[ Zawgyi ]
မနက္ ၃နာရီခြဲ....
“ စိတ္ေကာက္တာ ေျပၿပီလား...”
ဟု အေရွ႕တြင္ ငုတ္တုပ္ထိုင္ကာ
ပီဇာစားေနေသာ ေကာက္ခ်ိတ္ေလးအား
ေမးလိုက္ေတာ့ စားေနသည္ကို
ရပ္လိုက္ကာ ေျပာလာသည္က
“ စိတ္မေကာက္ပါဘူး...
စိတ္မေကာင္းျဖစ္သြားတာ...
ကိုကိုက ကြၽန္ေတာ့အေပၚမွာ
အေလးမထားမွန္းသိလိုက္ရေတာ့..."
ဒီကေလးေလးကို ကေလးပဲဆိုၿပီး
ထင္ထားခဲ့တာ သူကအကုန္လုံးသိၿပီး
အကုန္လုံးကို ခံစားေနတာပဲ...
“ ေနာက္ဆုံး ငါသူ႕အိမ္မွာ
လာကပ္ေနလို႔မ်ား ငါ့အေပၚမွာ
ဒီလိုေတြဆက္ဆံေနတာလား
ဆိုၿပီး ေတြးေနတာ...
ကိုကိုကေတာ့ ဘာရယ္မဟုတ္ဘူး
ကိုကို႔အေတြးနဲ႕ကိုကို လုပ္လိုက္ေပမယ့္
ကြၽန္ေတာ္က ခံစားရတဲ့သူေလ
ၾကာေတာ့ နာလာတယ္...
ကိုကို ဒီလိုေတြလုပ္ေနတာ
ကြၽန္ေတာ္က ဘာမွမဟုတ္လို႔လား။
ကိုကိုတို႔ေလာက္ မခ်မ္းသာလို႔လား။
ကိုကိုတို႔ေလာက္ ပညာမျပည့္စုံလို႔လား။
ဒါမွမဟုတ္ ကိုကို႔ကို
အရမ္းအားကိုးတာကိုသိၿပီး
တမင္လုပ္တာလား ဆိုၿပီး
ေတြးမိေရာ...”
“ ေလွ်ာက္မေတြးပါနဲ႕ကြာ...
မင္းေလး ကိုယ့္ကိုသဝန္တိုတာေလးကို
သေဘာက်လိဳ႕ လုပ္လိုက္မိ႐ုံေလးပါ...”
“ ရပါတယ္ ကြၽန္ေတာ္လည္း
ေနာက္ဆိုရင္ ကိုကို႔ကို
သဝန္မတိုေတာ့ဘူးလို႔
ဆုံးျဖတ္ထားတယ္...”
ဟု ပါးလုပ္ျပည့္ ပါးေလာင္းျပည့္ႏွင့္
ေျပာလာသည္ေၾကာင့္ ကြၽန္ေတာ္လည္း
တစ္ကိုက္စားလိုက္ရင္း
“ ေသခ်ာလား...”
ဟု ေမးလိုက္ေတာ့
“ ေသခ်ာတယ္....”
ဟု မဆိုင္းမတြ ျပန္ေျဖလာသည္...
“ ကိုယ္ကေတာ့ မယုံပါဘူး....
မနက္ကေတာင္ ငဂ်ဳံနဲ႕အတူတူအိပ္မိလို႔
ကိုယ့္ကို စိတ္ေကာက္ၿပီးေတာ့...”
“ ေနာက္ကို အဲ့လိုမျဖစ္ေတာ့ဘူး...”
“ ဘာျဖစ္လို႔လဲ
သဝန္တိုလို႔ ရပါတယ္...”
ဟု စလိုက္ေတာ့
“ ဟင့္အင္း ရလည္း
သဝန္မတိုခ်င္ေတာ့ဘူး။
ကိုကို႔ကို သဝန္လိုက္တိုရတာ
ကြၽန္ေတာ္ ပင္ပန္းတယ္...
အဲ့ေတာ့ ေနာက္ဆို ကိုကို႔ဘာသာ
လုပ္ခ်င္ရာလုပ္...ကြၽန္ေတာ္
လိုက္ၿပီးခံစားမေနေတာ့ဘူး...”
ဟု မေက်မနပ္႐ုပ္ကေလးျဖင့္
ေျပာလာသည္...ဘယ္လိုေတြေတာင္
ေဒါခြီးေနတာလဲကြာ...
“ ကိုယ္က်ေတာ့ေရာ မင္းကို
သဝန္တိုရတာ မပင္ပန္းရဘူးလား...”
“ အဲ့ဒါဆို ကိုကိုလည္းသဝန္မတိုနဲ႕ေလ။
မပင္ပန္းေတာ့ဘူးေပါ့...”
ေအး...ရွင္းသြားေရာ...
“ ေဟ်ာင့္...အဲ့ေလာက္လြယ္လားကြ...”
ဟု စိတ္တိုတိုႏွင့္ ေအာ္လိုက္ေတာ့
“ ဟုတ္တယ္ေလ...
သဝန္တိုရတာ ပင္ပန္းတယ္ဆို...
ပင္ပန္းရင္ သဝန္မတိုနဲ႕ေပါ့...
ရွင္းရွင္းေလးကို...“
ဟု ျပန္ေျဖလာျပန္သည္...
တကယ့္ဟာေလး ငါ့ကို
ေဒါသထြက္ေအာင္လာလုပ္ေနတယ္...
“ မင္းက်ေတာ့ ဘာလို႔သဝန္တိုလဲ...”
" ကိုကိုက သဝန္တိုရေအာင္
လုပ္တာကိုး...မိန္းကေလးေတြနဲ႕လည္း
စကားေျပာတယ္ လုပ္ခ်င္ရာလည္း
ေလွ်ာက္လုပ္တယ္ေလ...
ေနပါဦး ကြၽန္ေတာ့ကို ကိုကိုက
သဝန္တိုတယ္ေျပာရေအာင္
ကြၽန္ေတာ္က ဘာမ်ားလုပ္လို႔လဲ...
ကိုကိုက စကားမေျပာနဲ႕ဆိုတဲ့
လူနဲ႕ေတာင္ ကြၽန္ေတာ္
စကားေျပာတာမဟုတ္ဘူး...
အဲ့ဒါကို ဘာေတြလိုက္ၿပီး
သဝန္တိုေနတာလဲ..."
" မသိဘူး..."
“ ကြၽန္ေတာ္ အိမ္ကိုပဲျပန္ရမလားလို႔
ေတြးေနတာ...ကြၽန္ေတာ္ေနာက္ဆို
ကိုကို႔ကို အရမ္းႀကီး မတမိေအာင္
မလိုအပ္ေအာင္ေနမွာ..."
“ ေနနိုင္တယ္ေပါ့...”
“ ေနနိုင္ေအာင္ ေနမွာေပါ့...."
ကြၽန္ေတာ့ထက္ေတာင္
ျပတ္သားေနေသးတဲ့ ငတိေလး...
တကယ္ႀကီး ေပါက္ကြဲေနတာပဲ...
“ မင္းေနနိုင္ေပမယ့္ ငါမေနနိုင္ဘူး...”
“ အပိုေတြပါ ကိုကိုရယ္...
ကိုကို႔က ဘာလို႔မေနနိုင္ရမွာလဲ။
ကိုကို႔မွာ ကိုကို႔ကိုခ်စ္တဲ့
မိဘေတြရွိတယ္...စိတ္တူကိုယ္တူ
ကိုကိုလုပ္ခ်င္တာေတြကို
လိုက္လုပ္ေပးမယ့္
သူငယ္ခ်င္းေတြလည္းရွိတယ္...
ပ်င္းရင္ စီးစရာဆိုင္ကယ္လည္းရွိတယ္။
ကားလည္းရွိတယ္ ပိုက္ဆံလည္းရွိတယ္...
Club ကိုသြားရင္
ေကာင္မေလးေတြလည္းေပါတယ္ေလ
အဲ့ေလာက္ျပည့္စုံေနတာကို
အဲ့ဒါေတြနဲ႕ ေနေပါ့။
ဘာမေနနိုင္စရာရွိလို႔လဲ..."
ဟု အသံက်ယ္က်ယ္ျဖင့္
ျပန္ေျပာေနရင္းႏွင့္
အဆုံးသတ္က်ေတာ့
အသံတိုးတိုးေလးျဖင့္
" ကြၽန္ေတာ့မွာသာ ဘာမွမရွိတာ...”
ဟုေျပာလာသည္...
အီးေပေလး မဆိုင္တာေတြကိုပါ
ေျပာေနတယ္...မေသာက္ထားဘဲ
တမင္ရစ္ၿပီး ဂ်စ္ေနတာ...
အခုေလာေလာဆယ္ေတာ့
သူ႕အႀကိဳက္လိုက္ၿပီး
ေျပာေပးလိုက္ပါဦးမယ္ေလ...
“ ငါ့မွာ အဲ့ဒါေတြရွိေပမယ့္
မင္းမွ မရွိတာ...ျပည့္စုံတယ္လို႔
ေျပာမရဘူးေလ။ အဲ့လိုေျပာေၾကးဆိုရင္
မင္းကမွျပည့္စုံေသးတယ္..."
" ကြၽန္ေတာ္က?.."
" ဟုတ္တယ္ေလ
မင္းေျပာသလို မင္းမွာ
အားလုံးျပည့္စုံေနတဲ့ ငါရွိတယ္ေလ...
ငါရွိရင္အကုန္ရွိၿပီ မဟုတ္ဘူးလား...”
ဟုေမးလိုက္ေတာ့ မ်က္ေစာင္းထိုးကာ
“ စကားကိုေျပာတတ္တယ္...
ကိုကိုရွိတာနဲ႕ အကုန္ရွိစရာလား...
ဘာမွလည္းမဆိုင္ဘူး...
အလကားေပးရင္ေတာင္
မယူဘူး ကိုကို႔ကို..."
" နည္းနည္းေတာ့ မ်ားသြားၿပီ...
ဘာလို႔ မယူခ်င္ရတာလဲ
ေျပာစမ္းပါဦး..."
" မလိုခ်င္ပါဘူး။ ကြၽန္ေတာ့ကို
ႏွိပ္ပဲ ႏွိပ္စက္တဲ့ ကိုကို႔ကို
ဘာလို႔ ယူရမွာလဲ။ မယူပါဘူး...
ေၾကာက္တယ္...”
ဟု ျပန္ေျဖလာသည္...
“ မင္းမယူလည္းငါကေတာ့
မင္းကို ယူမွာ...”
ဟု စိတ္ေပါက္ေပါက္ႏွင့္
ေျပာလိုက္ေတာ့ျပန္ေျပာလာသည္က
“ ကိုကိုဘာ့သာ ယူခ်င္ယူမယူခ်င္ေန...
ကြၽန္ေတာ္ကေတာ့ နိုးပဲ...”
ဟူ၍ပင္...
ဟ ေခ်လွခ်ည္လား...
“ ကြၽန္ေတာ္တစ္ခုေမးခ်င္တယ္...
ကိုကို အမွန္အတိုင္းေျဖမွာလား..."
" ေမး..."
" ကိုကိုက ကြၽန္ေတာ့ကို
ဘာလို႔ သဝန္တိုတာလဲ...”
ဟုေမးလာသည္...
“ ဘာ...”
သူေမးလိုက္သည့္ ေမးခြန္းကို
ဇတ္ခနဲ ဘယ္လိုေျဖရမည္မွန္း
မသိ၍ ျပန္ေမးလိုက္ေတာ့....
“ ကြၽန္ေတာ္ ကိုကို႔ကို
ခ်စ္လို႔ သဝန္တိုတာေလ...
ကိုကိုက ကြၽန္ေတာ့ကို
ခ်စ္မွမခ်စ္ဘဲနဲ႕ကို ဘာလို႔
သဝန္တိုတာလဲ..."
“ ..... ”
“ ေနာက္ၿပီးေတာ့ မခ်စ္ဘဲနဲ႕
နမ္းလည္း နမ္းတယ္...
ၿပီးေတာ့ အျပစ္ေပးတာဆိုတဲ့
စကားႏွစ္ခြန္းတည္းနဲ႕ ၿပီးသြားတယ္။
မသိခ်င္ေယာင္ေဆာင္တယ္...
ေမ့ပစ္တယ္...”
ဟု ေျပာေနရင္းႏွင့္
ေနာက္ထပ္ပီဇာတစ္ပိုင္းကို
လွမ္းယူရင္းနဲ႕ ကြၽန္ေတာ့ကို
ၾကည့္လာကာ
” ကြၽန္ေတာ္ အခုလိုခံစားရတာကို
ကိုကိုက အရမ္းသေဘာက်တာပဲလား။
ဟုတ္လား...ကိုကိုက
ကြၽန္ေတာ့ကို အဲ့ေလာက္ထိ
မုန္းေနတာလား...”
ဟု ကြၽန္ေတာ့အားေမးလာသည္ေၾကာင့္
လက္ထဲက Cola သံဗူးကို
ကုန္သည္အထိ ေမာ့ေသာက္လိုက္ကာ
ဗူးကိုလက္ႏွင့္ ညွစ္ၿပီး ပိန္ေအာင္
လုပ္ပစ္လိုက္သည္...ၿပီးေတာ့
သူ႕ကိုၾကည့္လိုက္ကာ
“ ေျပာစရာကုန္ၿပီလား...
ဘာေျပာစရာရွိေသးလဲ ေျပာ...”
ဟုေမးလိုက္ေတာ့ေခါင္းရမ္းျပသည္...
“ အဲ့ေတာ့ ေျပာ...
မင္းင့ါကို မခ်စ္ေတာ့ဘူးလား...
ေသခ်ာၿပီလား...”
ဟုေမးလိုက္ေတာ့ ေခါင္ေလးရမ္းျပကာ
“မခ်စ္ေတာ့ဘူးလို႔ မေျပာပါဘူး။
ကြၽန္ေတာ္ ဒီအိမ္ကို
ေရာက္ေရာက္ခ်င္းေန႕ကို
ကိုကိုမွတ္မိလား..."
ဟု အရင္းမရွိအဖ်ားမရွိေမးလာသည္
" အင္း..."
ဟုေျဖလိုက္ေတာ့
" ကြၽန္ေတာ္ အိမ္မက္ဆိုးမက္ၿပီး
ျပန္အိပ္လို႔မရလို႔ ကိုကိုက အတူတူ
အိပ္ေပးေသးတယ္ေလ..."
" အင္း..."
" အဲ့တုန္းကတည္းက
ကိုကို႔ကို အရမ္းေက်းဇူးတင္ၿပီး
အရမ္းခ်စ္သြားတာ...
အခုလည္းခ်စ္တုန္းပဲ..."
ဆိုသည့္ သူ႕စကားအဆုံး
သူေလးကို လွမ္းၾကည့္လိုက္မိသည္...
"ခ်စ္တာက ခ်စ္တယ္ သဝန္ပဲ
မတိုေတာ့ဘူးလို႔ေျပာတာ..."
ဘာလို႔ ေနာက္ေၾကာင္းေတြကို
ျပန္ေျပာေနတာပါလိမ့္လို႔...
သူကြၽန္ေတာ့ကို စခ်စ္မိသြားတဲ့
ေန႕အေၾကာင္းကို ျပန္ေျပာျပေနတာကိုး...
" ကိုကို အဲ့ညတုန္းကေလ
Baek နဲ႕အတူတူအိပ္ေပးတာ
ဟုတ္တယ္မလား..."
ဟု သူစိတ္ေကာက္ေနသည္ကို
ေမ့သြားသည့္တစ္ခဏ သူ႕ကိုယ္သူ
Baek ဟုျပန္သုံးႏႈန္းလာသည္...
"ဒါေပမယ့္ မနက္ Baek နိုးေတာ့
ေဘးနားမွာလည္းမရွိေတာ့ဘူး...
အဲ့ဒါ အိမ္မက္ မက္တာမ်ားလားလို႔
ထင္ေနတာ...အိမ္မက္
မဟုတ္ဘူးမလား...”
ဟုေမးလာသည္ေၾကာင့္ အဲ့ေန႕ကို
ျပန္စဥ္းစားလိုက္ေတာ့...
.
.
.
.
.
.
.
ကြၽန္ေတာ္က မနက္ဆို
နိုးေနက်အတိုင္း နိုးေပမယ့္
ကြၽန္ေတာ္နိုးေတာ့ သူက
ကြၽန္ေတာ့ကို ဖက္ထားလ်က္နဲ႕
အိပ္ေပ်ာ္ေနသည္...
ဘယ္လိုလုပ္ရမည္ကို မသိတာေၾကာင့္
စဥ္းစားေနစဥ္ အခန္းထဲကို
မာမီရယ္ ကိုႀကီးရယ္ ကိုေလးရယ္က
ဝင္လာတာေၾကာင့္ အိပ္ခ်င္ေယာင္
ျပန္ေဆာင္ေနလိုက္မိသည္...
ကြၽန္ေတာ့ကို ကြၽန္ေတာ့အခန္းတြင္
မေတြ႕ေသာေၾကာင့္ လာရွာသည္ႏွင့္
တူပါသည္...
ျဖစ္ခ်င္ေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္
အိပ္ေပ်ာ္ေနသည့္ပုံကို ေတြ႕သြားၾကၿပီး
ပြစိပြစိႏွင့္ေျပာေနၾကသည္ေၾကာင့္
အိပ္ခ်င္ေယာင္ ဆက္ေဆာင္ေနလိုက္ၿပီး
မာမီတို႔အျပင္ကို ထြက္သြားသည္ႏွင့္
ကြၽန္ေတာ့မွာကိုယ့္အခန္းသို႔ကိုယ္
ေျခသုတ္တင္ၿပီး ေျပးခဲ့ရသည္...
ေရျမန္ျမန္ခ်ိဳးကာ
မနက္စာစားရန္ ေအာက္ဆင္းလာစဥ္
ဟိုကေလးက ကြၽန္ေတာ့ကို
မေတြ႕၍ ေမးေနသည့္အသံကိုၾကားၿပီး
ထူးလိုက္ကာ ထမင္းဝိုင္းသို႔
သြားထိုင္ခဲ့သည္ကို
တစ္ျဖည္းျဖည္း ျပန္ေတြးလိုက္ၿပီး
သူ႕ကို ေခါင္းညိတ္ျပလိုက္သည္...
“ သနားလို႔ အတူတူအိပ္ေပးတာေလ...
အဲ့ေန႕က အေမွာင္ႀကီးထဲမွာငိုေနလို႔
ငါ့မွာ မင္းကို မထားခဲ့နိုင္လို႔ အတူတူ
အိပ္ေပးခဲ့တယ္ေလ...
မင္းသင္တန္းမွာ ဟိုလူေတြ
လိုက္ႏွောင့္ယွက္တုန္းကလည္း
ငါ လာရွင္းေပးခဲ့တယ္ေလ...
အရက္ေသာက္ခ်င္တယ္ဆိုတုန္းကလည္း
လိုက္တိုက္တယ္ေလ...
ငါမင္းကို အလိုလိုက္တဲ့
အခ်ိန္ေတြလည္းရွိပါတယ္ကြာ...
အၿမဲတမ္း အနိုင္မက်င့္ပါဘူး....
မင္းကလည္း ျပန္စဥ္းစားၾကည့္ပါဦး...”
ဟု ေျပာေတာ့
သူေလးကေခါင္းညိတ္ျပကာ
“ အဲ့ဒါေတာ့ လက္ခံပါတယ္...
အၿမဲတမ္းေတာ့ အနိုင္မက်င့္ေပမယ့္
တစ္ခါ တစ္ခါ အနိုင္က်င့္ရင္လည္း
ကြၽန္ေတာ့မွာ ေသေတာ့မလိုပဲ...”
“ ဘယ္လိုျဖစ္လို႔ ကြၽန္ေတာ္
ကြၽန္ေတာ္နဲ႕ ေျပာေနတာလဲ...”
“ အဲ့လိုပဲ ေျပာခ်င္လို႔...”
“ စကားကို ဘယ္လိုျဖစ္လို႔
အကန္ေတြခ်ည္းပဲ ေျပာေနတာလဲ...
အရိုက္ခံခ်င္လို႔....”
“ ေတြ႕လား...ကိုကိုက
ဆူမယ္ဆိုတာခ်ည္းပဲ...”
“ ဆူစရာရွိရင္ေတာ့ ဆူမွာေပါ့...
ငါကမင္းကို အသားလြတ္ႀကီး
ဆူေနလို႔လား...”
“ မနက္က ဆူတယ္ေလ...”
“ အဲ့ဒါလည္း အသားလြတ္ႀကီးမွ
မဟုတ္တာ...သူတို႔ေတြက
ငါ့ သူငယ္ခ်င္းေတြမလို႔
မင္းဆိုးတာကို နားလည္ေပးတာ...
မင္းသူစိမ္းေတြေရွ႕မွာ သြားလုပ္ရင္
မင္းကို သူတို႔ ဘယ္လိုထင္ၾကမလဲ...
ဆိုးတယ္လို႔ပဲ ထင္ၾကမွာေလ...
မဟုတ္ဘူးလား...
လူႀကီးေတြနဲ႕ ထမင္းစားဖို႔
ထိုင္ေနၿပီးကာမွ စိတ္ေကာက္ၿပီး
ထထြက္သြားတဲ့ကေလးက
မဆိုးဘူးလား...”
“ ကိုကိုကေရာ ဆိုးတယ္ထင္လား...”
ဟု ကြၽန္ေတာ့ကိုျပန္ေမးလာသည္ေၾကာင့္
“ ဆိုးတာေပါ့...
သူစိမ္းေတြ အေရွ႕မွာ
မင္းအဲ့လိုလုပ္ရင္ မင္းပဲ
အထင္ေသးခံရမွာ...
အဲ့ဒါေၾကာင့္ ငါကဟန႔္လိုက္တာ...
အဲ့ဒါကို မဆိုင္တာေတြပါ
ဆြဲထည့္ၿပီး အိမ္မွာ
ကပ္ေနတာေတြေရာ။
ပညာမစုံတာေတြေရာ။
ပိုက္ဆံမရွိတာေတြေရာ
ေလွ်ာက္ၿပီး စဥ္းစားစရာလိုလို႔လား...
ေျပာ..."
" လိုတာေပါ့..."
" အရိုက္ခံခ်င္လို႔
အဲ့ေလာက္ေျပာျပေနတာေတာင္
လိုတာေပါ့ လုပ္ေနတယ္။
ငါ ထုထလိုက္ရ..."
ဟု လက္သီးကို ႐ြယ္လိုက္ေတာ့
ေခါင္းကေလးကို ပုျပသည္...
"အခုျဖစ္တဲ့ ျပသနာကလည္း
ကိုယ့္အေပၚကို မင္းသဝန္တိုၿပီး
စိတ္ေကာက္မယ္ ခြၽဲမယ္ထင္လို႔
ကိုယ္လုပ္လိုက္တဲ့ ကိစၥတစ္ခုတည္း
အေပၚမွာပဲ ေျပာရမွာ...
အဲ့ဒါကို တစ္ျခားဟာေတြပါ
ေလွ်ာက္ေတြး ေလွ်ာက္စဥ္းစားၿပီးေတာ့
ကိုယ့္ကိုယ္ကိုယ္ ဒုကၡေပးေနတာ...”
" အဲ့ဒါဆိုလည္း ကိုကိုက
ေကာင္းေကာင္းမြန္မြန္ေျပာေလ...
မင္းအိမ္က အဲ့လိုပဲ
သင္ထားတာလားလို႔
ဘာလို႔ေမးလဲ..."
" ဟုတ္တယ္ အဲ့တစ္ခုေတာ့
ကိုယ္လြန္သြားတယ္...
အဲ့စကားအတြက္
ကိုယ္ေတာင္းပန္တယ္
ဟုတ္ၿပီလား..."
ဟုေတာင္းပန္လိုက္ေတာ့မွ
“ ရပါတယ္...”
ဟု ေျပာလာသည္...
" စိတ္ဆိုးေျပၿပီလား..."
ဟုေမးလိုက္ေတာ့
ေခါင္းေလးညိတ္ျပသည္...
" ကဲ မနက္ ေလးနာရီေတာင္
ခြဲေတာ့မယ္ အိပ္ရေအာင္..."
ဟုေျပာေတာ့ ေခါင္းေလးညိတ္ျပကာ
ပီဇာဘူးကို ေရခဲေသတၱာထဲ
သြားထည့္လိုက္ၿပီး လက္ေဆးေနသည္...
ကြၽန္ေတာ္က ေလွကားေပၚတြင္
မတ္တပ္ရပ္ကာ ေစာင့္ေနလိုက္ကာ
သူလက္ေဆးၿပီးလာေတာ့
" ဘယ္အခန္းမွာအိပ္မွာလဲ..."
ဟုေမးလိုက္သည္...
" ကြၽန္ေတာ့အခန္းမွာအိပ္မွာ..."
ဟုေျဖကာ သူ႕အခန္းထဲကို
ဝင္သြားသည္...ကြၽန္ေတာ္လည္း
ကိုယ့္အခန္းထဲကိုယ္ဝင္လိုက္ကာ
အိပ္လိုက္ေတာ့သည္...
စိတ္ဆိုးေျပၿပီသာေျပာတာ
သိပ္မေျပေသးဘူးဆိုတာ
ကြၽန္ေတာ္ ေကာင္းေကာင္း
သိသည္ေလ...
မနက္က်မွ အျပင္မွာ
မနက္စာလိုက္ေကြၽးရင္း
ေခ်ာ့ရဦးမည္...
~~~~~~~~~~~~~~~♥~~~~~~~~~~~~~~~
ေန႕လည္ ၁၁ နာရီခြဲ
" ေဒါက္ ေဒါက္ ေဒါက္..."
သူ႕အခန္းတံခါးေလးကို
ေခါက္လိုက္ေပမယ့္
ျပန္ေျဖသံမၾကားေပ...
ထပ္ၿပီးေခါက္လိုက္ေပမယ့္လည္း
ဒီအတိုင္းသာ ...
ထို႔ေၾကာင့္ အခန္းတံခါးေလးကို
အသာေလးဟၿပီး အထဲကိုၾကည့္လိုက္ေတာ့
ခုတင္ေပၚမွာ လူရွိမေန...
ဟင္ ဘယ္ေရာက္ေနတာလဲ...
အခန္းထဲကို အသာေလးဝင္သြားလိုက္ကာ
ေရမ်ားခ်ိဳးေနလားဟု
ေရခ်ိဳးခန္းနားကိုကပ္ၿပီး
နားေထာင္လိုက္ေတာ့လည္း
ဘာသံမွ မၾကားရေပ...
စိတ္ထဲမွာ ပူထြက္သြားသည္
ဒီအခ်ိန္အခန္းထဲမွာ မရွိဘူးဆိုေတာ့
သူေျပာသလို သူ႕အိမ္ကိုပဲ
ျပန္သြားတာမ်ားလားဟု
ေတြးမိေတာ့ ဘာဆက္လုပ္လို႔
လုပ္ရမည္မသိျဖစ္သြားသည္...
သူ႕အိမ္ကိုပဲလိုက္သြားၿပီး
ျပန္ေခၚရမလား...
တကယ္ေရာ အိမ္ျပန္သြားတာ
ဟုတ္ရဲ႕လား။ ဒီအတိုင္း
ကြၽန္ေတာ့ကို စိတ္ေကာက္ၿပီး
အိမ္ကေန ထြက္သြားတာမ်ားလား...
ဟာကြာ ေတာ္ေတာ္ဆိုးတဲ့ကေလး
လူကိုစိတ္ပူေအာင္ လုပ္တယ္ကြာ...
ၿခံထဲမွာမ်ားရွိေနမလား
တစ္ခ်က္ေလာက္ ရွာၾကည့္ဦးမယ္ဟု
အိမ္ေပၚကေနေျပးဆင္းကာရွာေတာ့
ပန္းသီးပင္ရိပ္မွာ ဖ်ာေလးခင္းၿပီး
မ်က္လုံေလးမွိတ္ကာ
လွဲေနေလသည္...
ထိုေတာ့မွ ပူေနသည့္ရင္က
အနည္းငယ္ သက္သာရာရသြားေလသည္...
သူ႕နားေလးကို အျမန္သြားလိုက္ကာ
" Baekhyunee...အဲ့လို
မေျပာမဆိုနဲ႕ေပ်ာက္သြားရလား..."
ဟု စိတ္တိုတိုႏွင့္ေမးလိုက္ေတာ့
သူေလးက မ်က္လုံးဖြင့္ၾကည့္ကာ
မတ္တပ္ထရပ္ၿပီး
" ၿခံထဲဆင္းလာတာေလ
ဘယ္မွာေပ်ာက္သြားလို႔လဲ..."
ဟု ျပန္ေျပာလာသည့္သူ႕အား
ရင္ခြင္ထဲသို႔ ဆြဲဖက္ထားလိုက္မိေတာ့သည္
ဘယ္ေလာက္ေတာင္ စိတ္ပူသြားလဲဆိုတာ
ေျပာေတာင္ မေျပာျပတတ္ေတာ့ဘူး...
ကြၽန္ေတာ္ ဘာျဖစ္ေနသည္ဆိုတာကို
သိပုံရေသာ သူက ကြၽန္ေတာ့ကို
ျပန္ဖက္ထားကာ ေက်ာျပင္ကို
လက္ကေလးျဖင့္ ဖြဖြေလး
ပြတ္ေပးေနသည္...
" ကြၽန္ေတာ္ ဘယ္မွ မသြားပါဘူး..."
" မေန႕ညက အိမ္ျပန္မယ္လို႔
ေျပာထားၿပီး ဒီမနက္ အခန္းထဲမွာမွ
မရွိတာ..."
" ကြၽန္ေတာ္ အိမ္ျပန္သြားတယ္လို႔
ထင္တာလား...အဲ့ဒါ စိတ္ဆိုးတုန္းမို႔
ေျပာလိုက္တာေလ..."
" စိတ္က အခုေရာ
ဆိုးေနေသးတာလား..."
" မဆိုးေတာ့ပါဘူး..."
" မေန႕ကစကားအတြက္
ကိုယ္တကယ္ ေတာင္းပန္တယ္..."
" ရပါၿပီ မေတာင္းပန္နဲ႕ေတာ့...
ကြၽန္ေတာ္ စိတ္မဆိုးေတာ့ပါဘူး..."
" စိတ္မဆိုးေတာ့ဘူးဆိုရင္
ဘာလို႔ ကြၽန္ေတာ္ ကြၽန္ေတာ္နဲ႕
ေျပာေနေသးတာလဲ..."
" အဲ့လိုေျပာေနမိတာလား...
ကိုယ့္ကိုယ္ကိုယ္ေတာင္
သတိမထားမိဘူး..."
" ေျပာေနက်အတိုင္း Baek လို႔
ျပန္ေျပာ..."
"ကိုကို ဖက္ထားတာကို
အရင္လႊတ္ပါလား...
Baek ကိုယ္မွာ ေခြၽးေတြနဲ႕
အရမ္းပူေနၿပီ..."
ဟု ေျပာလိုက္ေတာ့မွ လႊတ္ေပးကာ
" ေရသြားခ်ိဳး ၿပီးရင္
ေန႕လည္စာ အျပင္ထြက္စားမယ္..."
ဟုေျပာလိုက္ေတာ့
ေခါင္းေလးညိတ္ျပကာ
အိမ္ထဲေျပးဝင္သြားေတာ့သည္...
လူကိုစိတ္ပူေအာင္လုပ္နိုင္တဲ့
အီးေပေလး...
~~~~~~~~~~to be continued 💛💚💙
တစ္ေန႕ကို တစ္ပိုင္းဒိတ္ေနတာေနာ္
ဒီေလာက္ လိမၼာတဲ့ ရယ္ပြန္းနီေလး
တစ္ျခား ဘယ္မွာရွိပါ့မလဲ ေျပာၾကည့္လိုက္
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
[ Unicode ]
မနက် ၃နာရီခွဲ....
“ စိတ်ကောက်တာ ပြေပြီလား...”
ဟု အရှေ့တွင် ငုတ်တုပ်ထိုင်ကာ
ပီဇာစားနေသော ကောက်ချိတ်လေးအား
မေးလိုက်တော့ စားနေသည်ကို
ရပ်လိုက်ကာ ပြောလာသည်က
“ စိတ်မကောက်ပါဘူး...
စိတ်မကောင်းဖြစ်သွားတာ...
ကိုကိုက ကျွန်တော့အပေါ်မှာ
အလေးမထားမှန်းသိလိုက်ရတော့..."
ဒီကလေးလေးကို ကလေးပဲဆိုပြီး
ထင်ထားခဲ့တာ သူကအကုန်လုံးသိပြီး
အကုန်လုံးကို ခံစားနေတာပဲ...
“ နောက်ဆုံး ငါသူ့အိမ်မှာ
လာကပ်နေလို့များ ငါ့အပေါ်မှာ
ဒီလိုတွေဆက်ဆံနေတာလား
ဆိုပြီး တွေးနေတာ...
ကိုကိုကတော့ ဘာရယ်မဟုတ်ဘူး
ကိုကို့အတွေးနဲ့ကိုကို လုပ်လိုက်ပေမယ့်
ကျွန်တော်က ခံစားရတဲ့သူလေ
ကြာတော့ နာလာတယ်...
ကိုကို ဒီလိုတွေလုပ်နေတာ
ကျွန်တော်က ဘာမှမဟုတ်လို့လား။
ကိုကိုတို့လောက် မချမ်းသာလို့လား။
ကိုကိုတို့လောက် ပညာမပြည့်စုံလို့လား။
ဒါမှမဟုတ် ကိုကို့ကို
အရမ်းအားကိုးတာကိုသိပြီး
တမင်လုပ်တာလား ဆိုပြီး
တွေးမိရော...”
“ လျှောက်မတွေးပါနဲ့ကွာ...
မင်းလေး ကိုယ့်ကိုသဝန်တိုတာလေးကို
သဘောကျလို့ လုပ်လိုက်မိရုံလေးပါ...”
“ ရပါတယ် ကျွန်တော်လည်း
နောက်ဆိုရင် ကိုကို့ကို
သဝန်မတိုတော့ဘူးလို့
ဆုံးဖြတ်ထားတယ်...”
ဟု ပါးလုပ်ပြည့် ပါးလောင်းပြည့်နှင့်
ပြောလာသည်ကြောင့် ကျွန်တော်လည်း
တစ်ကိုက်စားလိုက်ရင်း
“ သေချာလား...”
ဟု မေးလိုက်တော့
“ သေချာတယ်....”
ဟု မဆိုင်းမတွ ပြန်ဖြေလာသည်...
“ ကိုယ်ကတော့ မယုံပါဘူး....
မနက်ကတောင် ငဂျုံနဲ့အတူတူအိပ်မိလို့
ကိုယ့်ကို စိတ်ကောက်ပြီးတော့...”
“ နောက်ကို အဲ့လိုမဖြစ်တော့ဘူး...”
“ ဘာဖြစ်လို့လဲ
သဝန်တိုလို့ ရပါတယ်...”
ဟု စလိုက်တော့
“ ဟင့်အင်း ရလည်း
သဝန်မတိုချင်တော့ဘူး။
ကိုကို့ကို သဝန်လိုက်တိုရတာ
ကျွန်တော် ပင်ပန်းတယ်...
အဲ့တော့ နောက်ဆို ကိုကို့ဘာသာ
လုပ်ချင်ရာလုပ်...ကျွန်တော်
လိုက်ပြီးခံစားမနေတော့ဘူး...”
ဟု မကျေမနပ်ရုပ်ကလေးဖြင့်
ပြောလာသည်...ဘယ်လိုတွေတောင်
ဒေါခွီးနေတာလဲကွာ...
“ ကိုယ်ကျတော့ရော မင်းကို
သဝန်တိုရတာ မပင်ပန်းရဘူးလား...”
“ အဲ့ဒါဆို ကိုကိုလည်းသဝန်မတိုနဲ့လေ။
မပင်ပန်းတော့ဘူးပေါ့...”
အေး...ရှင်းသွားရော...
“ ဟျောင့်...အဲ့လောက်လွယ်လားကွ...”
ဟု စိတ်တိုတိုနှင့် အော်လိုက်တော့
“ ဟုတ်တယ်လေ...
သဝန်တိုရတာ ပင်ပန်းတယ်ဆို...
ပင်ပန်းရင် သဝန်မတိုနဲ့ပေါ့...
ရှင်းရှင်းလေးကို...“
ဟု ပြန်ဖြေလာပြန်သည်...
တကယ့်ဟာလေး ငါ့ကို
ဒေါသထွက်အောင်လာလုပ်နေတယ်...
“ မင်းကျတော့ ဘာလို့သဝန်တိုလဲ...”
" ကိုကိုက သဝန်တိုရအောင်
လုပ်တာကိုး...မိန်းကလေးတွေနဲ့လည်း
စကားပြောတယ် လုပ်ချင်ရာလည်း
လျှောက်လုပ်တယ်လေ...
နေပါဦး ကျွန်တော့ကို ကိုကိုက
သဝန်တိုတယ်ပြောရအောင်
ကျွန်တော်က ဘာများလုပ်လို့လဲ...
ကိုကိုက စကားမပြောနဲ့ဆိုတဲ့
လူနဲ့တောင် ကျွန်တော်
စကားပြောတာမဟုတ်ဘူး...
အဲ့ဒါကို ဘာတွေလိုက်ပြီး
သဝန်တိုနေတာလဲ..."
" မသိဘူး..."
“ ကျွန်တော် အိမ်ကိုပဲပြန်ရမလားလို့
တွေးနေတာ...ကျွန်တော်နောက်ဆို
ကိုကို့ကို အရမ်းကြီး မတမိအောင်
မလိုအပ်အောင်နေမှာ..."
“ နေနိုင်တယ်ပေါ့...”
“ နေနိုင်အောင် နေမှာပေါ့...."
ကျွန်တော့ထက်တောင်
ပြတ်သားနေသေးတဲ့ ငတိလေး...
တကယ်ကြီး ပေါက်ကွဲနေတာပဲ...
“ မင်းနေနိုင်ပေမယ့် ငါမနေနိုင်ဘူး...”
“ အပိုတွေပါ ကိုကိုရယ်...
ကိုကို့က ဘာလို့မနေနိုင်ရမှာလဲ။
ကိုကို့မှာ ကိုကို့ကိုချစ်တဲ့
မိဘတွေရှိတယ်...စိတ်တူကိုယ်တူ
ကိုကိုလုပ်ချင်တာတွေကို
လိုက်လုပ်ပေးမယ့်
သူငယ်ချင်းတွေလည်းရှိတယ်...
ပျင်းရင် စီးစရာဆိုင်ကယ်လည်းရှိတယ်။
ကားလည်းရှိတယ် ပိုက်ဆံလည်းရှိတယ်...
Club ကိုသွားရင်
ကောင်မလေးတွေလည်းပေါတယ်လေ
အဲ့လောက်ပြည့်စုံနေတာကို
အဲ့ဒါတွေနဲ့ နေပေါ့။
ဘာမနေနိုင်စရာရှိလို့လဲ..."
ဟု အသံကျယ်ကျယ်ဖြင့်
ပြန်ပြောနေရင်းနှင့်
အဆုံးသတ်ကျတော့
အသံတိုးတိုးလေးဖြင့်
" ကျွန်တော့မှာသာ ဘာမှမရှိတာ...”
ဟုပြောလာသည်...
အီးပေလေး မဆိုင်တာတွေကိုပါ
ပြောနေတယ်...မသောက်ထားဘဲ
တမင်ရစ်ပြီး ဂျစ်နေတာ...
အခုလောလောဆယ်တော့
သူ့အကြိုက်လိုက်ပြီး
ပြောပေးလိုက်ပါဦးမယ်လေ...
“ ငါ့မှာ အဲ့ဒါတွေရှိပေမယ့်
မင်းမှ မရှိတာ...ပြည့်စုံတယ်လို့
ပြောမရဘူးလေ။ အဲ့လိုပြောကြေးဆိုရင်
မင်းကမှပြည့်စုံသေးတယ်..."
" ကျွန်တော်က?.."
" ဟုတ်တယ်လေ
မင်းပြောသလို မင်းမှာ
အားလုံးပြည့်စုံနေတဲ့ ငါရှိတယ်လေ...
ငါရှိရင်အကုန်ရှိပြီ မဟုတ်ဘူးလား...”
ဟုမေးလိုက်တော့ မျက်စောင်းထိုးကာ
“ စကားကိုပြောတတ်တယ်...
ကိုကိုရှိတာနဲ့ အကုန်ရှိစရာလား...
ဘာမှလည်းမဆိုင်ဘူး...
အလကားပေးရင်တောင်
မယူဘူး ကိုကို့ကို..."
" နည်းနည်းတော့ များသွားပြီ...
ဘာလို့ မယူချင်ရတာလဲ
ပြောစမ်းပါဦး..."
" မလိုချင်ပါဘူး။ ကျွန်တော့ကို
နှိပ်ပဲ နှိပ်စက်တဲ့ ကိုကို့ကို
ဘာလို့ ယူရမှာလဲ။ မယူပါဘူး...
ကြောက်တယ်...”
ဟု ပြန်ဖြေလာသည်...
“ မင်းမယူလည်းငါကတော့
မင်းကို ယူမှာ...”
ဟု စိတ်ပေါက်ပေါက်နှင့်
ပြောလိုက်တော့ပြန်ပြောလာသည်က
“ ကိုကိုဘာ့သာ ယူချင်ယူမယူချင်နေ...
ကျွန်တော်ကတော့ နိုးပဲ...”
ဟူ၍ပင်...
ဟ ချေလှချည်လား...
“ ကျွန်တော်တစ်ခုမေးချင်တယ်...
ကိုကို အမှန်အတိုင်းဖြေမှာလား..."
" မေး..."
" ကိုကိုက ကျွန်တော့ကို
ဘာလို့ သဝန်တိုတာလဲ...”
ဟုမေးလာသည်...
“ ဘာ...”
သူမေးလိုက်သည့် မေးခွန်းကို
ဇတ်ခနဲ ဘယ်လိုဖြေရမည်မှန်း
မသိ၍ ပြန်မေးလိုက်တော့....
“ ကျွန်တော် ကိုကို့ကို
ချစ်လို့ သဝန်တိုတာလေ...
ကိုကိုက ကျွန်တော့ကို
ချစ်မှမချစ်ဘဲနဲ့ကို ဘာလို့
သဝန်တိုတာလဲ..."
“ ..... ”
“ နောက်ပြီးတော့ မချစ်ဘဲနဲ့
နမ်းလည်း နမ်းတယ်...
ပြီးတော့ အပြစ်ပေးတာဆိုတဲ့
စကားနှစ်ခွန်းတည်းနဲ့ ပြီးသွားတယ်။
မသိချင်ယောင်ဆောင်တယ်...
မေ့ပစ်တယ်...”
ဟု ပြောနေရင်းနှင့်
နောက်ထပ်ပီဇာတစ်ပိုင်းကို
လှမ်းယူရင်းနဲ့ ကျွန်တော့ကို
ကြည့်လာကာ
” ကျွန်တော် အခုလိုခံစားရတာကို
ကိုကိုက အရမ်းသဘောကျတာပဲလား။
ဟုတ်လား...ကိုကိုက
ကျွန်တော့ကို အဲ့လောက်ထိ
မုန်းနေတာလား...”
ဟု ကျွန်တော့အားမေးလာသည်ကြောင့်
လက်ထဲက Cola သံဗူးကို
ကုန်သည်အထိ မော့သောက်လိုက်ကာ
ဗူးကိုလက်နှင့် ညှစ်ပြီး ပိန်အောင်
လုပ်ပစ်လိုက်သည်...ပြီးတော့
သူ့ကိုကြည့်လိုက်ကာ
“ ပြောစရာကုန်ပြီလား...
ဘာပြောစရာရှိသေးလဲ ပြော...”
ဟုမေးလိုက်တော့ခေါင်းရမ်းပြသည်...
“ အဲ့တော့ ပြော...
မင်းင့ါကို မချစ်တော့ဘူးလား...
သေချာပြီလား...”
ဟုမေးလိုက်တော့ ခေါင်လေးရမ်းပြကာ
“မချစ်တော့ဘူးလို့ မပြောပါဘူး။
ကျွန်တော် ဒီအိမ်ကို
ရောက်ရောက်ချင်းနေ့ကို
ကိုကိုမှတ်မိလား..."
ဟု အရင်းမရှိအဖျားမရှိမေးလာသည်
" အင်း..."
ဟုဖြေလိုက်တော့
" ကျွန်တော် အိမ်မက်ဆိုးမက်ပြီး
ပြန်အိပ်လို့မရလို့ ကိုကိုက အတူတူ
အိပ်ပေးသေးတယ်လေ..."
" အင်း..."
" အဲ့တုန်းကတည်းက
ကိုကို့ကို အရမ်းကျေးဇူးတင်ပြီး
အရမ်းချစ်သွားတာ...
အခုလည်းချစ်တုန်းပဲ..."
ဆိုသည့် သူ့စကားအဆုံး
သူလေးကို လှမ်းကြည့်လိုက်မိသည်...
"ချစ်တာက ချစ်တယ် သဝန်ပဲ
မတိုတော့ဘူးလို့ပြောတာ..."
ဘာလို့ နောက်ကြောင်းတွေကို
ပြန်ပြောနေတာပါလိမ့်လို့...
သူကျွန်တော့ကို စချစ်မိသွားတဲ့
နေ့အကြောင်းကို ပြန်ပြောပြနေတာကိုး...
" ကိုကို အဲ့ညတုန်းကလေ
Baek နဲ့အတူတူအိပ်ပေးတာ
ဟုတ်တယ်မလား..."
ဟု သူစိတ်ကောက်နေသည်ကို
မေ့သွားသည့်တစ်ခဏ သူ့ကိုယ်သူ
Baek ဟုပြန်သုံးနှုန်းလာသည်...
"ဒါပေမယ့် မနက် Baek နိုးတော့
ဘေးနားမှာလည်းမရှိတော့ဘူး...
အဲ့ဒါ အိမ်မက် မက်တာများလားလို့
ထင်နေတာ...အိမ်မက်
မဟုတ်ဘူးမလား...”
ဟုမေးလာသည်ကြောင့် အဲ့နေ့ကို
ပြန်စဉ်းစားလိုက်တော့...
.
.
.
.
.
.
.
ကျွန်တော်က မနက်ဆို
နိုးနေကျအတိုင်း နိုးပေမယ့်
ကျွန်တော်နိုးတော့ သူက
ကျွန်တော့ကို ဖက်ထားလျက်နဲ့
အိပ်ပျော်နေသည်...
ဘယ်လိုလုပ်ရမည်ကို မသိတာကြောင့်
စဉ်းစားနေစဉ် အခန်းထဲကို
မာမီရယ် ကိုကြီးရယ် ကိုလေးရယ်က
ဝင်လာတာကြောင့် အိပ်ချင်ယောင်
ပြန်ဆောင်နေလိုက်မိသည်...
ကျွန်တော့ကို ကျွန်တော့အခန်းတွင်
မတွေ့သောကြောင့် လာရှာသည်နှင့်
တူပါသည်...
ဖြစ်ချင်တော့ ကျွန်တော်တို့နှစ်ယောက်
အိပ်ပျော်နေသည့်ပုံကို တွေ့သွားကြပြီး
ပွစိပွစိနှင့်ပြောနေကြသည်ကြောင့်
အိပ်ချင်ယောင် ဆက်ဆောင်နေလိုက်ပြီး
မာမီတို့အပြင်ကို ထွက်သွားသည်နှင့်
ကျွန်တော့မှာကိုယ့်အခန်းသို့ကိုယ်
ခြေသုတ်တင်ပြီး ပြေးခဲ့ရသည်...
ရေမြန်မြန်ချိုးကာ
မနက်စာစားရန် အောက်ဆင်းလာစဉ်
ဟိုကလေးက ကျွန်တော့ကို
မတွေ့၍ မေးနေသည့်အသံကိုကြားပြီး
ထူးလိုက်ကာ ထမင်းဝိုင်းသို့
သွားထိုင်ခဲ့သည်ကို
တစ်ဖြည်းဖြည်း ပြန်တွေးလိုက်ပြီး
သူ့ကို ခေါင်းညိတ်ပြလိုက်သည်...
“ သနားလို့ အတူတူအိပ်ပေးတာလေ...
အဲ့နေ့က အမှောင်ကြီးထဲမှာငိုနေလို့
ငါ့မှာ မင်းကို မထားခဲ့နိုင်လို့ အတူတူ
အိပ်ပေးခဲ့တယ်လေ...
မင်းသင်တန်းမှာ ဟိုလူတွေ
လိုက်နှောင့်ယှက်တုန်းကလည်း
ငါ လာရှင်းပေးခဲ့တယ်လေ...
အရက်သောက်ချင်တယ်ဆိုတုန်းကလည်း
လိုက်တိုက်တယ်လေ...
ငါမင်းကို အလိုလိုက်တဲ့
အချိန်တွေလည်းရှိပါတယ်ကွာ...
အမြဲတမ်း အနိုင်မကျင့်ပါဘူး....
မင်းကလည်း ပြန်စဉ်းစားကြည့်ပါဦး...”
ဟု ပြောတော့
သူလေးကခေါင်းညိတ်ပြကာ
“ အဲ့ဒါတော့ လက်ခံပါတယ်...
အမြဲတမ်းတော့ အနိုင်မကျင့်ပေမယ့်
တစ်ခါ တစ်ခါ အနိုင်ကျင့်ရင်လည်း
ကျွန်တော့မှာ သေတော့မလိုပဲ...”
“ ဘယ်လိုဖြစ်လို့ ကျွန်တော်
ကျွန်တော်နဲ့ ပြောနေတာလဲ...”
“ အဲ့လိုပဲ ပြောချင်လို့...”
“ စကားကို ဘယ်လိုဖြစ်လို့
အကန်တွေချည်းပဲ ပြောနေတာလဲ...
အရိုက်ခံချင်လို့....”
“ တွေ့လား...ကိုကိုက
ဆူမယ်ဆိုတာချည်းပဲ...”
“ ဆူစရာရှိရင်တော့ ဆူမှာပေါ့...
ငါကမင်းကို အသားလွတ်ကြီး
ဆူနေလို့လား...”
“ မနက်က ဆူတယ်လေ...”
“ အဲ့ဒါလည်း အသားလွတ်ကြီးမှ
မဟုတ်တာ...သူတို့တွေက
ငါ့ သူငယ်ချင်းတွေမလို့
မင်းဆိုးတာကို နားလည်ပေးတာ...
မင်းသူစိမ်းတွေရှေ့မှာ သွားလုပ်ရင်
မင်းကို သူတို့ ဘယ်လိုထင်ကြမလဲ...
ဆိုးတယ်လို့ပဲ ထင်ကြမှာလေ...
မဟုတ်ဘူးလား...
လူကြီးတွေနဲ့ ထမင်းစားဖို့
ထိုင်နေပြီးကာမှ စိတ်ကောက်ပြီး
ထထွက်သွားတဲ့ကလေးက
မဆိုးဘူးလား...”
“ ကိုကိုကရော ဆိုးတယ်ထင်လား...”
ဟု ကျွန်တော့ကိုပြန်မေးလာသည်ကြောင့်
“ ဆိုးတာပေါ့...
သူစိမ်းတွေ အရှေ့မှာ
မင်းအဲ့လိုလုပ်ရင် မင်းပဲ
အထင်သေးခံရမှာ...
အဲ့ဒါကြောင့် ငါကဟန့်လိုက်တာ...
အဲ့ဒါကို မဆိုင်တာတွေပါ
ဆွဲထည့်ပြီး အိမ်မှာ
ကပ်နေတာတွေရော။
ပညာမစုံတာတွေရော။
ပိုက်ဆံမရှိတာတွေရော
လျှောက်ပြီး စဉ်းစားစရာလိုလို့လား...
ပြော..."
" လိုတာပေါ့..."
" အရိုက်ခံချင်လို့
အဲ့လောက်ပြောပြနေတာတောင်
လိုတာပေါ့ လုပ်နေတယ်။
ငါ ထုထလိုက်ရ..."
ဟု လက်သီးကို ရွယ်လိုက်တော့
ခေါင်းကလေးကို ပုပြသည်...
"အခုဖြစ်တဲ့ ပြသနာကလည်း
ကိုယ့်အပေါ်ကို မင်းသဝန်တိုပြီး
စိတ်ကောက်မယ် ချွဲမယ်ထင်လို့
ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုတည်း
အပေါ်မှာပဲ ပြောရမှာ...
အဲ့ဒါကို တစ်ခြားဟာတွေပါ
လျှောက်တွေး လျှောက်စဉ်းစားပြီးတော့
ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာ...”
" အဲ့ဒါဆိုလည်း ကိုကိုက
ကောင်းကောင်းမွန်မွန်ပြောလေ...
မင်းအိမ်က အဲ့လိုပဲ
သင်ထားတာလားလို့
ဘာလို့မေးလဲ..."
" ဟုတ်တယ် အဲ့တစ်ခုတော့
ကိုယ်လွန်သွားတယ်...
အဲ့စကားအတွက်
ကိုယ်တောင်းပန်တယ်
ဟုတ်ပြီလား..."
ဟုတောင်းပန်လိုက်တော့မှ
“ ရပါတယ်...”
ဟု ပြောလာသည်...
" စိတ်ဆိုးပြေပြီလား..."
ဟုမေးလိုက်တော့
ခေါင်းလေးညိတ်ပြသည်...
" ကဲ မနက် လေးနာရီတောင်
ခွဲတော့မယ် အိပ်ရအောင်..."
ဟုပြောတော့ ခေါင်းလေးညိတ်ပြကာ
ပီဇာဘူးကို ရေခဲသေတ္တာထဲ
သွားထည့်လိုက်ပြီး လက်ဆေးနေသည်...
ကျွန်တော်က လှေကားပေါ်တွင်
မတ်တပ်ရပ်ကာ စောင့်နေလိုက်ကာ
သူလက်ဆေးပြီးလာတော့
" ဘယ်အခန်းမှာအိပ်မှာလဲ..."
ဟုမေးလိုက်သည်...
" ကျွန်တော့အခန်းမှာအိပ်မှာ..."
ဟုဖြေကာ သူ့အခန်းထဲကို
ဝင်သွားသည်...ကျွန်တော်လည်း
ကိုယ့်အခန်းထဲကိုယ်ဝင်လိုက်ကာ
အိပ်လိုက်တော့သည်...
စိတ်ဆိုးပြေပြီသာပြောတာ
သိပ်မပြေသေးဘူးဆိုတာ
ကျွန်တော် ကောင်းကောင်း
သိသည်လေ...
မနက်ကျမှ အပြင်မှာ
မနက်စာလိုက်ကျွေးရင်း
ချော့ရဦးမည်...
~~~~~~~~~~~~~~~♥~~~~~~~~~~~~~~~
နေ့လည် ၁၁ နာရီခွဲ
" ဒေါက် ဒေါက် ဒေါက်..."
သူ့အခန်းတံခါးလေးကို
ခေါက်လိုက်ပေမယ့်
ပြန်ဖြေသံမကြားပေ...
ထပ်ပြီးခေါက်လိုက်ပေမယ့်လည်း
ဒီအတိုင်းသာ ...
ထို့ကြောင့် အခန်းတံခါးလေးကို
အသာလေးဟပြီး အထဲကိုကြည့်လိုက်တော့
ခုတင်ပေါ်မှာ လူရှိမနေ...
ဟင် ဘယ်ရောက်နေတာလဲ...
အခန်းထဲကို အသာလေးဝင်သွားလိုက်ကာ
ရေများချိုးနေလားဟု
ရေချိုးခန်းနားကိုကပ်ပြီး
နားထောင်လိုက်တော့လည်း
ဘာသံမှ မကြားရပေ...
စိတ်ထဲမှာ ပူထွက်သွားသည်
ဒီအချိန်အခန်းထဲမှာ မရှိဘူးဆိုတော့
သူပြောသလို သူ့အိမ်ကိုပဲ
ပြန်သွားတာများလားဟု
တွေးမိတော့ ဘာဆက်လုပ်လို့
လုပ်ရမည်မသိဖြစ်သွားသည်...
သူ့အိမ်ကိုပဲလိုက်သွားပြီး
ပြန်ခေါ်ရမလား...
တကယ်ရော အိမ်ပြန်သွားတာ
ဟုတ်ရဲ့လား။ ဒီအတိုင်း
ကျွန်တော့ကို စိတ်ကောက်ပြီး
အိမ်ကနေ ထွက်သွားတာများလား...
ဟာကွာ တော်တော်ဆိုးတဲ့ကလေး
လူကိုစိတ်ပူအောင် လုပ်တယ်ကွာ...
ခြံထဲမှာများရှိနေမလား
တစ်ချက်လောက် ရှာကြည့်ဦးမယ်ဟု
အိမ်ပေါ်ကနေပြေးဆင်းကာရှာတော့
ပန်းသီးပင်ရိပ်မှာ ဖျာလေးခင်းပြီး
မျက်လုံလေးမှိတ်ကာ
လှဲနေလေသည်...
ထိုတော့မှ ပူနေသည့်ရင်က
အနည်းငယ် သက်သာရာရသွားလေသည်...
သူ့နားလေးကို အမြန်သွားလိုက်ကာ
" Baekhyunee...အဲ့လို
မပြောမဆိုနဲ့ပျောက်သွားရလား..."
ဟု စိတ်တိုတိုနှင့်မေးလိုက်တော့
သူလေးက မျက်လုံးဖွင့်ကြည့်ကာ
မတ်တပ်ထရပ်ပြီး
" ခြံထဲဆင်းလာတာလေ
ဘယ်မှာပျောက်သွားလို့လဲ..."
ဟု ပြန်ပြောလာသည့်သူ့အား
ရင်ခွင်ထဲသို့ ဆွဲဖက်ထားလိုက်မိတော့သည်
ဘယ်လောက်တောင် စိတ်ပူသွားလဲဆိုတာ
ပြောတောင် မပြောပြတတ်တော့ဘူး...
ကျွန်တော် ဘာဖြစ်နေသည်ဆိုတာကို
သိပုံရသော သူက ကျွန်တော့ကို
ပြန်ဖက်ထားကာ ကျောပြင်ကို
လက်ကလေးဖြင့် ဖွဖွလေး
ပွတ်ပေးနေသည်...
" ကျွန်တော် ဘယ်မှ မသွားပါဘူး..."
" မနေ့ညက အိမ်ပြန်မယ်လို့
ပြောထားပြီး ဒီမနက် အခန်းထဲမှာမှ
မရှိတာ..."
" ကျွန်တော် အိမ်ပြန်သွားတယ်လို့
ထင်တာလား...အဲ့ဒါ စိတ်ဆိုးတုန်းမို့
ပြောလိုက်တာလေ..."
" စိတ်က အခုရော
ဆိုးနေသေးတာလား..."
" မဆိုးတော့ပါဘူး..."
" မနေ့ကစကားအတွက်
ကိုယ်တကယ် တောင်းပန်တယ်..."
" ရပါပြီ မတောင်းပန်နဲ့တော့...
ကျွန်တော် စိတ်မဆိုးတော့ပါဘူး..."
" စိတ်မဆိုးတော့ဘူးဆိုရင်
ဘာလို့ ကျွန်တော် ကျွန်တော်နဲ့
ပြောနေသေးတာလဲ..."
" အဲ့လိုပြောနေမိတာလား...
ကိုယ့်ကိုယ်ကိုယ်တောင်
သတိမထားမိဘူး..."
" ပြောနေကျအတိုင်း Baek လို့
ပြန်ပြော..."
"ကိုကို ဖက်ထားတာကို
အရင်လွှတ်ပါလား...
Baek ကိုယ်မှာ ချွေးတွေနဲ့
အရမ်းပူနေပြီ..."
ဟု ပြောလိုက်တော့မှ လွှတ်ပေးကာ
" ရေသွားချိုး ပြီးရင်
နေ့လည်စာ အပြင်ထွက်စားမယ်..."
ဟုပြောလိုက်တော့
ခေါင်းလေးညိတ်ပြကာ
အိမ်ထဲပြေးဝင်သွားတော့သည်...
လူကိုစိတ်ပူအောင်လုပ်နိုင်တဲ့
အီးပေလေး...
~~~~~~~~~~to be continued 💛💚💙
တစ်နေ့ကို တစ်ပိုင်းဒိတ်နေတာနော်
ဒီလောက် လိမ္မာတဲ့ ရယ်ပွန်းနီလေး
တစ်ခြား ဘယ်မှာရှိပါ့မလဲ ပြော...