[Unicode + Zawgyi]
တစ်ညလုံးမအိပ်ထားဘဲကြည်နူးနေခဲ့မိတဲ့အကျိုးဆက်ကတော့.. သူငယ်ချင်းတွေရောက်လာပြီးဆူဆူညံညံနဲ့ဂိမ်းဆော့နေတာတောင် Baekhyunတစ်ယောက် ငုတ်တုတ်ထိုင်ငိုက်နေသည်။
"Hyunee..ညကအိပ်ရေးပျက်လို့လား မင်းကြည့်ရတာလည်းအိပ်မှုန်စုံဝါးနဲ့ ဘာလဲ ညကဂိမ်းတွေစွတ်ဆော့နေတာမလား"
TaoအပြောကိုBaekhyunပြန်မဖြေနိုင်ဘဲ အိပ်ရဖို့ကိုသာအကြိတ်အနယ်ဖြစ်နေသည်။
"Chanyeol Hyungလာပြီ"
Sehunရေသွားသောက်ရာကနေပြန်လာပြီးကြားရတဲ့စကားကြောင့်Baekhyunခေါင်းထောင်လာခဲ့သည်။
"အမလေး... ဆူညံနေတာတောင်မနိုးတဲ့သူက Chanyeolလာတယ်ဆိုတာနဲ့ခေါင်းကိုဆတ်ခနဲထောင်လာတာများနော်.. ပြောကိုမပြောချင်ဘူး"
"Tao-Ya..ငါကအချစ်တွေနဲ့လူသားဖြစ်နေတော့ အချစ်အသံကြားတာနဲ့ ငါ့နှလုံးသားသာမက ငါတစ်ကိုယ်လုံးကတက်ကြွနေကော.. မင်းလိုအားနေဂိမ်းနဲ့ညားနေတဲ့ကောင်မဟုတ်ဘူး သိဘို့!.."
"စောက်ကြီးစောက်ကျယ်တွေပါ"
Chenလည်းမြင်ပင်းကပ်စွာ ရွဲ့ရယ်လိုက်ပြီး ဆော့နေတဲ့ဂိမ်းကိုမြန်မြန်အဆုံးသတ်နေလိုက်သည်။
"ငါ့ကိုကြည့်ကြပါဦး မျက်နှာကကြည့်ရဆိုးနေလားဟင်
အိပ်ရေးပျက်တော့ ငါ့မျက်နှာလေး ချောင်ကျနေလား
ကြည့်လို့အဆင်ပြေလား
ဟမ်.. ဟမ် လို့"
အမေးကိုဘယ်သူကမှအဖတ်လုပ်မလာတဲ့အပြင် သူ့ကိုတောင်ရှိတယ်လို့မထင်တဲ့သူငယ်ချင်းတွေကြောင့် Baekhyunစူပုတ်လာတော့သည်။
"Ya!!!!! ငါမေးနေတာလေး ပြန်ဖြေပေးတော့ Chanyeolနဲ့ငါတန်းညားသွားမှာမို့လား
ပြန်မချစ်သေးတဲ့ငါ့အချစ်လေးနဲ့တွေ့ရင် ငါ့ကိုမြန်မြန်ပြန်ချစ်လာအောင် ကြိုးစားနေရတာ
ငါ့သူငယ်ချင်းတွေဖြစ်ပြီးနည်းနည်းလေးတောင်မကူညီကြဘူး"
"Baekhyunရာ.. မင်းဘယ်လိုနေနေရုပ်ကဒီရုပ်ပဲကို ဘာတွေလာဆွေးနေတာလဲ..
မင်းကပိုကိုပိုတယ် ဟိုတစ်ယောက်က အမြင်ကပ်ပြီးပြန်မချစ်ရင်တောင်
ကျေးဇူးတင်ရမလိုပဲ"
Baekhyunမျက်စောင်ကြည့်လာကာ Chenဆော့နေတဲ့ ဂိမ်းစက်ကိုလုယူလိုက်သည်။
"Ya! Ya!!! ငါရှုံးလိမ့်မယ်ပြန်ပေး.. Ya! !! ပြန်ပေးဆို!!!!"
"ငါ့သူငယ်ချင်းဖြစ်ပြီး ငါအရမ်းချစ်တဲ့သူကပြန်မချစ်တာကို မင်းကကျေးဇူးတင်ချင်နေတယ်ဟုတ်စ!! ရှုံးစမ်း.. ရှုံးစမ်းပါစေအဲ့ဂိမ်း"
"Baekhyunရာ အခုFinalရောက်တော့မှာကွ.. ရှုံးရင် ငါအောက်ရောက်သွားလိမ့်မယ်"
Chenလည်းဂိမ်းရှုံးမှာစိုးလို့ မျက်နှာကိုရှုံ့မဲ့နေကာပြန်တောင်းနေစဉ် အခန်းတံခါးပွင့်လာတာနဲ့ Baekhyunဂိမ်းစက်ကိုChenလက်ထဲပစ်ထည့်လိုက်သည်။
"အကုန်ရောက်နေကြပြီပဲ"
Chanyeolခုံမှာဝင်ထိုင်တော့ Chen ရှုံးသွားပြီဖြစ်တဲ့ဂိမ်းကြောင့် Baekhyunကိုမကျေမနပ်ဖြစ်နေကာ ဝင်ထိုင်လာသည်။
"Hyungခဏလေးနော် ဂိမ်းထဲရောက်လက်စကြီးဖြစ်နေလို့ ခဏလေးစောင့်ပေးပါဦးနော်"
Sehun Chanyeolကိုတချက်ကြည့်ကာ ဂိမ်းဆီပြန်ကြည့်လာပြီးပြောလာတဲ့အပြောကိုChanyeolကခေါင်းညိပ်လာခဲ့ပြီး စာအုပ်ကိုထုတ်ဖတ်နေလိုက်သည်။
Baekhyunကသဘောကျစွာသော Chanyeolရဲ့နှုတ်ခမ်းတွေကို ကြည့်ပြီးပြုံးနေပေမဲ့ Chenကတော့Baekhyunကိုမကြည်...
Chanyeolစာဖတ်နေရင်းမှ စိုက်ကြည့်ခံနေရတဲ့ခံစားချက်ကြောင့်မော့ကြည့်လာတဲ့အခါ Baekhyunကိုမြင်ပြီး နားများပင်ရဲတက်လာခဲ့သည်။
"မင်းကဘာကြည့်နေတာလဲ စာကြည့်နေလေ"
"Chanyeolကိုသာကြည့်နေရရင် ဘယ်စာဖြစ်ဖြစ်ရတယ်.. ငါစာမလုပ်ခင်Chanyeolကိုအကြာကြီးကြည့်နေရမှ ငါစာမှတ်ရင်မြန်မြန်နဲ့များများမှတ်နိုင်မှာ"
သူငယ်ချင်းတွေရှိလည်းရှိပါစေ.. မပြောင်းလဲသောBaekhyunကို Chanyeolထွေထွေထူးထူးပြောမနေတော့ဘဲ
မထေ့တထေ့စကားလုံးတွေနဲ့ ချစ်ကြောင်းခဏခဏထုတ်ပြောပြောနေကြမို့Chanyeolခေါင်းခါကာ စာကိုပြန်ဖတ်နေတော့.. ညကBaekhyunသူ့ဆီလာခဲ့တာကိုသတိရသွားသည်။
"မင်း ညကဘယ်အချိန်ပြန်သွားတာလဲ"
Chanyeolအမေးစကားနောက် Chenပါစိတ်ဝင်စားလာခဲ့ပြီး တဆက်တည်းBaekhyunအိပ်ရေးမဝတာကိုပါသံသယဝင်လာသည်။
"ညကငါလာတာကိုမင်းကမှတ်မိတယ်ပေါ့"
"အင်း နည်းနည်း..ငါနိုးတော့နေ့လည်ရောက်နေတာနဲ့ မင်းဘယ်အချိန်ပြန်သွားမှန်းမသိလိုက်ဘူး"
Chanyeolရဲ့စကားအသွားအလာကိုကြည့်ရသည်မှာ ညကBaekhyunနမ်းသွားတာကို မမှတ်မိတဲ့ပုံစံမို့ Baekhyunစိတ်မကောင်းဖြစ်သွားရပေမဲ့ ပြုံးလာသည်။
တကယ်လို့Chanyeolသာမှတ်မိနေရင် ဒါကိုအစပြန်ဖော်နေမှာမဟုတ်မှန်းBaekhyunသိနေပြီး အခုလိုမျိုး အရင်လိုစာလာပြပေးနိုင်ပါ့မလားတောင်Baekhyunတွေးမိသွားသည်။
"Baekhyun ငါ့နောက်လိုက်ခဲ့ဦး"
Chenကိုကြည့်တော့ မျက်နှာကတည်နေတာမို့ စိတ်လည်းဆိုးနေသေးတယ် သိချင်နေတဲ့အကြောင်းကလည်းရှိနေပြန်တော့ မအောင့်နိုင် မအင်းနိုင်ပုံစံက Baekhyunကိုရယ်စေပေမဲ့ ထသွားတဲ့Chenနောက်ကိုလိုက်လာခဲ့သည်။
"မင်းညကသူနဲ့အတူတူအိပ်တာလား"
Chenရဲတည့်တံ့နေတဲ့မျက်နှာအမူအယာနဲ့ ပြောလာခဲ့တဲ့စကားက လေးနက်နေမှန်းBaekhyunသိတာမို့.. သွားတန်းလေးတွေပေါ်သည်အထိရယ်ပြလာသည်။
"Baekhyunမင်းသူ့ကိုဘယ်လောက်ထိချစ်နေလဲငါတို့သိတယ်.. မဟုတ်တရုတ်တွေအထိတော့မလုပ်သေးနဲ့ဦးနော်.. ညကတူတူအိပ်ခဲ့လား မအိပ်ခဲ့ဘူးလား ငါ့ကိုမြန်မြန်ပြောစမ်းပါ"
"မအိပ်ပါဘူး..ပြီးတော့ အချိန်တွေကိုအကျိုးရှိအောင် ငါ မူးနေတဲ့သူ့ကိုတစ်ညလုံးထိုင်ကြည့်နေခဲ့တာ"
Chenမျက်မှောင်ကြုတ်လာတော့.. Baekhyunက မျက်တောင်တဖျက်ဖျက်ခက်ရင်းပါးဖောင်းလေးတွေပေါ်အောင်ဖော်ထားရင်းပြုံးပြနေသည်။
"မင်းသူ့ဆီသွားတာကိုကိုတို့သိလား"
Baekhyunခေါင်းခါပြလာတဲ့အခါ Chenကသက်မချလိုက်သည်။
"ငါတို့ကိုလည်းဘာမှမပြောဘူး.. တစ်ယောက်ထဲ မင်းလုပ်ချင်တာတွေလုပ်မနေနဲ့လေ"
Baekhyunချက်ချင်းမျက်နှာငယ်လေးဖြစ်သွားကာ Chenကိုကြည့်နေသည်။
"စကိတ်နဲ့ခိုးသွားတာမလား.. ကိုလေးကမင်းကိုညကြီးအချိန်မတော်အန္တရာယ်ရှိလို့မစီးဖို့ပြောထားတယ်လေ
တစ်ခါဒဏ်ရာရဖူးတာကို မမှတ်သေးဘူးလား"
"ငါ့ကိုဆူနေတာလား"
Baekhyunစူပုတ်နေကာမေးလာတော့ Chenကစိုက်ကြည့်ပေးလိုက်တာနဲ့ Baekhyunခေါင်းလေးငုံ့သွားသည်။
တစ်ခါကညဘက်မှာသူငယ်ချင်းလေးယောက်အတူတူစကိတ်စီးကြရင်း ကွေ့အကွေ့မှာ တဖက်ကကားလာတာကိုမြင်ပေမဲ့လည်း စီးနေတဲ့အရှိန်ကြောင့် ကားနဲ့တိုက်မိသွားကာ Sehunကခေါင်းပေါက်သွားပြီး Baekhyunကခြေတဖက်ကျိုးမလိုဖြစ်သွားရကတည်းက KyungSooက ညဘက်စကိတ်စီးတာကိုလုံးဝတားမြစ်ခဲ့သည်။
ထိုကိစ္စကမျက်စိရှေ့ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး သေပြီတောင်ထင်ခဲ့ရသည်မို့ ညဘက်စကိတ်စီးခြင်းကိုမလုပ်ဖြစ်ကြတော့ဘူး
ဒါကိုမှ စကိတ်နဲ့ညဘက်ထွက်သွားတဲ့သူငယ်ချင်းကိုChenစိတ်လည်းပူမိသလို ဒေါသကလည်းထွက်နေရသေးသည်။
"ဟိုကောင်တွေလည်းဂိမ်းဆော့ပြီးကောပေါ့ သွားကြမယ်လေ နော်Chennie
နောက်မသွားတော့ဘူးလေ.. ကိုလေးနဲ့ပြန်မတိုင်ပါနဲ့ နော် နော်
နော်လို့ Chennie-Ya..."
"နည်းနည်းတောင်တိုင်တိုင်ပင်ပင်မရှိတဲ့မင်းကိုငါစိတ်ဆိုးတယ်"
Chen Baekhyunကိုမကြည်ကြည့်ကြည့်ကာ အရှေ့ကထွက်သွားတော့ Baekhyunနောက်ကနေကုတ်ကုတ်လေးလိုက်လာသည်။
အခန်းထဲပြန်ရောက်လာတော့ စိတ်ဆိုးနေပုံChenရဲ့မျက်နှာကြောင့် ကျန်၂ယောက်ကသတိထားမိပြီး မေးငေါ့ကာမေးတော့ Baekhyunကခေါင်းသာခါနေပြီး စာအုပ်ကိုကျွံဝင်တော့မတက်ငုံ့ကြည့်နေသည်။
ထွက်သွားတာနဲ့ထူးဆန်းစွာပြန်ဝင်လာကြတဲ့ပုံက Chanyeolကိုလည်းBaekhyunကိုသတိထားမိသွားစေသည်။
အတူတူထွက်သွားတဲ့Chenကိုကြည့်တော့လည်းအရင်နေ့တွေလိုပြုံးပြုံးရယ်ရယ်မရှိဘဲတည်နေတဲ့မျက်နှာနဲ့မို့ Chanyeolစာသာသင်ဖို့လုပ်တော့သည်။
အချိန်တွေတဖြေးဖြေးကုန်လာခဲ့ပြီး တဝါးဝါးသန်းနေတဲ့ Baekhyunကြောင့် Chanyeolနာရီကိုကြည့်တဲ့အခါ ည၉း၀၀ပင်ရှိသေးသည်။
"မင်းဘာလို့ခဏခဏသန်းနေတာလဲ.. စာသင်ရတာအနှောက်အယှက်ဖြစ်တယ်.. အိပ်ချင်လည်းသွားအိပ်တော့"
အဲ့လိုဖြစ်အောင်လုပ်တာ တရားခံကမင်းလေ
ဘာလို့ငါ့ကိုလာအော်နေတာလဲ
ညကမင်းအကြောင်းတွေသာမတွေးမိရင် အခုလိုအိပ်ချင်နေမှာမဟုတ်ဘူး
ဟွန့်..
အိပ်ချင်နေရတဲ့ကြားထဲ
အဆူခံရ.. အအော်ခံရနဲ့
စိတ်ညစ်လိုက်တာ စိတ်ညစ်လိုက်တာ
Baekhyunခေါင်းကဆံပင်တွေဆီ လက်နှစ်ဖက်လုံးနဲ့ထိုးဖွလိုက်တဲ့အခါ အကုန်လုံးအကြည့်တွေရောက်လာခဲ့ကြတာကို မသိဟန်ပြုကာ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့အတူအိပ်ချင်နေတဲ့မျက်လုံးကိုပါပြန်ပွတ်လိုက်ပြီး စာအုပ်ကိုပြန်ကြည့်နေသည်။
ခေါင်းကဆံပင်ကလည်းရှုပ်ပွနေပြီး နှုတ်ခမ်းကလည်းစူပုတ်နေကာ မျက်လုံးတွေကလည်း မှိတ်မှိတ်ကျသွားတဲ့Baekhyunကြောင့် ဒီစာသင်ဝိုင်းကိုမသိမ်းမချင်းသွားအိပ်မှာမဟုတ်တဲ့Baekhyunအကြောင်းသိကာ နားကြဖို့ကိုChanyeolပြောလိုက်ရသည်။
Chanyeolဟို၃ယောက်ကိုခြံအဝထိလိုက်ပို့လိုက်ပြီး တံခါးတွေသေချာလိုက်ပိတ်ကာအပေါ်ပြန်တက်လာတော့ အရင်လိုအခန်းရှေ့ရပ်နေတဲ့Baekhyunကိုမတွေ့ရ..
အိပ်ယာထဲသွားအိပ်ပြီအထင်နဲ့အခန်းထဲကြည့်ကြည့်တဲ့အခါ ထသွားတုန်းကအတိုင်း စာအုပ်ပေါ်ခေါင်းငိုက်စိုက်ကာ အိပ်ပျော်နေတဲ့BaekhyunအနားChanyeolလျှောက်လာခဲ့သည်။
"ထ! အိပ်ယာထဲသွားအိပ်တော့"
"အင်း.."
အသံသာထွက်လာတာ အိပ်နေပုံကလှုပ်တောင်မလာတာနဲ့ဘဲChanyeolလက်ပိုက်ပြီးစောင့်ကြည့်နေသည်။
"Baekhyun.."
"အိပ်ချင်နေလို့ မဆူပါနဲ့တော့ အော်လည်းမအော်နဲ့"
မျက်လုံးများမှိတ်ထားပြီး ပြောချင်တာတွေပြောနေတာကိုChanyeolခေါင်းခါကာ ထားခဲ့ပြီးပြန်ထွက်ဖို့လုပ်သည်။
"Chanyeol"
Chanyeol အနောက်ကခေါ်လာတာမို့ ပြန်လှည့်ကြည့်လာတော့ ခုံပေါ်အိပ်နေတဲ့Baekhyunပုံက ပြောင်းလဲမှုမရှိ..
"ငါ့ကိုမအော်ပါနဲ့လား"
Baekhyunယောင်နေတာကိုChanyeolသဘောပေါက်သွားပြီး အခန်းကထွက်မယ်လုပ်တော့ ထက်ထွက်လာတဲ့စကားလုံးတွေကြောင့် Chanyeol Baekhyunကိုလှည့်ကြည့်လာခဲ့သည်။
"မင်းကိုမချစ်တဲ့သူကို ဘာလို့အချစ်တွေပေးနေသေးတာလဲ"
Chanyeol.. Baekhyunခေါင်းလေးကိုဖွဖွလေးကိုင်လိုက်ကာ အခန်းကထွက်သွားတော့သည်။
တစ်ညလုံးခုံပေါ်မှာဒီအတိုင်းသာအိပ်နေခဲ့မယ်ဆို မိုးလင်းတဲ့အခါကိုယ်တွေကိုက်ခဲနာကျင်နေမှာကို သိပေမဲ့ Chanyeol Baekhyunကိုယ်ကိုတမင်မရွှေ့ပေးခဲ့ဘဲ ကိုယ့်အခန်းဆီပြန်ဝင်လာကာ Baekhyunလိုပဲခုံပေါ်မှာတညလုံးထိုင်နေပေးခဲ့သည်။
မိုးလင်းလို့မင်းနိုးလာတဲ့အခါ မင်းကိုဒီတိုင်းထားရက်ခဲ့တဲ့ငါက တကိုယ်ကောင်းဆန်တယ်ဆိုတဲ့စိတ်နဲ့ မင်းအချစ်တွေလျော့သွားဖို့ကိုငါမျှော်လင့်တယ်Baekhyun..
TBc...
[Zawgyi 👇]
တစ္ညလုံးမအိပ္ထားဘဲၾကည္ႏူးေနခဲ့မိတဲ့အက်ိဳးဆက္ကေတာ့.. သူငယ္ခ်င္းေတြေရာက္လာၿပီးဆူဆူညံညံနဲ႔ဂိမ္းေဆာ့ေနတာေတာင္ Baekhyunတစ္ေယာက္ ငုတ္တုတ္ထိုင္ငိုက္ေနသည္။
"Hyunee..ညကအိပ္ေရးပ်က္လို႔လား မင္းၾကည့္ရတာလည္းအိပ္မႈန္စုံဝါးနဲ႔ ဘာလဲ ညကဂိမ္းေတြစြတ္ေဆာ့ေနတာမလား"
TaoအေျပာကိုBaekhyunျပန္မေျဖႏိုင္ဘဲ အိပ္ရဖို႔ကိုသာအႀကိတ္အနယ္ျဖစ္ေနသည္။
"Chanyeol Hyungလာၿပီ"
Sehunေရသြားေသာက္ရာကေနျပန္လာၿပီးၾကားရတဲ့စကားေၾကာင့္Baekhyunေခါင္းေထာင္လာခဲ့သည္။
"အမေလး... ဆူညံေနတာေတာင္မႏိုးတဲ့သူက Chanyeolလာတယ္ဆိုတာနဲ႔ေခါင္းကိုဆတ္ခနဲေထာင္လာတာမ်ားေနာ္.. ေျပာကိုမေျပာခ်င္ဘူး"
"Tao-Ya..ငါကအခ်စ္ေတြနဲ႔လူသားျဖစ္ေနေတာ့ အခ်စ္အသံၾကားတာနဲ႔ ငါ့ႏွလုံးသားသာမက ငါတစ္ကိုယ္လုံးကတက္ႂကြေနေကာ.. မင္းလိုအားေနဂိမ္းနဲ႔ညားေနတဲ့ေကာင္မဟုတ္ဘူး သိဘို႔!.."
"ေစာက္ႀကီးေစာက္က်ယ္ေတြပါ"
Chenလည္းျမင္ပင္းကပ္စြာ ႐ြဲ႕ရယ္လိုက္ၿပီး ေဆာ့ေနတဲ့ဂိမ္းကိုျမန္ျမန္အဆုံးသတ္ေနလိုက္သည္။
"ငါ့ကိုၾကည့္ၾကပါဦး မ်က္ႏွာကၾကည့္ရဆိုးေနလားဟင္
အိပ္ေရးပ်က္ေတာ့ ငါ့မ်က္ႏွာေလး ေခ်ာင္က်ေနလား
ၾကည့္လို႔အဆင္ေျပလား
ဟမ္.. ဟမ္ လို႔"
အေမးကိုဘယ္သူကမွအဖတ္လုပ္မလာတဲ့အျပင္ သူ႔ကိုေတာင္ရွိတယ္လို႔မထင္တဲ့သူငယ္ခ်င္းေတြေၾကာင့္ Baekhyunစူပုတ္လာေတာ့သည္။
"Ya!!!!! ငါေမးေနတာေလး ျပန္ေျဖေပးေတာ့ Chanyeolနဲ႔ငါတန္းညားသြားမွာမို႔လား
ျပန္မခ်စ္ေသးတဲ့ငါ့အခ်စ္ေလးနဲ႔ေတြ႕ရင္ ငါ့ကိုျမန္ျမန္ျပန္ခ်စ္လာေအာင္ ႀကိဳးစားေနရတာ
ငါ့သူငယ္ခ်င္းေတြျဖစ္ၿပီးနည္းနည္းေလးေတာင္မကူညီၾကဘူး"
"Baekhyunရာ.. မင္းဘယ္လိုေနေန႐ုပ္ကဒီ႐ုပ္ပဲကို ဘာေတြလာေဆြးေနတာလဲ..
မင္းကပိုကိုပိုတယ္ ဟိုတစ္ေယာက္က အျမင္ကပ္ၿပီးျပန္မခ်စ္ရင္ေတာင္
ေက်းဇူးတင္ရမလိုပဲ"
Baekhyunမ်က္ေစာင္ၾကည့္လာကာ Chenေဆာ့ေနတဲ့ ဂိမ္းစက္ကိုလုယူလိုက္သည္။
"Ya! Ya!!! ငါရႈံးလိမ့္မယ္ျပန္ေပး.. Ya! !! ျပန္ေပးဆို!!!!"
"ငါ့သူငယ္ခ်င္းျဖစ္ၿပီး ငါအရမ္းခ်စ္တဲ့သူကျပန္မခ်စ္တာကို မင္းကေက်းဇူးတင္ခ်င္ေနတယ္ဟုတ္စ!! ရႈံးစမ္း.. ရႈံးစမ္းပါေစအဲ့ဂိမ္း"
"Baekhyunရာ အခုFinalေရာက္ေတာ့မွာကြ.. ရႈံးရင္ ငါေအာက္ေရာက္သြားလိမ့္မယ္"
Chenလည္းဂိမ္းရႈံးမွာစိုးလို႔ မ်က္ႏွာကိုရႈံ႕မဲ့ေနကာျပန္ေတာင္းေနစဥ္ အခန္းတံခါးပြင့္လာတာနဲ႔ Baekhyunဂိမ္းစက္ကိုChenလက္ထဲပစ္ထည့္လိုက္သည္။
"အကုန္ေရာက္ေနၾကၿပီပဲ"
Chanyeolခုံမွာဝင္ထိုင္ေတာ့ Chen ရႈံးသြားၿပီျဖစ္တဲ့ဂိမ္းေၾကာင့္ Baekhyunကိုမေက်မနပ္ျဖစ္ေနကာ ဝင္ထိုင္လာသည္။
"Hyungခဏေလးေနာ္ ဂိမ္းထဲေရာက္လက္စႀကီးျဖစ္ေနလို႔ ခဏေလးေစာင့္ေပးပါဦးေနာ္"
Sehun Chanyeolကိုတခ်က္ၾကည့္ကာ ဂိမ္းဆီျပန္ၾကည့္လာၿပီးေျပာလာတဲ့အေျပာကိုChanyeolကေခါင္းညိပ္လာခဲ့ၿပီး စာအုပ္ကိုထုတ္ဖတ္ေနလိုက္သည္။
Baekhyunကသေဘာက်စြာေသာ Chanyeolရဲ႕ႏႈတ္ခမ္းေတြကို ၾကည့္ၿပီးၿပဳံးေနေပမဲ့ Chenကေတာ့Baekhyunကိုမၾကည္...
Chanyeolစာဖတ္ေနရင္းမွ စိုက္ၾကည့္ခံေနရတဲ့ခံစားခ်က္ေၾကာင့္ေမာ့ၾကည့္လာတဲ့အခါ Baekhyunကိုျမင္ၿပီး နားမ်ားပင္ရဲတက္လာခဲ့သည္။
"မင္းကဘာၾကည့္ေနတာလဲ စာၾကည့္ေနေလ"
"Chanyeolကိုသာၾကည့္ေနရရင္ ဘယ္စာျဖစ္ျဖစ္ရတယ္.. ငါစာမလုပ္ခင္Chanyeolကိုအၾကာႀကီးၾကည့္ေနရမွ ငါစာမွတ္ရင္ျမန္ျမန္နဲ႔မ်ားမ်ားမွတ္ႏိုင္မွာ"
သူငယ္ခ်င္းေတြရွိလည္းရွိပါေစ.. မေျပာင္းလဲေသာBaekhyunကို Chanyeolေထြေထြထူးထူးေျပာမေနေတာ့ဘဲ
မေထ့တေထ့စကားလုံးေတြနဲ႔ ခ်စ္ေၾကာင္းခဏခဏထုတ္ေျပာေျပာေနၾကမို႔Chanyeolေခါင္းခါကာ စာကိုျပန္ဖတ္ေနေတာ့.. ညကBaekhyunသူ႔ဆီလာခဲ့တာကိုသတိရသြားသည္။
"မင္း ညကဘယ္အခ်ိန္ျပန္သြားတာလဲ"
Chanyeolအေမးစကားေနာက္ Chenပါစိတ္ဝင္စားလာခဲ့ၿပီး တဆက္တည္းBaekhyunအိပ္ေရးမဝတာကိုပါသံသယဝင္လာသည္။
"ညကငါလာတာကိုမင္းကမွတ္မိတယ္ေပါ့"
"အင္း နည္းနည္း..ငါႏိုးေတာ့ေန႔လည္ေရာက္ေနတာနဲ႔ မင္းဘယ္အခ်ိန္ျပန္သြားမွန္းမသိလိုက္ဘူး"
Chanyeolရဲ႕စကားအသြားအလာကိုၾကည့္ရသည္မွာ ညကBaekhyunနမ္းသြားတာကို မမွတ္မိတဲ့ပုံစံမို႔ Baekhyunစိတ္မေကာင္းျဖစ္သြားရေပမဲ့ ၿပဳံးလာသည္။
တကယ္လို႔Chanyeolသာမွတ္မိေနရင္ ဒါကိုအစျပန္ေဖာ္ေနမွာမဟုတ္မွန္းBaekhyunသိေနၿပီး အခုလိုမ်ိဳး အရင္လိုစာလာျပေပးႏိုင္ပါ့မလားေတာင္Baekhyunေတြးမိသြားသည္။
"Baekhyun ငါ့ေနာက္လိုက္ခဲ့ဦး"
Chenကိုၾကည့္ေတာ့ မ်က္ႏွာကတည္ေနတာမို႔ စိတ္လည္းဆိုးေနေသးတယ္ သိခ်င္ေနတဲ့အေၾကာင္းကလည္းရွိေနျပန္ေတာ့ မေအာင့္ႏိုင္ မအင္းႏိုင္ပုံစံက Baekhyunကိုရယ္ေစေပမဲ့ ထသြားတဲ့Chenေနာက္ကိုလိုက္လာခဲ့သည္။
"မင္းညကသူနဲ႔အတူတူအိပ္တာလား"
Chenရဲတည့္တံ့ေနတဲ့မ်က္ႏွာအမူအယာနဲ႔ ေျပာလာခဲ့တဲ့စကားက ေလးနက္ေနမွန္းBaekhyunသိတာမို႔.. သြားတန္းေလးေတြေပၚသည္အထိရယ္ျပလာသည္။
"Baekhyunမင္းသူ႔ကိုဘယ္ေလာက္ထိခ်စ္ေနလဲငါတို႔သိတယ္.. မဟုတ္တ႐ုတ္ေတြအထိေတာ့မလုပ္ေသးနဲ႔ဦးေနာ္.. ညကတူတူအိပ္ခဲ့လား မအိပ္ခဲ့ဘူးလား ငါ့ကိုျမန္ျမန္ေျပာစမ္းပါ"
"မအိပ္ပါဘူး..ၿပီးေတာ့ အခ်ိန္ေတြကိုအက်ိဳးရွိေအာင္ ငါ မူးေနတဲ့သူ႔ကိုတစ္ညလုံးထိုင္ၾကည့္ေနခဲ့တာ"
Chenမ်က္ေမွာင္ၾကဳတ္လာေတာ့.. Baekhyunက မ်က္ေတာင္တဖ်က္ဖ်က္ခက္ရင္းပါးေဖာင္းေလးေတြေပၚေအာင္ေဖာ္ထားရင္းၿပဳံးျပေနသည္။
"မင္းသူ႔ဆီသြားတာကိုကိုတို႔သိလား"
Baekhyunေခါင္းခါျပလာတဲ့အခါ Chenကသက္မခ်လိုက္သည္။
"ငါတို႔ကိုလည္းဘာမွမေျပာဘူး.. တစ္ေယာက္ထဲ မင္းလုပ္ခ်င္တာေတြလုပ္မေနနဲ႔ေလ"
Baekhyunခ်က္ခ်င္းမ်က္ႏွာငယ္ေလးျဖစ္သြားကာ Chenကိုၾကည့္ေနသည္။
"စကိတ္နဲ႔ခိုးသြားတာမလား.. ကိုေလးကမင္းကိုညႀကီးအခ်ိန္မေတာ္အႏၲရာယ္ရွိလို႔မစီးဖို႔ေျပာထားတယ္ေလ
တစ္ခါဒဏ္ရာရဖူးတာကို မမွတ္ေသးဘူးလား"
"ငါ့ကိုဆူေနတာလား"
Baekhyunစူပုတ္ေနကာေမးလာေတာ့ Chenကစိုက္ၾကည့္ေပးလိုက္တာနဲ႔ Baekhyunေခါင္းေလးငုံ႔သြားသည္။
တစ္ခါကညဘက္မွာသူငယ္ခ်င္းေလးေယာက္အတူတူစကိတ္စီးၾကရင္း ေကြ႕အေကြ႕မွာ တဖက္ကကားလာတာကိုျမင္ေပမဲ့လည္း စီးေနတဲ့အရွိန္ေၾကာင့္ ကားနဲ႔တိုက္မိသြားကာ Sehunကေခါင္းေပါက္သြားၿပီး Baekhyunကေျခတဖက္က်ိဳးမလိုျဖစ္သြားရကတည္းက KyungSooက ညဘက္စကိတ္စီးတာကိုလုံးဝတားျမစ္ခဲ့သည္။
ထိုကိစၥကမ်က္စိေရွ႕ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရၿပီး ေသၿပီေတာင္ထင္ခဲ့ရသည္မို႔ ညဘက္စကိတ္စီးျခင္းကိုမလုပ္ျဖစ္ၾကေတာ့ဘူး
ဒါကိုမွ စကိတ္နဲ႔ညဘက္ထြက္သြားတဲ့သူငယ္ခ်င္းကိုChenစိတ္လည္းပူမိသလို ေဒါသကလည္းထြက္ေနရေသးသည္။
"ဟိုေကာင္ေတြလည္းဂိမ္းေဆာ့ၿပီးေကာေပါ့ သြားၾကမယ္ေလ ေနာ္Chennie
ေနာက္မသြားေတာ့ဘူးေလ.. ကိုေလးနဲ႔ျပန္မတိုင္ပါနဲ႔ ေနာ္ ေနာ္
ေနာ္လို႔ Chennie-Ya..."
"နည္းနည္းေတာင္တိုင္တိုင္ပင္ပင္မရွိတဲ့မင္းကိုငါစိတ္ဆိုးတယ္"
Chen Baekhyunကိုမၾကည္ၾကည့္ၾကည့္ကာ အေရွ႕ကထြက္သြားေတာ့ Baekhyunေနာက္ကေနကုတ္ကုတ္ေလးလိုက္လာသည္။
အခန္းထဲျပန္ေရာက္လာေတာ့ စိတ္ဆိုးေနပုံChenရဲ႕မ်က္ႏွာေၾကာင့္ က်န္၂ေယာက္ကသတိထားမိၿပီး ေမးေငါ့ကာေမးေတာ့ Baekhyunကေခါင္းသာခါေနၿပီး စာအုပ္ကိုကြၽံဝင္ေတာ့မတက္ငုံ႔ၾကည့္ေနသည္။
ထြက္သြားတာနဲ႔ထူးဆန္းစြာျပန္ဝင္လာၾကတဲ့ပုံက Chanyeolကိုလည္းBaekhyunကိုသတိထားမိသြားေစသည္။
အတူတူထြက္သြားတဲ့Chenကိုၾကည့္ေတာ့လည္းအရင္ေန႔ေတြလိုၿပဳံးၿပဳံးရယ္ရယ္မရွိဘဲတည္ေနတဲ့မ်က္ႏွာနဲ႔မို႔ Chanyeolစာသာသင္ဖို႔လုပ္ေတာ့သည္။
အခ်ိန္ေတြတေျဖးေျဖးကုန္လာခဲ့ၿပီး တဝါးဝါးသန္းေနတဲ့ Baekhyunေၾကာင့္ Chanyeolနာရီကိုၾကည့္တဲ့အခါ ည၉း၀၀ပင္ရွိေသးသည္။
"မင္းဘာလို႔ခဏခဏသန္းေနတာလဲ.. စာသင္ရတာအေႏွာက္အယွက္ျဖစ္တယ္.. အိပ္ခ်င္လည္းသြားအိပ္ေတာ့"
အဲ့လိုျဖစ္ေအာင္လုပ္တာ တရားခံကမင္းေလ
ဘာလို႔ငါ့ကိုလာေအာ္ေနတာလဲ
ညကမင္းအေၾကာင္းေတြသာမေတြးမိရင္ အခုလိုအိပ္ခ်င္ေနမွာမဟုတ္ဘူး
ဟြန႔္..
အိပ္ခ်င္ေနရတဲ့ၾကားထဲ
အဆူခံရ.. အေအာ္ခံရနဲ႔
စိတ္ညစ္လိုက္တာ စိတ္ညစ္လိုက္တာ
Baekhyunေခါင္းကဆံပင္ေတြဆီ လက္ႏွစ္ဖက္လုံးနဲ႔ထိုးဖြလိုက္တဲ့အခါ အကုန္လုံးအၾကည့္ေတြေရာက္လာခဲ့ၾကတာကို မသိဟန္ျပဳကာ ရႈပ္ပြေနတဲ့ဆံပင္ေတြနဲ႔အတူအိပ္ခ်င္ေနတဲ့မ်က္လုံးကိုပါျပန္ပြတ္လိုက္ၿပီး စာအုပ္ကိုျပန္ၾကည့္ေနသည္။
ေခါင္းကဆံပင္ကလည္းရႈပ္ပြေနၿပီး ႏႈတ္ခမ္းကလည္းစူပုတ္ေနကာ မ်က္လုံးေတြကလည္း မွိတ္မွိတ္က်သြားတဲ့Baekhyunေၾကာင့္ ဒီစာသင္ဝိုင္းကိုမသိမ္းမခ်င္းသြားအိပ္မွာမဟုတ္တဲ့Baekhyunအေၾကာင္းသိကာ နားၾကဖို႔ကိုChanyeolေျပာလိုက္ရသည္။
Chanyeolဟို၃ေယာက္ကိုၿခံအဝထိလိုက္ပို႔လိုက္ၿပီး တံခါးေတြေသခ်ာလိုက္ပိတ္ကာအေပၚျပန္တက္လာေတာ့ အရင္လိုအခန္းေရွ႕ရပ္ေနတဲ့Baekhyunကိုမေတြ႕ရ..
အိပ္ယာထဲသြားအိပ္ၿပီအထင္နဲ႔အခန္းထဲၾကည့္ၾကည့္တဲ့အခါ ထသြားတုန္းကအတိုင္း စာအုပ္ေပၚေခါင္းငိုက္စိုက္ကာ အိပ္ေပ်ာ္ေနတဲ့BaekhyunအနားChanyeolေလွ်ာက္လာခဲ့သည္။
"ထ! အိပ္ယာထဲသြားအိပ္ေတာ့"
"အင္း.."
အသံသာထြက္လာတာ အိပ္ေနပုံကလႈပ္ေတာင္မလာတာနဲ႔ဘဲChanyeolလက္ပိုက္ၿပီးေစာင့္ၾကည့္ေနသည္။
"Baekhyun.."
"အိပ္ခ်င္ေနလို႔ မဆူပါနဲ႔ေတာ့ ေအာ္လည္းမေအာ္နဲ႔"
မ်က္လုံးမ်ားမွိတ္ထားၿပီး ေျပာခ်င္တာေတြေျပာေနတာကိုChanyeolေခါင္းခါကာ ထားခဲ့ၿပီးျပန္ထြက္ဖို႔လုပ္သည္။
"Chanyeol"
Chanyeol အေနာက္ကေခၚလာတာမို႔ ျပန္လွည့္ၾကည့္လာေတာ့ ခုံေပၚအိပ္ေနတဲ့Baekhyunပုံက ေျပာင္းလဲမႈမရွိ..
"ငါ့ကိုမေအာ္ပါနဲ႔လား"
Baekhyunေယာင္ေနတာကိုChanyeolသေဘာေပါက္သြားၿပီး အခန္းကထြက္မယ္လုပ္ေတာ့ ထက္ထြက္လာတဲ့စကားလုံးေတြေၾကာင့္ Chanyeol Baekhyunကိုလွည့္ၾကည့္လာခဲ့သည္။
"မင္းကိုမခ်စ္တဲ့သူကို ဘာလို႔အခ်စ္ေတြေပးေနေသးတာလဲ"
Chanyeol.. Baekhyunေခါင္းေလးကိုဖြဖြေလးကိုင္လိုက္ကာ အခန္းကထြက္သြားေတာ့သည္။
တစ္ညလုံးခုံေပၚမွာဒီအတိုင္းသာအိပ္ေနခဲ့မယ္ဆို မိုးလင္းတဲ့အခါကိုယ္ေတြကိုက္ခဲနာက်င္ေနမွာကို သိေပမဲ့ Chanyeol Baekhyunကိုယ္ကိုတမင္မေ႐ႊ႕ေပးခဲ့ဘဲ ကိုယ့္အခန္းဆီျပန္ဝင္လာကာ Baekhyunလိုပဲခုံေပၚမွာတညလုံးထိုင္ေနေပးခဲ့သည္။
မိုးလင္းလို႔မင္းႏိုးလာတဲ့အခါ မင္းကိုဒီတိုင္းထားရက္ခဲ့တဲ့ငါက တကိုယ္ေကာင္းဆန္တယ္ဆိုတဲ့စိတ္နဲ႔ မင္းအခ်စ္ေတြေလ်ာ့သြားဖို႔ကိုငါေမွ်ာ္လင့္တယ္Baekhyun..
TBc...