" ကဲ ဒီေန႔ေတာ့ဆရာတို႔ ဒီေလာက္ပဲတပည့္တို႔ "
" အားလံုးနႈတ္ဆက္ "
သင္လက္စစာကို လက္စျဖတ္ကာ ေျပာလိုက္ေသာ
ဘာသာရပ္ဆရာ၏စကားအဆံုးထိုင္ေနရာမွမတ္တပ္
ထရပ္လိုက္ေသာ အတန္းေခါင္းေဆာင္ ေဂ်ာင္အာ၏
တိုင္ေပးတဲ့စကားအဆံုး ေက်ာင္းသား ၊ ေက်ာင္းသူတို႔
မွာခါးေက်ာ႐ိုးတို႔အား ကိုယ္စီဆန္႔တန္းကာ မတ္မတ္
ထိုင္လ်က္ မိမိတို႔အေ႐ွ႕တြင္ရပ္ေနေသာ ဘာသာရပ္
ဆရာကိုဦးၫႊတ္ကာအ႐ိုေသျပဳနႈတ္ဆက္ၾကေလသည္ ။
" မဂၤလာပါ ဆရာ .. ေက်းဇူးတင္ပါတယ္ ဆရာ "
" မဂၤလာပါကြယ္ "
ဘာသာရပ္သင္တဲ့ဆရာအတန္းထဲမွထြက္သြားသည္
နွင့္ အတန္းအျပင္သို႔ခိုးေခ်ာင္ခိုးဝွက္တိတ္တိတ္ေလး
ခိုးထြက္ဖို႔ ဟန္ျပင္ေနေသာေပါက္စမွာ အတန္းထဲတြင္
စာအေတာ္ဆံုး လူရည္ခြ်န္ လ်ားထားျခင္းခံရေသာ အ
ေတာ္ဆံုးေက်ာင္းသားတစ္ေယာက္ဆိုသည့္ေကာင္းကြက္
မ်က္ႏွာဖံုးရိွေသာ္လည္း ။
အခ်ိန္ျပည့္အတန္းလွစ္ၿပီး ပတ္ခ်န္းေယာလ္ကိုသြားသြား
ေခ်ာင္းတတ္သည့္ဆိုးကြက္မ်က္ႏွာဖံုးကိုလည္း ေပ်ာ္ေပ်ာ္
ပါးပါးႀကီးေဆာင္းထားသူလည္းျဖစ္ျပန္သည္ ။
" ဒါက ဘယ္လဲ ေယာက္ဖ "
အခန္းတံခါးဝတြင္ ငုတ္တုတ္ေလးထိုင္ၿပီး ဘယ္သူမွ
မေတြ႔ေအာင္ သာသာေလး ေစ့ပိတ္ထားေသာ အခန္း
တံခါးကို အသာေလးဆြဲအဖြင့္ ။
႐ုတ္တရက္ သူ အသာေလးဆြဲဖြင့္ေသာ အခန္းတံခါး
ကိုဆက္ခနဲျပန္ေစ့ပိတ္လိုက္ၿပီးသူ႔နံေဘးသို႔သူ႔အလား
ဂ်ံဳအင္ငုတ္တုတ္ေလးထိုင္ျပီး သူ႔ဂုတ္ပိုးကိုလက္ျဖင့္ဖိ
ကိုင္ၿပီးေမးလာသည္ ။
" အဟီး ... နီနီ အဟဲ .. ငါ ကိုကို႔ကို သြားေခ်ာင္း ... "
" ဒီေန႔ေတာ့မရဘူး ေယာက္ဖ "
သြားေလးေတြၿဖီးကာ အ႐ူးအျပံဳးေလးေတြျဖင့္ေျပာေန
ေသာသူ႔စကားအဆံုး ယတိျပတ္ ဘူးစကားကိုဆိုလိုက္
ေသာဂ်ံဳအင္ေၾကာင့္ ႐ုတ္ခ်ည္းဆူေထာ္လာေသာဘဲနႈတ္
သီးေလး ။
" ဘာလို႔မရရတာလဲ ! "
" ေယာက္ဖအားကစားခ်ိန္ေတြပ်က္ထားတာသိပ္မ်ား
ေနၿပီေလ ဒီေန႔အခ်ိန္မွာမွေယာက္ဖထပ္ပ်က္မယ္ဆို
ရင္ကာယဆရာေဂ်ာင္က ေဒၚေလးဆီကိုအေခၚစာပို႔
ေတာ့မယ္တဲ့ "
ဟုတ္လည္းဟုတ္ပါသည္ ။
စာသင္ခ်ိန္ျပီးလို႔ အားကစားအခ်ိန္ေရာက္တိုင္း ေပါက္စ
တစ္ေယာက္မွာ လစ္ခနဲဆိုသလို ေပ်ာက္ေပ်ာက္သြားၿပီး
ခ်န္းေယာက္ကို သြားသြားေခ်ာင္းတတ္သည္မွာတစ္ၾကိမ္
၊ ႏွစ္ႀကိမ္မကပဲ အႀကိမ္ေပါင္းမ်ားလို႔ေနသည္မွာ ကာယ
ဆရာေဂ်ာင္ေတာင္ ေျဗာင္ဘတ္ခ္ဟြန္းဆိုတဲ့ေက်ာင္းသား
ကဒီအတန္းထဲမွာရိွတာလားဟုေတာင္ျပန္ေမးယူရတဲ့အထိ ။
" နီနီကလည္း အားကစားခ်ိန္ကစာမွမသင္တဲ့ဟာကို "
ဆူပုတ္ပုတ္မ်က္ကေလးျဖင့္ နႈတ္ခမ္းဆူကာျပန္ဆိုေသာ
ေပါက္စဆိုသည္မွာ စာမသင္တဲ့ အားကစားခ်ိန္ဆိုလံုးဝကို
တက္ခ်င္စိတ္မရိွပါ ။
ဒါ့အျပင္ အားကစားအခ်ိန္ေရာက္တိုင္း တျခားေက်ာင္း
သားေတြကကစားဖို႔ပဲေတြးေနတတ္ၾကသလို ။ ေပါက္စ
သည္လည္း သူခ်စ္တဲ့ကိုကိုခ်န္းေယာလ္ကိုပဲသြားသြား
ေခ်ာင္းဖို႔ အေၾကာင္းပဲ ေတြးေတြးေနတတ္သည္ ။
ဟုတ္တယ္ ။ မသိဘူး သြား ။ ဘာမွလာမေျပာနဲ႔ ။
ေပါက္စတို႔ကေတာ့ သြားေခ်ာင္းမွာပဲ ။
" စာမသင္ေပမယ့္အားကစားသင္တယ္ေလ ေယာက္ဖ
ေျပာေတာ့ ေယာက္ဖရဲ႕ပါးပါးလို ေက်ာင္းမွာ လူရည္ခြၽန္
ျဖစ္ခ်င္တယ္ဆို လူရည္ခြၽန္ျဖစ္ဖို႔က စာေတာ္ရံုနဲ႔သင္ျဖစ္
ႏိုင္တာမွမဟုတ္တာအားကစားဘက္မွာပါ ေတာ္မွဘက္စံု
ေတာ္တဲ့ လူရည္ခြၽန္ေျဗာင္ဘတ္ခ္ဟြန္းလို႔ဆိုၿပီးျဖစ္လာ
မွာေပါ့ မဟုတ္ဘူးလား ? "
ဂ်ံဳအင္ေျပာစကားတို႔အား ေပါက္စ ေခါင္းေလးတဆက္
ဆက္ၿငိမ့္၍လက္ကေလးစံုပိုက္ကာနားစိုက္ေနလို႔သည္
မွာ ဂ်ံဳအင္စကားတို႔အဆံုးသတ္သြားခဲ့သည့္တိုင္ေတာင္
အၿငိမ့္မပ်က္ႏိုင္ေသးတဲ့ ပုတ္သင္ညိဳေခါင္းေလး ။
တစ္ခ်က္ေလာက္ ေခါက္ၾကည့္ခ်င္လိုက္တာဆိုတာ
လက္ကိုယားလို႔ ။
" ဟုတ္တယ္ တက္ရမယ္ အားကစားအခ်ိန္ကို "
နားထင္ေလးကို လက္ညွိဳးကေလးျဖင့္ ထိကပ္ၿပီး
လက္ေျဖာင့္ တစ္ခ်က္တီးကာ အားကစားအခ်ိန္
တက္ရန္ျပတ္ျပတ္သားသားဆံုးျဖတ္ခ်က္ခ်ၿပီးကာ
မွ ျဖတ္ခနဲ ေပါက္စေခါင္းထဲဝင္လာေသာ အေတြး ။
" ဟာ ေသစမ္း ! ငါအားကစားဝတ္စံုမပါလာခဲ့ဘူး ! "
ေက်ာင္းစာတြင္သာေပါက္စတိက်နိုင္သေလာက္
အျပင္ေလာကတြင္ ႐ွက္ျပာျပာႏိုင္လြန္းသည္မွာ
သူ႔အျပင္ႏွစ္ေယာက္မရိွ ။
အားကစားဝတ္စံုမပါလို႔တစ္ေယာက္တည္း ေခါင္းေတြ
ကုတ္ ။ ပါးစပ္မွတတြတ္တြတ္ေျပာေနေသာ ေပါက္စကို
ဂ်ံဳအင္ အာေညာင္းခံျပီး ဘာမွဆက္မေျပာေတာ့ ။
တစ္ေန႔ဒီလိုျဖစ္မယ္ကို ႀကိဳေတြးထားျပီးသားမို႔ ေပါက္စ
အတြက္ သူ႔ Locker ထဲတြင္အားကစားဝတ္စံုအပို
တစ္ထည္ကို အျမဲေဆာင္ျပီးထည့္ထားတာကိုမေျပာျပ
ဘဲ ။
သူ႔အေ႐ွ႕တြင္ဂယက္ေတြထေနေသာေပါက္စတစ္ေယာက္
ကိုသာ ေခါင္းတခါခါျဖင့္လက္ပိုက္ကာ ျပံဳးလ်က္ထိုင္ၾကည့္
ေနလိုက္ေတာ့သည္ ။
- ေဂါက္သီးေလး -
_________________________________
အခ်ိန္သည္ကား မနက္ ၁၁နာရီဝန္းက်င္ျဖစ္သည္ ။
ဒီအခ်ိန္ေရာက္တိုင္း အတန္းဝဘက္သို႔ဘာေၾကာင့္
လွမ္းလွမ္းၾကည့္မိသလဲမသိေသာ မ်က္ဝန္းတစ္စံုကို
ခ်န္းေယာလ္ ဘယ္လိုမွနားမလည္ႏိုင္ ။
ဘယ္ေလာက္ပဲစာထဲကို စိတ္ထည့္ထား ၊ ထည့္ထား ။
ေနာက္ဆံုးေတာ့လည္း ဒံုရင္းျဖစ္တဲ့အတန္းဝဆီသို႔သာ
ကပ္ကပ္ပါသြားသည့္ မ်က္ဝန္းတစ္စံုေၾကာင့္ သူ႐ူးသာ
႐ူးလိုက္ခ်င္မိသည္ ။
" ဘယ္သူ႔ကိုေမွ်ာ္ေနတာလဲ ေယာလ္ "
" ဘယ္ .. ဘယ္သူ႔ကိုေမွ်ာ္ရမွာလဲ ငါက "
ေဂ်ာင္ဆူးအေမးကို အထစ္ထစ္အအအျဖင့္ သူျပန္ေျဖ
ေပးမိေတာ့အေ႐ွ႕ခံုတြင္ သူ႔အားေက်ာခိုင္းထိုင္ေနေသာ
ဒါေယာင္းတစ္ေယာက္မွာ လုပ္လက္စ စာကိုခဏရပ္၍
မသကၤာေသာမ်က္လံုးေမွးတို႔ျဖင့္အေနာက္သို႔ျပန္လွည့္
ၾကည့္လာၿပီး ...
" ပတ္ခ်န္းေယာလ္ ေကာင္စုတ္ "
" ............. "
" မလိမ္တတ္ဘဲ လိမ္ေျပာေနတယ္ "
" ငါ .. ငါက .. ဘယ္မွာလိမ္ေျပာေနလို႔လဲ "
" ဒါဆို ဘာလို႔စကားထစ္ ? "
စကားဝါက်တစ္ေၾကာင္းကို အျမန္ဆိုၿပီး သူ႔မ်က္ႏွာ
တည့္တည့္ကို ေဘာပင္ႏွင့္ထိုး၍ ရိပ္ဖမ္းသံဖမ္းလုပ္
ေနေသာဒါေယာင္းရဲ႕ဖ်တ္ခနဲဆိုလိုက္ေသာေခ်ာင္ပိတ္
အေမးစကားေၾကာင့္ သူ ေျပာစရာစကားတို႔ ေပ်ာက္႐ွ
သြားခဲ့သည္ႏွင့္ တစ္ဆက္တည္းမွာပင္ နႈတ္ဆိတ္သြား
ေသာ သူ႔ကိုၾကည့္ျပီး ဒါေယာင္းႏွင့္ ေဂ်ာင္ဆူးတို႔မွာ
လက္ဝါးခ်င္း႐ိုက္ကာ ျပံဳးရယ္ေနၾကေလသည္ ။
သူ႔ကို အေ႐ွ႕မွာထားၿပီးေလွာင္ရယ္ေနေသာ ဒါေယာင္း
ႏွင့္ ေဂ်ာင္ဆူးတို႔အား ခ်န္းေယာလ္ အျမင္ကပ္ကပ္ႏွင့္
တစ္ေယာက္နဖူးတစ္ခ်က္ဆီေတာက္ၿပီး အတန္းထဲက
ထထြက္လာခဲ့ၿပီး အနားေပးခ်ိန္ ၄၅မိနစ္အခ်ိန္အေတာ္
အတြင္း ဒါေယာင္းတို႔ေလွာင္ရယ္ျပဳျခင္းတို႔ႏွင့္ကင္းေဝး
ေအာင္ ဘယ္ဆီဘယ္ဝယ္သို႔သြားၿပီး ေ႐ွာင္တိမ္းရမလဲ
မသိေပမယ့္လည္း ။
ေနာက္ဆံုးေတာ့လည္း သူသြားက်ေနရာျဖစ္ေသာ
ေက်ာင္းစာၾကည့္တိုက္ဆီသို႔သာ တစ္ေယာက္တည္း
ထြက္လာခဲ့မိေလသည္ ။
_________________________________
" ကိုကို "
ေက်ာင္းဆင္းၿပီဆိုသည္ႏွင့္ ထံုးစံအတိုင္း ဘယ္မွမဝင္
အိမ္သို႔သာ စက္ဘီးေလးနင္းၿပီး တန္းျပန္ေလ့ရိွေသာ္
႐ုတ္တရက္ၾကားလိုက္ရေသာနားထဲဝင္လာခဲ့တဲ့ေခၚသံ
ေသးေသးေလးေၾကာင့္ ရုတ္ခ်ည္းဆိုသလိုနင္းေနေသာ
စက္ဘီးကိုဘရိတ္ဆြဲညစ္ျပီးထိုးရပ္မိသည့္အျပင္ Auto
တြန္႔က်ိဳးသြားခဲ့ေသာမ်က္ခံုးတစ္စံု ။
ၾကြက္သားေတြရဲ႕ လုပ္ေဆာင္မႈပဲ ေကာင္းတယ္လို႔
ဆိုရမလား ။
" ကိုကို ဒီမွာ .. ဒီမွာ .. ဟူးဟူးေလး ဒီမွာ ကိုကို "
ၾကားေနရေသာ ေခၚသံေလးလာရာဘက္သို႔ သူ မ်က္ႏွာ
တစ္ခ်က္လွည့္ၾကည့္လိုက္ေတာ့ကားလမ္းတစ္ဖက္ကမ္း
တြင္ရိွေသာ တြန္းလွည္းနွင့္ေရာင္းေနေသာေတာ့ပိုကီဆိုင္
ေ႐ွ႕တြင္လက္ကေလးေၿမႇာက္ျပကာခုန္ဆြခုန္ဆြႏွင့္သူ႔ကို
ေခၚေနေသာေပါက္စ ။ လက္ထဲမွာလည္းငါးအူေခ်ာင္းႀကီး
ကိုင္လို႔ ။
" ဘာလဲ "
ကားလမ္းၾကည့္ၿပီး ေပါက္စရိွရာ တစ္ဖက္ကားလမ္းသို႔
ကူးသြားၿပီး ေပါက္စအေ႐ွ႕သို႔ရပ္ကာသူေျပာလိုက္ေတာ့
သူ႔ အက်ႌလက္ေမာင္းေလးကိုလက္ေခ်ာင္းေလးေတြျဖင့္
လာကိုင္ၿပီးမ်က္လံုးေလးကိုပုတ္ခတ္ပုတ္ခတ္လုပ္ျပေနတဲ့
႐ုပ္ကိုက အျမင္ကပ္ခ်င္စရာေလး ။
" ဟိုေလ .. ကိုကို "
လက္ထဲက ငါးအူေခ်ာင္းေလးကိုကိုက္ၿပီး စကားပုလႅင္
ခံေနေသာေပါက္စေၾကာင့္သူသိလိုက္ျပီ ။ ထံုးစံအတိုင္း
ေပါက္စတစ္ေယာက္အိမ္ကျပာျပာႏွင့္ထြက္လာျပီးပိုက္ဆံ
အိတ္ က်န္ခဲ့ၿပီဆိုတာ ။
" စားလို႔ဝၿပီလား ? "
ၾကမ္းျပင္ေပၚသို႔ ေျခေထာက္တစ္ဖက္ေထာက္ကာ
စက္ဘီးကိုထိန္းထားရင္း ေလ်ာ့က်ေနေသာေပါက္စ
လည္ပင္းက သူေပးထားတဲ့ မာဖလာအနီေလးကို
ေသခ်ာျပန္ပတ္ေပးရင္းေမးလိုက္ေတာ့နႈတ္ခမ္းေလး
ဆူကာ ေခါင္းေလးျငိမ့္ျပေလသည္ ။
" ဘယ္ေလာက္က်လဲ ေဒၚေလး "
ေစ်းသည္ေဒၚေလးထံသို႔ ေပါက္စစားထားသမွ် မုန္႔ဖိုး
ေတြအကုန္သူရွင္းေပးလိုက္ေတာ့လက္ထဲကကိုင္ထား
တဲ့မစားရေသးတဲ့ငါးအူေခ်ာင္းေလးကို သူ႔ပါးစပ္အနား
လာေတ့ေပးၿပီး " ကိုကိုစား "လို႔ ဆိုလာျပန္ ။
ပါးစပ္နားကငါးအူေခ်ာင္းဆီသို႔ အၾကည့္မေရာက္ ။
ေတာ့ပိုကီအစပ္စားလို႔ နီရဲတြတ္ကာ ဖူးေနေသာ
ေပါက္စနႈတ္ခမ္းဆူဆူေလးဆီသို႔သာ သူအၾကည့္
ေရာက္မိေတာ့ ႐ုတ္တရက္ အာေခါင္ေတြေျခာက္
ျပီး ေရဆာလာသလိုခံစားရ၏ ။
ရိွန္းတိန္းတိန္းျဖစ္လာေသာ ခႏၶာကိုယ္ႏွင့္ တဒုတ္ဒုတ္
ႏွင့္ ရင္ဘတ္ထဲက ဘာႏွင့္ဘာ တိုက္မိၿပီး ထြက္ထြက္
လာသလဲမသိေသာ အသံတို႔ေၾကာင့္ ပါးစပ္နားက
ေပါက္စ ခြံ႔ေကြ်းေနေသာငါးအူေခ်ာင္းကိုျဖစ္သလိုသာ
တစ္ကိုက္ကိုက္ၿပီး ေပါက္စႏွင့္ဆန္႔က်င္ဘက္အရပ္သို႔
သူ မ်က္ႏွာလြဲလိုက္မိေတာ့ ...
" ကိုကိုက ကေလးလား ဆီေတြေပကုန္ၿပီ "လို႔ နႈတ္ခမ္း
ေထာ္ေထာ္ေလးႏွင့္ေျပာကာတစ္႐ွဴးတစ္ရြက္ႏွင့္သူ႔မ်က္ႏွာ
အေ႐ွ႕သို႔လာရပ္ၿပီးငါးအူေခ်ာင္းကိုျဖစ္သလိုသာ ကိုက္စား
လိုက္လို႔ ဆီေတြေပေနေသာ သူ႔ပါးစပ္ကိုစိတ္႐ွည္႐ွည္ႏွင့္
လာသုတ္ေပးေလသည္ ။
* ဒုတ္ . . ဒုတ္ . . ဒုတ္ *
သူ႔မ်က္ႏွာႏွင့္ အလြန္နီးကပ္ေနတဲ့ မ်က္ႏွာကေလးႏွင့္
အတူအဆက္မျပတ္တစ္ခုခုႏွင့္တိုက္မိလို႔ထြက္လာတဲ့
သူတစ္ေယာက္တည္းသာၾကားရေသာ ဝဲဘတ္ရင္ဖိုထဲ
က အမည္မသိ အသံတို႔ ။ သူအား ႐ူးသြပ္သြားေအာင္
ျပဳစားလို႔ေနျပန္ ။
" ၁ေပ "
" ဟင္ ! "
အဆံုးအစမရိွေျပာလိုက္ေသာသူ႔စကားေၾကာင့္ ေပါက္စ
မွာ မ်က္လံုးေလးျပဴးကာသူ႔အားျပဴးေၾကာင္ေၾကာင္ေလး
ျပန္ၾကည့္လာသည္ ။
" ၁ေပအကြာမွာေန .. ငါနဲ႔ တစ္ေပအကြာမွာေနလို႔ !! "
ဝဲဘက္ရင္ဖိုကိုလက္ျဖင့္ဖိရင္း တစ္ခ်က္ေအာ္လိုက္မိ
သည့္ တားျမစ္ခ်က္စည္းေလးျခားထားမိေသာေအာ္သံ
ေလး ။
ပံုမွန္မဟုတ္ေသာ ။ ေျပာင္းလဲျခင္းမရိွဟုမွတ္ယူထား
ေသာ ႏွလံုးသား ။ အသိစိတ္သို႔ အပူခ်ိန္မတူ ကြဲျပား
သြားေသာ ဆက္တိုက္ေပးျခင္းခံရေသာအေျဖမသိတဲ့
ပေဟဠိတုိ႔၏ ခက္ခဲနက္နဲေသာ အေျဖအမွန္တို႔အား
ဝိုးတိုးဝါးေလးျပန္ေျဖေပးေနသဟန္ ။
_________________________________
" ရားး .. ပတ္ခ်န္းေယာလ္ အဲ့မွာ ေမာ္ဒယ္ရိွဴး
ေလွ်ာက္မေနနဲ႔ ျမန္ျမန္လာဟာ "
ဒီေန႔ခ်န္းေယာလ္တို႔ အထက္တန္းေနာက္ဆံုးႏွစ္
စာေမးပြဲႀကီးၿပီးခဲ့တာႏွစ္ရက္ေျမႇာက္သည့္ေန႔ျဖစ္
သည္ ။
ဒါ႔အျပင္ ဒါေယာင္းရဲ႕မနားတမ္း ပါးစပ္ေသနတ္ပစ္ကာ
ေပါက္ေပါက္ေဖာက္မႈေၾကာင့္ ထပ္ေလွ်ာက္လည္ျဖစ္ၾက
သည့္ ေန႔လည္းျဖစ္သည္ဟုဆိုလွ်င္လည္း မမွားႏိုင္ ။
မေန႔က ေႏြရာသီေက်ာင္းစစပိတ္ခ်ိန္ စေနေန႔တြင္
ကစားကြင္း၌ တစ္ေနကုန္ဆံုးခဲ့ၿပီး ။ ဒီေန႔တနဂၤေႏြ
ေန႔မွာေတာ့ နန္းဆန္းတာဝါတြင္ အခ်ိန္ျဖဳန္းရမည့္
ကိန္းပင္ ။
တေျဖးေျဖးႏွင့္ေရြ႕လ်ားေတြ႕ျမင္ေနရေသာ ဆိုးလ္ၿမိဳ႕
၏႐ူခင္းတို႔ကိုမွန္ျပတင္းေပါက္မွအေပၚစီးကေန ေတြ
ေတြေလးေငးၾကည့္ေနမိရင္းအမွတ္မထင္႐ူခင္းၾကည့္
ေနေသာသူ႔မ်က္ဝန္းတစ္စံုအားနန္းဆန္းတာဝါသို႔တတ္
ေနသည့္ ယာဥ္အတြင္းသို႔ေရြ႔လ်ားၾကည့္လိုက္ေတာ့ ..
ေတြ႔လိုက္ရတဲ့ သ႔ူ ေျခေထာက္နားတြင္ ေဆာင့္ေၾကာင့္
ေလးထိုင္ၿပီးမ်က္လံုးစံုပိတ္၍ နားႏွစ္ဖက္ကိုလက္တစ္စံု
ျဖင့္ ဖိအုပ္ထားေသာ အျမင့္ေၾကာက္တဲ့ ေပါက္စေလး ။
" ကိုကို ! "
ေဆာင့္ေၾကာင့္ေလးထိုင္ေနေသာ ေပါက္စခ်ိဳင္းအဆက္
ေလးကို သူ႔လက္တစ္ဖက္ျဖင့္ လွမ္းမၿပီး သူ႔အေ႐ွ႕တြင္
သူ႔အားေက်ာေပးျပီးရပ္ခိုင္းလိုက္ေတာ့ေခၚသံေသးေသး
ေလးက ထြက္လို႔လာ ။
" ႐ူခင္းကိုပဲၾကည့္ေန "
" ဟုတ္ "
ဝတ္ထားတဲ့အေႏြးထည္က ၾကယ္သီးကို အသာျဖဳတ္ၿပီး
သူ႔အေရွ႕ကသူ႔ကိုေက်ာေပးရပ္ေနေသာေပါက္စကိုယ္လံုး
ေလးအားဝတ္ထားတဲ့ သူ႔အေႏြးထည္ထဲသို႔ဆြဲသြင္းထည့္
ျပီး တင္းၾကပ္စြာ ေထြးဖက္ထားရင္း ေျပာလိုက္ေသာ သူ႔
စကားအဆံုး ေခါင္းေလးၿငိမ့္ကာ သူ႔ရင္ခြင္ထဲဝယ္ ျငိမ္က်
သြားခဲ့သည္ ။
* ဒုတ္ .. ဒုတ္ *
* ဒုတ္ .. ဒုတ္ *
အေ႐ွ႕အေနာက္ ထိေတြ႔ေနမိေသာ ေက်ာျပင္ေလးႏွင့္
ရင္ဘတ္ေလး ႏွစ္ခု ။
ၿပိဳင္တူထြက္ေပၚေနေသာ ရင္ခုန္သံတို႔အားအမည္မသိ
ေခါင္းစဥ္ထက္တြင္သာတြယ္ခ်ိတ္ရင္း အေျဖမ႐ွာလိုၾက
ဘဲ ကိုယ္စီေခါင္းစဥ္အသီးသီးတို႔တပ္ျပီးေနေနၾကေသာ
ေကာင္ေလး ႏွစ္ဦး ။
ထိုေကာင္ေလးႏွစ္ဦးအား အေဆြး မ်က္ဝန္းတစ္စံုျဖင့္
ေထာင့္ေလးတစ္ေနရာက ရပ္ၾကည့္ေနမိေသာ အခ်စ္
ဆိုသည့္ နာက်င္မႈ ရင္ခုန္သံအား ေသခ်ာေဝခြဲတတ္
သည့္ ေကာင္ေလးတစ္ဦးရိွခဲ့သလို ။
ထိုအခ်စ္ဆိုသည့္ နာက်င္မႈ ရင္ခုန္သံကို ေဝခြဲတတ္ၿပီး
တစ္ေယာက္တည္း ရင္ထဲ အသံတိတ္ ေၾကကြဲေနေသာ
ေကာင္ေလးအား အခ်ိန္တိုင္းမသိမသာေလး ခိုးခိုးၾကည့္
ေနမိတတ္တဲ့ ေကာင္ေလးတစ္ဦးလည္း ရိွခဲ့သည္ ။
ထို႔အျပင္ ထိုေကာင္ေလးေလးဦးတို႔၏ မုသား ေခါင္းစဥ္
လွလွကေလးတို႔ျဖင့္ ဖံုးလႊမ္းထားေသာ အေရာင္စတင္
ဆိုးကာ ေျပာင္းလဲေနျပီျဖစ္ေသာႏွလံုးသားႏွစ္စံု၏ေျပာျပ
ေနေသာ အခ်စ္တို႔အား ေဘးတစ္ေထာင့္ တစ္ေနရာမွ
အားလံုးျမင္ေတြ႔ျပီးသိနားလည္တဲ့ ေကာင္မေလးတစ္ဦး
လည္းရိွခဲ့ျပန္သည္ ။
_________________________________
" ငါ ဒီဟာ "
ေသာ့ကေလာက္ဝယ္သည့္ေနရာတြင္ ကိုယ္ႀကိဳက္တာ
ကိုယ္ဝယ္ၿပီးၾကသည္နွင့္ ေသာ့ခတ္သည့္ေနရာဆီသို႔
ဒါေယာင္း ၊ ေဂ်ာင္ဆူးႏွင့္ ဂ်ံဳအင္တို႔ သံုးေယာက္ေျပး
ထြက္သြားခဲ့ၾကသည္ ။
အေနာက္တြင္ဘယ္ေသာ့ကေလာက္ကို ယူလို႔ယူရမလဲ
မသိ ။ ေရြးစရာမ်ားလြန္းလို႔ ေရြးရခက္ေနေသာ ေပါက္စ
ေလးကို ခ်န္းေယာလ္ လက္ကေလးစံုပိုက္ၿပီး ရပ္ၾကည့္
လ်က္ ...
" ေရြးလို႔ၿပီးၿပီလား "
ေမးလိုက္ေတာ့ ေခါင္းေပၚက ၾကက္ေတာင္စည္းေလး
ႏွစ္ခု လႈပ္ရမ္းသြားသည္အထိ ေခါင္းခါျပကာ သူ႔လက္
ထဲတြင္ကိုင္ထားေသာသူ႔အႀကိဳက္ဆံုးေသာေသာ့ပံုစံေလး
ႏွစ္ခုကို ခ်န္းေယာလ္မ်က္ႏွာအေ႐ွ႕သို႔ ေျမႇာက္ျပလိုက္
လ်က္ ...
" ဘယ္ဟာယူရမလဲ ကိုကို .. ဟူးဟူး မေရြးတတ္
ေတာ့ဘူး Heart ? ဒါမွမဟုတ္ Star? "
မ်က္လံုးေလး ေပကလည္ေပကလည္ႏွင့္ ေမးလာတဲ့
ေပါက္စရဲ႕ဆူေထာ္ေထာ္နႈတ္ခမ္းေလးတစ္စံုကိုအမွတ္
မထင္ စိုက္ၾကည့္မိရင္း ႐ုတ္တရက္ အာေခါင္ေျခာက္
လာသလိုလို ေရဆာလာသလိုလို ခံစားလာရျပန္သလို ။
ရင္ထဲရာသီဥတုေဖာက္ျပန္ေနေသာ ႏွလံုးခုန္သံတို႔အား
မထိမဲ့ျမင္ျပဳလ်က္မ်က္စိအေ႐ွ႕ကနႈတ္ခမ္းအေထာ္မပ်က္
အဆူမပ်က္သည့္ ေပါက္စလက္ထဲက ကိုင္ေျမႇာက္ထား
ေသာ အသည္းပံုေသာ့ကေလာက္အနီေရာင္ေလးကိုသာ
လွမ္းယူၿပီးေငြရွင္းေကာင္တာသို႔ပင္ သူအျမန္ထြက္လာခဲ့
သည္ ။
" အဟိ .. ဟီးး "
အနီေရာင္အသည္းပံု ေသာ့ကေလာက္ေလးေပၚတြင္
ေဆာ့ပင္အမည္းေလးျဖင့္စာေရးေနရင္းနားထဲဝင္လာ
ေသာ ရယ္သံေလးေၾကာင့္သူ႔မ်က္ခံုးတစ္ခ်က္တြန္႔က်ိဳး
သြားခဲ့ ။
ညံ့စည္လွေသာ ရယ္သံေလးထြက္ေပၚရာ သူ႔နံေဘးသို႔
အၾကည့္တစ္ခ်က္ပို႔လိုက္ေတာ့ .. ေခါင္းေလးငံု႔ၿပီးေသာ့
ကေလာက္ေလးေပၚတြင္ စာေရးေနေသာ ေပါက္စေလး ။
ေသာ့ကေလာက္ေပၚတြင္ ဘာေတြမ်ားေပါက္ကရခ်ေရး
ေနသလဲမသိ ။ သူမေတြ႔ရေအာင္လို႔ကိုယ္လံုးေသးေသး
ေလးႏွင့္ အုပ္မိုးၿပီးဖံုးကြယ္ထားသည္မွာ မသကၤာစရာ ။
" ဘာေတြေရးေနတာလဲ ေပါက္စ "
သိခ်င္ေဇာႏွွင့္ ေပါက္စရဲ႕မ်က္ႏွာေဘးသို႔ သူ႔မ်က္ႏွာေလး
ငံု႔လ်ိဳသြားၿပီး အေမးဆိုလိုက္ေသာသူ႔အေမးအဆံုးသူ႔ဘက္
သို႔ ေပါက္စမ်က္ႏွာကေလး ဖ်တ္ခနဲ လွည့္လာေသာအခါ
အမွတ္မထင္ ႏူးညံ့ညင္သာစြာ ဖြဖြေလးထိကပ္သြားခဲ့ေသာ
နႈတ္ခမ္းလႊာေလးႏွစ္စံု ။
မေတာ္တဆ နႈတ္ခမ္းလႊာေလးႏွစ္စံု ထိေတြ႕သြားသည့္
အခိုက္အတန္႔ေလးတေျဖးေျဖးက်ယ္ျပန္႔သြားေသာမ်က္ဝန္း
ႏွစ္စံု ။
* ဒုတ္ .. ဒုတ္ *
* ဒုတ္ .. ဒုတ္ *
ေခါင္းစဥ္အသီးသီးႏွင့္ တားျမစ္ထားခဲ့ရာမွတားျမစ္စနစ္
တို႔ ပ်က္ယြင္းကာ တဒုတ္ဒုတ္ႏွင့္ ရင္ထဲေသာင္းက်န္းေန
ေသာ စည္းခ်က္ညီညီရင္ခုန္သံတို႔ ။
တစ္စံုရိွသည့္အနီေရာင္ေသာ့ကေလာက္ေလးတစ္ခု
ေပၚရိွ ကေလးလက္ေရး လွလွကေလးျဖင့္ ေရးထား
ေသာ"ကိုကို႔ကို ခ်စ္တယ္"ဆိုသည့္စာေၾကာင္းေလး
အားအသက္ဝင္ေစရန္ အသက္သြင္းေစသား ။
_________________________________
ဆက္ရန္ . . .
11.12.2019
REN JO JO
_________________________________
" ကဲ ဒီနေ့တော့ဆရာတို့ ဒီလောက်ပဲတပည့်တို့ "
" အားလုံးနှုတ်ဆက် "
သင်လက်စစာကို လက်စဖြတ်ကာ ပြောလိုက်သော
ဘာသာရပ်ဆရာ၏စကားအဆုံးထိုင်နေရာမှမတ်တပ်
ထရပ်လိုက်သော အတန်းခေါင်းဆောင် ဂျောင်အာ၏
တိုင်ပေးတဲ့စကားအဆုံး ကျောင်းသား ၊ ကျောင်းသူတို့
မှာခါးကျောရိုးတို့အား ကိုယ်စီဆန့်တန်းကာ မတ်မတ်
ထိုင်လျက် မိမိတို့အရှေ့တွင်ရပ်နေသော ဘာသာရပ်
ဆရာကိုဦးညွှတ်ကာအရိုသေပြုနှုတ်ဆက်ကြလေသည် ။
" မင်္ဂလာပါ ဆရာ .. ကျေးဇူးတင်ပါတယ် ဆရာ "
" မင်္ဂလာပါကွယ် "
ဘာသာရပ်သင်တဲ့ဆရာအတန်းထဲမှထွက်သွားသည်
နှင့် အတန်းအပြင်သို့ခိုးချောင်ခိုးဝှက်တိတ်တိတ်လေး
ခိုးထွက်ဖို့ ဟန်ပြင်နေသောပေါက်စမှာ အတန်းထဲတွင်
စာအတော်ဆုံး လူရည်ချွန် လျားထားခြင်းခံရသော အ
တော်ဆုံးကျောင်းသားတစ်ယောက်ဆိုသည့်ကောင်းကွက်
မျက်နှာဖုံးရှိသော်လည်း ။
အချိန်ပြည့်အတန်းလှစ်ပြီး ပတ်ချန်းယောလ်ကိုသွားသွား
ချောင်းတတ်သည့်ဆိုးကွက်မျက်နှာဖုံးကိုလည်း ပျော်ပျော်
ပါးပါးကြီးဆောင်းထားသူလည်းဖြစ်ပြန်သည် ။
" ဒါက ဘယ်လဲ ယောက်ဖ "
အခန်းတံခါးဝတွင် ငုတ်တုတ်လေးထိုင်ပြီး ဘယ်သူမှ
မတွေ့အောင် သာသာလေး စေ့ပိတ်ထားသော အခန်း
တံခါးကို အသာလေးဆွဲအဖွင့် ။
ရုတ်တရက် သူ အသာလေးဆွဲဖွင့်သော အခန်းတံခါး
ကိုဆက်ခနဲပြန်စေ့ပိတ်လိုက်ပြီးသူ့နံဘေးသို့သူ့အလား
ဂျုံအင်ငုတ်တုတ်လေးထိုင်ပြီး သူ့ဂုတ်ပိုးကိုလက်ဖြင့်ဖိ
ကိုင်ပြီးမေးလာသည် ။
" အဟီး ... နီနီ အဟဲ .. ငါ ကိုကို့ကို သွားချောင်း ... "
" ဒီနေ့တော့မရဘူး ယောက်ဖ "
သွားလေးတွေဖြီးကာ အရူးအပြုံးလေးတွေဖြင့်ပြောနေ
သောသူ့စကားအဆုံး ယတိပြတ် ဘူးစကားကိုဆိုလိုက်
သောဂျုံအင်ကြောင့် ရုတ်ချည်းဆူထော်လာသောဘဲနှုတ်
သီးလေး ။
" ဘာလို့မရရတာလဲ ! "
" ယောက်ဖအားကစားချိန်တွေပျက်ထားတာသိပ်များ
နေပြီလေ ဒီနေ့အချိန်မှာမှယောက်ဖထပ်ပျက်မယ်ဆို
ရင်ကာယဆရာဂျောင်က ဒေါ်လေးဆီကိုအခေါ်စာပို့
တော့မယ်တဲ့ "
ဟုတ်လည်းဟုတ်ပါသည် ။
စာသင်ချိန်ပြီးလို့ အားကစားအချိန်ရောက်တိုင်း ပေါက်စ
တစ်ယောက်မှာ လစ်ခနဲဆိုသလို ပျောက်ပျောက်သွားပြီး
ချန်းယောက်ကို သွားသွားချောင်းတတ်သည်မှာတစ်ကြိမ်
၊ နှစ်ကြိမ်မကပဲ အကြိမ်ပေါင်းများလို့နေသည်မှာ ကာယ
ဆရာဂျောင်တောင် ဗြောင်ဘတ်ခ်ဟွန်းဆိုတဲ့ကျောင်းသား
ကဒီအတန်းထဲမှာရှိတာလားဟုတောင်ပြန်မေးယူရတဲ့အထိ ။
" နီနီကလည်း အားကစားချိန်ကစာမှမသင်တဲ့ဟာကို "
ဆူပုတ်ပုတ်မျက်ကလေးဖြင့် နှုတ်ခမ်းဆူကာပြန်ဆိုသော
ပေါက်စဆိုသည်မှာ စာမသင်တဲ့ အားကစားချိန်ဆိုလုံးဝကို
တက်ချင်စိတ်မရှိပါ ။
ဒါ့အပြင် အားကစားအချိန်ရောက်တိုင်း တခြားကျောင်း
သားတွေကကစားဖို့ပဲတွေးနေတတ်ကြသလို ။ ပေါက်စ
သည်လည်း သူချစ်တဲ့ကိုကိုချန်းယောလ်ကိုပဲသွားသွား
ချောင်းဖို့ အကြောင်းပဲ တွေးတွေးနေတတ်သည် ။
ဟုတ်တယ် ။ မသိဘူး သွား ။ ဘာမှလာမပြောနဲ့ ။
ပေါက်စတို့ကတော့ သွားချောင်းမှာပဲ ။
" စာမသင်ပေမယ့်အားကစားသင်တယ်လေ ယောက်ဖ
ပြောတော့ ယောက်ဖရဲ့ပါးပါးလို ကျောင်းမှာ လူရည်ချွန်
ဖြစ်ချင်တယ်ဆို လူရည်ချွန်ဖြစ်ဖို့က စာတော်ရုံနဲ့သင်ဖြစ်
နိုင်တာမှမဟုတ်တာအားကစားဘက်မှာပါ တော်မှဘက်စုံ
တော်တဲ့ လူရည်ချွန်ဗြောင်ဘတ်ခ်ဟွန်းလို့ဆိုပြီးဖြစ်လာ
မှာပေါ့ မဟုတ်ဘူးလား ? "
ဂျုံအင်ပြောစကားတို့အား ပေါက်စ ခေါင်းလေးတဆက်
ဆက်ငြိမ့်၍လက်ကလေးစုံပိုက်ကာနားစိုက်နေလို့သည်
မှာ ဂျုံအင်စကားတို့အဆုံးသတ်သွားခဲ့သည့်တိုင်တောင်
အငြိမ့်မပျက်နိုင်သေးတဲ့ ပုတ်သင်ညိုခေါင်းလေး ။
တစ်ချက်လောက် ခေါက်ကြည့်ချင်လိုက်တာဆိုတာ
လက်ကိုယားလို့ ။
" ဟုတ်တယ် တက်ရမယ် အားကစားအချိန်ကို "
နားထင်လေးကို လက်ညှိုးကလေးဖြင့် ထိကပ်ပြီး
လက်ဖြောင့် တစ်ချက်တီးကာ အားကစားအချိန်
တက်ရန်ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီးကာ
မှ ဖြတ်ခနဲ ပေါက်စခေါင်းထဲဝင်လာသော အတွေး ။
" ဟာ သေစမ်း ! ငါအားကစားဝတ်စုံမပါလာခဲ့ဘူး ! "
ကျောင်းစာတွင်သာပေါက်စတိကျနိုင်သလောက်
အပြင်လောကတွင် ရှက်ပြာပြာနိုင်လွန်းသည်မှာ
သူ့အပြင်နှစ်ယောက်မရှိ ။
အားကစားဝတ်စုံမပါလို့တစ်ယောက်တည်း ခေါင်းတွေ
ကုတ် ။ ပါးစပ်မှတတွတ်တွတ်ပြောနေသော ပေါက်စကို
ဂျုံအင် အာညောင်းခံပြီး ဘာမှဆက်မပြောတော့ ။
တစ်နေ့ဒီလိုဖြစ်မယ်ကို ကြိုတွေးထားပြီးသားမို့ ပေါက်စ
အတွက် သူ့ Locker ထဲတွင်အားကစားဝတ်စုံအပို
တစ်ထည်ကို အမြဲဆောင်ပြီးထည့်ထားတာကိုမပြောပြ
ဘဲ ။
သူ့အရှေ့တွင်ဂယက်တွေထနေသောပေါက်စတစ်ယောက်
ကိုသာ ခေါင်းတခါခါဖြင့်လက်ပိုက်ကာ ပြုံးလျက်ထိုင်ကြည့်
နေလိုက်တော့သည် ။
- ဂေါက်သီးလေး -
_________________________________
အချိန်သည်ကား မနက် ၁၁နာရီဝန်းကျင်ဖြစ်သည် ။
ဒီအချိန်ရောက်တိုင်း အတန်းဝဘက်သို့ဘာကြောင့်
လှမ်းလှမ်းကြည့်မိသလဲမသိသော မျက်ဝန်းတစ်စုံကို
ချန်းယောလ် ဘယ်လိုမှနားမလည်နိုင် ။
ဘယ်လောက်ပဲစာထဲကို စိတ်ထည့်ထား ၊ ထည့်ထား ။
နောက်ဆုံးတော့လည်း ဒုံရင်းဖြစ်တဲ့အတန်းဝဆီသို့သာ
ကပ်ကပ်ပါသွားသည့် မျက်ဝန်းတစ်စုံကြောင့် သူရူးသာ
ရူးလိုက်ချင်မိသည် ။
" ဘယ်သူ့ကိုမျှော်နေတာလဲ ယောလ် "
" ဘယ် .. ဘယ်သူ့ကိုမျှော်ရမှာလဲ ငါက "
ဂျောင်ဆူးအမေးကို အထစ်ထစ်အအအဖြင့် သူပြန်ဖြေ
ပေးမိတော့အရှေ့ခုံတွင် သူ့အားကျောခိုင်းထိုင်နေသော
ဒါယောင်းတစ်ယောက်မှာ လုပ်လက်စ စာကိုခဏရပ်၍
မသင်္ကာသောမျက်လုံးမှေးတို့ဖြင့်အနောက်သို့ပြန်လှည့်
ကြည့်လာပြီး ...
" ပတ်ချန်းယောလ် ကောင်စုတ် "
" ............. "
" မလိမ်တတ်ဘဲ လိမ်ပြောနေတယ် "
" ငါ .. ငါက .. ဘယ်မှာလိမ်ပြောနေလို့လဲ "
" ဒါဆို ဘာလို့စကားထစ် ? "
စကားဝါကျတစ်ကြောင်းကို အမြန်ဆိုပြီး သူ့မျက်နှာ
တည့်တည့်ကို ဘောပင်နှင့်ထိုး၍ ရိပ်ဖမ်းသံဖမ်းလုပ်
နေသောဒါယောင်းရဲ့ဖျတ်ခနဲဆိုလိုက်သောချောင်ပိတ်
အမေးစကားကြောင့် သူ ပြောစရာစကားတို့ ပျောက်ရှ
သွားခဲ့သည်နှင့် တစ်ဆက်တည်းမှာပင် နှုတ်ဆိတ်သွား
သော သူ့ကိုကြည့်ပြီး ဒါယောင်းနှင့် ဂျောင်ဆူးတို့မှာ
လက်ဝါးချင်းရိုက်ကာ ပြုံးရယ်နေကြလေသည် ။
သူ့ကို အရှေ့မှာထားပြီးလှောင်ရယ်နေသော ဒါယောင်း
နှင့် ဂျောင်ဆူးတို့အား ချန်းယောလ် အမြင်ကပ်ကပ်နှင့်
တစ်ယောက်နဖူးတစ်ချက်ဆီတောက်ပြီး အတန်းထဲက
ထထွက်လာခဲ့ပြီး အနားပေးချိန် ၄၅မိနစ်အချိန်အတော်
အတွင်း ဒါယောင်းတို့လှောင်ရယ်ပြုခြင်းတို့နှင့်ကင်းဝေး
အောင် ဘယ်ဆီဘယ်ဝယ်သို့သွားပြီး ရှောင်တိမ်းရမလဲ
မသိပေမယ့်လည်း ။
နောက်ဆုံးတော့လည်း သူသွားကျနေရာဖြစ်သော
ကျောင်းစာကြည့်တိုက်ဆီသို့သာ တစ်ယောက်တည်း
ထွက်လာခဲ့မိလေသည် ။
_________________________________
" ကိုကို "
ကျောင်းဆင်းပြီဆိုသည်နှင့် ထုံးစံအတိုင်း ဘယ်မှမဝင်
အိမ်သို့သာ စက်ဘီးလေးနင်းပြီး တန်းပြန်လေ့ရှိသော်
ရုတ်တရက်ကြားလိုက်ရသောနားထဲဝင်လာခဲ့တဲ့ခေါ်သံ
သေးသေးလေးကြောင့် ရုတ်ချည်းဆိုသလိုနင်းနေသော
စက်ဘီးကိုဘရိတ်ဆွဲညစ်ပြီးထိုးရပ်မိသည့်အပြင် Auto
တွန့်ကျိုးသွားခဲ့သောမျက်ခုံးတစ်စုံ ။
ကြွက်သားတွေရဲ့ လုပ်ဆောင်မှုပဲ ကောင်းတယ်လို့
ဆိုရမလား ။
" ကိုကို ဒီမှာ .. ဒီမှာ .. ဟူးဟူးလေး ဒီမှာ ကိုကို "
ကြားနေရသော ခေါ်သံလေးလာရာဘက်သို့ သူ မျက်နှာ
တစ်ချက်လှည့်ကြည့်လိုက်တော့ကားလမ်းတစ်ဖက်ကမ်း
တွင်ရှိသော တွန်းလှည်းနှင့်ရောင်းနေသောတော့ပိုကီဆိုင်
ရှေ့တွင်လက်ကလေးမြှောက်ပြကာခုန်ဆွခုန်ဆွနှင့်သူ့ကို
ခေါ်နေသောပေါက်စ ။ လက်ထဲမှာလည်းငါးအူချောင်းကြီး
ကိုင်လို့ ။
" ဘာလဲ "
ကားလမ်းကြည့်ပြီး ပေါက်စရှိရာ တစ်ဖက်ကားလမ်းသို့
ကူးသွားပြီး ပေါက်စအရှေ့သို့ရပ်ကာသူပြောလိုက်တော့
သူ့ အကျႌလက်မောင်းလေးကိုလက်ချောင်းလေးတွေဖြင့်
လာကိုင်ပြီးမျက်လုံးလေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြနေတဲ့
ရုပ်ကိုက အမြင်ကပ်ချင်စရာလေး ။
" ဟိုလေ .. ကိုကို "
လက်ထဲက ငါးအူချောင်းလေးကိုကိုက်ပြီး စကားပုလ္လင်
ခံနေသောပေါက်စကြောင့်သူသိလိုက်ပြီ ။ ထုံးစံအတိုင်း
ပေါက်စတစ်ယောက်အိမ်ကပြာပြာနှင့်ထွက်လာပြီးပိုက်ဆံ
အိတ် ကျန်ခဲ့ပြီဆိုတာ ။
" စားလို့ဝပြီလား ? "
ကြမ်းပြင်ပေါ်သို့ ခြေထောက်တစ်ဖက်ထောက်ကာ
စက်ဘီးကိုထိန်းထားရင်း လျော့ကျနေသောပေါက်စ
လည်ပင်းက သူပေးထားတဲ့ မာဖလာအနီလေးကို
သေချာပြန်ပတ်ပေးရင်းမေးလိုက်တော့နှုတ်ခမ်းလေး
ဆူကာ ခေါင်းလေးငြိမ့်ပြလေသည် ။
" ဘယ်လောက်ကျလဲ ဒေါ်လေး "
ဈေးသည်ဒေါ်လေးထံသို့ ပေါက်စစားထားသမျှ မုန့်ဖိုး
တွေအကုန်သူရှင်းပေးလိုက်တော့လက်ထဲကကိုင်ထား
တဲ့မစားရသေးတဲ့ငါးအူချောင်းလေးကို သူ့ပါးစပ်အနား
လာတေ့ပေးပြီး " ကိုကိုစား "လို့ ဆိုလာပြန် ။
ပါးစပ်နားကငါးအူချောင်းဆီသို့ အကြည့်မရောက် ။
တော့ပိုကီအစပ်စားလို့ နီရဲတွတ်ကာ ဖူးနေသော
ပေါက်စနှုတ်ခမ်းဆူဆူလေးဆီသို့သာ သူအကြည့်
ရောက်မိတော့ ရုတ်တရက် အာခေါင်တွေခြောက်
ပြီး ရေဆာလာသလိုခံစားရ၏ ။
ရှိန်းတိန်းတိန်းဖြစ်လာသော ခန္ဓာကိုယ်နှင့် တဒုတ်ဒုတ်
နှင့် ရင်ဘတ်ထဲက ဘာနှင့်ဘာ တိုက်မိပြီး ထွက်ထွက်
လာသလဲမသိသော အသံတို့ကြောင့် ပါးစပ်နားက
ပေါက်စ ခွံ့ကျွေးနေသောငါးအူချောင်းကိုဖြစ်သလိုသာ
တစ်ကိုက်ကိုက်ပြီး ပေါက်စနှင့်ဆန့်ကျင်ဘက်အရပ်သို့
သူ မျက်နှာလွဲလိုက်မိတော့ ...
" ကိုကိုက ကလေးလား ဆီတွေပေကုန်ပြီ "လို့ နှုတ်ခမ်း
ထော်ထော်လေးနှင့်ပြောကာတစ်ရှူးတစ်ရွက်နှင့်သူ့မျက်နှာ
အရှေ့သို့လာရပ်ပြီးငါးအူချောင်းကိုဖြစ်သလိုသာ ကိုက်စား
လိုက်လို့ ဆီတွေပေနေသော သူ့ပါးစပ်ကိုစိတ်ရှည်ရှည်နှင့်
လာသုတ်ပေးလေသည် ။
* ဒုတ် . . ဒုတ် . . ဒုတ် *
သူ့မျက်နှာနှင့် အလွန်နီးကပ်နေတဲ့ မျက်နှာကလေးနှင့်
အတူအဆက်မပြတ်တစ်ခုခုနှင့်တိုက်မိလို့ထွက်လာတဲ့
သူတစ်ယောက်တည်းသာကြားရသော ဝဲဘတ်ရင်ဖိုထဲ
က အမည်မသိ အသံတို့ ။ သူအား ရူးသွပ်သွားအောင်
ပြုစားလို့နေပြန် ။
" ၁ပေ "
" ဟင် ! "
အဆုံးအစမရှိပြောလိုက်သောသူ့စကားကြောင့် ပေါက်စ
မှာ မျက်လုံးလေးပြူးကာသူ့အားပြူးကြောင်ကြောင်လေး
ပြန်ကြည့်လာသည် ။
" ၁ပေအကွာမှာနေ .. ငါနဲ့ တစ်ပေအကွာမှာနေလို့ !! "
ဝဲဘက်ရင်ဖိုကိုလက်ဖြင့်ဖိရင်း တစ်ချက်အော်လိုက်မိ
သည့် တားမြစ်ချက်စည်းလေးခြားထားမိသောအော်သံ
လေး ။
ပုံမှန်မဟုတ်သော ။ ပြောင်းလဲခြင်းမရှိဟုမှတ်ယူထား
သော နှလုံးသား ။ အသိစိတ်သို့ အပူချိန်မတူ ကွဲပြား
သွားသော ဆက်တိုက်ပေးခြင်းခံရသောအဖြေမသိတဲ့
ပဟေဠိတို့၏ ခက်ခဲနက်နဲသော အဖြေအမှန်တို့အား
ဝိုးတိုးဝါးလေးပြန်ဖြေပေးနေသဟန် ။
_________________________________
" ရားး .. ပတ်ချန်းယောလ် အဲ့မှာ မော်ဒယ်ရှိူး
လျှောက်မနေနဲ့ မြန်မြန်လာဟာ "
ဒီနေ့ချန်းယောလ်တို့ အထက်တန်းနောက်ဆုံးနှစ်
စာမေးပွဲကြီးပြီးခဲ့တာနှစ်ရက်မြှောက်သည့်နေ့ဖြစ်
သည် ။
ဒါ့အပြင် ဒါယောင်းရဲ့မနားတမ်း ပါးစပ်သေနတ်ပစ်ကာ
ပေါက်ပေါက်ဖောက်မှုကြောင့် ထပ်လျှောက်လည်ဖြစ်ကြ
သည့် နေ့လည်းဖြစ်သည်ဟုဆိုလျှင်လည်း မမှားနိုင် ။
မနေ့က နွေရာသီကျောင်းစစပိတ်ချိန် စနေနေ့တွင်
ကစားကွင်း၌ တစ်နေကုန်ဆုံးခဲ့ပြီး ။ ဒီနေ့တနင်္ဂနွေ
နေ့မှာတော့ နန်းဆန်းတာဝါတွင် အချိန်ဖြုန်းရမည့်
ကိန်းပင် ။
တဖြေးဖြေးနှင့်ရွေ့လျားတွေ့မြင်နေရသော ဆိုးလ်မြို့
၏ရူခင်းတို့ကိုမှန်ပြတင်းပေါက်မှအပေါ်စီးကနေ တွေ
တွေလေးငေးကြည့်နေမိရင်းအမှတ်မထင်ရူခင်းကြည့်
နေသောသူ့မျက်ဝန်းတစ်စုံအားနန်းဆန်းတာဝါသို့တတ်
နေသည့် ယာဉ်အတွင်းသို့ရွေ့လျားကြည့်လိုက်တော့ ..
တွေ့လိုက်ရတဲ့ သ့ူ ခြေထောက်နားတွင် ဆောင့်ကြောင့်
လေးထိုင်ပြီးမျက်လုံးစုံပိတ်၍ နားနှစ်ဖက်ကိုလက်တစ်စုံ
ဖြင့် ဖိအုပ်ထားသော အမြင့်ကြောက်တဲ့ ပေါက်စလေး ။
" ကိုကို ! "
ဆောင့်ကြောင့်လေးထိုင်နေသော ပေါက်စချိုင်းအဆက်
လေးကို သူ့လက်တစ်ဖက်ဖြင့် လှမ်းမပြီး သူ့အရှေ့တွင်
သူ့အားကျောပေးပြီးရပ်ခိုင်းလိုက်တော့ခေါ်သံသေးသေး
လေးက ထွက်လို့လာ ။
" ရူခင်းကိုပဲကြည့်နေ "
" ဟုတ် "
ဝတ်ထားတဲ့အနွေးထည်က ကြယ်သီးကို အသာဖြုတ်ပြီး
သူ့အရှေ့ကသူ့ကိုကျောပေးရပ်နေသောပေါက်စကိုယ်လုံး
လေးအားဝတ်ထားတဲ့ သူ့အနွေးထည်ထဲသို့ဆွဲသွင်းထည့်
ပြီး တင်းကြပ်စွာ ထွေးဖက်ထားရင်း ပြောလိုက်သော သူ့
စကားအဆုံး ခေါင်းလေးငြိမ့်ကာ သူ့ရင်ခွင်ထဲဝယ် ငြိမ်ကျ
သွားခဲ့သည် ။
* ဒုတ် .. ဒုတ် *
* ဒုတ် .. ဒုတ် *
အရှေ့အနောက် ထိတွေ့နေမိသော ကျောပြင်လေးနှင့်
ရင်ဘတ်လေး နှစ်ခု ။
ပြိုင်တူထွက်ပေါ်နေသော ရင်ခုန်သံတို့အားအမည်မသိ
ခေါင်းစဉ်ထက်တွင်သာတွယ်ချိတ်ရင်း အဖြေမရှာလိုကြ
ဘဲ ကိုယ်စီခေါင်းစဉ်အသီးသီးတို့တပ်ပြီးနေနေကြသော
ကောင်လေး နှစ်ဦး ။
ထိုကောင်လေးနှစ်ဦးအား အဆွေး မျက်ဝန်းတစ်စုံဖြင့်
ထောင့်လေးတစ်နေရာက ရပ်ကြည့်နေမိသော အချစ်
ဆိုသည့် နာကျင်မှု ရင်ခုန်သံအား သေချာဝေခွဲတတ်
သည့် ကောင်လေးတစ်ဦးရှိခဲ့သလို ။
ထိုအချစ်ဆိုသည့် နာကျင်မှု ရင်ခုန်သံကို ဝေခွဲတတ်ပြီး
တစ်ယောက်တည်း ရင်ထဲ အသံတိတ် ကြေကွဲနေသော
ကောင်လေးအား အချိန်တိုင်းမသိမသာလေး ခိုးခိုးကြည့်
နေမိတတ်တဲ့ ကောင်လေးတစ်ဦးလည်း ရှိခဲ့သည် ။
ထို့အပြင် ထိုကောင်လေးလေးဦးတို့၏ မုသား ခေါင်းစဉ်
လှလှကလေးတို့ဖြင့် ဖုံးလွှမ်းထားသော အရောင်စတင်
ဆိုးကာ ပြောင်းလဲနေပြီဖြစ်သောနှလုံးသားနှစ်စုံ၏ပြောပြ
နေသော အချစ်တို့အား ဘေးတစ်ထောင့် တစ်နေရာမှ
အားလုံးမြင်တွေ့ပြီးသိနားလည်တဲ့ ကောင်မလေးတစ်ဦး
လည်းရှိခဲ့ပြန်သည် ။
_________________________________
" ငါ ဒီဟာ "
သော့ကလောက်ဝယ်သည့်နေရာတွင် ကိုယ်ကြိုက်တာ
ကိုယ်ဝယ်ပြီးကြသည်နှင့် သော့ခတ်သည့်နေရာဆီသို့
ဒါယောင်း ၊ ဂျောင်ဆူးနှင့် ဂျုံအင်တို့ သုံးယောက်ပြေး
ထွက်သွားခဲ့ကြသည် ။
အနောက်တွင်ဘယ်သော့ကလောက်ကို ယူလို့ယူရမလဲ
မသိ ။ ရွေးစရာများလွန်းလို့ ရွေးရခက်နေသော ပေါက်စ
လေးကို ချန်းယောလ် လက်ကလေးစုံပိုက်ပြီး ရပ်ကြည့်
လျက် ...
" ရွေးလို့ပြီးပြီလား "
မေးလိုက်တော့ ခေါင်းပေါ်က ကြက်တောင်စည်းလေး
နှစ်ခု လှုပ်ရမ်းသွားသည်အထိ ခေါင်းခါပြကာ သူ့လက်
ထဲတွင်ကိုင်ထားသောသူ့အကြိုက်ဆုံးသောသော့ပုံစံလေး
နှစ်ခုကို ချန်းယောလ်မျက်နှာအရှေ့သို့ မြှောက်ပြလိုက်
လျက် ...
" ဘယ်ဟာယူရမလဲ ကိုကို .. ဟူးဟူး မရွေးတတ်
တော့ဘူး Heart ? ဒါမှမဟုတ် Star? "
မျက်လုံးလေး ပေကလည်ပေကလည်နှင့် မေးလာတဲ့
ပေါက်စရဲ့ဆူထော်ထော်နှုတ်ခမ်းလေးတစ်စုံကိုအမှတ်
မထင် စိုက်ကြည့်မိရင်း ရုတ်တရက် အာခေါင်ခြောက်
လာသလိုလို ရေဆာလာသလိုလို ခံစားလာရပြန်သလို ။
ရင်ထဲရာသီဥတုဖောက်ပြန်နေသော နှလုံးခုန်သံတို့အား
မထိမဲ့မြင်ပြုလျက်မျက်စိအရှေ့ကနှုတ်ခမ်းအထော်မပျက်
အဆူမပျက်သည့် ပေါက်စလက်ထဲက ကိုင်မြှောက်ထား
သော အသည်းပုံသော့ကလောက်အနီရောင်လေးကိုသာ
လှမ်းယူပြီးငွေရှင်းကောင်တာသို့ပင် သူအမြန်ထွက်လာခဲ့
သည် ။
" အဟိ .. ဟီးး "
အနီရောင်အသည်းပုံ သော့ကလောက်လေးပေါ်တွင်
ဆော့ပင်အမည်းလေးဖြင့်စာရေးနေရင်းနားထဲဝင်လာ
သော ရယ်သံလေးကြောင့်သူ့မျက်ခုံးတစ်ချက်တွန့်ကျိုး
သွားခဲ့ ။
ညံ့စည်လှသော ရယ်သံလေးထွက်ပေါ်ရာ သူ့နံဘေးသို့
အကြည့်တစ်ချက်ပို့လိုက်တော့ .. ခေါင်းလေးငုံ့ပြီးသော့
ကလောက်လေးပေါ်တွင် စာရေးနေသော ပေါက်စလေး ။
သော့ကလောက်ပေါ်တွင် ဘာတွေများပေါက်ကရချရေး
နေသလဲမသိ ။ သူမတွေ့ရအောင်လို့ကိုယ်လုံးသေးသေး
လေးနှင့် အုပ်မိုးပြီးဖုံးကွယ်ထားသည်မှာ မသင်္ကာစရာ ။
" ဘာတွေရေးနေတာလဲ ပေါက်စ "
သိချင်ဇောနှှင့် ပေါက်စရဲ့မျက်နှာဘေးသို့ သူ့မျက်နှာလေး
ငုံ့လျိုသွားပြီး အမေးဆိုလိုက်သောသူ့အမေးအဆုံးသူ့ဘက်
သို့ ပေါက်စမျက်နှာကလေး ဖျတ်ခနဲ လှည့်လာသောအခါ
အမှတ်မထင် နူးညံ့ညင်သာစွာ ဖွဖွလေးထိကပ်သွားခဲ့သော
နှုတ်ခမ်းလွှာလေးနှစ်စုံ ။
မတော်တဆ နှုတ်ခမ်းလွှာလေးနှစ်စုံ ထိတွေ့သွားသည့်
အခိုက်အတန့်လေးတဖြေးဖြေးကျယ်ပြန့်သွားသောမျက်ဝန်း
နှစ်စုံ ။
* ဒုတ် .. ဒုတ် *
* ဒုတ် .. ဒုတ် *
ခေါင်းစဉ်အသီးသီးနှင့် တားမြစ်ထားခဲ့ရာမှတားမြစ်စနစ်
တို့ ပျက်ယွင်းကာ တဒုတ်ဒုတ်နှင့် ရင်ထဲသောင်းကျန်းနေ
သော စည်းချက်ညီညီရင်ခုန်သံတို့ ။
တစ်စုံရှိသည့်အနီရောင်သော့ကလောက်လေးတစ်ခု
ပေါ်ရှိ ကလေးလက်ရေး လှလှကလေးဖြင့် ရေးထား
သော"ကိုကို့ကို ချစ်တယ်"ဆိုသည့်စာကြောင်းလေး
အားအသက်ဝင်စေရန် အသက်သွင်းစေသား ။
_________________________________
ဆက်ရန် . . .
11.12.2019
REN JO JO