ထမှတ်မထင်ဖူးစားရှင် (Complete)

By user24694613

159K 10K 432

Xiao Zhan β€οΈπŸ’š Wang Yibo More

Part 1(Uni&Zaw)
Part 2(Uni&Zaw)
Part 3(Uni&Zaw)
Part 4(Uni&Zaw)
Part 5 (Uni&Zaw)
Part 6(Uni&Zaw)
Part 7(Uni&Zaw)
Part 8 (Uni&Zaw)
Part 9 (Uni&Zaw)
Part 10 (Uni&Zaw)
Part 12(Uni&Zaw)
α€…α€»α€±α€Έα€—α€”α€Ία€Έα€α€„α€Ία€Έα€α€»α€„α€Ία€œα€­α€―α€·α€•α€«α€›α€Ύα€„α€Ία€·
Part 13 (Uni&Zaw)
Part 14 (Uni&Zaw)
α€…α€»α€±α€Έα€—α€”α€Ία€ΈπŸ˜πŸ˜πŸ˜
Part 15(Uni&Zaw)
Part 16 (Uni&Zaw)
Part 17 (Uni&Zaw)
Part 18 (Uni&Zaw)
Part 19(Uni&Zaw)
Part 20(Uni&Zaw)
Part 21(Uni&Zaw)
Part 22 (Uni&Zaw)
Part 23 (Uni&Zaw)
Part 24(Unii&Zaw)
Part 25(Uni&Zaw)
Part 26 (Uni&Zaw)
Part 27(Uni&Zaw)
Part 28(Uni&Zaw)
Part 29 (Uni&Zaw)
Part 30 (Uni & Zaw)

Part 11 (Uni&Zaw)

4.2K 325 3
By user24694613

Part 11 (Unicode)

''ဖွား ပြန်လာပြီလား သားအမောပြေ ရေခပ်ပေးမယ်´´

''အင်း လိမ်မာလိုက်တဲ့ဖွားမြေးလေး´´

''မြေးလေး နောက်နေ့ကစပြီး မြေးကိုအပြင်ထွက်ခွင့်ပေးမယ် အပြင်လောကကိုလေ့လာပါ ဒါပေမယ့် ဝမ်နင်တို့ကိုတော့ခေါ်သွားရမယ် မြေးလေ့လာသင့်သလောက်လေ့လာပြီးရင် ကုမ္မဏီကိုမြေးဆီလွှဲပေးတော့မယ် အဖွားအနားယူတော့မယ် အသက်လဲရလာပြီမို့´´

''ဖွားကလဲ အသက်သိပ်မကြီးသေးပါဘူး အလုပ်ကိုနားချင်ရင်တော့နားပါ ​သားကြိုးစားပေးပါ့မယ် ဖွားလောက်မတော်ပေမယ့် ဖွားခြေရာနင်းနိုင်အောင်​ သား အကောင်းဆုံးကြိုးစားမှာပါ ´´

''အင်းပါ ဖွားက ဖွားမြေးကိုယုံပြီသားပါ ဖွားထက်တောင် ထက်မြက်မယ့်ကလေးဆိုတာကို ´´

''ဟုတ်ကဲ့ဖွားဟစိတ်မပျက်စေရပါဘူး´´

''ကောင်းပါပြီကွယ် ဖွားပင်ပန်းလာလို့အနားယူတော့မယ်´´

''ဟုတ်ကဲ့ ဖွား ကောင်းကောင်းနားပါ´´

ဖွား အပေါ်ထပ်တက်သွားမှ ဖွားကို ကောကော ဆီလိုက်ပို့ဖို့ပြောဖို့ရာ သတိရတယ် ဖွားက ကုမ္မဏီလွှဲပေးဖို့ပြောနေတာ နဲ့ မေ့သွားခြင်းပင်  ကောကောနဲ့နေခဲ့တဲ့ရက်တွေမှာလူတွေရဲ့ နေ့စဥ် လှုပ်ရှားမှုတွေ တချို့ကောင်းသောဖြစ်ပျက်ခြင်း နှင့် ဆိုးသော ဖြစ်ပျက်ခြင်း တွေကိုကြုံတွေ့ဖူးပြီးပြီဖြစ်သည် ထိုအချိန်မျိုးဆို ကောကော ကဘေးကနေ ဘာလုပ်ရင်ဘာဖြစ်မယ် ကောင်းတာလုပ်ခြင်းနဲ့ဆိုးတာလုပ်ခြင်းတွေရဲ့အကျိုးသက်ရောက်မှုတွေကို အသေးစိတ်ရှင်းပြပေးသည် တချို့ လမ်းမှာရန်ပွဲတွေ တွေ့လျှင် ရင်ခွင်ထဲ ပွေ့ဖက်ပြီးနောက်ဆိုဝေးဝေးကရှောင်ဖို့ကိုလဲ သတိပေးတတ်သည် ကောကော က ဝမ်လေးကို အဲ့လိုဂရုစိုက်ပြီဆို ရင်ထဲမှာ ဘယ်လိုမှန်းမသိ ကြည်နူးပြီးပျော်တာတော့အမှန်ပင်ဖြစ်သည်  ထိုသို့ခံစားချက်ကိုသူအမည်မဖော်တတ်ပေ

''မြေးရေ ထတော့လေ မနက်စာစားရအောင် ပြီးရင် ကုမ္မဏီသွားရဦးမှာမလား´´

''ဟုတ်ကဲ့ ဖွား နိုးလို့ သားအဆင့်သင့်ဖြစ်နေပြီ´´

''အေးအေး ကောင်းပြီ´´

ကုမ္မဏီရောက် အစည်အဝေးထိုင် ဖွားက ရာထူးလွှဲပေးတော့ အသက်ကငယ် လုပ်ငန်းအတွေ့အကြုံ က မရှိ  နဲ့ အငြင်း အခုန်ဖြစ် ဖွားကိုပဲဆက်အုပ်ချုပ်စေပြီး သူ့ကိုတော့အတွေ့အကြုံယူပါ ဆိုပြီး ​အဆိုပြုကြ နောက်ဆုံးဖွားက ရှယ်ယာအများ ဆုံး နဲ့ကိုင်ပေါက်မှ မကျေမနပ်လက်ခံကြသည်

ဒီီလိုနဲ့သူ အရမ်းကြိုးစားခဲ့ရသည် ရှယ်ယာရှင်တွေယုံကြည်လာအောင် သူ့အရည်အချင်း ကိုအများအသိအမှတ်ပြုအောင် လုပ်ဆောင်ခဲ့သည် လိုအပ်သည့်ပညာပိုင်းနှင့်ဆိုင်ရာ ကို အိမ်ခေါ်သင်ခဲ့သလို တခြား ဗဟုသုတ အတွေ့အကြုံကိုလဲ တစ်ဖက်တလမ်းကနေကိုယ့်ဘာသာ သိအောင်ကြိုးစားသည် နေ့မနား ညမနား ကြိုးစားခဲ့ခြင်းကြောင့် အခုဆိုသူ အောင်မြင်လာသည်

ကုမ္မဏီရဲ့ ရှယ်ယာရှင်တွေသာမက ဝန်ထမ်းတွေကပါသူ့ကို  ရှိန်ကြသည် သူသည်အနေအေးပြီး စကားပြောပြတ်သည် အားနာခြင်း အလျဥ်း မရှိပေ ဒါကလဲ သူ့လိုဘာမှနားမလည် ပဲ စီးပွားရေး လောကထဲခြေစုံ ပစ်ဝင်လာမှု အပေါ်မှာရိုက်ခတ်သော ဒဏ်တွေကြောင့် အခုလို​ အေးစက်မာကြောသော အသွင်ကူးပြောင်းသွားခြင်းပင်ဖြစ်တယ်

လူတစ်ယောက်နဲ့ မတွေ့တာ ကြာခြင်းကြောင့်လဲပါလိမ့်မည် သူကသာသတိရနေ ပေမယ့် ထိုလူကတော့ဘယ်ပျောက်နေသည် မသိ ဖွားဆီခွင့်တောင်းပြီးသွားရှာသော်လည်း အလုပ်ကော အိမ်ကောပြောင်း၍ သွားသည်ဟုသာ ကြားခဲ့ရတယ် ဘယ်ပြောင်းတယ် ဘာညာဆိုတာ မည်သူမှ မသိပေ ထိုလူကလဲ မချန်ထားခဲ့ အကုန်လက်စဖျောက် ထားခဲ့ခြင်းဖြစ်သည်  အချိန် ကြာလာတော့ သူလဲ ထိုလူတောင်မထားခဲ့သေးတာ သူကဘာကြောင့်ဆက်ရှာနေရမှာလဲ ဆိုပြီး မရှာပဲနေတော့သည်

သတိမရတဲ့နေ့မရှိခဲ့ပေ သတိရတိုင်း အတူသွာဖူးတဲ့နေရာတွေ သွားသည် စားသည်  သူ့ရင်ထဲ ထိုလူသာ စိုးမိုးထားသည် အချိန်တွေပြောင်းလာ တာနှင့်အမျှ သူ့ခံစာချက်ကို သူတဖြည်းဖြည်း ရိပ်မိလာသည် သူထိုလူကိုချစ်နေမိပြီဖြစ်သည်

နွေ...................................

မိုး....................................

ဆောင်း............................

ရာသီအလီလီ ပြောင်းခဲ့သည်
  အလုပ်မှာလဲ
စီးပွားရေးလောကတွင် အသက်ငယ်ငယ် နဲ့ အောင်မြင်နေသော ဝမ်ရိပေါ် ဆို မသိသူ မရှိပေ
အတိုက်အခိုက်အပြိုင်အဆိုင်တွေကြားထဲမှာ သူမပြိုလဲအောင် အမြဲတစေကြိုးစာနေခဲ့သည်
ဘာလိုလိုနဲ့ အချိန်အားဖြင့် ၄ နှစ်ကြာ မြင့်ခဲ့ပြီဖြစ်သည်

''မြေးလေး ပြန်ရောက်ပြီလား ´´

''ဟုတ်ကဲ့ အဖွား´´

''အေးအေး အခုနားတော့လေ  ​´´

''ညစာ စားပြီးတဲ့အချိန် ဖွားနဲ့စကားခဏပြောရအောင်´´

''ဟုတ်ကဲ့ ဖွား သားအခုတော့ သွားနားလိုက်ဦးမယ် ညစာ စားပြီး စာကြည့်ခန်းထဲ သားလာခဲ့ပါ့မယ်´´

''အေးအေး ကောင်းပြီ´´

.............................................................

''ဖွား သာဝင်ခဲ့ပြီနော် ´´

''အေး ဝင်လာခဲ့မြေး´´

''ဟုတ် ဖွားသားကို ဘာပြောမလို့ခေါ်တာလဲ´´

''ဖွားမြေးလေးကို လက်ထပ်စေချင်ပြီကွယ်  ဖွားမျက်လုံးမမှိတ်ခင် မြေးလေးအခြေအတည်အကျ ဖြစ်သွားတာလေး မြင်ချင်တယ် မြေးလေးက အခု ဆို အောင်မြင် နေတဲ့ သူဖြစ်နေပြီ လေ´´

''ဖွား သားလက်မထပ်ချင်သေးဘူး´´

''ဖွားလဲ အသက်သိပ်မကြီးသေးပါဘူး အခုမှ ၅၀ကျော်ပဲရှိသေးတာကိုနော်ဖွား မြေးလွတ်လွတ်လပ်လပ်နေချင်သေးတယ်´´

''မြေးကလဲ ဖွားကျန်းမာရေး အခြေအနေမြေးသိသားနဲ့ကွယ် ဖွားစကားနားထောင်ပါ မြေးကလိမ်မာပါတယ် ´´

''လက်မထပ်ချင်သေးရင်တောင် အရင်ဆုံးစေ့စပ်ထားရအောင်ပါ ဖွားစိတ်ချချင်တယ် မြေးရယ် လောကမှာပြေးကြည့်မှ သွေးသားဆိုလို့ ဖွားနဲ့မြေး ပဲရှိတာ တစ်ခုခု လွဲချော် မှာမျိုး ဖွားခွင့်မပြုနိုင်ဘူးမြေး´´

''ဟုတ်ကဲ့ ကောင်းပါပြီ ဒါဆို မစေ့စပ်သေးခင် တစ်ယောက်နဲ့တစ်ယောက် လေ့လာခွင့်ပေးပါ ဖွား နှစ်ဦးနှစ်ဖက်အဆင်ပြေမှ ကျန်တာ ဆက်ပြောကြမယ်လေ´´

''အိုကေ ကောင်းပြီ ဖွားသဘောတူတယ်´´

''မနက်ဖြန်သွားတွေ့ရမယ် ဖွားအားလုံးစီစဥ်ထားပေးမယ် အခုတော့ မြေလေးစောစောအိပ်ချည်တော့ ´´

''ဟုတ်ကဲ့ပါ ဖွား ကောင်းသောညပါ´´

''အေးကောင်းသောညပါကွယ်´´

ဖွားနဲ့ပြောပြီးတာနဲ့ကိုယ့်အခန်းကိုယ်ပြန်လာပြီး အခန်းတံခါးလော့ ချလိုက်သည်

ရှောင်းကျန့်ကော............ခင်ဗျားဘယ်ရောက်နေလဲ
နေနိုင်လိုက်တာဗျာ
တစ်ခါလေးတောင်မှအဆက်အသွယ်မလုပ်ဘူး
ပြောတော့နေ့တိုင်းသတိရနေမှာပါဆို
လိမ်တာခင်ဗျားကလူလိမ်ကြီး သတ္တိမရှိတဲ့သူ သူရဲဘောကြောင်သူ
ကျွန်တော်အနားကနေ နှုတ်မဆက်ပဲထွက်ပြေးတယ် ခင်ဗျား အရမ်းရက်စက်တယ်
အခုဖွားက ကျွန်တော်ကို လက်ထပ်စေချင်နေပြီ
ကျွန်တော်ရင်ထဲ ခင်ဗျားပဲ ရှိတာပါဆိုတာကို
ကျွန်တော် ဘယ်လိုအင်အားနဲ့ထုတ်ပြောရမှာလဲ
ကျွန်တော် ခင်ဗျားမဟုတ်တဲ့တခြားသူတစ်ယောက်ကို လက်မထပ်ချင်ဘူး မချစ်နိုင်ဘူး
ခင်ဗျား ဘယ်မှာလဲ ပြန်လာခဲ့ပါဗျာ.......................
ဆိုပြီးအခန်းထဲတစ်ယောက်တည်း
မှန်ပြတင်းတံခါးကနေ ကောင်းကင်ကကြယ်ကိုကြည့်ပြီး
ဝမ်းနည်းစွာရေရွတ်နေမိသည်

အခန်းတံခါးအပြင်မှဖွားကလဲ အိပ်ခါနီး နွားနို့သောက်ရန်လာပေး တံခါးမခေါက်ခင် အထဲကအသံကြားလို့ငြိမ်နားထောင်ပြီးပြန်လှည့်လာခဲ့သည် ဒါကြောင့်မို့လက်ထပ်ဖို့အမြန်စီစဥ်နေမိခြင်းဖြစ်တယ် အစက ရှောင်းကျန့်တစ်ယောက်တည်း မရိုးသားဘူးထင်ခဲ့တာ

သူမ၏မြေး ကရိုးရိုးသားသားသံယောဇဥ်တွယ်တာပဲဟုထင်မိခဲ့သမျှ
အချိန်ကြာလာသည်နှင့် တက်တက်စင်လွဲမှားခဲ့သည်
မြေးက အချိန်ရရသလို ရှောင်းကျန့်ကိုရှာဖွေနေတတ်တယ်
အိမ်မှာဆိုလဲ အရင်လိုတီတီတာတာအရမ်းမလုပ်တော့ပေ
တစ်ခါတလေ သွားစရာရှိတာမျိုးလောက်တာပဲ ဖွားကို ချွဲပြီးခွင့်တောင်းတယ်
အဲ့ဒါကလဲ ရှောင်းကျန့်နဲ့သွားဖူးတဲ့နေရာကိုသွားချင်၍ဖြစ်သည်
စကားနည်းလာတယ် အရင်လိုသွက်သွက်လက်လက်မဟုတ်ပေ
တစ်ယောက်တည်းဆို တွေးတွေးလေးနဲ့ငေးနေတတ်တယ်
တစ်ခါတလေ ညဘက်ကောင်းကင်ကိုကြည့်ပြီး မျက်ရည်ကျနေတတ်တယ်
တစ်ခါတလေ တစ်ယောက်တည်းပေါက်ကွဲနေတတ်တယ်အခုလိုမျိုးပေါ့အခန်းတံခါးပိတ်ပြီး

အဲ့ဒါတွေကြောင့် မြေးစိတ်အပြောင်းအလဲဖြစ်အောင် လက်ထပ်ဖို့တိုက်တွန်းနေရတယ် အရင်ကစကားစတာနဲ့မခံလက်ထပ်ဖို့ပြောတိုင်းရှောင်ထွက်ထွက်သွား
အားလုံးစီစဥ်ပြီးပြီသွားတွေ့ဆိုရင်တွေ့တယ်ကန့်လန့်တိုက်ပြန်လာတယ်
သွားတွေ့တဲ့မိန်းခလေးဆီကို ဦးထုပ်ဆောင်း Mask တပ် မျက်မှန်နဲ့သွားတွေ့  ဘာလို့အဲ့လိုလုပ်တာလဲမေးတော့သူ့မျက်နှာမြင်ပြီးကြိုက်သွားရင်နောက်ထပ်တွေ့နေရမှာစိုးလို့တဲ့ပါလေ နောက်ထပ်
တစ်ခါစကိတ်ယူသွားပြီးသူကရှေ့ကနေစကိတ်စီး ကောင်မလေးကဘေးကနေ လမ်းအမြန်လျှောက်စကားလိုက်ပြောနေရတယ်
အဲ့လိုကန့်လန့်တိုက်တဲ့ဝမ်ရိပေါ်ပါ
အခုတစ်ခါတော့သာဘာမှမလုပ်ခင် ကျန်းမာရေးနဲ့ကိုင်ပေါက်ထားတယ်
ဒီတစ်ခေါက်တော့အဆင်ပြေပါစေ
ဘာကန့်လန့်မှမတိုက်လာပါစေနဲ့ဆုတောင်းရမှာပါပဲ

Part 11 (Zawgyi)












''အေးအေး ကောင်းပြီ´´


ဒီလိုနဲ့သူ အရမ်းကြိုးစားခဲ့ရသည် ရှယ်ယာရှင်တွေယုံကြည်လာအောင် သူ့အရည်အချင်း ကိုအများအသိအမှတ်ပြုအောင် လုပ်ဆောင်ခဲ့သည် လိုအပ်သည့်ပညာပိုင်းနှင့်ဆိုင်ရာ ကို အိမ်ခေါ်သင်ခဲ့သလို တခြား ဗဟုသုတ အတွေ့အကြုံကိုလဲ တစ်ဖက်တလမ်းကနေကိုယ့်ဘာသာ သိအောင်ကြိုးစားသည် နေ့မနား ညမနား ကြိုးစားခဲ့ခြင်းကြောင့် အခုဆိုသူ အောင်မြင်လာသည်




နွေ...................................

မိုး....................................

ဆောင်း............................

  အလုပ်မှာလဲ


''ဟုတ်ကဲ့ အဖွား´´

''အေးအေး အခုနားတော့လေ  ​´´



''အေးအေး ကောင်းပြီ´´

.............................................................

''ဖွား သာဝင်ခဲ့ပြီနော် ´´

''အေး ဝင်လာခဲ့မြေး´´











''အေးကောင်းသောညပါကွယ်´´


နေနိုင်လိုက်တာဗျာ




Continue Reading

You'll Also Like

194K 26.6K 63
ΰΆ―ΰ·”ΰΆ΄ΰ·ŠΰΆ΄ΰΆ­ΰ·Š ΰΆ…ΰ·„ΰ·’ΰΆ‚ΰ·ƒΰΆš ΰΆšΰ·œΰΆ½ΰ·ŠΰΆ½ΰ·™ΰΆšΰ·Š ΰΆ†ΰ·€ΰ·œΰΆ­ΰ·Š ΰΆ”ΰΆΊΰ·ΰΆœΰ·š ΰΆ”ΰ·†ΰ·’ΰ·ƒΰ·Š ΰΆ‘ΰΆšΰΆ§... ࢔ࢺාව ࢯැ්࢚࢚ࢭ් ࢑ࢺා ࢢࢺේ ΰ·€ΰ·™ΰ·€ΰ·ŠΰΆ½ΰΆ±ΰ·€ΰΆ±ΰΆΈΰ·Š.. ࢔ࢺා ࢸො࢚ࢯ ࢚ࢻࢱ්ࢱේ... πŸ’š ΰ·„ΰΆƒ ΰ·„ΰΆƒ ΰΆ­ΰ·€ ΰΆ­ΰ·€ΰΆ­ΰ·Š ΰΆΆΰΆΊ ΰΆšΰΆ»ΰΆ±ΰ·€ΰ·... හැࢢැࢺි ΰΆ‰ΰΆ­ΰ·’ΰΆ±ΰ·Š ΰΆ†ΰΆ―ΰΆ»ΰ·šΰΆ§...
732K 37.8K 67
JEON JUNGKOOK X KIM TEAHYUNG αž˜αžΆαž“αžαŸ’αžšαžΉαž˜αžαŸ‚αž“αžΆαž˜αž‡αžΆαž”αŸ’αžšαž–αž“αŸ’αž’αž€αŸ’αž“αž»αž„αž’αŸαžαžΆαžŸαž»αžΈαžœαž·αž›αž˜αž½αž™αžŸαž“αŸ’αž›αžΉαž€ αžŠαŸ‚αž›αž˜αž·αž“αž”αžΆαž“αžšαŸ€αž”αž€αžΆαžšαž²αŸ’αž™αž˜αž αžΆαž‡αž“αž”αžΆαž“αžŠαžΉαž„ αžαŸαžΈαž…αž·αž‰αŸ’αž…αŸ€αž“αž˜αž½αž™αžœαž„αŸ‹αž“αŸαŸ‡αž’αžΆαž…αž”αž‰αŸ’αž‡αžΆαž€αŸ‹αž”αžΆαž“αžšαžΊαž‘αŸ?? ...
674K 33K 23
Story Name - Signs Of The Fate (α€€α€ΆαΎα€€α€™αΌα€¬α€α€Ία€Šα€Ήα€α€²α€·α€»α€€α€­α€―α€Έ) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
80.3K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...