယောင်ဆူး အခန်းအပြင်ထွက်သွားတယ်
ဖြူ ဖြူ စင်စင် ကလေးရုပ်ကလေးနဲ့ သူ့ကိုကြည့်
ပြီး ပြောတဲ့စကားက ဒီကောင်ကတော့....
ဂယောင်ဆူးစိတ်ထဲကနေ ကျိန်ဆဲနေလိုက်တယ်
ဂယောင်ဆူး နားရွက်ဖျားတွေ ရဲတွတ်သွားတာမြင်လိုက်တဲ့ ချန်းယောလ်က အပြုံးကြီးတစ်ခုနဲ့ ရေချိုးခန်းထဲဝင်သွားတယ်
" မင်းရှက်သွားတာက ချစ်ဖို့ကောင်းတယ် "
................  Temporary FRIEND .................
" ငါ့ကို ဆယ်ယွန်းကမေးတယ် ငါ့အတွက်
မင်းကအရေးကြီးလား သူကအရေးကြီးလားတဲ့ "
" ငါက သူငယ်ချင်းလေ သူကမင်းရည်းစား
ဘာမှကိုမဆိုင်တာဘဲ ချန်းယောလ် "
ဂယောင်ဆူးက ကော်ဖီတောင်အဖျော်မပျက်ဘူး
" ငါဘာဖြေခဲ့လဲ မသိချင်ဘူး လား "
ချန်းယောလ်က ထပ်ပြောတယ်
" အင်း မသိချင်ဘူး "
ဂယောင်ဆူးက ခပ်အေးအေးဘဲ ဖြေတယ်
" မနက်ဖြန် အားလား "
" ဘာလုပ်မလို့လဲ "
" ငါအပြင်သွားချင်လို့ မင်းလိုက်ခဲ့ပါလား "
" ငါ မအားဘူး ယွန်းဆယ်ယွန်းနဲ့သွားလေ "
" ငါသူနဲ့မသွားချင်ဘူး "
" ဒါဆိုလည်း တစ်ယောက်တည်းသွား
ငါ့လာရစ်မနေနဲ့ "
" ကော်ဖီတွေ အရမ်းမသောက်နဲ့ဆို
မင်းရင်တွေတုန်နေမယ် "
" ငါ့ကော်ဖီခွက်ပြန်ပေး ချန်းယောလ် "
" မနက်ဖြန် ငါနဲ့လိုက်ခဲ့မယ်မလား "
ကော်ဖီခွက်ကို ဂယောင်ဆူးအရှေ့ပြန်ချပေးပြီး
ချန်းယောလ်က အနားနားကပ်မေးတယ်
" မင်းက စိတ်ရှုပ်ဖို့ကောင်းတယ် "
ကော်ဖီခွက်ကိုင်ရင်း ဂယောင်ဆူးကပြောတယ်
" မင်းလည်းငါ့အတွက် စိတ်ရှုပ်စရာလေးဘဲ "
ဂယောင်ဆူးရဲ့ ကတုံးဆံပင်ပေါက်ကို
ပွတ်ရင်း ချန်းယောလ်က ပြန်ပြောတယ်
" ငါ့ခေါင်းကို လာပွတ်ပြန်ပြီ "
" အင်း စိတ်ရှုပ်လို့ ပွတ်ကြည့်တာ "
" ချီးပဲ ပတ်ချန်းယောလ် "
................  Temporary FRIEND .................
" ငါတို့ နှစ်ယောက်စလုံးဘွဲ့ရပြီးပြီဆိုတော့
မင်းငါ့ကိုဘီယာဝယ်တိုက် ဂယောင်ဆူး "
" အမြဲတမ်း ပေါ့ပျက်ပျက်လုပ်မနေနဲ့
မင်းဘဲ သီချင်းတွေဆက်ရေးပြီး ဆိုမယ်ဆို
ဒီအတိုင်းနေ နေလို့မရဘူးနော် "
" ငါစိတ်မပါတော့ဘူး "
" ဘာဖြစ်လို့လဲ "
" ငါမင်းနဲ့ အတူတူ အိပ်မယ် "
" မင်းအခန်းက ငါ့အခန်းနဲ့ မျက်နှာချင်းဆိုင်နော် ဘာကိစ္စ ငါ့အခန်းလာအိပ်မှာလဲ "
" ဂယောင်ဆူး ဘီယာဝယ်တိုက်ဆိုနေ "
" ငါမေးတာအရင်ဖြေ "
" ငါ့အခန်းက ငါမပိုင်တော့ဘူး "
" ဘာ "
" ငါနေစရာမရှိလို့ မင်းဆီလာနေတာ
စိတ်ညစ်နေလို့ ငါ့က်ိုဘီယာတိုက်
ဂယောင်ဆူး  "
" အမေနဲ့ရန်ဖြစ်လာတာလား ဒါမှမဟုတ်
အဖေနဲ့လား "
" မင်းကလွဲရင် ငါကအကုန်လုံးနဲ့
ရန်ဖြစ်နေကြဘဲ "
" အပိုတွေပြောပြန်ပြီ ငါနဲ့မင်းလောက်
ခနခန ရန်ဖြစ်တာ ဘယ်သူရှိသလဲ "
" ဒါ ငါတို့က ရန်ဖြစ်တာမှ မဟုတ်ဘဲ
အချင်းချင်း ချစ်လို့ ကျီစားကြတာလေ "
စပ်ဖြီးဖြီးမျက်နှာထားနဲ့ပြောတဲ့ ချန်းယောလ်ကို ဂယောင်ဆူးက ပြန်ပြောလိုက်တယ်
" ချီးကို ချစ်လို့ ကျီစားလေ ဘောပဲ  !! " တဲ့
................  Temporary FRIEND .................
" ငါတို့သိခဲ့တာ ဆယ်နှစ်ကျော်နေပြီ ဂယောင်ဆူး "
" မင်းငါနဲ့လာနေပြီး ကပ်စားနေတာလဲ တစ်နှစ်ပြည့် တော့မယ် "
ကွန်ပျူတာ အကြည့်မပျက်ဘဲ ဂယောင်ဆူးကပြောတော့ ချန်းယောလ်က ဂယောင်ဆူးဘေးသွားထိုင်ပြီး ခေါင်းကိုပွတ်တယ်
" ဒါကငြိုငြင်နေတာလား အချစ်ပေါ့နေတာလား ဟွန့် "
" ချီးပဲ သောက်ပေါက်ကရတွေဘဲပြောနေတယ် ငါ့ခေါင်းလာ လာ မပွတ်နဲ့ဆိုနေ "
" ငါ့ကိုမမေးတော့ဘူးလား "
" ဘာကိုလဲ "
" ငါ့အခန်းမှာ ငါမနေတော့တာ ငါဘာပစ္စည်းမှမရှိဘဲ မင်းနဲ့လာနေတာ ငါ့ရည်းစားဟောင်းဆယ်ယွန်းနဲ့ ပြတ်သွားတာ ပြီးတော့ ငါစေ့စပ်
မယ့်သတင်းဖျက်လိုက်တာတွေလေ "
" မင်းဘဲ အဲ့အခန်းကို မပိုင်တော့ဘူးဆို
ဆယ်ယွန်းနဲ့ပြတ်တာက မင်းစေ့စပ်မယ့်သတင်းကြောင့်လေ မင်းအိမ်မပြန်တာက မင်းဘာသာ မင်းအိမ်ကို မပြန်ချင်လို့ မဟုတ်ဘူးလား
ငါကဘာမေးရမှာလဲ "
" မင်းလိုစာတော်တဲ့သူက ဒီလိုနေရာမျိုးကျ
တုံးလား "
" ငါအလုပ်လုပ်နေတယ်နော် မင်းလည်း
မနက်အလုပ်သွားရမှာကို မအိပ်ဘူး ငါခနနေ
အိပ်မှာမို့ မင်းအိပ်နှင့်တော့ "
" ငါ့ဘေးမှာမင်းမရှိနေရင် ငါအိပ်မပျော်ဘူး "
မျက်မှန်ကတဆင့်ဖောက်ထွင်းပြီးတော့
ဂယောင်ဆူးကသူ့ကိုစူးစိုက်ကြည့်တယ်
" မင်းဘီယာသောက်ထားပြန်ပြီလား "
" ငါဘာ ဘီယာမှမသောက်ထားဘူး "
" နောက်လ ငါအိမ်ပြန်ရတော့မယ် "
" ဟမ်... အင်း "
" ငါအဲ့အခါစေ့စပ်ရတော့မှာ "
" .... အင်း...... "
" ငါ့ကို မင်းဘယ်လိုမြင်လဲ "
" ပတ်ချန်းယောလ် ပေါ့ "
" မနောက်နဲ့ ဂယောင်ဆူး ငါအတည်မေးနေတာ "
ချန်းယောလ် ဂယောင်ဆူးပုခုံးကို
ကိုင်ပြီး မေးတယ်
" ငါမင်းကို ပတ်ချန်းယောလ်လို့ မြင်တယ် "
" ငါတစ်ယောက်တည်း.. "
" ငါပြောတာမဆုံးသေးဘူး ချန်းယောလ် "
" အင်း "
" ငါမင်းကိုမေးမယ် မင်းပြောတဲ့အပေါ်မူတည်ပြီး ငါ မင်းကိုဘယ်လိုမြင်လဲ ဆိုတာပြန်ဖြေ
ပေးမယ် "
" ဘာမေးမှာလဲ "
" မင်းအတွက် ငါကဘာလဲ ချန်းယောလ်
တစ်ခုဘဲဖြေ တစ်ခါတည်း ဖြေ "
" ငါက မင်းသူငယ်ချင်း လေ ဒါပေမယ့် ငါက
အချိန်အတိုင်းအတာတစ်ခုအထိဘဲနေမှာ
ငါကမင်းချစ်သူဖြစ်ချင်တာ ဂယောင်ဆူး "
" အင်း ငါရောဘဲ "
" ဘာ ဂယောင်ဆူး "
တအံ့တသြ ဖက်လာတဲ့ချန်းယောလ်က
သူ့ပုခုံးပေါ်ခေါင်းတင်ရင်း ရှိုက်တယ်
" အရူးကောင် "
" ချစ်တယ် ဂယောင်ဆူး "
" ဘာလို့ အခုမှပြောလဲ မင်းသာဒီနေ့မပြောရင်
ငါမိန်းမကောက်ယူပစ်တော့မှာ "
" တောင်းပန်ပါတယ် ဂယောင်ဆူး "
................  Temporary FRIEND .................
" သား ဂယောင်ဆူး...
ချန်းယောလ်ကို တကယ်ချစ်တယ် ပေါ့ "
" ဟုတ် အမေ "
ဂယောင်ဆူးလက်တဖက်ကို ဆုပ်ကိုင်ထားရင်း
ချန်းယောလ်အပြုံးတွေက မရပ်တော့ဘူး
" မတရားပြုံးမနေနဲ့ အကြောသေနေမယ် "
" ဖေဖေကလည်း ပျော်လို့ပါ ဟီး "
" သား ဂယောင်ဆူး ဒီအရူးကောင်ကို
သား တကယ်စိတ်ရင်းနဲ့လိုချင်တာပါနော်
သူကအနိူင်ကျင့်ပြီး ခိုင်းတာလား "
" ဗျာ မဟုတ်ပါဘူး အဖေ စိတ်ရင်းနဲ့ပါ "
" သားတို့ဘက်ကရော သဘောတူရဲ့လား "
" တကယ်ဆို ဖေဖေမမေတို့က အဖေတို့ကို
အားနာလို့မလိုက်လာတာပါ အကိုကလက်ထပ်ပြီးပြီမို့ အဆင်ပြေတယ် သားသဘောပါတဲ့
ဒါပေမယ့် ချန်းယောလ်ကျ အဖေတို့ကသားတစ်ယောက်တည်းပါတာမလို့ "
" ဒါတွေကအရေးမကြီးပါဘူး "
" အဓိကက သားတို့စိတ်ချမ်းသာဖို့ဘဲ "
" ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ "
" အရူးကောင်လေး အခုပျော်တယ်မလား "
" ဟုတ်မေမေ "
ချန်းယောလ်က ပတ်မားမားကို ပြေးဖက်တယ်
" အမလေး အခုမှ လာချွဲနေတာ သားသိလား
ဂယောင်ဆူး သားအချစ်ကိုရဖို့လေ အိမ်ပေါ်ကနေ ဘာမှမယူဘဲ တစ်နှစ်ဆင်းသွားတာ "
" ဟုတ်လား သားအခုမှသိတာ "
" အဲ့အကြောင်းနောက်မှပြောရအောင်
အခုက သားတို့နှစ်ယောက်ကိစ္စ  "
ချန်းယောလ်ကစကားစဝင်ဖြတ်တယ်
" လက်ထပ်ပွဲလုပ်ချင်လား သားတို့ "
ပတ်မာမားက မေးတယ်
" ဒီအတိုင်း နှစ်ဖက်မိဘသိရင်ရပါပြီ
အခုလည်းသားတို့ကအတူတူနေတာလေ
ဟုတ်တယ်မလား ဂယောင်ဆူး "
" ဟုတ် အမေ "
" အဲ့တာဆို မနက်ဖြန် မိသားစုတွေ့ဆုံပွဲလုပ်ပြီးတော့ သားတို့ကိစ္စကို တရားဝင်ကြတာပေါ့ "
" ဟုတ်ကဲ့ မေမေ "
................  Temporary FRIEND .................
" ငါမင်းကို နမ်းချင်တယ် ဂယောင်ဆူး "
" မနမ်းဖူးလို့လား မင်းက "
" ငါတို့က အခုမှ အတည်ချစ်သူ အဲ
ချစ်သူထက် မကဘူးနော် "
" အဲ့တော့ "
ဂယောင်ဆူးက ရုပ်တည်ကြီးနဲ့ ...
" တရားဝင် ဘာညာဘာညာကြမယ်လေ "
" ယွန်းဆယ်ယွန်းနဲ့ ဘာလို့တွဲခဲ့တာလဲ "
" ငါတို့ပြောတဲ့အထဲ ဘာလို့ယွန်းဆယ်ယွန်း
ကပါလာတာလဲ "
" ငါမေးတာတွေအရင်ဖြေပေး
ပြီးရင် မင်းသဘောပဲ "
" တကယ်နော် ဟီး "
" ငါမေးတာအရင်ဖြေ "
" ယွန်းဆယ်ယွန်းက မင်းကိုသဘောကျတယ်
လို့ ငါ့ကိုအဲ့တုန်းကပြောတယ် "
" မင်းကသူနဲ့ငါမသိခင်တည်းကသိတာပေါ့ "
" မဟုတ်ဘူး မင်းကိုသူနဲ့ငါတွဲနေပြီလို့
ပြောတဲ့နေ့ကမှ စကားပြောဖူးတာ  "
" ဘာလို့ညာခဲ့တာလဲ "
" အဖြေကရှင်းတာပဲကို ငါမင်းကိုသူနဲ့
ကြိုက်သွားမှာစိုးလို့လေ ပြီးတော့ သူက "
" ဟန်ဆောင်ကြတာပေါ့ ယွန်းဆယ်ယွန်းနဲ့ "
" သူကငါ့ကိုပြောတယ် ငါတို့ကမဖြစ်နိူင်ဘူးတဲ့
သူတောင်မင်းအပေါ်ထားတဲ့ငါ့စိတ်ကိုသိနေတာ မင်းကဘာလို့မသိတာလဲ "
" မင်းကအဲ့စိတ်ကိုအတည်ဖွင့်ပြခဲ့ဖူးလို့လား "
" ဂယောင်ဆူး "
" ငါတွေးနေခဲ့တာ ငါငယ်ငယ်တည်းက
မင်းတစ်ယောက်တည်းနဲ့ပဲ အနေများခဲ့ပြီး
မင်းတစ်ယောက်ပဲရှိနေခဲ့လို့ ငါမင်းအပေါ်မှာ
အတ္တထားနေမိတာလို့ထင်ခဲ့တာ ဒါပေမယ့်
မင်းဆီကိုငါကတဆ့င် လက်ဆောင်ပစ္စည်းေ တွ စာတွေလာပေးကြတဲ့အခါ ငါအရမ်းစိတ်
တိုတယ် အဲ့တာကြောင့်အများစုကို မင်းဆီမ
ရောက်ခင်ငါလွှင့်ပစ်ခဲ့တယ် "
ဂယောင်ဆူးပြောတာကိုနားထောင်ရင်းက
ချန်းယောလ်တယောက် ပြုံးနေတာမရပ်တော့
" သိရဲ့လား ဂယောင်ဆူး ငါဘယ်အချိန်တည်းက မင်းကိုချစ်နေမှန်းမသိပေမယ့် ငါသိတဲ့အချိန်မှာ မင်းက ငါ့ happy virus လေးဘဲ "
"....."
" ငါဘယ်လိုအချိန်ဘဲဖြစ်ဖြစ် ဘယ်လောက်ပဲ
စိတ်ပင်ပန်းနေပါစေ မင်းကိုတွေ့တဲ့အခါ မင်း
ခေါင်းလုံးလုံးလေးကို ပွတ်ရတဲ့အခါ မင်းကိုစ
တဲ့အခါတိုင်း ငါစိတ်ချမ်းသာရတယ် ငါ့ဘဝမှာ မင်းမရှိရင်မဖြစ်ဘူး ဂယောင်ဆူး "
" အရူးကောင် မင်းကြောင့် ငါခံစားခဲ့ရတယ်
ယွန်းဆယ်ယွန်းနဲ့တွဲနေပြီလို့ပြောတုန်းက
ငါဘယ်လောက်ဝမ်းနည်းခဲ့ရသလဲသိလား
ငါမင်းကိုမုန်းတယ် "
" ချစ်တယ် ဂယောင်ဆူး အရမ်းချစ်တယ် "
ချန်းယောလ် ဂယောင်ဆူးကိုယ်လုံးလေးကို
သိမ်းကြုံးပွေ့ဖက်လိုက်တယ်
" မင်းငါ့ကို မပြောပြရသေးတာကျန်သေးတယ် "
" ဘာကျန်သေးလဲ နောက်မှပြောမယ်
အခု ငါမင်းကိုနမ်းချင်တာဘဲသိတယ် "
" နှာဘူးကောင် မင်းငါ့အခန်းမှာနေတဲ့ အချိန်
တချိန်လုံး ခိုးနမ်းနေတာများ ဒါတောင် မင်းမဝနိူင်သေးဘူးလား "
" ဟမ် ဂယောင်ဆူးသိနေတယ် "
" ငါမင်းစရောက်တဲ့ညတည်းက သိတာလေ
သေမလိုပဲ တအားတွေနမ်းတာ ငါကမသိဘဲ. နေမလား အရူးကောင် "
" ဟီးဟီး ငါကမင်းအသက်ကြီးလာလို့
အအိပ်မက်လာတယ်ဆိုပြီး ထင်နေတာ ဟဲ "
" ချီးမို့ အအိပ်မက်ရမှာလား မျက်နှာတစ်ခုလုံး
နေရာမကျန်လိုက်နမ်းနေပြီးတော့ "
" ဘာပဲဖြစ်ဖြစ်ကွာ အခုနမ်းမယ်လေ နော် "
................  Temporary FRIEND ................
" အဲ့တော့ ငါ့ကိုဖွင့်ပြောမယ်ဆိုပြီး စေ့စပ်ပွဲ
ဖျက်ပြီးအိမ်ပေါ်ကဆင်းလာခဲ့တာပေါ့လေ "
" အင်း အစကတော့အဲ့လိုဘဲ ဒါပေမယ့်
မင်းဆီရောက်တော့ ငါကြောက်ခဲ့တာ ငါတို့က
သူငယ်ချင်းအရင်းကြီးတွေမို့ ဒီလိုမျိုးအခြေအနေမျိုးကို မင်းလက်မခံချင်မှာစိတ်ပူခဲ့တာ "
" ငါတို့ တစ်ယောက်သဘောထား တစ်ယောက်ဖွင့်ဖြစ်တဲ့ နေ့က အမေကငါ့ကိုခေါ်တယ်
ပေးထားတဲ့အချိန်တနှစ်ပြည့်တော့မယ်တဲ့
ဂယောင်ဆူးနဲ့သာ အခုထိအခြေအနေတိုးတက်မလာရင် အိမ်ကိုလကုန်ပြန်လာခဲ့တော့
တွေ့တဲ့မိန်းမဘဲယူခိုင်းတော့မယ်တဲ့ "
" မိန်းမကလည်း မလိုချင်ဘူး အဲ့ဒါနဲ့ ငါ့ကို
အဲ့လိုမျိုး မင်းကိုအရင်စကားမစ စအောင်
လုပ်ခဲ့တာပေါ့ "
" မဟုတ်ပါဘူး ငါကြောက်နေခဲ့တာမို့ပါ "
" သိထားပေး ချန်းယောလ် ငါကလေ
မင်းကိုပဲသိတာ ငါ့မိဘတွေပြီးရင် ငါ့မှာ
မင်းဘဲရှိတာ ပြီးတော့ ငါကမင်းကိုပဲ ချစ်တာ "
ကြက်ဥလိပ်လုပ်နေတဲ့ ဂယောင်ဆူးရဲ့
နောက်ကျောလေးကို ချန်းယောလ် အသာ
ဖက်လိုက်တယ်
" ငါလည်းအတူတူပါပဲ ဂယောင်ဆူး
ငါ့ဘဝတလျှောက်လုံး မင်းကိုဘဲငေးကြည့်ပြီး
မင်းကိုဘဲချစ်လာတာမို့ ငါ့ကိုယုံပါနော် "
" အင်းအခုငါသိပါပြီ ငါမင်းအချစ်ကိုယုံတယ်"
တချို့ ချစ်ခြင်းတွေက
တဖွဖွပြောနေစရာမလိုဘူး
အပြုအမူတွေ ကတဆင့်
နှလုံးသားတွေ ထပ်တူညီနိူင်ပါတယ်
#HappyCHANSOODay
#Sweet612Day
( ညက အိပ်ချင်မူးတူးနဲ့ note ကို copy ကူး
  ပြီး 12 အမှီတင်လိုက်တာပဲ ဖြစ်ချင်တော့
  အမည်လည်းလွဲ စာကလည်းတဝက်တပျက်
   နဲ့ unicode ver လည်းမပါဘူး တကယ့်ကို
    အိုင်ကပရမ်းပတာတွေ လုပ်တာ 😁😁 )
Continue Reading
You'll Also Like
5.3M 179K 78
Sofia is a 17 years old high school student under the guardianship of her step-father. Several weeks after her mother's death Sofia discovers the ho...
18.4M 494K 48
Warning: Feels, Violence and sexual content Advised Age: 15 + Maisie Ashford is thankful that her older brother is becoming Alpha. She'd rather not h...
1.3M 3.2K 4
Wattpad Editors' Choice, Winner of the 2020 Fiction Awards (for Best Plot Twist) and 2020 Mafia Romance of the Year. A chance encounter with an enigm...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...