ရှင်းသန့် ဘေးက couple seat မှာထိုင်ရင်း ထိုင်ခုံက နောက်မှီမှာ မှီကာ ငိုက်နေတဲ့ သူ့ baby ဘေးကိုကြည့်ပြီးပြုံးမိသည်။
ရှင်းသန့်တို့နှစ်ယောက် ပြင်ဦးလွင်ကို ထွက်လာကြ
သည်မှာ မနက် လေး နာရီထိုးလောက်ထဲက၊ ကား
မောင်းလာရသည့်သူက အိပ်မငိုက်ရ၊ ဘေးကနေ
ထိုင်ပြီး လိုက်လာရသည့် သူ့ baby လေးကတော့
ဘယ်နှစ်ရေး ရနေမှန်းတောင်မသိတော့။
မနက်ခင်းရောင်နီလာချိန်နဲ့အတူ အေးစက်လှတဲ့
လေနုနုလေးတွေက မျက်လုံးထဲကို ကျိန်းစက်သွား
လောက်အောင်ပင် တိုး၀င်လာကြသည်။ သူကော
လင်းလေးပါ နှစ်ဖက်လုံး မှန်တံခါးများကို ဖွင့်ထားကြ
သည်မို့ ကားအရှိန်နဲ့ လေအေးတွေက တိုး၀င်လာ
ကြသည်။
ရှင်းသန့် အဲ့ကောင်လေးအေးနေမှာ ဆိုးတာနဲ့ မှန်တံ
ခါး နှစ်ခုလုံးကို တင်လိုက်သည်။ ရှပ်အကျႌ ပြောင်
အဖြူ ရောင် လက်ရှည်ကို ၀တ်ထားပေမဲ့ ချူ ချာလွန်း
တဲ့ အဲ့ကောင်လေးအကြောင်းကို သူသာအသိဆုံး..
ဖြစ်ပျက်ခဲ့သမျှ ပြသနာတွေ အားလုံးအပြီးမှာ သူ
လင်းလေးကို မထိရက် မကိုင်ရက်အောင် တန်ဖိုး
ထားတတ်လာသည်။
"အွန်...."
ပါးစပ်က အသံလေးတစ်ချက်ထွက်လာပြီး လည်ပင်း
ကို လက်ချောင်းလေးများနဲ့ကုပ်ကာ အိပ်မှုန်စုံဖွားနဲ့
နိုးလာတဲ့ အဲ့ကောင်လေး....
"ဘာဖြစ်လို့ မှန်တင်လိုက်တာလဲ ကိုရှင်းသန့်"
မနက်အစောကြီး ထလာခဲ့ကြသည်မို့ အိပ်ရေးမ၀
သေးတဲ့ သူ့ baby လေးမျက်နှာက မှုန်ကုပ်ကုပ်၊
ငယ်ရိပ်ငယ်ယောင်မပျောက်သေးတဲ့ ပါးဖောင်း
ဖောင်းလေးနှစ်ဖက်ကလဲ ကိုက်ဆွဲချင်စရာကောင်း
နေသည်။
"Baby အေးနေမှာ စိုးလို့"
ဲ့အဲ့ကောင်လေးရဲ့ မျက်စောင်းတစ်ချက်က ကြည့်မိတဲ့သူကို တစ်ချက်ထဲပြာကျသွားစေနိုင်လောက်သည်။ရှင်းသန့် အတွက်ကတော့ မမှုတော့၊ အတူ
နေလာတဲ့ ကာလအတွင်း အဲ့ကောင်လေးရဲ့မျက်
စောင်းဒဏ်တွေကိုလဲ ခံရပေါင်းများနေပြီမို့။
"ခင်ဗျား အေးရင်အေးတယ်မပြောဘူး! ကျွန်တော့်
အတာလာချနေတယ်"
လင်းရဲမာန်ပြောရင်း သူ့ဘက်က မှန်တံခါးကိုပြန်ချ
လိုက်သည်။
"Baby ကိုယ့်ကိုခင်ဗျားလို့မခေါ်နဲ့လို့ ကိုယ်ပြောထား
တယ်မလား! ကိုယ် baby ထက်တစ်နှစ်ပိုကြီးတယ်
နော်"
"ကျစ်..."
အဲ့ကောင်လေး စုတ်တစ်ချက်သပ်ကာ ခေါင်းက
ဆံပင်များကိုပင် စိတ်ရှုပ်သည့်ပုံစံဖြင့် ဖွလိုက်သေးသည်။ ပုံစံက အိပ်ရေးမ၀သည်မို့ ဂျစ်ကန်ကန်ဖြစ်နေ
သည်။
ရှင်းသန့် ဘာမှဆက်မပြောတော့ဘဲ အရှေ့ကိုသာတည့်တည့်ကြည့်ပြီး ကားကို ဂရုစိုက်မောင်းလာခဲ့
လိုက်သည်။
ရန်ကုန်က ထွက်လာပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ၃ နာရီခန့် ကားမောင်းလာခဲ့ပြီး
နောက် မနက်စာစားဖို့ ဆိုင်ရှာရလေသည်။ မနက်
၇ နာရီခန့်ရှိပြီမို့ နေလုံးကြီးကလဲ အရှေ့အရပ်မှ စူး
စူးဝါးဝါး ထွက်ပေါ်လာကာ ရောင်ဝါတွေတောင် ဖြန့်
ကျက်ထားပြီဖြစ်သည်။
သိပ်ကြာကြာတော့ မမောင်းလိုက်ရ၊ ရွှေကောင်း-
စားဖွယ်စုံဆိုတဲ့ စားသောက်ဆိုင်လေးကိုတွေ့တာနဲ့
ကားကို အရှိန်လျော့ကာ ဆိုင်ထဲသို့ ကွေ့၀င်လိုက်
သည်။
ရှင်းသန့် တခြားကားတွေရပ်ထားတဲ့ ဘေးမှာ ကား
ကိုထိုးရပ်လိုက်ပြီး ပတ်ထားတဲ့ ခါးပတ်ကိုဖြုတ်လိုက်
သည်။ သူ့ဘေးနားက အနှီကောင်လေးကတော့
လောကကြီးနဲ့ အဆက်အသွယ်ပြတ်ကာ ရွှေအိမ်မက်တွေ မက်နေပုံရသည်။
ရှင်းသန့် ကားတံခါးဖွင့်ဆင်းပြီးတာနဲ့ အဲ့ကောင်လေး
ဖက်ကိုသွားကာ ကားတံခါးကိုဆွဲဖွင့်လိုက်သည်။
အိပ်ပျော်နေတာမှ မိခင်ရင်ခွင်ထဲမှာ အိပ်စက်နေသလိုမျိုး တကယ့်ကို အပူပင်ကင်းမဲ့စွာ။
ရှင်းသန့် ခါးကိုကိုင်းကာ ခေါင်းကိုငုံ့လိုက်ပြီး အဲ့
ကောင်လေးရဲ့ ဆံပင်ခပ်အုပ်အုပ်လေးတွေကြားက
နဖူးလေးပေါ်သို့ နမ်းရိုှက်လိုက်သည်။ သင်းပျံ့တဲ့
shampoo နံ့ကို ညင်သာစွာ ခံစားလိုက်ရသည်။
ရှင်းသန့် လင်းလေးနား နားကို နှုတ်ခမ်းလေး
ကပ်လိုက်ကာ လေသံလေးဖြင့် ပြောလိုက်သည်။
"Baby ထတော့! Breakfast စားရအောင်"
ရှင်းသန့် ့နှာခေါင်းလေးနဲ့ အဲ့ကောင်လေး နားရွက်
လေးကို ဖွဖွလေးထိုးဆွလိုက်ကာ လေတိုးလို့နီရဲနေတဲ့ နားရွက်လေးကို ခပ်ဖွဖွလေး ကိုက်လိုက်သည်။
သူ့ရှေ့က ပိုးတုံးလုံးလိုကောင်လေးမှာ တကယ့်ကို
အသဲယားစွာ ကွေးကွေးလေးအိပ်နေသည်မို့....
"ဟားဟား.....ယားတယ်....အား..တော်တော့လို့"
လင်းရဲမာန် တစ်ကိုယ်လုံး ယားတတ်တဲ့ နေရာကများလှသည်။ နားရွက်၊ လည်ပင်း၊ ချိုင်း၊ ၀မ်းဗိုက်...
အစရှိသဖြင့်။ ဒါကိုသိတဲ့ ရှင်းသန့်အတွက်ကတော့
လင်းရဲမာန်ရဲ့ ပျော့ကွက်တစ်ခုပင်။
သူ့ရှေ့မှာ ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် ရယ်မောနေတဲ့ အဲ့ကောင်လေးကြောင့် ရှင်းသန့်ရင်ထဲ
ကျလိကျလိနဲ့ အသည်းယားလာသည်။ နီရဲနေတဲ့
နှုတ်ခမ်းဖူးတစ်စုံကလဲ သူ့ကို စွဲဆောင်လွန်းနေ
သည်။
ရှင်းသန့် ကိုယ်ကို တစ်ဖြည်းဖြည်း ကိုင်းလိုက်
ကာ အဲ့ကောင်လေး မျက်နှာနဲ့နီးနိုင်သမျှနီးအောင်
ခေါင်းကိုငုံ့လိုက်ပြီး ဦးတည်ရာက ချယ်ရီရောင် နှုတ်
ခမ်းလွှာတစ်စုံပေါ်သို့.....
ရုတ်တရက် ရှေ့တိုးလာတဲ့ ရှင်းသန့်နှုတ်ခမ်းတွေကို
လက်ညိုးလေးတစ်ချောင်းနဲ့ ပိတ်လိုက်တဲ့ သူ့ baby
လေး...
"ဟိတ်! ဟိတ်! လူမြင်ကွင်းကြီးမှာလေ!"
ရှင်းသန့် ငုံ့ထားတဲ့ ခေါင်းကိုပြန်မတ်လိုက်ကာ ဘေး
ဘီကို ေ၀့ကြည့်လိုက်သည်။ ဆိုင်ဘေးမှာ ရပ်ထား
တဲ့ Express ကား သုံးလေးစီးနဲ့ ကိုယ်ပိုင်ကား
လေးငါးစီးကလွဲရင် ဘာမှမရှိ။ ရှင်းသန့် ခေါင်းကို
အဲ့ကောင်လေးမျက်နှာနဲ့ ထိကပ်လုနီးနား ပြန်ငုံ့
လိုက်ပြီး...
"ဘယ်သူမရှိဘူး baby ရာ! လုပ်ပါကွာ! ကိုယ်
baby နဲ့ morning kiss မဆွဲရရင် တစ်နေ့လုံး
နေလို့ထိုင်လို့ ရမှာမဟုတ်ဘူး"
Morning kissing ဆိုသည်မှာ မနက်တိုင်း အိပ်ရာထရင် ရှင်းသန့် လင်းရဲမာန်ဆီမှ တောင်းတတတ်တဲ့
အရာတစ်ခု။ နေ့တိုင်းလိုလိုမို့ အိပ်ရာထတိုင်း
Morning kiss လုပ်ရသည်မှာ သူတို့နှစ်ယောက်အတွက် ထုံးတမ်းအစဉ်အလာတစ်ခုလို ဖြစ်လာသည်။
"သိပ်မကြာနဲ့နော်...."
ရှင်းသန့် ခေါင်းကိုအမြန်ညိမ့်ပြလိုက်ကာ ဦးတည်ရာ
က ချယ်ရီသီးတစ်စုံပေါ်သို့....
ရှင်းသန့် ရဲ့ ပြင်းပြစွာသော နမ်းရိုှက်မှုတွေကို
သိပ်မကြာခင်မှာပဲ လင်းရဲမာန် ဘက်မှ ပြန်တုံ့ပြန်လာသည်။ ရှင်းသန့် လက်နှစ်ဖက်က အဲ့ကောင်
လေးရဲ့ လည်တိုင်ဖြူ ဖြူ ပေါ်ကို သိုင်းယှက်ဆွဲယူ
လိုက်ပြီး ချိုမြိန်လွန်းတဲ့ အနမ်းတွေကို ရှေ့ဆက်ခဲ့
ကြသည်......
"အွန်း....."
လင်းလေးဆီက အသံသေးသေးလေး ထွက်လာ
တော့ ရှင်းသန့်အနမ်းတွေကို ရပ်တန့်လိုက်မိသည်
သူ့ရှေ့မှာတော့ ပါးလေးနှစ်ဖက်က အနီရောင်
သန်းကာ နှာခေါင်းထိပ်လေးမှာ နီရဲနေတဲ့ သူ့ baby
လေး၊ အတူနေလာခဲ့တာ တစ်နှစ်တောင် ကြာပြီဆိုပေမဲ့ အခုချိန်ထိ အရှက်အကြောက် ကြီးနေဆဲ
လင်းလေး.....
"အဟွတ်....အဟွတ်....."
ပါးစပ်လေးကို လက်သီးစုပ်လေးနဲ့ပိတ်ပြီး ချောင်း
တွေဆိုးလာသည်မို့ ရှင်းသန့် ကပျာကယာပဲ couple
seat ကြားက ရေသန့်ဘူးထည့်တဲ့နေရာကနေ ရေဘူးကို လှမ်းယူကာ အဖုံးဖွင့်ပေးလိုက်သည်။
နဂိုထဲက ရှက်စိတ်ကြောင့် ခရမ်းချဉ်သီးလေးဖြစ်နေတဲ့ မျက်နှာလေးက ချောင်းဆိုးနေသည်မို့ နားထင်
ကြောလေးတွေထောင်ကာ ပိုပြီး ရဲတက်လာသည်။
"ရရဲ့လားလင်းလေး! သီးနေဦးမယ် ဖြေးဖြေး
သောက်ဦး"
လင်းရဲမာန် ကိုရှင်းသန့်ဆီက ရေဘူးကိုယူကာ
ဖြေးဖြေးချင်း သောက်လိုက်သည်။ ခုဏက တစ်ကယ်တော့ ချောင်းဆိုးချင်လို့မဟုတ်၊ ကိုရှင်းသန့်
ရဲ့ မွတ်သိပ်လှတဲ့ အနမ်းတွေကြားမှာ သီးသွားခဲ့
ခြင်းသာ ဖြစ်သည်။ ဒါကို ကိုရှင်းသန့်တော့ သိဟန်မတူ....
"ကျွန်တော် ဘာမှမဖြစ်ဘူး ရတယ်! ဆိုင်ထဲ၀င်ရ
အောင်လေ"
ရှင်းသန့် ခေါင်းညိမ့်ပြလိုက်ကာ အဲ့ကောင်လေးရဲ့
ထိုင်ခုံခါးပတ်ကို ကိုယ်တိုင် ချွတ်ပေးလိုက်ပြီး အုပ်မိုးထားမိတဲ့ကိုယ်ကို ပြန်မတ်လိုက်ကာ လင်းလေး ဆင်းလို့ရအောင် လမ်းဖယ်ပေးလိုက်သည်။
အဲ့တော့မှ ဘာကိုရှက်ကိုးရှက်ကန်းဖြစ်နေမှန်းမသိတဲ့ သူ့ baby လေး, သူ့ကိုတောင် မစောင့်ဘဲ အရှေ့ကနေ မပြေးရုံတမယ် ပြေးထွက်သွားလေသည်။
ရှင်းသန့် ကားတံခါးကို အမြန်ပြန်ပိတ်ပြီး အော်ပြော
လိုက်ရသည်။
"Baby! ကိုကို့ကို စောင့်ဦးလေ"
***********
***********
ရှင်းသန့်တို့ ပြင်ဦးလွင်က 'Butterfly´ ခြံလေးထဲကိုရောက်တော့ အချိန်က ည ၇ နာရီတောင်ရှိနေပြီ။ သူတို့ ကားမီးရောင်ကိုတွေ့တာနဲ့ ခြံစောင့်တစ်ယောက်က ပြာပြာသလဲ တံခါးလာဖွင့်ပေးလေသည်။
ရှင်းသန့် ကားကို ခြံထဲ၀င်တဲ့ ကတ္တရာခင်း လမ်းလေးအတိုင်း မောင်း၀င်လာခဲ့လိုက်သည်။ အနည်း
ငယ် ရှည်လျားတဲ့ကတ္တရာ လမ်းလေးဆုံးတာနဲ့ တွေ့လိုက်ရသည်က အပေါ်ထပ် ၀ရံတာပါတဲ့
သုံးထပ်တိုက်လေးတစ်ခု။
ပတ်၀န်းကျင်မှာ အမှောင်ထုက ကြီးစိုးနေပြီဆိုပေမဲ့
တစ်ခြံလုံးမှာ ထွန်းထားတဲ့ မာကျူ ရီ ရောင်စုံ မီလုံးလေးတွေက ၀င်လာခဲ့တဲ့ ကတ္တရာလမ်းတစ်လျှောက် ထိန်ထိန်လင်းနေသည်။ ကြီးမားလှတဲ့သုံးထပ်တိုက်
ကြီးမှာလဲ ခြံထဲက ထွန်းထားတဲ့ မီးသီးလေးတွေ
အရှိန်ကြောင့် အရောင်ဟပ်ကာ ခံ့ညားသစ်လွင်နေပေသည်။
ကားပေါ်မှာတင် ဘာမှမပြောနိုင်အောင် လင်းရဲမာန်
ငေးကြည့်နေမိသည်။ အရင်တစ်ခါ သူတို့လာတုန်း
ကနဲ့ ဆီနဲ့ရေလို ကွာခြားနေတဲ့ Butterfly နေကြာ
ခြံလေး။ အခု သုံးထပ်တိုက်ကြီးနေရာမှာ အရင်က
တစ်ထပ်တိုက် ပုပုလေးကိုသာ တွေ့ခဲ့ရသည်။
ကတ္တရာလမ်းမကြီးဆိုသည်မှာလဲ တစ်ချိန်က မြေနီ
လမ်းမလေးမျှသာ။
"ကိုရှင်းသန့်! ဒါက...."
ရှင်းသန့် ကားကို တိုက်ဘေးနားကမြေကွက်လပ်
လေးမှာ ထိုးရပ်လိုက်ပြီး လင်းလေးအမေးကြောင့်
လင်းလေးဘက်ကို ပြုံးပြကာ ကြည့်လိုက်သည်။
"ဒါ ကိုယ်တို့ အိမ်လေးလေ....."
"ဟမ်"
လင်းရဲမာန်ကတော့ ပြောင်းလဲသွားတဲ့ ပတ်၀န်း
ကျင်ကိုကြည့်ကာ အံ့သြနေရင်း ကိုရှင်းသန့်စကား
ကြောင့် ပိုအံသြသွားရသည်။
"ကျွန်တော်တို့အိမ်.....?"
"ဟုတ်တယ်! ဒီအိမ်လေးကို ကိုယ့်စိတ်ကူးထဲကအ
တိုင်းဆောက်ခဲ့တာ! baby ကိုတော့ သက်သက် suprise လုပ်ချင်လို့သာ မပြောခဲ့တာ"
"Aww! ဒါကြောင့် ခင်ဗျားက ကျွန်တော့်အဖွား
အိမ် သွားနေမယ်ဆိုတာ လက်မခံတာပေါ့!
ဟုတ်လား"
လင်းလေး ပြောတာလဲ ဟုတ်သည်။ ပြင်ဦးလွင်ကို
လာတယ်ဆိုထဲက သူက သူ့အချစ်တော် ဖွားဖွားဆီကိုသာ တန်းသွားချင်ခဲ့တာ၊ ရှင်းသန့်ကသာ ဒီကို
ဘာမပြောညာမပြောနဲ့ အတင်းခေါ်ခဲ့၍သာ။
"စိတ်မဆိုးပါနဲ့ baby ရာ! ကိုယ်က baby လေးနဲ့
နှစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်လို့ပါ!
နော်...."
ရှင်းသန့် ပြောလိုက်ပေမဲ့ လင်းလေးမျက်နှာက စူပုပ်
ထားကာ တစ်ဖက်ကို မျက်နှာလွှဲသွားသည်။ သေချာ
တယ် ဒီကိစ္စ သူဘာမှ မသိရလို့ ရွှေစိတ်တော်
ကောက်တော်မူနေခြင်းသာ။
ရှင်းသန့် ကားပေါ်က ဆင်းကာ အဲ့ကောင်လေး
ဘက်ကို သွားလိုက်ပြီး ကားတံခါးကိုဆွဲဖွင့်ပေးလိုက်သည်။တံခါးတောင် သူဖွင့်ပေးမှ ဆင်းမယ်ဆိုသည့်ပုံစံနဲ့တကယ့်ကို ကလေးဆိုးလေး။ အဲ့တော့မှ ဘောက်ဆတ် ဘောက်ဆတ်နဲ့ သူ့ကိုထားခဲ့ပြီး အိမ်ထဲ၀င်မလို့လုပ်နေတဲ့ ကောင်လေး။
"...ဟူး.."
ရှင်းသန့် သက်ပြင်းသာချမိသည်၊ ဒီလိုပုံစံနဲ့ ဒီည ဘယ်လို အေးဆေးအိပ်ရမလဲ မသိတော့။ အဲ့
လင်းလေး သူ့ကို ရစ်ဦးမှာ သေချာသည်။ suprise
လုပ်ပါတယ်ဆိုမှ အရစ်ခံရမဲ့ဘ၀၊ မျက်နှာမရ ခြေ
ထောက်ရတယ်ဆိုတာ ဒါမျိုးဖြစ်မည်။
"Baby ရေ! သော့က ဒီမှာဟ"
ရှင်းသန့် အိမ်သော့ကို ထောင်ပြကာ အော်ပြော
လိုက်ရသည်။ တစ်နေကုန်လဲ ကားမောင်းလာရ
သည်မို့ပင်ပန်းနေမိသည်။
~ဒီညတော့ ကိုယ့်ကို ဂျီသိပ်မကျပါနဲ့ baby ရာ~
**********
**********
💞💞💞
For my loving readers💕