💙အပြာ​ရောင်​နွေဦး💙 {Complet...
By jay_m_01
59.8K 4.2K 532
မထင်​မှတ်​ထားတဲ့..​တွေဆုံမှု​လေးသည်​... အပြာ​ရောင်​နွေဦးမှာစခဲ့တာမို့.... ကျွန်​တော့်​ရဲ့အချစ်​တွေသည်​လည်း..အ... More
💙-1
💙-2
💙အပြာ​ရောင်​​နွေဦး💙 _ 3
💙အပြာ​ရောင်​​နွေဦး 💙_4
💙အပြာရောင်နွေဦး 💙_ 5
💙အပြာရောင်နွေဦး 💙_6
💙အပြာ​ရောင်​​နွေဦး💙 _ 7
💙အပြာ​ရောင်​​နွေဦး 💙_ 8
💙 အပြာရောင်နွေဦး 💙 _ 9
💙 အပြာရောင်နွေဦး 💙 _ 10
💙 အပြာရောင်နွေဦး 💙 _ 11
💙အပြာရောင်နွေဦး 💙_ 12
💙အပြာရောင်နွေဦး 💙_ 13
💙အပြာရောင်နွေဦး 💙 _14
💙အပြာရောင်နွေဦး 💙 _ 15
💙 အပြာရောင်နွေဦး 💙_ Final
ကြေညာချက်လေးပါ😍
Dika Day Special Part
💙Choice For U💙
💙1💙 (Uni)
💙2💙 (Uni)
💙4💙(Uni)
💙5💙(Uni)
💙6💙(Uni)
💙7💙(Uni)
💙8💙(Uni)
💙9💙(Uni)
💙10💙(Uni)
💙11💙(Uni)
💙12💙(Uni)
💙13💙(Uni)
💙14💙(Uni)
💙15💙(Uni)
💙Final💙(Uni)
Dika Day Special Part
💙fic cover💙
💙
Mini Story
To Read
💙3💙(Uni)
628 39 0
By jay_m_01
Kim Jonginဆိုတဲ့လူကြီးမှန်းသိ​ပေမဲ့လည်း...
သူက..ကိုယ့်​ကိုတစိမ်းဆန်​သွား​တော့..ရင်​ထဲမှာဟာတာကြီးရယ်​..
*ခင်​ဗျားရယ်​...ဘာဖြစ်​လို့ကျွန်​တော့်​ကို..တစိမ်းလိုဆက်​ဆံတာလည်းသိချင်​ပါရဲ့....ဒါ​ပေမဲ့..ခင်​ဗျားနဲ့..ကျွန်​တော်​ကတစ်​ရက်​တည်း​တွေးဘူးတဲ့သူ​တွေဆို​တော့..အင်း..တစိမ်းလို့​ပြောလို့ရတာ​ပေါ့ *
အသက်​မပါ​သော​ခြေလှမ်း​တွေနဲ့သာ..အိမ်​ပြန်​လာခဲ့လိုက်​တော့တယ်​..
​မြေ​အောက်​ဘူတာက​နေ..ရထားစီးပြန်​နေကြဆို​တော့...
ဒီအချိန်​ကျောင်းဆင်းချိန်​ဆို​တော့..လူများတာမဆန်းပေ...
အိမ်​ကလာကြိုမယ်​ပြော​ပေမယ့်​...
တစ်​ယောက်​တည်း..ရထားစီပြန်​ရတာကို..ပိုလို့ပင်​သ​ဘောကျ​တတ်​တာမို့....
အရင်​နေ့​တွေကနဲ့မတူ..ဒီ​နေ့လူပိုကျပ်​တယ်​လို့ပြောလို့ရတယ်​.....ထိုင်​စရာ​နေရာမရှိတာနဲ့..​ထောင့်​ဘက်​မှာပဲ​နေရာယူလိုက်​တော့တယ်​..
​ထောင့်​ဘက်​ဆို​တော့..နည်းနည်းမှီလို့ရတယ်​လေ....
"ဟာ!! လူကပိုများလာလိုက်​တာ..တဖြည်းဖြည်းနဲ့..ရပ်​ရတာ..ကျဉ်းလာသလိုပဲ..."
တိုးတိုး​လေးသာငြီး​နေလိုက်​တော့တယ်​....​ဘေးကဦး​လေးကြီးတစ်​ယောက်​ကလည်း..သူ့ကိုယ်​ဝဝဖိုင်းဖိုင်းကိုမှအားမနည်း​အ​သေတိုး​နေ​လေရဲ့..
လူကတဖြည်းဖြည်းကြားညက်​နေ​တော့..ခန္ဒာကိုယ်​တောင်​ပိုသေးသွားသလို..
သူတိုးငါတိုးနဲ့အလယ်​မှာညက်​နေ​တော့..အသက်​ရှု​တောင်​ကျက်​လာပြီ...
*က​တောက်​စ်​!! လူကဒီ​နေ့ဘာ​နေ့မို့အဲ့​လောက်​တောင်​များ​နေပါလိမ့်​..ဟူး.."
ငြီးတွားလို့မဆုံး​သေး..​နောက်​ကလှမ်းဆွဲခံလိုက်​ရတဲ့ခန္ဒကိုယ်​..
​နောက်​ကျောနဲ့..ထိကပ်​သွားတဲ့..ရင်​ဘက်​တစ်​စုံ....
အမြဲတမ်းစွဲမက်​နေတတ်​တဲ့..ကို​ယ်​သင်းနံ့..ဒီ​လောက်​ဆိုရင်​...
ကျွန်​တော်​အ​နောက်​ကဘယ်​သူလဲဆိုတာ​တော့...ခံစားမိပါပြီ..
ထို့​နောက်​..နား​ဘေးကိုရစ်​ဝဲလာတဲ့..ခပ်​တိုးတိုး​လေပူ​လေးတစ်​ခု...
"ဒီ​လောက်​ညက်​နေတာကို..ဘာလို့​နောက်​မဆုတ်​ပဲ..ကြားညက်​ခံ​နေရတာတုန်း..​သေးပါတယ်​ဆိုမှ..​ပျောက်​သွားဦးမယ်​"
ဒီတစ်​ခါ​တော့..သူကျွန်​တော့်​ကို​ရှောင်​ဖယ်​မသွားသလို....
တစိမ်းဆန်​သလိုလည်းမ​ဖြစ်​နေခဲ့ပါ...
"​နောက်​..​နောက်​မှာ..လူ..လူရှိတယ်​ထင်​လို့..မတိုးတာပါ..
Kim jonginရာ.."
အ​ရေးအ​ကြောင်းဆို..စကားကထစ်​နေ​သေး...
"ငါ့ကို..jonginလို့မ​ခေါ်နဲ့..ငါမကြိုက်​ဘူး..ငါ့နာမည်​က..Kim Kai..
Kaiလို့ပဲ​ခေါ်ပါ!! ဆင်းမယ့်​မှတ်​တိုင်​မလား..သွားမယ်​.."
ကျွန်​တော့်​ဆင်းမယ့်​မှတ်​တိုင်​သူဘယ်​လိုသိတုန်း​!!
ဆွဲသွားတာကလည်း..ငြင်​သာချက်​က..လက်​နာသွားရုံလေးပါ..
*ကျွန်​တော်​က..ခင်​ဗျားကို..Kim kaiဆိုတဲ့...အမည်​ထက်​...
Kim Jonginဆိုတဲ့..အရင်​jonginကိုပဲ..သ​ဘောကျတာပါ..
ကျွန်​တော့်​ရယ်​..Jonginက..Kaiလို​အေးစက်​တဲ့သူမဟုတ်​ပါ*
အိမ်​ပြန်​လမ်းချင်​ကလည်းတူ​နေသလို...သူလည်းဒီနားမှာ​နေတာပဲလား...
အရင်​ကလည်းပြန်​ပါတယ်​..မ​တွေ့ပါဘူး....
"ငါသွားပြီ..."
စကား​လေးသုံးခွန်းနဲ့တင်​...သူထွက်​သွားပြန်​ပြီ....
လွယ်​အိတ်​ကို..လက်​ကကိုင်​..ပုခုံး​ပေါ်ပစ်​တင်​ပြီး...သူကျွန်​တော်​ကို​ကျောခိုင်းသွားပြန်​ပြီ.....
​တွေ့​တွေ့ချင်းတုန်းကလည်း..အဲ့လို​ကျောခိုင်း​ပျောက်​ကွယ်​သွားတာ....
ခုလည်းအဲ့လို​ပျောက်​ကွယ်​သွားမှာလား..ခင်​ဗျားရယ်​????
💙အပြာ​ရောင်​နွေဦး💙
​နောက်​နေ့မနက်​ကျောင်းလာ​တော့..မ​နေ့ကလမ်းခွဲခဲ့တဲ့..လမ်းဆုံ​လေးက​နေ​စောင့်​နေ​ပေးမယ့်​မ​တွေ့တာမို့..​ကျောင်းသာလာခဲ့လိုက်​တော့တယ်​...
ယုန်​တစ်​ကောင်​နောက်​ကျမှာမို့..သူ့အတွက်​မုန့်​ဝယ်​ပေးပါဆိုလို့..ဝယ်​ပေးရဦးမယ်​...လူကမလာ​သေး..အစားကကြိုမှာ​နေတာ....
အခန်းထဲ​ရောက်​တာနဲ့..လွယ်​အိတ်​ချ..မုန့်​ဈေးတန်းဘက်​ပြေးရတာ​ပေါ့....
ယုန်​ဖြူက​ပေါင်​မုန့်​သိပ်​ကြိုက်​ဗျ....အား​နေ​ပေါင်​မုန့်​ပဲစား​နေတာမို့..
ခုလည်း​ပေါင်​မုန့်​ပဲ..ဝယ်​နေတာ​ပေါ့......
"အန်​တီ...သားကို..ဒါ​လေး​တွေထည့်​ပေးပါ​နော်​...."
​ဈေးသည်​အန်​တီကြီးကို...​ပေါင်​မုန့်​တွေထည့်​ခိုင်းပြီး..​ငွေရှင်းရမှာ​ပေါ့....
"အယ်​!! သားရယ်​..ခဏ​စောင့်​ပါလားထည့်​ပေးမယ့်​အိတ်​ကုန်​နေလို့..အန်​တီအ​နောက်​စတိုခန်းထဲခဏသွားယူဦးမယ်​...."
​"ရတယ်​...အန်​တီ..ဒီတိုင်းသာ​ပေးလိုက်​ပါ..​ရော့..ပိုက်​ဆံပါ...."
​ကျောင်းတတ်​ချိန်​နီးတာထက်​...ယုန်​ဖြူ​ရောက်​လောက်​ပြီ​လေ...
အဲ့တာ​ကြောင့်​..အိတ်​မ​စောင့်​ပဲ...ဒီတိုင်းသာယူခြင်းပင်​~~
မုန့်​ယူပြီးလှည့်​အထွက်​...ဆွဲ​စောင့်​ခံလိုက်​ရတဲ့က်​တစ်​ဖက်​....
"​ဟေ့..​ကောင်​လေး..ပိုက်​ဆံမရှင်းပဲ..အလစ်​သုတ်​မလို့လား..ရုပ်​လးသနားကမားနဲ့..အရှက်​မရှိဘူးလား..."
ဆိုင်​ရှင်​အန်​တီကြီး​တော့..မဟုတ်​ပါ..တစ်​ခြားအန်​တီကြီးတစ်​ယောက်​...
"မဟုတ်​ပါဘူး..ကျွန်​တော်​ရှင်းပြီးသွားပါပြီ...အဲ့တာ​ကြောင့်​..ယူရတာပါ..."
"ရှင်းပြီးသား​တွေဆို..အိတ်​ထဲထည့်​ပေးတယ်​လေ..မင်းဟာကမရှင်းရ​သေးလို့..အိတ်​မပါ​တာ​ပေါ.့...."
​ပြောရခတ်​လိုက်​တာ..အန်​တီကြီးရာ.....
"ရုပ်​လေးမှ..အားမနာ..ရှင်းလိုက်​ပါ​ကောင်​လေးရယ်​..မရှက်​ဘူးလား.."
"မင်းကွာ...မင်းမရှက်​ပေမဲ့..မင်းအစားငါတို့အတန်းကသိက္ခာကြတယ်​ကွ.."
သူများ​တွေရဲ့..တစ်​ယောက်​တစ်​ပေါက်​ပြောဆိုသံ​တွေ​ကြောင့်​..လူက​ခွေ​တောင်​လဲချင်​နေပြီ....
ဖြစ်​နိုင်​ရင်​..ဒီကပါထွက်​ပြေးသွားချင်​နေတာ.....
"ဒီမှာခင်​ဗျ...သူပိုက်​ဆံရှင်းတာ..ကျွန်​တော်​မြင်​လိုက်​တယ်​..ဆိုင်​ရှင်​အန်​တီကြီးကိုယ်​တိုင်​လည်းသိတယ်​..မယုံရင်​မေးကြည့်​လိုက်​.."
သူ...ဘယ်​ကတည်း​ရောက်​နေမှန်းမသိ​ပေမဲ့..ကျွန်​တော့်​ဘက်​ကရပ်​တည်​ပေးခဲ့တာ....
ကျွန်​တော့်​ကိုယုံကြည်​ပေးခဲ့တာ....
စတိုခန်းဘက်​က..အိတ်​တွေနဲ့ထွက်​လာတဲ့
ဆိုင်​ရှင်​အန်​တီကြီးကိုပါ..သက်​သေအဖြစ်​ခေါ်​နေတာ...
စွတ်​စွဲသူအန်​တီကြီးကလည်း..မယုံသလိုနဲ့....ကျွန်​တော့်ိကိုလက်​ညိုးထိုးပြီး
"အမ..ဒီ​ကောင်​လေး..မုန့်​ဖိူး​တွေရှင်းပြီးပြီလား.."
"ရှင်းပြီပါပြီ..အိတ်​ကုန်​နေလို့..အိတ်​နဲ့မထည့်​ပေးတာပါ..."
ဆိုင်​ရှင်​အန်​တီကြီးကပြန်​ပြောမှ...တီးတိုးသံ​တွေတိတ်​သွားသလို..
ဟိုအန်​တီကြည်​လည်း..အင်​တင်​တင်​ဖြစ်​သွား​လေရဲ့...
"ရပြီ..​ကောင်​လေး..သွား​တော့!!! "
ကျွန်​တော်​လှည့်​ထွက်​မယ်​အလုပ်​..သူ​ပြောလိုက်​တဲ့စကားက...
"ဒီမှာ...အန်​တီယဉ်​ကျေးမှုသာရှိမယ်​ဆို..ပြန်​တောင်းပန်​ရမယ်​လို့..ကျွန်​တော်​ထင်​တယ်​နော်​..."
"​တောင်းပန်​တယ်​..​ကောင်​လေး!! "
အန်​တီကြီးက​တော့..အသံမာမာနဲ့ပြန်​တောင်းပန်​လေရဲ့.....
သူ့ကို..​ကျေးဇူးတင်​စကား​ပြောဖို့..လှည့်​ကြည့်​လိုက်​တော့...
"​ပျောက်​သွားပြန်​ပြီ...ဘယ်​လိုများလမ်း​လျှောက်​လဲမသိ...ဟင်း.."
သက်​ပြင်း​လေးချရက်​နဲ့ပဲ..မုန့်​ဈေးတန်းကအထွက်​....
"အဲ့တာ..အလယ်​တန်းတုန်းက..ငါတို့အတန်းကမာနကြီးတယ့်​ကောင်​လေ..ဒီ​နေ့လည်းမုန့်​အလစ်​သုတ်​တယ်​ဆိုလား?? "
"​အေးကွာ..အရှက်​မရှိတဲ့​ကောင်​ပဲ..."
ကျွန်​တော်​လူ​တွေနဲ့..မခင်​ချင်​တာ..အဲ့အရာ​တွေ​ကြောင့်​ပင်​.....
လူတစ်​ယောက်​ကို...ဘယ်​တော့မဆို..အ​ကောင်းဘက်​ကမမြင်​ပဲ..
အဆိုးဘက်​ကမြင်​နေတာကို..တကယ်​ပင်​စိတ်​တိုပါသည်​....
ကျွန်​တော်​စိတ်​ညစ်​ရင်​..သွား​နေကျ​နေရာ​လေးတစ်​နေရာရှိတယ်​...
အဲ့​နေရာက..အထက်​တန်းနဲ့..အလယ်​တန်းကိုဆက်​ထားတဲ့..
​ကော်​ရစ်​တာ​လျှောက်​လမ်းပင်​.....လမ်းတစ်​လျှောက်​ပြတင်း​ပေါက်​လေး​တွေက...လူ့အရပ်​...ခါး​လောက်​သာသာရှိတယ်​.....ကျွန်​တော်​စိတ်​ညစ်​တိုင်း..​ကော်​ရစ်​တာအဆုံးက..​ထောင့်​ဘက်​ပြတင်း​ပေါက်​ရဲ့..အ​ရှေ့အုတ်​နံရံမှာတိတ်​တိတ်​လေးငိုတတ်​သည်​.....ကျွန်​တော့်​ရဲ့ပင်​တိုင်​နေရာ​လေးတစ်​ခုပင်​~~
💙အပြာ​ရောင်​နွေဦး💙
Jonginတဖြစ်​Kaiသည်​...ဟို​ကောင်​လေးပြဿနာ​ဖြေရှင်းပြီး...
Sam Yixing​(ခေါ်..)
Yixing Hyung​ခေါ်လို့​နောက်​ကလိုက်​သွားရပြန်​ပြီ....
"jongin..ကိုယ့်​ကိုယ်​ကိုဖျက်​စီးမ​နေနဲ့..မင်းအမှတ်​တွေက..ပုံမှန်​တန်း​ရောက်​တော့မယ်​ကွ..."
အကိုဖြစ်​သူငြီးငြူသ​လို​လေး​ပြော​ပေးမယ့်​မမှုပါ....
Kim kaiဘဝမှာ..ဘယ်​အရာမှတန်​ဖိုးထားစရာမရှိပါ...
အရာရာပြီးဆုံးခဲ့ပြီမဟုတ်​လား??
"Kaiလို့​ခေါ်..ပုံမှန်​တန်း​ရောက်​တော့..​နေရာအသစ်​တစ်​ခုခံစားရတာ​ပေါ့.."
"ည​နေကြ..ညစာလာစား..hyungချက်​ထားမယ်​...."
​မျှော်​လင့်​ချက်​မျက်​လုံး​တွေနဲ့​ပြော​ပေမဲ့လည်း....
ကျွန်​တော့်​မှာ..နူးညံတာ​တွေမရှိတာကြာ​နေပြီ...
"​မျှော်​မ​နေပါနဲ့...စားချင်​မှစားမယ်​...သွားပြီ..."
​ဘောင်းဘီအိတ်​ထဲလက်​ထည့်​ပြီး..cool guy စတိုင်​နဲ့သာ..​လှောက်​လှမ်းလာ​တော့တယ်​.....
hyungလား..ဘာဖြစ်​နေလဲမသိချင်​ဘူး??
Yixingသူ့ညီ​လေးကို..ဘယ်​လိုအရာက​ကောင်း​ကောင်းကြီး​ပျော်​အောင်​ထားနိုင်​မလဲဆိုတာသာ..
သူအတတ်​နိုင်​ဆုံး..ကြိုးစားရှာ​နေဆဲပါ.....
*Jonginကို​ပျော်​အောင်​ထားနိင်​မယ့်​တစ်​ယောက်​တော့​ပေါ်လာဦးမှာပါ..*
​ကော်​ရစ်​တာတစ်​လျှောက်​လျှောက်​နေရင်း..ငိုသံခက်​သဲ့သဲ့ကြားလို့..ကြည့်​လိုက်​တော့..ဟို​ကောင်​လေး..??
ကျစ်​!! က​လေးစုတ်​..ငို​နေပြန်​ပြိ....
"ဒီမှာ!! ငိုရင်​တခြား​နေရာငို​လေကွာ..ဘာလို့..ခြုံကွယ်​ငို​နေတာတုန်း.."
​ပြောလိုက်​တော့..​မော့ကြည့်​လာတဲ့..အရည်​လဲ့​နေတဲ့..မျက်​ဝန်းနှစ်​စုံ...
"Jongin..ဘယ်​..ဘယ်​က.ဟင့်​.!!​ရောက်​လာတာလဲ.."
ငိုမဲ့မဲ့​လေးဖြစ်​ရင်း​ပြော​နေတာ..ဒီ​လောက်​ငိုတာ​တောင်​စပ်​စုနိုင်​သေးတယ်​...
"Kaiလို့​ခေါ်ခိုင်းလည်း..​ခေါ်မှာမဟုတ်​ဘူးမလား..တကယ်​ပဲမ​ပြော​တော့ပု...
ဘယ်​က​ရောက်​လာရမှာလဲ..ငါ့​ကျောင်းပဲ...ဘယ်​လိုသွားသွား​ပေါ့.."
ဆူခြင်းလွန်းလို့​အော်​ပလိုက်​ပြီ....
လူက​အေးစက်​စက်​နေချင်​လို့..နှလုံးသားမရှိတဲ့သူလို​နေပါတယ်​ဆို..
ဒီက​လေးစုတ်​က​တော့..လာရှုပ်​တတ်​တာလား...
​နေရာတိုင်းပဲ...သူရှိ​နေတတ်​တာလား...ကျစ်​!!!
ကျစ်​ခနဲ..​အော်​လိုက်​သံက ..အပြင်​ထိ​တောင်​ကြားသွားတယ်​ထင်​ပါ့...
ချက်​ချင်းကိုပင်​..ထ​ပြေး​လေရဲ့....
သူထ​ပြေးဖို့အလုပ်​..အဲ့နားလူနှစ်​ယောက်​လာတာ​တွေ့​ရော~~~
kyungsoo......jonginကိုစိတ်​ဆိုးတာလုပ်​မိတယ်​ထင်​လို့..ထ​ပြေးဖို့ကြံ​နေတုန်း..လူနှစ်​ယောက်​ရောက်​လာ​တော့..​ပြေး​ပေါက်​ပိတ်​သွား​လေရဲ့...
အရင်​ကတည်းက..အပြစ်​ပြော​နေကြတာမို့..
​ပျော့ညံသူလို့အခေါ်မခံနိုင်​....
ဘယ်​လိုလုပ်​ရပါ့.....
Kim jonginဆိုသူက​တော့..လက်​ရှိပြတင်း​ပေါက်​ဘောင်​က​နေ..
ခါး​လေးကိုင်းပြီးစကား​ပြော​နေခြင်းပင်​....
Kyungsooက​တော့ထိုင်​ရက်​လေးပင်​....
ထိုအချိန်​ဆွဲလှည့်​ခံရတဲ့..ခံစားမှု...
လက်​တဖက်​ပခုံးက​နေကိုင်​ပြီးး..​နောက်​လက်​တစ်​ဖက်​က..လည်​ပင်း​နောက်​က​နေသိုင်​ပြီးဆွဲလှည့်​ခြင်းပင်​...
အခု​တော့..ကျွန်​တော့်​မျက်​နှာသည်​..သူ့ရင်​ခွင်​ထဲမှာပင်​~~
"တခြားသူ​တွေကို..မသိ​စေချင်​ဘူးမလား..ငို..ငါရင်​ခွင်​ထဲမှာဝ​အောင်​ငို..."
သူ့ရဲ့ကိုယ်​သင်းနံ့​ကြောင့်​လား?? သူ့ရဲ့​ပြောစကား​တွေ​ကြောင့်​လားမသိ!!
နဂိုဝမ်းနည်း​နေတာက..ပိုလို့ပင်​.ဝမ်းနည်းပြီးမျက်​ရည်​တသွင်​သွင်​ကြတဲ့ထိ..
"ဟင့်​..ဟင့်​..ဟင့်​!! "
"မင်းကို..ငါက..ကြံ့ခိုင်​နေတဲ့သူတစ်​ယောက်​ဖြစ်​နေပြီထင်​တာ..အများ​ရှေ့ပြုံးရယ်​နေပြီး...သူငယ်​ချင်းပါရှိ​နေ​တော့...
အရင်​ကထက်​...ကြံ့ခိုင်​ပြီး..အရာရာရင်​ဆိုင်​နိုင်​တဲ့သူဖြစ်​နေပြီလို့ထင်​ခဲ့တာ...
ခုဘာ​လို့..အဲ့​လောက်​ဝမ်းနည်း​နေရတာလဲ....
မင်းငါ့လိုသာဆို...တစ်​ခါတည်း..အသက်​ပါ​ပျောက်​သွား​လေမလား..​ကောင်​လေးရယ်​...မင်းအစားငါအားမရဘူးကွာ..ဟင်း..."
သက်​ပြင်းချသံရဲ့..​လေ​ငွေ့ပူပူက....တစ်​ခုခုကိုနာကျင်​ခံစား​နေရပြီးအထီးကျန်​နေတဲ့ပုံပင်​.....
*ခင်​ဗျာမှာ..ကျွန်​တော်​မသိရတဲ့..နာကျင်​စရာ​တွေရှိ​နေခဲ့တာလား??
*ရှိခဲ့ရင်​..ကျွန်​တော့်​ကိုဖွင့်​ပြော​စေချင်​လိုက်​တာ...
*ကျွန်​တော့်​မှာစိတ်​ညစ်​ရင်​..ခင်​ဗျားကခုလိုနှစ်​သိမ့်​နိုင်​ပေမဲ့..
ခင်​ဗျားစိတ်​ညစ်​ရင်​..နှစ်​သိမ့်​မယ့်​သူကျွန်​တော်​ဖြစ်​ချင်​လိုက်​တာ...ခင်​ဗျားရယ်​*
T~B~C~~~~~~
jonginရဲ့နာကျင်​စရာအတိတ်​ကဘာများလဲ????
kyungsooက​ရော...နှိမ့်​သိမ့်​ပေးနိုင်​ပါ့မလား????
​မေးခွန်းရှိရင်​တော့...အ​ဖြေက​တော့...ရှိသင့်​တယ်​မလား???
နှစ်​ယောက်​ထဲကတစ်​ယောက်​ယောက်​က​တော့...​ဖြေရှင်းနိုင်​မယ်​ထင်​ပါတယ်​.
မူလဇာတ်​လမ်းတီထွင်​သူအားအထူးပင်​လေးစားလျှက်​~~~
Continue Reading
You'll Also Like
53.7K 958 39
မာနတံတိုင်း & တည်တံံ့စိုးစံ Uke က red flag ပါ Seme ကတော့ အရမ်းချစ်တတ်တယ် ပေါ့ ဇာတ်အိမ်ခိုင်ခိုင်ဖြင့်ရေးသားထားသောကြောင့် အပြာစာ မဟုတ်ပါ ။ ဇာတ်လမ်...
21.7K 1K 11
ဦးတစ်ယောက်တည်းကိုပဲ ထာဝရတစ်သက်လုံး ချစ်တယ်
5.6M 230K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
11.1K 474 10