သျှင်းသည် ကုတင်ပေါ်မှာတင်လွှဲထိုင်နေပြီး ရာရာလေးနဲ့မျက်နှာချင်းဆိုင်စေလိုက်သည် ။ မျက်ရည်လေးတွေဝဲပြီး မီးရောင်မှိန်မှိန်အောက်က ကလေးငယ်သည် သိပ်ကိုလှပလွန်းသည့်ပန်းချီကားတစ်ချပ်အသွင်ဖြစ်နေသည် ။ သျှင်း ကလေးငယ်ရဲ့စကားကိုနားထဲမှာ အထပ်ထပ်ကြားယောင်နေမိသည် ။
{ကလေး အခု ကိုကို့ကိုချစ်တယ်လို့ပြောလိုက်တာလား}
သူအတွေးတွေထဲမှာတဝဲဝဲလည်နေသည် ။ ကလေးငယ်က သူ့ကိုချစ်တယ်လို့
တော့မပြောပါဘူး ။ ဒီအတိုင်း သူငိုရင်နာကျင်ရတယ်လို့ပဲပြောတာ ။ ဒါပေမဲ့
နာကျင်မှု ၊ ပျော်ရွှင်မှုဆိုတာတွေကလည်းအချစ်ကြောင့်ဖြစ်တည်လာရတဲ့အစိတ်အပိုင်းတွေပဲမလား ။ သူကုမ္ပဏီကြီးတစ်ခုလုံးကအလုပ်တွေကိုဝေခွဲနိုင်ပေမဲ့ အခုကလေးငယ်ရဲ့စကားကိုတော့သူဝေမခွဲတတ်တော့ပါဘူး ။
"ကလေးအခုဘယ်လိုပြောလိုက်တာလဲ"
"ကိုကိုကရာရာ့ကျေးဇူးရှင်ဆိုပေမဲ့ ကိုကို့အပေါ်မှာရာရာခဏခဏလောဘတတ်မိနေတယ် ၊ ရာရာ ကိုကို့ရဲ့စည်းစိမ်ဥစ္စာတွေကိုစိတ်မဝင်စားဘူး ၊ ဒီအတိုင်း ..... ဒီအတိုင်း ကိုကို့ကိုပဲပိုင်ဆိုင်ချင်တာ ၊ ကိုကို့ကိုရာရာ့လူဖြစ်စေချင်တာ ၊ ရတယ်မလား ရာရာ့မှာကိုကို့ကိုလောဘတက်ခွင့်ရှိတယ်မလားဟင်"
"ရတာပေါ့ကလေးရယ် ၊ ကလေးဆန္ဒရှိတာဘာမဆိုလုပ်ခွင့်ရှိတယ် ၊ ကလေးရဲ့စိတ်ဆန္ဒအတိုင်းလုပ်ခွင့်ရှိတယ်"
"ဒါဆို ကိုကိုကရာရာ့လူဖြစ်ပေးပါ ၊ ကိုကို့ကိုရာရာပိုင်ဆိုင်ချင်တယ်"
"ကလေး ဒီမှာကြည့်စမ်း ၊ ကိုကိုကအမြဲတမ်းရာရာ့အပိုင်ပါ ၊ ကိုကို ကလေးကို
စတွေ့ကတည်းက ကိုကိုကရာရာ့လူဖြစ်နေပြီးသားပါ ၊ ကလေး ကိုကို့ကိုချစ်လား"
ရာရာလေးသည် ခေါင်းလေးတဆက်ဆက်ငြိမ့်ရင်း .....
"ချစ်တယ် ၊ ရာရာ ကိုကို့ကိုအများကြီးချစ်တယ်"
"ရပြီကလေး ၊ ဒီတစ်ခွန်းတည်းနဲ့တင်လုံလောက်ပြီ ၊ ဒီနေ့လေ ကိုကိုကအပျော်ဆုံးလူသားပဲ"
ရာရာလေးကသျှင်း၏လည်ပင်းကိုသိုင်းဖက်ပြီး သျှင်းကိုအတင်းဖက်ထားတော့သည် ။ သျှင်းကဒါကိုသဘောတကျနဲ့ပြုံးနေပြီး သျှင်း၏မျက်ဝန်းထဲတွင်လည်း မျက်ရည်တွေကဝဲရစ်နေသည် ။ ကလေးငယ်ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်ပြီး .......
"ကျေးဇူးတင်ပါတယ် ၊ ကိုကို့ကိုရွေးချယ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်"
"ရာရာမှားသွားပါတယ် ၊ နောက်ဆိုကိုကို့စကားကိုရာရာနားထောင်ပါ့မယ် ၊ အဲ့တာကြောင့် ကိုကိုမငိုပါနဲ့တော့နော်"
"ဟုတ်ပါပြီ ၊ ကိုကို့ကိုကြည့်ပါဦး ၊ ကလေးဗိုက်အောင့်နေသေးလား"
"ဟင့်အင်း ပျောက်သွားပြီ ၊ ရာရာ နောက်ဆိုလက်ဖက်မစားတော့ပါဘူး"
"ကိုကိုကလည်းလက်ဖက်ကိုအိမ်ထဲပေးမဝင်ဘူးဗျာ ၊ မနက်ဖြန်ကစပြီးဘယ်သူမှလက်ဖက်မစားရဘူး ၊ သိပ်ချစ်ဖို့ကောင်းတဲ့ကိုကို့ကလေးလေး အိပ်တော့ ၊
မနက်လည်းကျောင်းသွားရဦးမယ်"
"ကိုကိုကရော ..... ကိုကိုဆိုဖာပေါ်မှာမအိပ်ရဘူးနော် ၊ ရာရာအဆင်မပြေဘူးလို့ပြောထားတယ်နော်"
"သိပါတယ်အဆိုးလေးရဲ့ ၊ ကိုကို ကလေးဘေးမှာအိပ်မှာပါ"
ရာရာလေးကတစ်ဖက်ကိုတိုးပေးလိုက်ပြီး နေရာလွတ်ကိုသျှင်းလှဲရန်သူ့လက်ကလေးနဲ့ပုတ်ပြသည် ။ ကလေးငယ်ပြသည့်နေရာလွတ်မှာသျှင်းဝင်လှဲလိုက်
သည် ။ သျှင်းဝင်လှဲလိုက်သည်နှင့်ကလေးငယ်ကသူ့ရင်ခွင်ထဲကိုတိုးဝင်တော့
သည် ။ ရာရာလေးအခုလိုဖြစ်သွားတာကိုတစ်အိမ်လုံးကဝန်ထမ်းတွေတစ်
ယောက်မှမသိလိုက်ကြပါ ။ ကြီးကြီးဆွေတောင်အိပ်မောကျနေလို့မသိလိုက်
ပါ ။
"ကိုကိုထတော့ ကိုကို၈နာရီထိုးနေပြီ ၊ ကိုကို !!!"
ညကအိပ်ရေးတွေပျက်ပြီး သျှင်းအိပ်ပျော်သွားသည်ကမနက်၈နာရီအထိပင် ။
ကလေးငယ်ကသူ့ရင်ခွင်ထဲမှာအိပ်မောကျနေပေမဲ့ ညက သူအပျော်ဆုံးလူသားဖြစ်နေ၍ သူတော်တော်နဲ့အိပ်မပျော် ။ သူ့ရင်ခွင်ထဲကကလေးငယ်ကို
အချိန်အတော်ကြာကြည့်ရင်းနဲ့ပဲ သူဘယ်အချိန်မှအိပ်ပျော်သွားလဲမသိလိုက်တော့ပါ ။ အခုတော့ သူ့ရဲ့ကလေးလာနှိုးမှပဲ သူနိုးတော့သည် ။ ဒါတောင်သူ
မထသေးဘဲ သူ့ကလေးငယ်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သေးသည် ။
"အာ .... ကိုကိုကဗျာ အမြဲညစ်တယ် ၊ ထတော့လို့ ရာရာကျောင်းနောက်ကျတော့မယ် ၊ ကိုကိုလိုက်မပို့ရင် ရာရာ အစ်ကိုမိုးသောက်ကိုခေါ်လိုက်မှာနော်"
"ဟာ ကလေး !"
မိုးသောက်နဲ့ခြိမ်းခြောက်မှပဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ငုတ်တုပ်ထထိုင်တော့
သည် ။ ရာရာလေးကဆူပုတ်ပုတ်လေးနဲ့သျှင်းကိုစူးစိုက်ကြည့်နေသည် ။
"ထတော့ ၊ ကိုကိုရေချိုးပြီးရင်ရာရာ့ကိုနက်ခ်တိုင်စည်းပေးဦး ၊ မဟုတ်ရင်
ရာရာ အစ်ကိုမိုး ......."
သူ့ကိုခြိမ်းခြောက်နေသည့်ကလေးငယ်၏ပါးစပ်ကလေးကို သူ့နှုတ်ခမ်းတွေနဲ့
ပိတ်ပစ်လိုက်သည် ။ ကလေးငယ်လေး၏မျက်နှာချက်ချင်းကိုနီရဲတက်လာပြီး
သူ့ကိုတွန်းထုတ်လာသည် ။
"ကိုကိုနှာဘူးကြီး!"
ကလေးငယ်ရှက်ပြီးသူ့အခန်းထဲကနေပြေးထွက်သွားတော့သည် ။ ကလေးငယ်ရှက်သွားသည့်မျက်နှာလေးကိုသျှင်းမျက်စိထဲကလုံးဝမထွက်ပါ ။ ဒီအရှက်သည်းတဲ့ကလေးငယ်လေးနဲ့သူဘယ်လိုစခန်းသွားရပါ့မလဲ ။ နေသားတကျဖြစ်အောင်တော့ သူအကျင့်လုပ်ပေးမှဖြစ်မယ် ။
"ဘာ !!!"
သူ ကိုကို့ကိုအဖြေပေးလိုက်ပြီဆိုတာပြောလိုက်တာနဲ့ သူငယ်ချင်းသုံးယောက်
အောက်မေးပြုတ်တော့သည် ။
ခွန်း - အစ်ကိုမိုးသောက်တော့သနားပါတယ်ကွာ ၊ ချိန်ပါကြီးဖြစ်သွားရှာပြီ...
ဘရဏီ - ဟဲ့ နင့်အစိကန်းနေသလား ၊ ငါတို့ရာရာကအစ်ကိုမိုးသောက်ထက်
အစ်ကိုသျှင်းမြတ်နဲ့ပိုပြီးလိုက်ဖက်တာဟ ၊ အစ်ကိုမိုးသောက်က
ဘယ်သူလဲလိုက်လဲသိလား ...
ခွန်း - ဘယ်သူနဲ့လဲဟင် ...
ရွှန်းလဲ့ - နင်နဲ့လေ နင်နဲ့ ၊ နှစ်ယောက်သားမတွေ့လိုက်နဲ့တွေ့လိုက်တာနဲ့ဘုနဲ့
ဘောက်ပဲ ...
ခွန်း - အမယ်လေး ဖတ်ဖတ်ဖတ် ထွီ ၊ အဲ့လိုဘဲကြီးကိုငါကကြိုက်စရာလား ...
ဘရဏီ - အမယ်လေး ငခွန်းရယ် နင်စကားကိုကုန်အောင်မပြောနဲ့ အစားကို
ပဲ ကုန်အောင်စားစမ်းပါ ၊ ငါတို့ဖူဂျိုရှီတွေရဲ့အမြင်တွေကဗေဒင်
ထက်တောင်မှန်တယ်နော် ၊ အခုဆိုကြည့်ပါလား အစ်ကိုသျှင်းမြတ်
နဲ့ရာရာနဲ့ချစ်သူတွေဖြစ်သွားကြပြီ ...
ရွှန်းလဲ့ - ဟုတ်တယ် နင်တို့အတွဲပဲကျန်တော့တယ် ...
ခွန်း - ထွီ မပြောစမ်းပါနဲ့ဟာ ...
ဘရဏီ - အေး မပြောတော့ဘူး ၊ ငါရာရာ့ကိုပဲပြောတော့မယ် ၊ ရာရာ အစ်ကို
သျှင်းမြတ်ကမိန်းကလေးတွေကြားမှာရေပန်းစားတယ်နော် ၊ ပွဲတွေ
တက်ရင် ဟိုအစစ်မ နေပါဦး သူ့နာမည်ငါမေ့နေတယ် ၊ လမ်း
လျှောက်ရင်ကားတက်ကြိတ်ထားတဲ့စတိုင်နဲ့လေဟာ ...
ရွှန်းလဲ့ - သြော် ဟိုအစစ်မ ဗီဗီအချိုရည်လား ...
ဘရဏီ - အေးအေး ဟုတ်တယ် ၊ အဲ့အစစ်မကအစ်ကိုသျှင်းမြတ်အနားကိုအ
သေကပ်တာနော် ၊ အဲ့အစစ်မကိုသတိထားရမယ် ...
ရွှန်းလဲ - ဟုတ်တယ် ၊ အဲ့ဟာမကိုသတိထားနော် ၊ မာမီနဲ့ဒယ်ဒီတို့ဆိုအဲ့ဟာမ
ကိုကြည့်မရကြဘူး ၊ ယောကျာ်းတွေအနားပဲကပ်နေလို့တဲ့ ...
ရာရာ - နင်တို့ကလည်းဟာ သူများသားသမီးကိုအဲ့လိုမပြောပါနဲ့ ၊ သူကခင်မင်
တတ်လို့နေမှာပါ ....
ရွှန်းလဲ့ - အေးရာရာ အဲ့တာပဲ အဲ့တာနင့်ရဲ့အားနည်းချက်ပဲ ၊ နင်ကလူတိုင်းကို
နင့်လိုတွေးထင်မနေနဲ့ ၊ လူတိုင်းကကောင်းတာမဟုတ်ဘူး ....
ဘရဏီ - ဟုတ်တယ် ၊ အဲ့အစစ်မကအမမှုန်နော် ...
ခွန်း & ရာရာ - အမမှုန်ကဘာကြီးလဲ ...
ရွှန်းလဲ့ - အမယ်လေးဟယ် ဘာမှလည်းမသိကြပါလား ၊ အမမှုန်ဆိုတာမိန်းက
လေးတွေတိုမမြင်ရဘူးလို့ပြောချင်တာ သိပြီလား ....
ဘရဏီ - နေပါဦး ၊ ရာရာကဘာလို့အစ်ကိုသျှင်းမြတ်နဲ့ပွဲမတက်တာလဲ ...
ရာရာ - ကိုကိုကခေါ်ပါတယ် ၊ ရာရာမလိုက်ချင်လို့မလိုက်တာ ၊ စိတ်ရှုပ်စရာ
ကြီး လူတွေအများကြီးပဲ ၊ နေရတာမွန်းကြပ်တယ် ....
ရွှန်းလဲ့ - နောက်ဆိုလိုက်သွားရာရာရဲ့ ၊ အခုလိုပြောလို့ အစ်ကိုသျှင်းမြတ်ကို
မယုံလို့မဟုတ်ပါဘူး ၊ အခုခေတ်က တော်တော်ဖြစ်တဲ့ခေတ်လေ...
ဘရဏီ - ဟုတ်တယ် တော်တော်ဖြစ်နေကြတဲ့ခေတ် ၊ စနိုက်တာတွေ ခြံခုန်
တာတွေနဲ့မျက်စိတွေကိုနောက်နေတာပဲ ၊ အဲ့တာကြောင့်ရာရာလိုက်
သွား ၊ ဟိုရောက်လည်းကိုကိုရှိနေတာပဲလေ ကိုကိုကဂရုစိုက်မှာပေါ့ ၊
ဟိဟိ ငါလည်းအဲ့လိုကိုကိုတစ်ယောက်လောက်လိုချင်လိုက်တာ ...
ရွှန်းလဲ့ - ဟယ် ကိုကိုဆိုတာနဲ့ နင့်ကိုလိုက်နေတဲ့အိမ်နီးနားချင်းအစ်ကိုကြီး
ရော အခြေအနေဘယ်လိုရှိလဲ ဟီးဟီး ....
ခွန်း - ပြတ်သွားကြပြီ ...
ရွှန်းလဲ့ & ရာရာ - ဟင် ဘယ်တုန်းကတွဲလိုက်ကြလို့လဲ ...
ဘရဏီ - မတွဲလိုက်ရပါဘူးဟယ် ၊ ငါကသူ့ကိုယောကျာ်းပေးစားလို့ဆိုပြီးစိတ်
ဆိုးသွားတာ အခုထက်ထိစိတ်ဆိုးနေတုန်းပဲ ...
သုံးယောက်စလုံး ဘရဏီ့ကိုထိုင်ရယ်ကြတော့သည် ။ သူငယ်ချင်းတွေစာအတူ
တူလုပ်မယ်ဟုဆိုကာ ကန်တင်းထိုင်လိုက်သည်က ပျော်ရွှင်ဖွယ်စကားဝိုင်အဖြစ်သာအဆုံးသတ်သွားတယ် အိတ်ထဲကစာအုပ်တွေတစ်အုပ်မှမထုတ်လိုက်ကြရပါ ။ နေ့ခင်းကိုကိုလာကြိုတာနဲ့ပဲ ရာရာပြန်သွားရသည် ။ ကျန်နေတဲ့သုံးယောက်ကတော့ အားလူးဆက်ဖုတ်နေကြသည် ။ မိုးသောက်ရောက်လာ
သည့်အချိန်မှာတော့ မိုးသောက်အရမ်းကိုနောက်ကျသွားခဲ့သည် ။
{ကောင်လေးရယ် ကိုယ်မင်းကိုတွေ့တောင်မတွေ့လိုက်ရပါလား}
သျှင်းမြတ်နဲ့ရာရာ ချစ်သူတွေဖြစ်သွားကြပြီဆိုတာ မိုးသောက်မသိသေးပါ ။
"ခွန်း ရာရာ့ကိုသျှင်းမြတ်လာခေါ်သွားတာလား"
"ဟုတ်တယ် ၊ ခုဏလေးတင်ခေါ်သွားတာ ၊ ခင်ဗျားကနောက်ကျတာကို ၊ ခင်ဗျားလက်ထဲကဘာကြီးလဲ"
"ရာရာ့အတွက်လက်ဆောင်ပေးမလို့ဝယ်လာတာ"
ခွန်း မိုးသောက်ကိုပြောပြချင်ပေမဲ့ စကားလုံးတွေကပြောမထွက်ပါ ။ မိုးသောက်နဲ့သူနဲ့မတည့်ဘူးဆိုပေမဲ့ အခုလိုကျတော့လည်းသူသနားနေပြန်သည် ။ သူများကြားကိုလည်းသူဝင်မပါချင် ။ ဘရဏီတို့ကလည်းဘာမှမပြောတော့
မပြောတာပဲကောင်းမယ်လို့ဆုံးဖြတ်ပြီး ဘာမှမပြောပြခဲ့တော့ပါ ။
ရာရာလေးကဖုန်းကိုကြည့်ရင်းပြုံးနေသည် ။ ပြုံးနေသည့်သူ့ကလေးငယ်ကို
ကြည့်ပြီး ကလေးငယ်ဘာတွေကြည့်နေတာလဲဆိုတာသျှင်းသိချင်လာသည် ။
ကလေးငယ်ကဖုန်းကိုပိတ်လိုက်ပြီး ...
"ကိုကို Cosmeticဆိုင်တစ်ဆိုင်မှာခဏရပ်ပေးပါ"
"Cosmetic ? ကလေးကဘာလုပ်မလို့လဲ"
"မပြောပြဘူး ၊ အိမ်ရောက်မှပြောပြမယ်"
ကလေးငယ်စိတ်တိုင်းကျ Cosmeticဆိုင်ရှေ့မှာရပ်ပေးလိုက်သည် ။ ကလေးငယ်သွားသည့်အနောက်ကိုသျှင်းလိုက်သည် ။
"အစ်မ လက်သည်းနီလိုချင်လို့"
"ဟုတ်ကဲ့ ဒီဘက်ကိုကြွပါမောင်လေး"
လက်သည်းနီတွေပုလင်းစုံ ၊ ဆိုက်ဒ်စုံ ၊ အရောင်စုံနဲ့ရှိတဲ့စင်ရှေ့မှာ ရာရာစိတ်
တိုင်းကျလက်သည်းနီတွေတစ်ပုလင်းပြီးတစ်ပုလင်းခြင်းထဲထည့်နေသည် ။
ရာရာဘာတွေလုပ်နေလဲဆိုတာ သျှင်းတော့နားမလည်တော့ပါ ။
"ကလေးလေး ဘာလို့ဒီလောက်အများကြီးဝယ်နေရတာလဲ"
"အခုမပြောပြဘူး ၊ အိမ်ရောက်မှပြောမယ်"
လက်သည်းနီတွေအများကြီးဝယ်သည့်ကောင်လေးကိုကောင်တာကအစ်မကပြုံးပြီးကြည့်နေသည် ။ ပိုက်ဆံရှင်းပြီးတာနဲ့ခပ်တည်တည်ပဲဆိုင်ထဲကထွက်လာခဲ့လိုက်သည် ။
"ကလေး ......"
"မမေးနဲ့ မဖြေဘူးလို့"
"ကိုကိုကဘာစားဦးမလဲလို့မေးမလို့ပါ"
"သြော် ဟီး မသိဘူးလေ ၊ ပီဇာ ပီဇာ ဝယ်သွားပြီးအိမ်ရောက်မှစားမယ်"
"ဟုတ်ပါပြီဗျာ"
ကလေးငယ်အတွက်ပီဇာဝယ်တာနဲ့အိမ်ကဝန်ထမ်းတွေအတွက်လည်းအပိုဝယ်ခဲ့လိုက်သည် ။ အိမ်ကဝန်ထမ်းတွေကိုလက်ဖက်သုပ်မစားရဘူးလို့ပြောထားတော့ လက်ဖက်အစားပီဇာဝယ်ကျွေးလိုက်ခြင်းဖြစ်သည် ။
"ကြီးကြီးဆွေ ဒါကကလေးအတွက် ဒါတွေကဝန်ထမ်းတွေကိုပေးလိုက်ပါ"
"ဟုတ်ကဲ့ သခင်လေး"
ကလေးငယ်ကတော့ သူ့ရဲ့လက်သည်းနီထုပ်ကြီးကိုပိုက်ပြီးအပေါ်ကိုတက်သွား
သည် ။
"ကလေးရေ ရေကိုအကြာကြီးမချိုးနဲ့နော်"
အခန်းရှေ့ကနေတံခါးခေါက်ပြီးကလေးငယ်ကိုသတိပေးရသေးသည် ။ မဟုတ်ရင် အဲ့ကလေးက ရေသူထီးသေလို့ဝင်စားသလားပဲ ရေချိုးခန်းထဲက
တော်တော်နဲ့ထွက်မလာတတ် ။
"ဟုတ်"
သျှင်းလည်းခဏနားပြီးရေမိုးချိုးလိုက်သည် ။ သျှင်းရေချိုးလို့ပြီးသွားပေမဲ့
ဟိုကလေးငယ်အခုထက်ထိမပြီးသေး ။ အခန်းထဲဝင်ကြည့်လိုက်တော့ အခုထက်ထိရေမချိုးရသေး ။ ကုတင်ပေါ်မှာလက်သည်းနီပုလင်းတွေပြန့်ကျဲပြီး
တင်ပလင်ခွေလေးထိုင်ကာ လက်သည်းနီတွေကိုစိုက်ကြည့်နေသည် ။
"ကိုကိုဆူမယ် မဆူဘူး ဆူမယ် မဆူဘူး ......."
"ကလေး ဘာလုပ်နေတာလဲ"
"အဲ ကိုကို ဟီးဟီး ကိုကိုတောင်ရေချိုးပြီးသွားပြီ ၊ ရာရာ ရေမချိုးရသေးဘူး"
"ရေချိုးတော့လေကလေးရယ် ညနေစောင်းလာရင်မကောင်းဘူး ၊ သွား ကိုကို
အောက်မှာစောင့်နေမယ်"
"ဟုတ်ဟုတ်"
ရေချိုးခန်းထဲပြေးဝင်သွားတာတန်းနေတာပဲ ။ ကုတင်ပေါ်မှာလည်းခုဏကဝယ်လာသည့်လက်သည်းနီပုလင်းတွေပြန့်ကျဲလို့နေသည် ။ သူ့ကလေးငယ်
ဘာလုပ်ထားမှန်းမသိလို့ သူမသိမ်းတော့ပါ ။ ဒီအတိုင်းပဲအောက်ထပ်ကိုဆင်း
လာခဲ့လိုက်သည် ။ ခဏနေတော့ ကလေးငယ်က သူ့လက်သည်းနီထုပ်ကြီးပိုက်ပြီးလှေကားပေါ်ကပြေးဆင်းလာသည် ။ သူ့ကလေးငယ်ကသူ့အင်္ကျီကို
ဝတ်ထားတော့ အင်္ကျီထဲမှာလူကောင်လေးကမြုပ်နေသည် ။
"ရာရာအိုက်လို့ ကိုကို့အင်္ကျီခဏယူဝတ်မယ်နော်"
"ဟုတ်ပါပြီဗျာ"
ဆိုဖာပေါ်မှာထိုင်နေသည့်သျှင်းရဲ့ပေါင်ကြားထဲမှာအတင်းမရမကဝင်ထိုင်သည် ။ ကလေးငယ်သည် ခြေထောက်နှစ်ဖက်ကိုသျှင်းပေါင်ပေါ်မှာတင်ထားပြီး
တစောင်းထိုင်သည် ။
"ကိုကို ရာရာကိုကို့ကိုလက်သည်းနီဆိုးပေးမယ်"
"ဟမ် ! ကိုကို့ကိုလက်သည်းနီဆိုးပေးမယ် ဟုတ်လား"
"အင်း ကိုကိုဘယ်အရောင်ကြိုက်လဲ ရွေးလိုက်"
သူ့ကလေးငယ်စိတ်သဘောကျ သူအနီရောင်ကိုရွေးလိုက်သည် ။ သူ့ဘယ်ဘက်လက်ကိုဆွဲယူပြီး လက်သည်းနီတွေအတည်ကြီးဆိုးပေးနေသည် ။
"ဘာဖြစ်လို့ဒီလိုလုပ်တာလဲကလေးလေး"
"ပြီးရင်ပြောပြမယ်"
ရာရာလေးလက်သည်းနီဆိုးပေးနေစဥ် သက်အောင်ဆီမှဖုန်းဝင်လာသည် ။
သျှင်းဖုန်းကိုလှမ်းယူပြီးကိုက်လိုက်သည် ။
"ပြောသက်အောင်"
"MD မဗီဗီယမ်ကအရေးကြီးကိစ္စတင်ပြစရာရှိတယ်ဆိုပြီးMDအိမ်ကိုလာနေပါတယ် ၊ ဖုန်းဆက်လိုက်ပါလို့ပြောတာပြောလို့မရဘူး"
"နေပါစေ ထားလိုက် ၊ မင်းတို့ဒီဇိုင်းအသစ်တွေအပ်လိုက်ပြီလား"
"ဟုတ်ကဲ့ အပ်လိုက်ပါပြီ ၊ ကျောက်တွေလည်းရောက်နေပါပြီ ၊ နောက်လလောက်ဆို လက်ဝတ်ရတနာအကုန်ရမယ်လို့ပြောပါတယ်"
"ဟုတ်ပြီ ဟုတ်ပြီ ၊ ဒီနေ့လည်းတာဝန်ကျေပါတယ် ၊ အလုပ်ဆင်းလိုက်ကြတော့"
"ဟုတ်ကဲ့MD"
သူဖုန်းချပြီးတာနဲ့ကလေးငယ်ရဲ့ပါးလေးကိုအားပါးတရနမ်းလိုက်သည် ။
"လှသွားပြီ ခစ်ခစ်"
"ကဲ ပြောပါဦး ၊ ဘာလို့ကိုကို့ကိုလက်သည်းနီဆိုးပေးရတာလဲ"
"ရာရာပြမယ်"
ဖုန်းထဲမှာ သူသိမ်းထားသည့်ဗီဒီယိုလေးတစ်ခုကိုဖွင့်ပြသည် ။ ဗီဒီယိုထဲမှာ
ကောင်လေးကိုကောင်မလေးကလက်သည်းနီတွေဆိုးပေးထားပြီး တခြား
ကောင်မလေးတွေအနားကပ်လာရင် မိန်းကလေးတစ်ယောက်လိုပြုမူပြော
ဆိုခိုင်းခြင်း ။ ထိုဗီဒီယိုကိုတွေ့တော့ သျှင်းအသံထွက်ရယ်မိသည် ။
"ဟားဟား ဟားဟား ကလေးရာ အဲ့တော့ကိုကိုကဒီထဲကအတိုင်းလုပ်ရမယ်ပေါ့"
ကလေးငယ်ကရယ်ပြီး ခေါင်းတဆက်ဆက်ငြိမ့်ပြသည် ။ ဘယ်လိုတောင်ချစ်
ဖို့ကောင်းနေရတာလဲကလေးရယ် ။
"အဲ့လိုဆို ကိုကို့ကိုစိတ်ပူစရာမလိုတော့ဘူး ဟီးဟီး"
"ကလေးလေးရာ ဒီမှာကြည့် ကလေးကကိုကို့နှလုံးသားထဲမှာနေရာယူပြီးသားလေ ၊ ဘယ်သူ့ကိုထပ်ကြည့်ရဦးမှာလဲ ၊ ဒီကလေးလေးတစ်ယောက်ထဲကို
ချစ်လို့ကိုမဝဘူး"
"ဒါပေမဲ့လည်း ရာရာကယောကျာ်းလေးလေ ၊ မိန်းကလေးတွေလိုခန္ဓာကိုယ်
မျိုးမရှိဘူး ၊ လှအောင်လည်းမနေတတ်ဘူး ၊ ရာရာ့ကိုစိတ်ကုန်သွားမှာကြောက်လို့ပါ"
"အာ ..... မဟုတ်တာတွေမတွေးစမ်းပါနဲ့ကလေးရာ ၊ ကိုကိုကဒီပိစိကွေးလေးကိုပဲချစ်တာ ၊ ဘယ်မိန်းကလေးဘယ်လောက်လှလှ ကိုကို့ကလေးလောက်ဘယ်သူမှချစ်ဖို့မကောင်းဘူး ၊ ကိုကို့ကလေးလေးကလိမ္မာတယ် ၊ စကားနား
ထောင်တယ် ၊ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ"
"ဒါပေမဲ့ လက်သည်းနီတွေပြန်မဖျက်ပေးဘူး ၊ ရာရာ ဖျက်ဆေးဝယ်မလာဘူး ဟီးဟီး"
ကြီးကြီးဆွေကရယ်သည် ။ ရာရာ့ကိုသျှင်းမြတ်တင်မကအိမ်ကဝန်ထမ်းတွေကပါ ချစ်ကြသည် ။ ရာရာလေးက သူကတော့ဝန်ထမ်းမို့လို့ သူကတော့ဘာမို့လို့
ဆိုတဲ့ခွဲခြားမှုမျိုးမရှိ ။ တစ်ခါတစ်လေဆို အလုပ်တွေလည်းကူလုပ်ပေးသည် ။
"သခင်လေး မဗီဗီယမ်ရောက်နေပါတယ်"
"အင်း ဝင်ခွင့်ပေးလိုက်ပါ"
သူ့ကလေးငယ်လေးကထွက်ပြေးဖို့လုပ်နေလို့ သူအတင်းဆွဲပြီးဖက်ထားလိုက်
သည် ။
"ဘယ်ပြေးမလို့လဲ"
"သူများအမြင်မှာမကောင်းဘူးလေကိုကိုရဲ့"
"ကိုကို့အမြင်တော့ကောင်းပါတယ် ၊ ငြိမ်ငြိမ်နေ ၊ ကလေးစားမယ်ဆိုတဲ့ပီဇာလေးစား"
ခုဏက ကြီးကြီးဆွေလာချပေးသွားတဲ့ပီဇာပန်းကန်လေးကို ကလေးငယ်လက်
ထဲထည့်ပေးလိုက်သည် ။ ဗီဗီယမ်ဝင်လာသည့်အခါ သျှင်းနဲ့အတူတူရှိနေသည့်
ကလေးငယ်ကိုမြင်ပြီး မျက်နှာကရှုံ့မဲ့သွားသည် ။ သူမ မသိသေးတာက
သျှင်းနဲ့ဒီကလေးငယ်တစ်အိမ်တည်းအတူတူနေတယ်ဆိုတာကိုပေါ့ ။
"ထိုင်လေ မဗီဗီယမ် ၊ ဘာကိစ္စရှိလို့လဲ"
"တခြားတော့မဟုတ်ပါဘူး ၊ အမေရိကားမှာဗီ့ရဲ့သူငယ်ချင်းရှိတယ်လေ ၊ သူက
အဲ့မှာShopping Centerဖွင့်တော့မှာ ၊ အဲ့တာ သျှင်းစိတ်ဝင်စားမလားလို့ပါ ၊ အဲ့မှာဆိုင်ခွဲဖွင့်လိုက်ရင် အရမ်းကိုအောင်မြင်မှာသျှင်း"
သျှင်းကစကားကိုသာနားထောင်နေသည် ဗီဗီယမ့်ကိုလုံးဝမကြည့် ။ သူ့ကလေးငယ်ပီဇာစားနေတာကိုပဲကြည့်နေပြီး နှုတ်ခမ်းကပေနေတာလေးတွေကို
သုတ်ပေးနေရတာနဲ့အလုပ်ရှုပ်နေသည် ။
"ကျွန်တော်စဥ်းစားလိုက်ပါဦးမယ်"
"ပြီးတော့ ဒါလေး ဗီ့ရဲ့မွေးနေ့ပါတီလေးပါ ၊ သျှင်းလာမယ်လို့ဗီယုံကြည်လိုက်
မယ်နော်"
"လာရင်းကိစ္စကဒါပဲမလား ၊ မဗီဗီယမ်ပြန်လို့ရပါပြီ"
"ဟုတ်ကဲ့ပါ ပါတီကိုလာခဲ့နော်"
ဗီဗီယမ် နည်းနည်းတော့တင်းသွားသည် ။ သျှင်းကိုတော့မဟုတ် ကလေးငယ်ကိုဖြစ်သည် ။ သူမအတွက်တော့ ဒီဘာမဟုတ်တဲ့ဟာလေးကတော်တော်ကိုရှုပ်နေသည် ။ သူမ သျှင်းကိုအရယူဖို့ဆုံးဖြတ်လိုက်သည် ။
"ကိုကို ဘာလို့အဲ့မမကိုကျေးဇူးတင်စကားမပြောတာလဲ"
"သူကပြောပြပေးရုံပဲရှိသေးတာလေ ၊ ကိုကို့အတွက်အမြတ်ရှိလားမရှိလားမှမသိသေးတာ ၊ လုပ်ကြည့်လို့အောင်မြင်မှကျေးဇူးတင်ရမှာပေါ့ ၊ ဒါစီးပွားရေးလောကပဲကလေးရဲ့"
"ရှုပ်လိုက်တာ ၊ မုန့်စားတာပဲကောင်းတယ် ဟီးဟီး"
{သျှင်းကဗီဗီယမ့်အပိုင်ဖြစ်လာရမှာ}
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
MewGulfကိုခဏစောင့်ကြပါဦးနော် သေချာပြင်ဆင်ပြီးရေးရမယ့်အပိုင်းမို့လို့ကြာနေတာပါ ခဏလောက်တော့စောင့်ပေးကြပါဦးနော်❤
____________________________________________________________
Zawgyi
သွ်င္းသည္ ကုတင္ေပၚမွာတင္လႊဲထိုင္ေနၿပီး ရာရာေလးနဲ႕မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္ ။ မ်က္ရည္ေလးေတြဝဲၿပီး မီးေရာင္မွိန္မွိန္ေအာက္က ကေလးငယ္သည္ သိပ္ကိုလွပလြန္းသည့္ပန္းခ်ီကားတစ္ခ်ပ္အသြင္ျဖစ္ေနသည္ ။ သွ်င္း ကေလးငယ္ရဲ႕စကားကိုနားထဲမွာ အထပ္ထပ္ၾကားေယာင္ေနမိသည္ ။
{ကေလး အခု ကိုကို႔ကိုခ်စ္တယ္လို႔ေျပာလိုက္တာလား}
သူအေတြးေတြထဲမွာတဝဲဝဲလည္ေနသည္ ။ ကေလးငယ္က သူ႕ကိုခ်စ္တယ္လို႔
ေတာ့မေျပာပါဘူး ။ ဒီအတိုင္း သူငိုရင္နာက်င္ရတယ္လို႔ပဲေျပာတာ ။ ဒါေပမဲ့
နာက်င္မႈ ၊ ေပ်ာ္႐ႊင္မႈဆိုတာေတြကလည္းအခ်စ္ေၾကာင့္ျဖစ္တည္လာရတဲ့အစိတ္အပိုင္းေတြပဲမလား ။ သူကုမၸဏီႀကီးတစ္ခုလုံးကအလုပ္ေတြကိုေဝခြဲနိုင္ေပမဲ့ အခုကေလးငယ္ရဲ႕စကားကိုေတာ့သူေဝမခြဲတတ္ေတာ့ပါဘူး ။
"ကေလးအခုဘယ္လိုေျပာလိုက္တာလဲ"
"ကိုကိုကရာရာ့ေက်းဇူးရွင္ဆိုေပမဲ့ ကိုကို႔အေပၚမွာရာရာခဏခဏေလာဘတတ္မိေနတယ္ ၊ ရာရာ ကိုကို႔ရဲ႕စည္းစိမ္ဥစၥာေတြကိုစိတ္မဝင္စားဘူး ၊ ဒီအတိုင္း ..... ဒီအတိုင္း ကိုကို႔ကိုပဲပိုင္ဆိုင္ခ်င္တာ ၊ ကိုကို႔ကိုရာရာ့လူျဖစ္ေစခ်င္တာ ၊ ရတယ္မလား ရာရာ့မွာကိုကို႔ကိုေလာဘတက္ခြင့္ရွိတယ္မလားဟင္"
"ရတာေပါ့ကေလးရယ္ ၊ ကေလးဆႏၵရွိတာဘာမဆိုလုပ္ခြင့္ရွိတယ္ ၊ ကေလးရဲ႕စိတ္ဆႏၵအတိုင္းလုပ္ခြင့္ရွိတယ္"
"ဒါဆို ကိုကိုကရာရာ့လူျဖစ္ေပးပါ ၊ ကိုကို႔ကိုရာရာပိုင္ဆိုင္ခ်င္တယ္"
"ကေလး ဒီမွာၾကည့္စမ္း ၊ ကိုကိုကအၿမဲတမ္းရာရာ့အပိုင္ပါ ၊ ကိုကို ကေလးကို
စေတြ႕ကတည္းက ကိုကိုကရာရာ့လူျဖစ္ေနၿပီးသားပါ ၊ ကေလး ကိုကို႔ကိုခ်စ္လား"
ရာရာေလးသည္ ေခါင္းေလးတဆက္ဆက္ၿငိမ့္ရင္း .....
"ခ်စ္တယ္ ၊ ရာရာ ကိုကို႔ကိုအမ်ားႀကီးခ်စ္တယ္"
"ရၿပီကေလး ၊ ဒီတစ္ခြန္းတည္းနဲ႕တင္လုံေလာက္ၿပီ ၊ ဒီေန႕ေလ ကိုကိုကအေပ်ာ္ဆုံးလူသားပဲ"
ရာရာေလးကသွ်င္း၏လည္ပင္းကိုသိုင္းဖက္ၿပီး သွ်င္းကိုအတင္းဖက္ထားေတာ့သည္ ။ သွ်င္းကဒါကိုသေဘာတက်နဲ႕ၿပဳံးေနၿပီး သွ်င္း၏မ်က္ဝန္းထဲတြင္လည္း မ်က္ရည္ေတြကဝဲရစ္ေနသည္ ။ ကေလးငယ္ကိုတင္းတင္းၾကပ္ၾကပ္ျပန္ဖက္ထားလိုက္ၿပီး .......
"ေက်းဇူးတင္ပါတယ္ ၊ ကိုကို႔ကိုေ႐ြးခ်ယ္ေပးလို႔ တကယ္ေက်းဇူးတင္ပါတယ္"
"ရာရာမွားသြားပါတယ္ ၊ ေနာက္ဆိုကိုကို႔စကားကိုရာရာနားေထာင္ပါ့မယ္ ၊ အဲ့တာေၾကာင့္ ကိုကိုမငိုပါနဲ႕ေတာ့ေနာ္"
"ဟုတ္ပါၿပီ ၊ ကိုကို႔ကိုၾကည့္ပါဦး ၊ ကေလးဗိုက္ေအာင့္ေနေသးလား"
"ဟင့္အင္း ေပ်ာက္သြားၿပီ ၊ ရာရာ ေနာက္ဆိုလက္ဖက္မစားေတာ့ပါဘူး"
"ကိုကိုကလည္းလက္ဖက္ကိုအိမ္ထဲေပးမဝင္ဘူးဗ်ာ ၊ မနက္ျဖန္ကစၿပီးဘယ္သူမွလက္ဖက္မစားရဘူး ၊ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ကိုကို႔ကေလးေလး အိပ္ေတာ့ ၊
မနက္လည္းေက်ာင္းသြားရဦးမယ္"
"ကိုကိုကေရာ ..... ကိုကိုဆိုဖာေပၚမွာမအိပ္ရဘူးေနာ္ ၊ ရာရာအဆင္မေျပဘူးလို႔ေျပာထားတယ္ေနာ္"
"သိပါတယ္အဆိုးေလးရဲ႕ ၊ ကိုကို ကေလးေဘးမွာအိပ္မွာပါ"
ရာရာေလးကတစ္ဖက္ကိုတိုးေပးလိုက္ၿပီး ေနရာလြတ္ကိုသွ်င္းလွဲရန္သူ႕လက္ကေလးနဲ႕ပုတ္ျပသည္ ။ ကေလးငယ္ျပသည့္ေနရာလြတ္မွာသွ်င္းဝင္လွဲလိုက္
သည္ ။ သွ်င္းဝင္လွဲလိုက္သည္ႏွင့္ကေလးငယ္ကသူ႕ရင္ခြင္ထဲကိုတိုးဝင္ေတာ့
သည္ ။ ရာရာေလးအခုလိုျဖစ္သြားတာကိုတစ္အိမ္လုံးကဝန္ထမ္းေတြတစ္
ေယာက္မွမသိလိုက္ၾကပါ ။ ႀကီးႀကီးေဆြေတာင္အိပ္ေမာက်ေနလို႔မသိလိုက္
ပါ ။
"ကိုကိုထေတာ့ ကိုကို၈နာရီထိုးေနၿပီ ၊ ကိုကို !!!"
ညကအိပ္ေရးေတြပ်က္ၿပီး သွ်င္းအိပ္ေပ်ာ္သြားသည္ကမနက္၈နာရီအထိပင္ ။
ကေလးငယ္ကသူ႕ရင္ခြင္ထဲမွာအိပ္ေမာက်ေနေပမဲ့ ညက သူအေပ်ာ္ဆုံးလူသားျဖစ္ေန၍ သူေတာ္ေတာ္နဲ႕အိပ္မေပ်ာ္ ။ သူ႕ရင္ခြင္ထဲကကေလးငယ္ကို
အခ်ိန္အေတာ္ၾကာၾကည့္ရင္းနဲ႕ပဲ သူဘယ္အခ်ိန္မွအိပ္ေပ်ာ္သြားလဲမသိလိုက္ေတာ့ပါ ။ အခုေတာ့ သူ႕ရဲ႕ကေလးလာႏွိုးမွပဲ သူနိုးေတာ့သည္ ။ ဒါေတာင္သူ
မထေသးဘဲ သူ႕ကေလးငယ္ကို သူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္ေသးသည္ ။
"အာ .... ကိုကိုကဗ်ာ အၿမဲညစ္တယ္ ၊ ထေတာ့လို႔ ရာရာေက်ာင္းေနာက္က်ေတာ့မယ္ ၊ ကိုကိုလိုက္မပို႔ရင္ ရာရာ အစ္ကိုမိုးေသာက္ကိုေခၚလိုက္မွာေနာ္"
"ဟာ ကေလး !"
မိုးေသာက္နဲ႕ၿခိမ္းေျခာက္မွပဲ မ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႕ငုတ္တုပ္ထထိုင္ေတာ့
သည္ ။ ရာရာေလးကဆူပုတ္ပုတ္ေလးနဲ႕သွ်င္းကိုစူးစိုက္ၾကည့္ေနသည္ ။
"ထေတာ့ ၊ ကိုကိုေရခ်ိဳးၿပီးရင္ရာရာ့ကိုနက္ခ္တိုင္စည္းေပးဦး ၊ မဟုတ္ရင္
ရာရာ အစ္ကိုမိုး ......."
သူ႕ကိုၿခိမ္းေျခာက္ေနသည့္ကေလးငယ္၏ပါးစပ္ကေလးကို သူ႕ႏႈတ္ခမ္းေတြနဲ႕
ပိတ္ပစ္လိုက္သည္ ။ ကေလးငယ္ေလး၏မ်က္ႏွာခ်က္ခ်င္းကိုနီရဲတက္လာၿပီး
သူ႕ကိုတြန္းထုတ္လာသည္ ။
"ကိုကိုႏွာဘူးႀကီး!"
ကေလးငယ္ရွက္ၿပီးသူ႕အခန္းထဲကေနေျပးထြက္သြားေတာ့သည္ ။ ကေလးငယ္ရွက္သြားသည့္မ်က္ႏွာေလးကိုသွ်င္းမ်က္စိထဲကလုံးဝမထြက္ပါ ။ ဒီအရွက္သည္းတဲ့ကေလးငယ္ေလးနဲ႕သူဘယ္လိုစခန္းသြားရပါ့မလဲ ။ ေနသားတက်ျဖစ္ေအာင္ေတာ့ သူအက်င့္လုပ္ေပးမွျဖစ္မယ္ ။
"ဘာ !!!"
သူ ကိုကို႔ကိုအေျဖေပးလိုက္ၿပီဆိုတာေျပာလိုက္တာနဲ႕ သူငယ္ခ်င္းသုံးေယာက္
ေအာက္ေမးျပဳတ္ေတာ့သည္ ။
ခြန္း - အစ္ကိုမိုးေသာက္ေတာ့သနားပါတယ္ကြာ ၊ ခ်ိန္ပါႀကီးျဖစ္သြားရွာၿပီ...
ဘရဏီ - ဟဲ့ နင့္အစိကန္းေနသလား ၊ ငါတို႔ရာရာကအစ္ကိုမိုးေသာက္ထက္
အစ္ကိုသွ်င္းျမတ္နဲ႕ပိုၿပီးလိုက္ဖက္တာဟ ၊ အစ္ကိုမိုးေသာက္က
ဘယ္သူလဲလိုက္လဲသိလား ...
ခြန္း - ဘယ္သူနဲ႕လဲဟင္ ...
႐ႊန္းလဲ့ - နင္နဲ႕ေလ နင္နဲ႕ ၊ ႏွစ္ေယာက္သားမေတြ႕လိုက္နဲ႕ေတြ႕လိုက္တာနဲ႕ဘုနဲ႕
ေဘာက္ပဲ ...
ခြန္း - အမယ္ေလး ဖတ္ဖတ္ဖတ္ ထြီ ၊ အဲ့လိုဘဲႀကီးကိုငါကႀကိဳက္စရာလား ...
ဘရဏီ - အမယ္ေလး ငခြန္းရယ္ နင္စကားကိုကုန္ေအာင္မေျပာနဲ႕ အစားကို
ပဲ ကုန္ေအာင္စားစမ္းပါ ၊ ငါတို႔ဖူဂ်ိဳရွီေတြရဲ႕အျမင္ေတြကေဗဒင္
ထက္ေတာင္မွန္တယ္ေနာ္ ၊ အခုဆိုၾကည့္ပါလား အစ္ကိုသွ်င္းျမတ္
နဲ႕ရာရာနဲ႕ခ်စ္သူေတြျဖစ္သြားၾကၿပီ ...
႐ႊန္းလဲ့ - ဟုတ္တယ္ နင္တို႔အတြဲပဲက်န္ေတာ့တယ္ ...
ခြန္း - ထြီ မေျပာစမ္းပါနဲ႕ဟာ ...
ဘရဏီ - ေအး မေျပာေတာ့ဘူး ၊ ငါရာရာ့ကိုပဲေျပာေတာ့မယ္ ၊ ရာရာ အစ္ကို
သွ်င္းျမတ္ကမိန္းကေလးေတြၾကားမွာေရပန္းစားတယ္ေနာ္ ၊ ပြဲေတြ
တက္ရင္ ဟိုအစစ္မ ေနပါဦး သူ႕နာမည္ငါေမ့ေနတယ္ ၊ လမ္း
ေလွ်ာက္ရင္ကားတက္ႀကိတ္ထားတဲ့စတိုင္နဲ႕ေလဟာ ...
႐ႊန္းလဲ့ - ေၾသာ္ ဟိုအစစ္မ ဗီဗီအခ်ိဳရည္လား ...
ဘရဏီ - ေအးေအး ဟုတ္တယ္ ၊ အဲ့အစစ္မကအစ္ကိုသွ်င္းျမတ္အနားကိုအ
ေသကပ္တာေနာ္ ၊ အဲ့အစစ္မကိုသတိထားရမယ္ ...
႐ႊန္းလဲ - ဟုတ္တယ္ ၊ အဲ့ဟာမကိုသတိထားေနာ္ ၊ မာမီနဲ႕ဒယ္ဒီတို႔ဆိုအဲ့ဟာမ
ကိုၾကည့္မရၾကဘူး ၊ ေယာက်ာ္းေတြအနားပဲကပ္ေနလို႔တဲ့ ...
ရာရာ - နင္တို႔ကလည္းဟာ သူမ်ားသားသမီးကိုအဲ့လိုမေျပာပါနဲ႕ ၊ သူကခင္မင္
တတ္လို႔ေနမွာပါ ....
႐ႊန္းလဲ့ - ေအးရာရာ အဲ့တာပဲ အဲ့တာနင့္ရဲ႕အားနည္းခ်က္ပဲ ၊ နင္ကလူတိုင္းကို
နင့္လိုေတြးထင္မေနနဲ႕ ၊ လူတိုင္းကေကာင္းတာမဟုတ္ဘူး ....
ဘရဏီ - ဟုတ္တယ္ ၊ အဲ့အစစ္မကအမမႈန္ေနာ္ ...
ခြန္း & ရာရာ - အမမႈန္ကဘာႀကီးလဲ ...
႐ႊန္းလဲ့ - အမယ္ေလးဟယ္ ဘာမွလည္းမသိၾကပါလား ၊ အမမႈန္ဆိုတာမိန္းက
ေလးေတြတိုမျမင္ရဘူးလို႔ေျပာခ်င္တာ သိၿပီလား ....
ဘရဏီ - ေနပါဦး ၊ ရာရာကဘာလို႔အစ္ကိုသွ်င္းျမတ္နဲ႕ပြဲမတက္တာလဲ ...
ရာရာ - ကိုကိုကေခၚပါတယ္ ၊ ရာရာမလိုက္ခ်င္လို႔မလိုက္တာ ၊ စိတ္ရႈပ္စရာ
ႀကီး လူေတြအမ်ားႀကီးပဲ ၊ ေနရတာမြန္းၾကပ္တယ္ ....
႐ႊန္းလဲ့ - ေနာက္ဆိုလိုက္သြားရာရာရဲ႕ ၊ အခုလိုေျပာလို႔ အစ္ကိုသွ်င္းျမတ္ကို
မယုံလို႔မဟုတ္ပါဘူး ၊ အခုေခတ္က ေတာ္ေတာ္ျဖစ္တဲ့ေခတ္ေလ...
ဘရဏီ - ဟုတ္တယ္ ေတာ္ေတာ္ျဖစ္ေနၾကတဲ့ေခတ္ ၊ စနိုက္တာေတြ ၿခံခုန္
တာေတြနဲ႕မ်က္စိေတြကိုေနာက္ေနတာပဲ ၊ အဲ့တာေၾကာင့္ရာရာလိုက္
သြား ၊ ဟိုေရာက္လည္းကိုကိုရွိေနတာပဲေလ ကိုကိုကဂ႐ုစိုက္မွာေပါ့ ၊
ဟိဟိ ငါလည္းအဲ့လိုကိုကိုတစ္ေယာက္ေလာက္လိုခ်င္လိုက္တာ ...
႐ႊန္းလဲ့ - ဟယ္ ကိုကိုဆိုတာနဲ႕ နင့္ကိုလိုက္ေနတဲ့အိမ္နီးနားခ်င္းအစ္ကိုႀကီး
ေရာ အေျခအေနဘယ္လိုရွိလဲ ဟီးဟီး ....
ခြန္း - ျပတ္သြားၾကၿပီ ...
႐ႊန္းလဲ့ & ရာရာ - ဟင္ ဘယ္တုန္းကတြဲလိုက္ၾကလို႔လဲ ...
ဘရဏီ - မတြဲလိုက္ရပါဘူးဟယ္ ၊ ငါကသူ႕ကိုေယာက်ာ္းေပးစားလို႔ဆိုၿပီးစိတ္
ဆိုးသြားတာ အခုထက္ထိစိတ္ဆိုးေနတုန္းပဲ ...
သုံးေယာက္စလုံး ဘရဏီ့ကိုထိုင္ရယ္ၾကေတာ့သည္ ။ သူငယ္ခ်င္းေတြစာအတူ
တူလုပ္မယ္ဟုဆိုကာ ကန္တင္းထိုင္လိုက္သည္က ေပ်ာ္႐ႊင္ဖြယ္စကားဝိုင္အျဖစ္သာအဆုံးသတ္သြားတယ္ အိတ္ထဲကစာအုပ္ေတြတစ္အုပ္မွမထုတ္လိုက္ၾကရပါ ။ ေန႕ခင္းကိုကိုလာႀကိဳတာနဲ႕ပဲ ရာရာျပန္သြားရသည္ ။ က်န္ေနတဲ့သုံးေယာက္ကေတာ့ အားလူးဆက္ဖုတ္ေနၾကသည္ ။ မိုးေသာက္ေရာက္လာ
သည့္အခ်ိန္မွာေတာ့ မိုးေသာက္အရမ္းကိုေနာက္က်သြားခဲ့သည္ ။
{ေကာင္ေလးရယ္ ကိုယ္မင္းကိုေတြ႕ေတာင္မေတြ႕လိုက္ရပါလား}
သွ်င္းျမတ္နဲ႕ရာရာ ခ်စ္သူေတြျဖစ္သြားၾကၿပီဆိုတာ မိုးေသာက္မသိေသးပါ ။
"ခြန္း ရာရာ့ကိုသွ်င္းျမတ္လာေခၚသြားတာလား"
"ဟုတ္တယ္ ၊ ခုဏေလးတင္ေခၚသြားတာ ၊ ခင္ဗ်ားကေနာက္က်တာကို ၊ ခင္ဗ်ားလက္ထဲကဘာႀကီးလဲ"
"ရာရာ့အတြက္လက္ေဆာင္ေပးမလို႔ဝယ္လာတာ"
ခြန္း မိုးေသာက္ကိုေျပာျပခ်င္ေပမဲ့ စကားလုံးေတြကေျပာမထြက္ပါ ။ မိုးေသာက္နဲ႕သူနဲ႕မတည့္ဘူးဆိုေပမဲ့ အခုလိုက်ေတာ့လည္းသူသနားေနျပန္သည္ ။ သူမ်ားၾကားကိုလည္းသူဝင္မပါခ်င္ ။ ဘရဏီတို႔ကလည္းဘာမွမေျပာေတာ့
မေျပာတာပဲေကာင္းမယ္လို႔ဆုံးျဖတ္ၿပီး ဘာမွမေျပာျပခဲ့ေတာ့ပါ ။
ရာရာေလးကဖုန္းကိုၾကည့္ရင္းၿပဳံးေနသည္ ။ ၿပဳံးေနသည့္သူ႕ကေလးငယ္ကို
ၾကည့္ၿပီး ကေလးငယ္ဘာေတြၾကည့္ေနတာလဲဆိုတာသွ်င္းသိခ်င္လာသည္ ။
ကေလးငယ္ကဖုန္းကိုပိတ္လိုက္ၿပီး ...
"ကိုကို Cosmeticဆိုင္တစ္ဆိုင္မွာခဏရပ္ေပးပါ"
"Cosmetic ? ကေလးကဘာလုပ္မလို႔လဲ"
"မေျပာျပဘူး ၊ အိမ္ေရာက္မွေျပာျပမယ္"
ကေလးငယ္စိတ္တိုင္းက် Cosmeticဆိုင္ေရွ႕မွာရပ္ေပးလိုက္သည္ ။ ကေလးငယ္သြားသည့္အေနာက္ကိုသွ်င္းလိုက္သည္ ။
"အစ္မ လက္သည္းနီလိုခ်င္လို႔"
"ဟုတ္ကဲ့ ဒီဘက္ကိုႂကြပါေမာင္ေလး"
လက္သည္းနီေတြပုလင္းစုံ ၊ ဆိုက္ဒ္စုံ ၊ အေရာင္စုံနဲ႕ရွိတဲ့စင္ေရွ႕မွာ ရာရာစိတ္
တိုင္းက်လက္သည္းနီေတြတစ္ပုလင္းၿပီးတစ္ပုလင္းျခင္းထဲထည့္ေနသည္ ။
ရာရာဘာေတြလုပ္ေနလဲဆိုတာ သွ်င္းေတာ့နားမလည္ေတာ့ပါ ။
"ကေလးေလး ဘာလို႔ဒီေလာက္အမ်ားႀကီးဝယ္ေနရတာလဲ"
"အခုမေျပာျပဘူး ၊ အိမ္ေရာက္မွေျပာမယ္"
လက္သည္းနီေတြအမ်ားႀကီးဝယ္သည့္ေကာင္ေလးကိုေကာင္တာကအစ္မကၿပဳံးၿပီးၾကည့္ေနသည္ ။ ပိုက္ဆံရွင္းၿပီးတာနဲ႕ခပ္တည္တည္ပဲဆိုင္ထဲကထြက္လာခဲ့လိုက္သည္ ။
"ကေလး ......"
"မေမးနဲ႕ မေျဖဘူးလို႔"
"ကိုကိုကဘာစားဦးမလဲလို႔ေမးမလို႔ပါ"
"ေၾသာ္ ဟီး မသိဘူးေလ ၊ ပီဇာ ပီဇာ ဝယ္သြားၿပီးအိမ္ေရာက္မွစားမယ္"
"ဟုတ္ပါၿပီဗ်ာ"
ကေလးငယ္အတြက္ပီဇာဝယ္တာနဲ႕အိမ္ကဝန္ထမ္းေတြအတြက္လည္းအပိုဝယ္ခဲ့လိုက္သည္ ။ အိမ္ကဝန္ထမ္းေတြကိုလက္ဖက္သုပ္မစားရဘူးလို႔ေျပာထားေတာ့ လက္ဖက္အစားပီဇာဝယ္ေကြၽးလိုက္ျခင္းျဖစ္သည္ ။
"ႀကီးႀကီးေဆြ ဒါကကေလးအတြက္ ဒါေတြကဝန္ထမ္းေတြကိုေပးလိုက္ပါ"
"ဟုတ္ကဲ့ သခင္ေလး"
ကေလးငယ္ကေတာ့ သူ႕ရဲ႕လက္သည္းနီထုပ္ႀကီးကိုပိုက္ၿပီးအေပၚကိုတက္သြား
သည္ ။
"ကေလးေရ ေရကိုအၾကာႀကီးမခ်ိဳးနဲ႕ေနာ္"
အခန္းေရွ႕ကေနတံခါးေခါက္ၿပီးကေလးငယ္ကိုသတိေပးရေသးသည္ ။ မဟုတ္ရင္ အဲ့ကေလးက ေရသူထီးေသလို႔ဝင္စားသလားပဲ ေရခ်ိဳးခန္းထဲက
ေတာ္ေတာ္နဲ႕ထြက္မလာတတ္ ။
"ဟုတ္"
သွ်င္းလည္းခဏနားၿပီးေရမိုးခ်ိဳးလိုက္သည္ ။ သွ်င္းေရခ်ိဳးလို႔ၿပီးသြားေပမဲ့
ဟိုကေလးငယ္အခုထက္ထိမၿပီးေသး ။ အခန္းထဲဝင္ၾကည့္လိုက္ေတာ့ အခုထက္ထိေရမခ်ိဳးရေသး ။ ကုတင္ေပၚမွာလက္သည္းနီပုလင္းေတြျပန့္က်ဲၿပီး
တင္ပလင္ေခြေလးထိုင္ကာ လက္သည္းနီေတြကိုစိုက္ၾကည့္ေနသည္ ။
"ကိုကိုဆူမယ္ မဆူဘူး ဆူမယ္ မဆူဘူး ......."
"ကေလး ဘာလုပ္ေနတာလဲ"
"အဲ ကိုကို ဟီးဟီး ကိုကိုေတာင္ေရခ်ိဳးၿပီးသြားၿပီ ၊ ရာရာ ေရမခ်ိဳးရေသးဘူး"
"ေရခ်ိဳးေတာ့ေလကေလးရယ္ ညေနေစာင္းလာရင္မေကာင္းဘူး ၊ သြား ကိုကို
ေအာက္မွာေစာင့္ေနမယ္"
"ဟုတ္ဟုတ္"
ေရခ်ိဳးခန္းထဲေျပးဝင္သြားတာတန္းေနတာပဲ ။ ကုတင္ေပၚမွာလည္းခုဏကဝယ္လာသည့္လက္သည္းနီပုလင္းေတြျပန့္က်ဲလို႔ေနသည္ ။ သူ႕ကေလးငယ္
ဘာလုပ္ထားမွန္းမသိလို႔ သူမသိမ္းေတာ့ပါ ။ ဒီအတိုင္းပဲေအာက္ထပ္ကိုဆင္း
လာခဲ့လိုက္သည္ ။ ခဏေနေတာ့ ကေလးငယ္က သူ႕လက္သည္းနီထုပ္ႀကီးပိုက္ၿပီးေလွကားေပၚကေျပးဆင္းလာသည္ ။ သူ႕ကေလးငယ္ကသူ႕အကၤ်ီကို
ဝတ္ထားေတာ့ အကၤ်ီထဲမွာလူေကာင္ေလးကျမဳပ္ေနသည္ ။
"ရာရာအိုက္လို႔ ကိုကို႔အကၤ်ီခဏယူဝတ္မယ္ေနာ္"
"ဟုတ္ပါၿပီဗ်ာ"
ဆိုဖာေပၚမွာထိုင္ေနသည့္သွ်င္းရဲ႕ေပါင္ၾကားထဲမွာအတင္းမရမကဝင္ထိုင္သည္ ။ ကေလးငယ္သည္ ေျခေထာက္ႏွစ္ဖက္ကိုသွ်င္းေပါင္ေပၚမွာတင္ထားၿပီး
တေစာင္းထိုင္သည္ ။
"ကိုကို ရာရာကိုကို႔ကိုလက္သည္းနီဆိုးေပးမယ္"
"ဟမ္ ! ကိုကို႔ကိုလက္သည္းနီဆိုးေပးမယ္ ဟုတ္လား"
"အင္း ကိုကိုဘယ္အေရာင္ႀကိဳက္လဲ ေ႐ြးလိုက္"
သူ႕ကေလးငယ္စိတ္သေဘာက် သူအနီေရာင္ကိုေ႐ြးလိုက္သည္ ။ သူ႕ဘယ္ဘက္လက္ကိုဆြဲယူၿပီး လက္သည္းနီေတြအတည္ႀကီးဆိုးေပးေနသည္ ။
"ဘာျဖစ္လို႔ဒီလိုလုပ္တာလဲကေလးေလး"
"ၿပီးရင္ေျပာျပမယ္"
ရာရာေလးလက္သည္းနီဆိုးေပးေနစဥ္ သက္ေအာင္ဆီမွဖုန္းဝင္လာသည္ ။
သွ်င္းဖုန္းကိုလွမ္းယူၿပီးကိုက္လိုက္သည္ ။
"ေျပာသက္ေအာင္"
"MD မဗီဗီယမ္ကအေရးႀကီးကိစၥတင္ျပစရာရွိတယ္ဆိုၿပီးMDအိမ္ကိုလာေနပါတယ္ ၊ ဖုန္းဆက္လိုက္ပါလို႔ေျပာတာေျပာလို႔မရဘူး"
"ေနပါေစ ထားလိုက္ ၊ မင္းတို႔ဒီဇိုင္းအသစ္ေတြအပ္လိုက္ၿပီလား"
"ဟုတ္ကဲ့ အပ္လိုက္ပါၿပီ ၊ ေက်ာက္ေတြလည္းေရာက္ေနပါၿပီ ၊ ေနာက္လေလာက္ဆို လက္ဝတ္ရတနာအကုန္ရမယ္လို႔ေျပာပါတယ္"
"ဟုတ္ၿပီ ဟုတ္ၿပီ ၊ ဒီေန႕လည္းတာဝန္ေက်ပါတယ္ ၊ အလုပ္ဆင္းလိုက္ၾကေတာ့"
"ဟုတ္ကဲ့MD"
သူဖုန္းခ်ၿပီးတာနဲ႕ကေလးငယ္ရဲ႕ပါးေလးကိုအားပါးတရနမ္းလိုက္သည္ ။
"လွသြားၿပီ ခစ္ခစ္"
"ကဲ ေျပာပါဦး ၊ ဘာလို႔ကိုကို႔ကိုလက္သည္းနီဆိုးေပးရတာလဲ"
"ရာရာျပမယ္"
ဖုန္းထဲမွာ သူသိမ္းထားသည့္ဗီဒီယိုေလးတစ္ခုကိုဖြင့္ျပသည္ ။ ဗီဒီယိုထဲမွာ
ေကာင္ေလးကိုေကာင္မေလးကလက္သည္းနီေတြဆိုးေပးထားၿပီး တျခား
ေကာင္မေလးေတြအနားကပ္လာရင္ မိန္းကေလးတစ္ေယာက္လိုျပဳမူေျပာ
ဆိုခိုင္းျခင္း ။ ထိုဗီဒီယိုကိုေတြ႕ေတာ့ သွ်င္းအသံထြက္ရယ္မိသည္ ။
"ဟားဟား ဟားဟား ကေလးရာ အဲ့ေတာ့ကိုကိုကဒီထဲကအတိုင္းလုပ္ရမယ္ေပါ့"
ကေလးငယ္ကရယ္ၿပီး ေခါင္းတဆက္ဆက္ၿငိမ့္ျပသည္ ။ ဘယ္လိုေတာင္ခ်စ္
ဖို႔ေကာင္းေနရတာလဲကေလးရယ္ ။
"အဲ့လိုဆို ကိုကို႔ကိုစိတ္ပူစရာမလိုေတာ့ဘူး ဟီးဟီး"
"ကေလးေလးရာ ဒီမွာၾကည့္ ကေလးကကိုကို႔ႏွလုံးသားထဲမွာေနရာယူၿပီးသားေလ ၊ ဘယ္သူ႕ကိုထပ္ၾကည့္ရဦးမွာလဲ ၊ ဒီကေလးေလးတစ္ေယာက္ထဲကို
ခ်စ္လို႔ကိုမဝဘူး"
"ဒါေပမဲ့လည္း ရာရာကေယာက်ာ္းေလးေလ ၊ မိန္းကေလးေတြလိုခႏၶာကိုယ္
မ်ိဳးမရွိဘူး ၊ လွေအာင္လည္းမေနတတ္ဘူး ၊ ရာရာ့ကိုစိတ္ကုန္သြားမွာေၾကာက္လို႔ပါ"
"အာ ..... မဟုတ္တာေတြမေတြးစမ္းပါနဲ႕ကေလးရာ ၊ ကိုကိုကဒီပိစိေကြးေလးကိုပဲခ်စ္တာ ၊ ဘယ္မိန္းကေလးဘယ္ေလာက္လွလွ ကိုကို႔ကေလးေလာက္ဘယ္သူမွခ်စ္ဖို႔မေကာင္းဘူး ၊ ကိုကို႔ကေလးေလးကလိမၼာတယ္ ၊ စကားနား
ေထာင္တယ္ ၊ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလိုက္လဲ"
"ဒါေပမဲ့ လက္သည္းနီေတြျပန္မဖ်က္ေပးဘူး ၊ ရာရာ ဖ်က္ေဆးဝယ္မလာဘူး ဟီးဟီး"
ႀကီးႀကီးေဆြကရယ္သည္ ။ ရာရာ့ကိုသွ်င္းျမတ္တင္မကအိမ္ကဝန္ထမ္းေတြကပါ ခ်စ္ၾကသည္ ။ ရာရာေလးက သူကေတာ့ဝန္ထမ္းမို႔လို႔ သူကေတာ့ဘာမို႔လို႔
ဆိုတဲ့ခြဲျခားမႈမ်ိဳးမရွိ ။ တစ္ခါတစ္ေလဆို အလုပ္ေတြလည္းကူလုပ္ေပးသည္ ။
"သခင္ေလး မဗီဗီယမ္ေရာက္ေနပါတယ္"
"အင္း ဝင္ခြင့္ေပးလိုက္ပါ"
သူ႕ကေလးငယ္ေလးကထြက္ေျပးဖို႔လုပ္ေနလို႔ သူအတင္းဆြဲၿပီးဖက္ထားလိုက္
သည္ ။
"ဘယ္ေျပးမလို႔လဲ"
"သူမ်ားအျမင္မွာမေကာင္းဘူးေလကိုကိုရဲ႕"
"ကိုကို႔အျမင္ေတာ့ေကာင္းပါတယ္ ၊ ၿငိမ္ၿငိမ္ေန ၊ ကေလးစားမယ္ဆိုတဲ့ပီဇာေလးစား"
ခုဏက ႀကီးႀကီးေဆြလာခ်ေပးသြားတဲ့ပီဇာပန္းကန္ေလးကို ကေလးငယ္လက္
ထဲထည့္ေပးလိုက္သည္ ။ ဗီဗီယမ္ဝင္လာသည့္အခါ သွ်င္းနဲ႕အတူတူရွိေနသည့္
ကေလးငယ္ကိုျမင္ၿပီး မ်က္ႏွာကရႈံ႕မဲ့သြားသည္ ။ သူမ မသိေသးတာက
သွ်င္းနဲ႕ဒီကေလးငယ္တစ္အိမ္တည္းအတူတူေနတယ္ဆိုတာကိုေပါ့ ။
"ထိုင္ေလ မဗီဗီယမ္ ၊ ဘာကိစၥရွိလို႔လဲ"
"တျခားေတာ့မဟုတ္ပါဘူး ၊ အေမရိကားမွာဗီ့ရဲ႕သူငယ္ခ်င္းရွိတယ္ေလ ၊ သူက
အဲ့မွာShopping Centerဖြင့္ေတာ့မွာ ၊ အဲ့တာ သွ်င္းစိတ္ဝင္စားမလားလို႔ပါ ၊ အဲ့မွာဆိုင္ခြဲဖြင့္လိုက္ရင္ အရမ္းကိုေအာင္ျမင္မွာသွ်င္း"
သွ်င္းကစကားကိုသာနားေထာင္ေနသည္ ဗီဗီယမ့္ကိုလုံးဝမၾကည့္ ။ သူ႕ကေလးငယ္ပီဇာစားေနတာကိုပဲၾကည့္ေနၿပီး ႏႈတ္ခမ္းကေပေနတာေလးေတြကို
သုတ္ေပးေနရတာနဲ႕အလုပ္ရႈပ္ေနသည္ ။
"ကြၽန္ေတာ္စဥ္းစားလိုက္ပါဦးမယ္"
"ၿပီးေတာ့ ဒါေလး ဗီ့ရဲ႕ေမြးေန႕ပါတီေလးပါ ၊ သွ်င္းလာမယ္လို႔ဗီယုံၾကည္လိုက္
မယ္ေနာ္"
"လာရင္းကိစၥကဒါပဲမလား ၊ မဗီဗီယမ္ျပန္လို႔ရပါၿပီ"
"ဟုတ္ကဲ့ပါ ပါတီကိုလာခဲ့ေနာ္"
ဗီဗီယမ္ နည္းနည္းေတာ့တင္းသြားသည္ ။ သွ်င္းကိုေတာ့မဟုတ္ ကေလးငယ္ကိုျဖစ္သည္ ။ သူမအတြက္ေတာ့ ဒီဘာမဟုတ္တဲ့ဟာေလးကေတာ္ေတာ္ကိုရႈပ္ေနသည္ ။ သူမ သွ်င္းကိုအရယူဖို႔ဆုံးျဖတ္လိုက္သည္ ။
"ကိုကို ဘာလို႔အဲ့မမကိုေက်းဇူးတင္စကားမေျပာတာလဲ"
"သူကေျပာျပေပး႐ုံပဲရွိေသးတာေလ ၊ ကိုကို႔အတြက္အျမတ္ရွိလားမရွိလားမွမသိေသးတာ ၊ လုပ္ၾကည့္လို႔ေအာင္ျမင္မွေက်းဇူးတင္ရမွာေပါ့ ၊ ဒါစီးပြားေရးေလာကပဲကေလးရဲ႕"
"ရႈပ္လိုက္တာ ၊ မုန့္စားတာပဲေကာင္းတယ္ ဟီးဟီး"
{သွ်င္းကဗီဗီယမ့္အပိုင္ျဖစ္လာရမွာ}
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
MewGulfကိုခဏေစာင့္ၾကပါဦးေနာ္ ေသခ်ာျပင္ဆင္ၿပီးေရးရမယ့္အပိုင္းမို႔လို႔ၾကာေနတာပါ ခဏေလာက္ေတာ့ေစာင့္ေပးၾကပါဦးေနာ္❤
____________________________________________________________